← Chapters

အခန်း ၁၉၄၁(က)

Vol. 130 Ch. 1941-A

အခန်း ၁၉၄၁(က)

Vol. 130 Ch. 1941-A

အပိုင်း (၁၉၄၁)

ဆေးရုံအဆောက်အဦထဲတွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက် ဤတည်နေရာသည် လူပေါင်းများစွာတို့၏ စိတ်နှင့် ဝိညာဉ်များကို မူးယစ်ဆေးနှင့် ထိန်းချုပ်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိသွား၏။

သူတို့သည် နယ်မြေသခင်ကို ယုံကြည်သွားခြင်းကြောင့် တစ်ယောက်နှင့်တစ်ယောက် ကူညီခဲ့ကြခြင်းပင် ဖြစ်သည်။ ပြောရမည်ဆိုလျှင် အလုံးစုံ ဦးနှောက်ဆေးခံရသော ယုံကြည်သူများ ကဲ့သို့ပင်။ အားလုံးတို့သည် အမိန့်ကို လိုက်နာပြီးသည့်နောက် ညီညီညွတ်ညွတ်နှင့် ဖြစ်တည်နေကြသည်။

"နားကို အုပ်ထားမယ်ဆိုရင် ဘာမှကြားရမှာ မဟုတ်ဘူး" ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။

အစစ်အမှန် ငြိမ်းချမ်းမှု ဆိုသည်မှာ လူသားအားလုံး မိမိဘာသာ ရှာရသည့် အရာ ဖြစ်၏။ ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြု၍ မထိန်းသိမ်းထားသင့်ပေ။ မဟုတ်ပါက ၎င်းတို့အားလုံးသည် သေပြီးလမ်းထလျှောက်နေသည့် အလောင်းကောင်များနှင့် ဘာခြားတော့မည်နည်း။

"ကြယ်တာရာစိတ်ဝိညာဥ် လောကကြီးက အလောင်းတွေကို ထိန်းချုပ်တယ်။ ဒီဟယ်ယွမ် လောကကြီးကတော့ သက်ရှိတွေကို မူးယစ်ဆေးနဲ့ ထိန်းချုပ်တယ်။ လိုတာတစ်ခုကို ရဖို့ မတူညီတဲ့ ချဉ်းကပ်မှုကို အသုံးပြုကြတာပဲ"

ဤဂြိုဟ်တစ်ခုလုံးသည် သန့်သန့်ရှင်းရှင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်း နေရသည်ကို နှစ်သက်ကြ၏။ ထိုအရာကို ကျွင်းချောင်ရှောင်းက သဘောတူ၏။ ဒါပေမဲ့ တခြားဂြိုဟ်များမှ သူများအား ဆေးတိုက်ကျွေးပြီး ထိန်းချုပ်ထားခြင်းမှာ မသင့်လျော်လှချေ။

"ဒီလောကသခင်က နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "လောကကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းဖို့အတွက် ၊ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိဖို့အတွက် သက်ရှိသတ္တဝါတွေ အကုန်လုံးကို ဦးနှောက်ဆေးခဲ့တာ"

စနစ်က ဝင်ကာပြောလိုက်သည်။ "စကြဝဠာကြီးက ကြီးမားတယ်လေ။ ထူးဆန်းတဲ့ အရာတွေကတော့ တည်ရှိနေမှာပဲ"

ကျွင်းချောင်ရှောင်းသည် မြို့၏ အတွင်းဖက်တွင် ရှိနေသည့် အလွန်ခမ်းနားလှသည့် အဆောက်အဦးများဆီ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ကဲ …. အဲ့ကြောင်တောင်တောင်ကောင်ကို သွားပြီးတော့ ကြည့်ကြရအောင်"

သူသည် ကိုယ်ပျောက်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သောကြောင့် လုပ်ချင်သလို လုပ်နိုင်စွမ်းရှိနေ၏။ အဓိက လမ်းထဲတွင် လှည့်လည်၍ သွားလာနေသည် ဆိုလျှင်တောင်မှ သူ့ကို မည်သူမျှ မတွေ့ရှိခဲ့ကြချေ။

ခမ်းနားလွန်းသော နန်းတော်တစ်ခု

ပန်းပွင့်ပုံစံကို ဝတ်ဆင့်ထားသည့် ဒါဇင်နှင့်ချီသော သိုင်းကျင့်ကြံသူများသည် အရှေ့ဆီ၌ စီစီရီရီနှင့် ရပ်နေကြ၏။ ၎င်းတို့သည် မူးမတ်ရေးရာ ဝန်ကြီးများ ဖြစ်ကြပုံပေါ်၏။ မျက်လုံးထဲတွင်တော့ အလုံးစုံသော လေးစားမှုများနှင့် ပြည့်နှက်နေ၏။ ပြောရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် ဦးနှောက်ဆေးခြင်းကို ခံထားရခြင်းသာ။

"သခင့်ကို ဂါဝရပြုပါတယ်"

အဖွဲ့ထဲတွင် ရှိနေသော အဘိုးအိုတစ်ယောက်သည် လျှောက်ထွက်လာကာ ဦးညွှတ်လိုက်၏။

"ဒီတလော ဟယ်ယွမ် လောကထဲမှာ ဘယ်တိုက်ခိုက်မှု၊ ရန်ဖြစ်မှုမှ မရှိပါဘူး။ လူတွေအားလုံးက ငြိမ်ငြိမ်ချမ်းချမ်းနဲ့ နေထိုင်နေကြပြီး ရာသီဥတုကလည်း အရမ်းကောင်းတယ်"

စားပွဲ၏ထိပ်တွင် ထိုင်လျက်ရှိနေသည့် ဂုဏ်သိက္ခာ ထည်ဝါသောလူသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ဖန့်ရှန်းရ။ ၎င်းသည် ဟယ်ယွမ် လောကကြီး၏ သခင်လည်း ဖြစ်၏။ ကျန့်ကွေ့ရှုသည် ဤလူနှင့် ရင်းနှီးသည်။ ဤလူသည် ဂုဏ်သိက္ခာ ထည်ဝါရုံသာမက တရားမျှတလည်း ရှိသူ ဖြစ်သည်။ တခြားသော သက်သေ အချက်အလက်များသာ မရှိပါက ဤလူသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ အောက်ဆွဲတစ်ယောက်ဖြစ်မှန်း မည်သူကမှ သိလိမ့်မည် မဟုတ်ချေ။

၎င်း၏နောက်လိုက်များသည် ဆက်လက်ကာ သတင်းပေးပို့၏။ ယေဘုယျ အားဖြင့် ပြောရမည်ဆိုလျှင် ပြည်သူလူထု၏ လုံခြုံရေးအပြင် အထွေထွေကိစ္စရပ်များ ပါဝင်လျက် ရှိနေ၏။ မည်သည့်သတ်ဖြတ်ခြင်း၊ လုယက်ခြင်းမှ မရှိဘဲ ဂြိုဟ်ကြီးတစ်ခုလုံးသည် တည်ငြိမ်အေးချမ်းသည့် အသွင်ကို ဆောင်လျက်ရှိနေ၏။ ထိန်းချုပ်ထားခြင်းကို မခံရသော ကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်တွင် သရဲတစ္ဆေများကို မြင်နေရသလို ခံစားနေမိ၏။

"သွားလို့ရပြီ"

ဖန့်ရှန်းရ သည် လက်ကိုယမ်းခါလိုက်၏။

"ကောင်းပါပြီ"

အားလုံးသောသူတို့သည် နောက်ကို ဆုတ်ခွာလိုက်ကြ၏။ ဖန့်ရှန်းရ သည် ထိုင်ခုံပေါ်တွင် အသာမှီပြီးနောက် မျက်လုံးကိုမှိတ်ကာ အနားယူလိုက်၏။ သူသည် ဂုဏ်ယူစွာဖြင့် တီးတိုးရေရွတ်နေမိသည်။ "ဒီလောကကြီးက ငါလိုချင်တဲ့ လောကကြီးပဲ"

"အင်း … အသက်ဝိညာဉ်မရှိတဲ့ လောကကြီးတစ်ခုလား"

ရုတ်တရက် ဟောခန်းထဲ၌ အသံတစ်ခု ထွက်ပေါ်လာ၏။

"ဘယ်သူလဲ"

ဖန့်ရှန်းရသည် ရုတ်တရက် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ နန်းတော်၏ ထောင့်တစ်နေရာမှ လှမ်းလျှောက်ထွက်လာသည့် လူကို မြင်လိုက်ရသည်။ သူ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်မိသည်။

"စီနီယာကွေ့ရှု"

ကျန့်ကွေ့ရှုသည် မချိပြုံး ပြုံးလိုက်၏။ "မင်းဒီအဘိုးကြီးကို မှတ်မိနေသေးတာပဲ"

"စီနီယာ …. စီနီယာက ကျုပ်ကို ကိစ္စတွေအများကြီး သင်ပေးခဲ့တယ်လေ။ မှတ်မိနေပါတယ်" ဖန့်ရှင်းရသည် သူ၏လေစားမှုကို ဖော်ပြသည့်အနေဖြင့် မတ်တပ်ထရပ်လိုက်သည်။

သို့ပေမဲ့ ကျန့်ကွေ့ရှုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ငါမင်းကို သင်ပေးခဲ့တာက လူသားတစ်ယောက် အနေနဲ့ ဘယ်လို နေထိုင်ရမလဲ ဆိုတာပဲ။ လူသားတွေကို အခုလို ထားရမယ်လို့ ဘယ်တုန်းကမှ မသင်ခဲ့ဖူးဘူး"

“စီနီယာ ဘာကိုပြောချင်တာလဲ"

ဖန့်ရှန်းရ သည် တွေဝေငေးငိုင်စွာဖြင့် မေးလိုက်သည်။

"အစောက ထွက်သွားတဲ့ သူတွေအကုန်လုံးက မင်းမူးယစ်ဆေးနဲ့ ထိန်းချုပ်ထားတဲ့ သူတွေမဟုတ်လား"

"အမှန်ပါပဲ"

ဖန့်ရှန်းရ၏ အ ဖြေသည် ပွင့်လင်းလွန်းလှ၏။ ၎င်းသည် အပြစ်ကင်းစင်လွန်းလှသည့် မျက်နှာသွင်ပြင်မျိုးနှင့်ပင်။

"သူတို့က လိုလိုချင်ချင်နဲ့ လုပ်တာပဲ"

"မငြင်းပယ်ဘူးလား" ကျန့်ကွေ့ရှုက မေးမြန်းလိုက်သည်။

ဖန့်ရှန်းရ က ပြောလိုက်၏။ "သူတို့ကတော့ ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမဲ့ သူတို့ ငြင်းပယ်လို့မရဘူးလေ။ ဘာလို့လဲဆိုတော့ ဒီဂြိုဟ်ကြီး တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးကို ထိန်းချုပ်ရမှာက ဒီကလူတွေရဲ့ အလုပ်မလို့ပဲ”

ကျန့်ကွေ့ရှုသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် "သူတို့က ဝိညာဥ် တွေ၊ စိတ်တွေကို ဆုံးရှုံးသွားပြီ။ ဒီတော့ စက်ရုပ်တွေ၊ ရုပ်သေးတွေလို ဖြစ်သွားတာပေါ့။ ငြိမ်ချမ်းရေး ရဲ့ အနှစ်သာရဆိုတာ အဲတာလား"

" ဟုတ်တယ်"

ဖန့်ရှန်းရ သည် ပြန်ပြောလိုက်၏။ "အနည်းဆုံးတော့ သူတို့ဆီမှာ မကောင်းတဲ့ အတွေးတွေ မရှိဘူး။ အားလုံးက လေးစားမှုကို ပြသကြတယ်"

"…….."

ကျန့်ကွေ့ရှုသည် ဆွံ့အလျက် ရှိနေ၏။ ယခင်က ဤလူငယ်သည် မိစ္ဆာလုပ်ရပ်များကို တွန်းလှန်ခဲ့သူ ဖြစ်သည်။ လက်ရှိအချိန်မှာတော့ ……

"လူသားတွေက လူသားတွေပဲလေ။ သူတို့မှာ ကိုယ်ပိုင်အသိစိတ်နဲ့ ရွေးချယ်ခွင့် ရှိဖို့လိုတယ်။ မင်းက သူတို့လုပ်ချင်တာကို လုပ်ခွင့်မပေးဘဲ ကိုယ်ဖြစ်စေချင်သလို ထိန်းချုပ်ထားမှာတော့ သူတို့အားလုံးကို သတ်ပစ်လိုက်တာနဲ့ ဘာထူးမှာလဲ" ကျန့်ကွေ့ရှုသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“ဟင်း …..”

ဖန့်ရှန်းရ သည် သက်ပြင်းချကာ ပြောလိုက်၏။ "စီနီယာကွေ့ရှုက ကျုပ်ကို နားမလည်ဘူးပဲ။ "

"ချီးကို နားလည်ရမှာလား"

ကျန့်ကွေ့ရှုသည် ဒေါသထွက်သွား၏။ သူအထင်ကြီး လေးစားရသော လူငယ်သည် အဓိပ္ပာယ်မရှိသည့် နည်းလမ်းများကို အသုံးပြု၍ ဂြိုဟ်တစ်ခုလုံးကို ထိန်းချုပ်နေသည်ကို မြင်ရသည့် အချိန်မှာတော့ သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်တော့ချေ။

"စီနီယာ … ကျုပ် နဂါးမိစ္ဆာကို သတ်ပြီးတဲ့နောက်မှာ ကျိန်ဆိုခဲ့တာကို မှတ်မိလား" ဖန့်ရှန်းရ က မေးမြန်းလိုက်သည်။

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ "မင်း နဂါးကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်က မိစ္ဆာနဂါး ဖြစ်လာခဲ့တယ်"

……

All Chapters