အခန်း ၁၉၄၀
Vol. 130 Ch. 1940
အပိုင်း (၁၉၄၀)
ကျွင်းချောင်ရှောင်း သည် လဝက်နီးပါးခန့် ဟယ်ယွမ် လောကထဲသို့ လှည့်လည်သွားလာခဲ့၏။ ဤနေရာနှင့် ပတ်သက်၍ အဓိက ဓလေ့ထုံးစံများအကြောင်းကို ယေဘုယျအားဖြင့် နားလည်ခဲ့ပြီးဖြစ်၏။ ၎င်းတို့အားလုံး၏ ပျော်ရွှင်မှု၊ ဟန်ချက်ညီစွာ နေထိုင်နိုင်မှု နှင့် ပတ်သက်၍ သူသည် အမှန်ပင် အံ့အားသင့်လို့နေခဲ့၏။ ငြိမ်းချမ်းပြီး တရားမျှတမှုများနှင့် ပြည့်စုံလျက်ရှိနေ၏။ အထက်စကြဝဠာ၏ ဂုဏ်ကျက်သရေကို ဖော်ဆောင်သည့် အားလုံးက လေးစားရသော သိုင်းပညာရှင်များနှင့် ပထမတန်းစား နယ်မြေကြီးတစ်ခုကြီးကဲ့သို့ပင်။
“မဟုတ်သေးပါဘူး။”
ကျွင်းချောင်ရှောင်း သည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီမှာ တစ်ခုခုလွဲနေတာတော့ ရှိတယ်။”
စနစ် သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏၊ “မင်းအနေနဲ့ ရက်စက်တဲ့ လောကကိုပဲ မြင်နေကျဆိုတော့ ငြိမ်းချမ်းတဲ့ လောကကို မြင်ရတာ အသားမကျတာပဲဖြစ်မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မဟုတ်ဘူး။”
ဒီငြိမ်းချမ်းမှုရဲ့ နောက်ကွယ်မှာ ဘယ်သူမှမသိနိုင်တဲ့ အမှောင်ဖက်ခြမ်းက ရှိရင်ရှိနေလိမ့်မယ်။ ဖုံးကွယ်ထားသည့် အမှောင်ဖက်ခြမ်းသာ တည်ရှိနေသည်ဆိုပါက သူ့အနေနှင့် ရှာဖွေရန်ခက်ခဲ လှပေလိမ့်မည်။ သိုင်းကျင့်ကြံသူများ၏ ကမ္ဘာထဲ ဤကဲ့သို့ အလွန်အမင်း ငြိမ်းချမ်းနေခြင်းမှာ သိပ်ပြီးအဓိပ္ပာယ်မရှိဟု သူက ခံစားမိနေသည်။
ဥပမာအားဖြင့် ထာဝရလောကကြီးတွင် ကျွင်းချောင်ရှောင်း သည် သမမျှတမှုနှင့် တရားမျှတမှုကို အလုံးစုံ ဦးစားပေးထားသည်ဆိုသည်ဖြစ်သော်လည်း အမုန်းတရားများ၊ စစ်သည်အချင်းချင်း သတ်ဖြတ်မှုများ သည် ရှောင်လွှဲ၍ မရနိုင်သည့်အရာမျိုးပင်။
လူသား နှင့် သတ္တဝါများ ဆိုသည်မှာ ခံစားချက်ခုနှစ်မျိုးနှင့် အလိုဆန္ဒခြောက်မျိုး တည်ရှိနေသေး၏။ ၎င်းတို့အား ဥပဒေများနှင့် တင်းကျပ်ထားခဲ့သည်ဆိုလျှင်တောင်မှ ရှောင်လွဲ၍မရနိုင်သော သတ်ဖြတ်မှုများ ဖြစ်လာတတ်သည်မှာ သဘာဝပင်။
ကျင့်ကြံသူများ တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ခြင်းကို ကုန်းရှန့်သည် တားဆီးပိတ်ပင်၍ မရချေ။ အကြင်နာတရား ကင်းမဲ့လှသည့်ကိစ္စရပ်များကို ပြုလုပ်မှသာလျှင် သူက ပါဝင်ရပေမည်။ သာမန်ဆိုပါက ၎င်းတို့၏ ပုဂ္ဂိလိကရန်ငြိုးများကို ၎င်းတို့ဘာသာဖြေရှင်းရန် လိုအပ်နေ၏။
ယခု ဟယ်ယွမ်လောကကြီးကကော ဘာဖြစ်နေသနည်း။ အားလုံးသောသူများသည် နိမ့်ချစွာဖြင့် နေထိုင်နေကြသည်။ ထိုအရာသည် ရိုးရှင်းလှသည့် အရာမျိုးမဟုတ်နိုင်ချေ။ နတ်သမီးပုံပြင်များထဲက နတ်ဘုံ နတ်နန်းကြီး တစ်ခုကဲ့သို့ပင်။ ထို့အပြင် ဤ ဂြိုဟ်ကြီးသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ တိတ်တဆိတ် ထိန်းချုပ်မှုကို ခံထားရသည့် ဂြိုဟ်ကြီးတစ်ခုဖြစ်၏။ စကြဝဠာကြီး၏ နိယာမစနစ် တစ်ခုလုံးကို ပြောင်းလဲနိုင်ရန် အလို့ငှာ ဤလူသည် ၎င်းကိုငြင်းဆန်ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းများ အားလုံးကို ဖိနှိပ်ပြီး ဖျက်ဆီးတတ်သည့် အလုပ်ကိုပြုလုပ်ခဲ့သည့် လူတစ်ယောက်လည်းဖြစ်၏။ အဘယ်ကြောင့် ဤကဲ့သို့ လှပသည့် လောကကြီးတစ်ခုကို တည်ဆောက်ထားမည်နည်း။
ကျွင်းချောင်ရှောင်းသည် တစ်ယောက်တည်း တီးတိုးပြောလိုက်သည်။ “အဓိက မြို့ကြီးဆီကိုသွားပြီးတော့ ကြည့်ရမယ်။”
သူ၏ နှလုံးသားထဲတွင် သံသယများတည်ရှိလို့နေ၏။ ထို့ကြောင့် သူသည် ရှာဖွေရပေလိမ့်မည်။
………………..
ဟယ်ယွမ်လောကကြီး၏ အဓိက မြို့ ဟယ်ယွမ်မြို့။
နာမည်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် နာမည်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ရှည်လွန်းလှသည့် သမိုင်းကြောင်းကို ပိုင်ဆိုင်သည့် မြို့ကြီး တစ်မြို့ဖြစ်ကြောင်း သိရှိနိုင်စွမ်းရှိသည်။ ကိုယ်ပျောက်စွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် ကျွင်းချောင်ရှောင်းသည် ကြော့ကြော့မော့မော့ ဖြင့် မြို့အတွင်းသို့ လှမ်းလျှောက်ကာ ဝင်ခဲ့၏။
စောင့်ကြပ်နေသည့် စစ်သည်များ ရှိသည် ဆိုလျှင်တောင်မှ လူပေါင်းများစွာတို့သည် တချက်ကလေးမျှ မေးခွန်းထုတ်ခြင်းမခံရဘဲ ဝင်လိုက် ထွက်လိုက်လုပ်နေကြသည်။
“…………”
ကျွင်းချောင်ရှောင်း သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီမှာ ဘာအကာအကွယ်မှလည်း မရှိဘူး။ ရုတ်တရက် ရန်သူတွေက ရောက်လာပြီး တိုက်ခိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ မိနစ်ပိုင်းအတွင်း တစ်ခါတည်း အကုန်လုံးပျက်စီးကုန်မှာမဟုတ်လား။”
ဘုန်း……….
ရုတ်တရက် မြို့၏အတွင်းပိုင်းတွင် ထိပ်တိုက်ပေါက်ကွဲမှု အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်း သည် ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါမှာတော့ မြို့၏မြို့တွင်းတည်နေရာဆီမှ လှိုင်းများဖြစ်တည်လာသည်ကို မြင်လိုက်၏။ မြို့၏အကာအကွယ်အစီအရင်ကို မျက်နှာနှင့် တိုက်မိ၍ လှိုင်းများဖြစ်တည်လာခြင်းပင်။
ထိုရောင်းရင်းသည် ထူးဆန်းလွန်းလှချေ၏။ အဘယ့်ကြောင့် မြို့၏ဂိတ်တံခါးဆီမှ သက်တောင့်သက်သာနှင့် မထွက်ခွာရသနည်း။ အဘယ့်ကြောင့် အလျင်စလိုဖြင့် နံရံကို ပြေးကာတိုက်နေရသနည်း။
ဝှစ်…………ဝှစ်………
ထိုအချိန်မှာပဲ ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် စစ်သည်များသည် ပျံသန်းရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် သိုင်းကျင့်ကြံသူ၏ လက်ကို အသာဆွဲကာဖြင့် မြို့ထဲသို့ ခေါ်ဆောင်သွားကြ၏။ ဤကဲ့သို့သောကိစ္စမျိုး ဖြစ်ပွားခဲ့သော်လည်း မြို့ထဲနေထိုင်သူများသည် မည်သူမျှ ခေါင်းကိုပင် မလှည့် ကြည့်ကြချေ။ ဘာဖြစ်နေသည်ဆိုသည်ကို မသိရှိသကဲ့သို့ပင်။ သို့မဟုတ် ထိုအရာကို အသားကျနေခြင်းလည်း ဖြစ်နိုင်သည်။
“ကျုပ်ရူးနေတာတော့မဟုတ်ဘူး။ ကျုပ်ဆေးမသောက်ချင်ဘူး။” ဆွဲခေါ်ခြင်းကို ခံလိုက်ရသည့် ကျင့်ကြံသူသည် အော်ဟစ်လျက်ရှိ၏။ ၎င်း၏မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်နေ၏။
…………………
ကျွင်းချောင်ရှောင်းသည် စိတ်ထဲ၌ ကြိတ်ကာရေရွတ်မိ၏။ ဒါစိတ်ရောဂါဝေဒနာသည်လား။ သေသေချာချာ စပ်စုချင်သောကြောင့် သူသည် ၎င်းတို့အနောက်သို့ လိုက်ပါသွားခဲ့သည်။ ပြီးသည့်နောက် ဆေးရုံဟု ကင်းပွန်းတပ်ထားသည့် အဆောက်အဦ တစ်ခုဆီသို့ရောက်ရှိသွားခဲ့သည်။
“ကျုပ်ဆေးမသောက် ချင်ဘူး။” နံရံနှင့် ဝင်တိုက်ခဲ့သည့် ကျင့်ကြံသူသည် ဆွဲခေါ်ခံနေရစဉ် တလျောက်လုံး အော်ဟစ်လျက်ရှိနေ၏။ သူ၏ အသံကို သေချာ နားထောင်ရမည်ဆိုလျှင် အလွန်အမင်း စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်း ပါဝင်နေကြောင်း သိသာလှ၏။
ဝှစ်…………..
ရုတ်တရက် များပြားလှသော အလင်းတန်းများသည် ဆေးရုံအပြင်ဘက်ဆီသို့ ပြေးလာကြ၏။ ၎င်းတို့သည် မြို့၏အပြင်ဘက်ဆီသို့ ထွက်ပြေးကြခြင်းပင်။ သို့ပေမဲ့ အားလုံးသော သူတို့သည် မြို့၏အကာ အကွယ်အစီအရင်နှင့် တားမြစ်ခံထားရသောကြောင့် စစ်သည်များ၏ ပြန်လည်ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။
အားလုံးသော သူတို့သည် မရူးကြောင်းနှင့် ဆေးသုံးရန် လိုအပ်သည့် လူမျိုးမဟုတ်ကြောင်းကို ပြောဆို ခဲ့ကြ၏။
……………………
ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “ဒီမှာ စိတ်ဝေဒနာသည်တွေ အများကြီးရှိနေတာပဲ။”
ဘန်း………….
ကျွင်းချောင်ရှောင်း တစ်ယောက် အထဲသို့ဝင်ရန် ပြင်လိုက်သည့်အချိန်မှာပဲ သူ၏ ဦးခေါင်းသည် ရာဘာပြားတစ်ခုခုနှင့် တိုက်မိသွားသလိုပင်။ ခန္ဓာကိုယ်တစ်ခုလုံးသည် အနောက်သို့ ပြန်လွင့်လာ၏။ သူသည် စပ်ဖြီးဖြီးနှင့် ပြောလိုက်မိသည်။ “အင်….. ဆေးရုံမှာတောင် အကာအကွယ် အစီအရင်တွေနဲ့ပါလား။”
စနစ် က ပြောလိုက်၏။ “လူနာတွေ အကုန်လုံး ထွက်ပြေးသွားမှာ စိုးလို့နေမှာပေါ့။”
“အင်….. သူတို့ဘယ်လိုထွက်လာတာလဲ။”
ကျွင်းချောင်ရှောင်း သည် ဆေးရုံထဲသို့ ဆွဲခေါ်ခံနေရသည့် လူအနည်းငယ်ဆီ လက်ညိုးထိုးပြလိုက်၏။ အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ဤလူများသည် အစီအရင်၏ တားဆီးခြင်းကို မခံရဘဲ အပြင်ဘက်သို့ ထွက်လာနိုင်ကြသည်။
“ဒါက …..” စနစ်က ဆွံ့အသွားမိ၏။
ကျွင်းချောင်ရှောင်း သည် ခေါင်းကို အသာပုတ်ကာ ပြောလိုက်သည်။ “ငါ့အထင်အရဆိုလျှင် ဒီအစီအရင်က ဝင်လို့မရတာ။ ထွက်လို့ရတာဖြစ်မယ်။ ဒီနေရာမှာ လွဲမှားနေပြီ။”
ကုန်းရှန့် သည် စိတ်ဝင်တစားနှင့် ဖြစ်မိနေ၏ ။ သူသည် ချက်ချင်းပဲ ခြေချိတ်ကာ ထိုင်ပြီး စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ မမြင်ရသည့် အစီအရင်ကြီး တစ်ခု နှင့် ပေါင်းစပ်ရန် ကြိုးစားလိုက်၏။ မကြာခင်မှာပဲ သူသည် ထိုအရာနှင့် ပေါင်းစပ်နိုင်ခဲ့၏။ အထက်နယ်မြေ သို့ တက်လာကတည်းက သူသည် အစီအရင်နှင့် ပတ်သက်သည့် လေ့လာမှုများကို အပြင်းအထန် ပြုလုပ်ခဲ့ဖူး၏။ စိတ်ဝိညာဉ် ပေါင်းစပ်ပြီးနောက် သူသည် အစီအရင် တစ်ခုလုံးကို ဝင်ရောက် ကြည့်ရှုခွင့်ရခဲ့၏။ ချက်ချင်းဆိုသလိုပဲ ခေါင်းပင်ကိုက်၍ သွားခဲ့၏။
“ဒီအစီအရင်ရဲ့ အဆင့်က မနိမ့်ဘူး။ လက်ခံသူ ဘယ်လိုချိုးဖြတ်မှာလဲ။” စနစ် က လှောင်ပြောင်လိုက်မိသည်။
“ရိုးရှင်းပါတယ်။”
ကျွင်းချောင်ရှောင်းသည် မျက်လုံးကို မှိတ်လိုက်၏။ ပြီးသည့်နောက် များပြားလွန်းလှသည့် အစီအရင် မျဉ်းကြောင်းကို စတင်ကာ မှတ်သားတော့သည်။ ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ အစီအရင် ဟောခန်းဆီသို့ ပေးပို့လိုက်၏။
ထိုက်ရွှမ်အဘိုးအိုနှင့် အစီအရင် ဟောခန်းမှ လက်ရွေးစင်များသည် အဓိက ဟောခန်းထဲတွင် စုဝေးလျက်ရှိနေ၏။ ၎င်းတို့၏ မျက်လုံးများသည် အလင်းတန်းများဆီသို့ ကျဆင်းလျက်ရှိနေပြီး ထိုအလင်းတန်းများသည် အစီအရင်ကို ဖော်ညွှန်းပြသနေသည်။
ကျွင်းချောင်ရှောင်း၏ လက်ရှိ အစီအရင်အပေါ် ကျွမ်းကျင်မှုအရ အဆင့်မြင့် အစီအရင်မျိုးကို ချိုးဖျက်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့ပေမဲ့ ထိုအရာကို မှတ်သားပြီး ဂိုဏ်းထဲသို့ ပြန်ပို့နိုင်သည်ဆိုပါက အထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုအရာကို ချိုးဖျက်နိုင်ရန် ကြိုးစားပေလိမ့်မည်။
ကုန်းရှန့်သည် ဟယ်ယွမ်လောကထဲသို့ တစ်ယောက်တည်းရောက်ရှိလာသော်လည်း ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးသည် သူ၏ အနောက်တွင် တည်ရှိနေ၏။ အထဲတွင်ရှိနေသာ လူပေါင်း များစွာတို့သည် ပါရမီရှင်များဖြစ်သောကြောင့် ဘာလုပ်လုပ် တင့်တယ်လို့နေ၏။
“ချီးထဲမှ…………”
စနစ် က ပြောလိုက်သည်။ “ဒါ ဆာဗာခိုးတာနဲ့ ဘာကွာလို့လဲ။”
“ဘယ်သူက ဂရုစိုက်နေမှာလဲ။”
ကျွင်းချောင်ရှောင်း သည် မျက်လုံးများ ချာချာလည်သွား၏။ ပြီးသည့်နောက် အစီအရင်၏ မျဉ်းကြောင်းများအားလုံးကို ဂိုဏ်းဆီသို့ တရစပ်ပေးပို့နေ၏။ အဖွဲ့ဝင်များသည် အမှန်ပင် အသုံးဝင်လှ၏။ ဂိုဏ်းချုပ် တစ်ယောက် အစီအရင်မျဉ်းကြောင်းများကို ပေးပို့လိုက်သည့်နှင့် တစ်ပြိုင်နက် နည်းလမ်းပေါင်းများစွာကို အသုံးပြု၍ ချိုးဖျက်ရန် ကြိုးစားကြတော့၏ ။
“အင်း … အစီအရင်ကို မပျက်ဆီးစေတဲ့ နည်းလမ်းတစ်ခုခုကို ရွေးချယ်ရမယ်။ ဒုတိယနည်းလမ်းက ပိုပြီးအဆင်ပြေတယ်။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အဘိုးအို ပြန်လည်ပေးပို့လိုက်သည့် နည်းလမ်းကို အသုံးပြု၍ လွယ်လွယ်ကူကူ ချိုးဖျက်နိုင်ခဲ့၏။ တချက်ကလေးမျှပင် လှုပ်ခါမှု မဖြစ်ပေါ်ခဲ့ပေ။
မည်သည့်အတားအဆီး မှမရှိသည့်အချိန်မှာတော့ သူသည် ဆေးရုံထဲသို့ လွယ်လွယ်ကူကူ ဝင်ခဲ့၏။ ကျွင်းချောင်ရှောင်း သည် အပြင်ဘက်ဟောခန်းဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ သိုင်းလေ့ကျင့်ခြင်း ကွင်းပြင်တစ်ခုနှင့် တူညီသည့် တည်နေရာကြီးတစ်ခု ရှိကြောင်း မြင်လိုက်ရ၏။ ထိုနေရာတွင်တော့ သစ်သားတိုင်များရှိပြီး ထိုသစ်သားထိုင်များ၌ ချုပ်နှောင်ခြင်းကို ခံထားရသည့် ကျင့်ကြံသူများရှိ၏။
၎င်းတို့အားလုံးသည် ထူးခြားသည့် ဝတ်စုံကို ဝတ်ဆင် ထားသည့် လူများ၏ ကိုယ်တိုင်ကိုယ်ကျ ဆေးတိုက်ခြင်းကို ခံနေရ၏။
“ဒါ …….. စိတ်ဝေဒနာသည်တွေက အဲလောက်တောင် များတာလား။
ဟူး………..
ထိုအချိန်မှာတော့ မျက်နှာကို နံရံနှင့်ရိုက်မိခဲ့သည့် သိုင်းကျင့်ကြံသူသည် သစ်သားထိုင်နှင့် ပြန်လည်ကာ ချည်နှောင်ခြင်းကို ခံထားရပြီဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေပြီး ပါးစပ်မှလည်း အမြုပ်များထွက်နေသည်။ ကြည့်ရှုရသည်မှာ ဓာတ်လိုက်နေသကဲ့သို့ပင်။
ကျွင်းချောင်ရှောင်း သည် မျက်မှောက်ကုပ်လိုက်မိ၏။ ထိုသူ အဆိပ်ကိုသောက်ခဲ့တာလား။ အနားသို့ လျှောက်သွားပြီးသည့်နောက် တစ်ဘက်လူ ၏ လက်ကောက်ဝတ်ကို အသာစမ်းကြည့်လိုက်၏ ။ ပြီးနောက် သွေးများစီးဆင်းပုံ ၊ စွမ်းအင်များ မရီဒန်အတွင်းသို့စီးဆင်းပုံကို အစစ်ဟောခန်းဆီသို့ ပြန်လည်ကာ ပေးပို့လိုက်၏။
“အမှန်ပဲ”
မြောင်စိုင်းဖန် က ပြောလိုက်သည်။ “ဒါ အဆိပ်တွေပဲ။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်း သည် တိကျခိုင်မာစွာ ပြောလိုက်၏။ “ဒီမှာတကယ့်ကို မကောင်းတဲ့ ကိစ္စရပ်တွေဖြစ်နေတာပဲ။ လောကကြီးတစ်ခုလုံးက ငြိမ်းချမ်းတဲ့ပုံပေါ်နေတယ် ဆိုပေမဲ့ အမှောင်ထဲမှာ ဘယ်လိုမှ ထုတ်ဖော်ပြောလို့မရတဲ့ ကိစ္စရပ်မျိုးတွေ ရှိနေတယ်။”
မြောင်စိုင်းဖန် သည် သွေးကြောကို ဆက်လက်ကာ ကြည့်ရှုနေ၏။ ပြီးသည့်နောက် ပြောလိုက်သည်။ “ဒီအဆိပ်က သတ်ပစ်တဲ့အရာမျိုးမဟုတ်ဘူး။ စိတ်ဝိညာဉ်တစ်ခုလုံးကို ထိန်းချုပ်တဲ့ အရာပဲ။ ရှေးယခင်တုန်းက လူများအားလုံးသည် သွေးကြောကိုစမ်းသပ်ပြီးမှသာ စစ်ဆေးနိုင်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဂိုဏ်းချုပ်မှ ပြန်လည်ထုတ်ဖော်ပြသလိုက်သည့် အချက်အလက်များကို ကြည့်ရှုပြီး ဘာဖြစ်သည်ဆိုသည်ကို မြောင်စိုင်းဖန်က သိရှိလို့နေ၏။ အဆိပ်ကျွမ်းကျင်သူ တစ်ယောက်ပီသစွာပင် သူမသည် နှံ့စပ်လွန်းလှ၏။
“ဝိညာဉ်နှင့် စိတ်ကို ထိန်းချုပ်တာဟုတ်လား။”
ကျွင်းချောင်ရှောင်း သည် ဆွံ့အသွားမိ၏။ “ဖြစ်နိုင်တာက …”
“သူ့ကို ကြိုးဖြည်ပေးလိုက်။”
ထိုအချိန်မှာပဲ စစ်သည်အနည်းငယ် ရောက်ရှိလာခဲ့ပြီး တွန့်လိမ်နေသည့် သိုင်းကျင့်ကြံသူကို ကြိုးဖြည် ပေးလိုက်၏။ ထိုသူသည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်ပြီးသည့်နောက် ရင်ဘတ်ပေါ် လက်တစ်ဘက် တင်ထား၏။ ၎င်းသည် ယုံကြည်ကိုးကွယ်သူ တစ်ယောက်ကဲ့သို့ပင် ဦးညွတ်ကာ ပြောလိုက်၏။ “ကျုပ်က ဟယ်ယွမ်လောကကြီးရဲ့ တစ်ယောက်ပါ။ နယ်မြေအရှင်ရဲ့နောက်ကို ထာဝရလိုက်ပါ့မယ်။”
“………..”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ထင်တားတဲ့အတိုင်းပဲ ။ ဦးနှောက်ဆေးခြင်းခံလိုက်ရတာပဲ။”
သူအား ဘယ်သူမှမမြင်နိုင်သောကြောင့် ကျွင်းချောင်ရှောင်းသည် အနီးအနားတွင် သွားရောက်ကာ မတ်တတ်ရပ်လျက်ရှိ၏။
ဟမ် ………..
ကျွင်းချောင်ရှောင်းသည် အနီးအနားရှိ ခွေးချီခုံတွင် ထိုင်ချလိုက်၏။ ပြီးနောက် လက်ပိုက်ကာ ပြောလိုက်မိသည် “လှပတဲ့လောကကြီးရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းတာတွေ ရှိနေတာပဲ”