အခန်း ၁၉၄၂
Vol. 130 Ch. 1942
အပိုင်း (၁၉၄၂)
ဖန့်ရှန်းရ သည် သွေးအန်ခဲ့တော့၏။ သူသည် ယနေ့အချိန်အထိ သူ၏ကိုယ်ပိုင်နိယာမများနှင့် နေထိုင် အသက်ရှင် ခဲ့သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ရှိရှိသမျှသော မကောင်းသည့်အချက်များအား ကျွင်းချောင်ရှောင်းက ထုတ်ဖော်ပြောဆိုခဲ့လေ၏။ သူ့အနေနှင့် နားကို ဖုံးကာကာ ထားနိုင်သည်ဆိုသော်လည်း ဝင်ရောက်လာသည့် အသံကိုတော့ မထားဆီးနိုင်ခဲ့ချေ။
ဤလောကကြီးတွင် ရှိနေသည့် သတ္တဝါပေါင်းများစွာတို့သည် ဝိညာဉ်နှင့် စိတ်နှစ်ခုလုံးကို ဆုံးရှုံးပြီးသည့်နောက် ဖန့်ရှန်းရ၏ကစားကွက်ထဲသို့ ရောက်ရှိနေ၏။ ၎င်းတို့အားလုံးသည် ကစားကွက်ထဲတွင် ပါဝင်ပတ်သက်နေသည် ဆိုသော်လည်း လူတစ်ယောက်ကြားဝင်ကာ တားဆီးလိုက်မည်ဆိုပါက ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည် သွားမှာပင်။
ကံဆိုးစွာဖြင့် ဤကဲ့သို့ ဝင်ရောက်တားဆီးမည့်လူသည် လက်ရှိအချိန်၌ ပေါ်ပေါက်လာပြီဖြစ်၏။ ထိုသူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်လေသည်။
“မဟုတ်ဘူး”
ဖန့်ရှန်းရ သည် ရုတ်တရက် ထိုင်ချလိုက်ပြီးသည့်နောက် သူ၏လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကာကာ ပြောလိုက်၏။ “ဒါက ကစားပွဲတစ်ခု မဟုတ်ဘူး”
“...........”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အခုအချိန်အထိ ခေါင်းမာနေတုန်းပဲလား”
ဖြောင်း ဖြောင်း ဖြောင်း
သူသည် လက်ခုပ်တီးလိုက်၏။
ဘုတ် ဘုတ် ဘုတ်
အစောပိုင်းတုန်းက ထွက်ခွာသွားခဲ့ကြသော ဝန်ကြီး၊ မတ်ကြီးများ အားလုံးသည် အထဲသို့ ပြန်လည်ကာ လျှောက်ဝင်လာခဲ့ကြသည်။ ၎င်းတို့သည် မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလျက်ရှိနေပြီး မြေပေါ်တွင် ဒူးထောက်ကာ ထိုင်ချကာဖြင့် အကြံပေးလိုက်၏။ “သခင်... ကျေးဇူးပြုပြီးတော့ အားလုံးကို ပြန်လည် ကယ်တင် ပေးပါ”
“ခင်ဗျား.. ခင်ဗျားတို့” ဖန့်ရှန်းရ သည် ကြောင်အသွားမိသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီကျွင်းက မူးယစ်ဆေးနဲ့ ထိန်းချုပ်ခံထားရတဲ့သူတွေကို ပျောက်ကင်းအောင် ကူညီပေးခဲ့တာပဲ”
“..........”
ဖန့်ရှန်းရ ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ပေးခဲ့သည့် မူးယစ်ဆေးသည် ဖြေဆေးလုံးဝမရှိဟု ပြောဆိုနိုင်၏။ အဘယ်ကြောင့် တခြားသောလူတစ်ယောက် သည် လွယ်လွယ်ကူကူဖြင့် ထိုအရာကို ဖြေရှင်းနိုင်နေသနည်း။
တစ်စုံတစ်ယောက်၏ အတွေးအခေါ်များ အားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည့် မူးယစ်ဆေးအမျိုးအစားဆိုသည်မှာ အမှန်ပင် လှည့်ကွက် များလွန်းလှ၏။ ဆေးဟောခန်းမမှ လူများဆိုလျှင်ပင် ထိုအရာကို ကုသနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အဆိပ်ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သော မြောင်စိုင်းဖန် တည်ရှိနေသောကြောင့် အဆိပ်ကို အဆိပ်နှင့် ပြန်လည်တိုက်ခိုက်ကာ အခြေအနေတစ်ခုလုံးအား ပြောင်းပြန်လှန်နိုင်ခဲ့ခြင်းပင်။
“အင်း.. ခင်ဗျားသူတို့ကို ဒီလိုကိစ္စမျိုး ထပ်ပြီးလုပ်အုံးမလားလို့ မေးကြည့်ပါလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဖန့်ရှန်းရ သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ တကယ်တမ်းမှာတော့ သူ့အနေနှင့် အဖြေကို သိရှိနေသည် ဖြစ်သောကြောင့် မေးမြန်းစရာပင် မလိုချေ။ မဟုတ်ပါက အတိတ်တုန်းကတည်းက ဤကဲ့သို့သော ဆေးဝါးမျိုးကို တိုက်ကျွေးနေလိမ့်မည် မဟုတ်ချေ။
“လူသားတွေဆိုတာ လောကကြီးထဲမှာ နေထိုင်ရင်း များပြားလှတဲ့ ခက်ခဲမှုတွေ၊ လောကဓံတွေကို တွေ့ကြုံခံစားရတာလေ။ သူတို့ အနေနဲ့ လုပ်နိုင်တာတစ်ခုက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရှေ့ကိုဆက်ပြီးတော့ သွားရဖို့ပဲ။ တကယ်လို့ တွေးတောထားသလောက် လှပတဲ့ လမ်းစဉ်တစ်ခု မဟုတ်ဘူးဆိုရင်တောင်မှ ရှေ့ကိုဆက်ပြီးတော့ သွားရမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“........”
ဖန့်ရှန်းရ သည် တိတ်ဆိတ်ငြိမ်သက်လို့နေ၏။
“လူသားတစ်ယောက်ကို ပြောင်းလဲစေဖို့၊ ဒါမှမဟုတ် လောကကြီး တစ်ခုကို ပြောင်းလဲစေဖို့ဆိုရင် အချိန်အရမ်း အကြာကြီးလိုတယ်။ ဒီနေရာနဲ့ပတ်သက်ပြီး ဖြတ်လမ်းနည်း မရှိဘူး။ ပြီးတော့ လမ်းမှားတစ်ခုကို ရောက်ရှိသွားရင် ဒါမှမဟုတ် မကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုလိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်က ဆိုးရွားသွား လိမ့်မယ်” ကျွင်းချောင်ရှောင်းသည် အလွန်လေးနက်တည်ကြည်သည့်အသံဖြင့် ပြောလို့နေသည်။
“ဒါက ခင်ဗျား အတွက် အဓိပ္ပာယ်ပြည့်ဝနေတယ်ဆိုရင်တောင်မှ အားလုံးသောသူတွေအတွက် အဓိပ္ပာယ်ကင်းမဲ့နေ လိမ့်မယ်”
ကုန်းရှန့်အနေဖြင့် ပေါက်ပန်းလေးဆယ် ပြုလုပ်သည့်နေရာမျိုးတွင် လေးလေးနက်နက် မရှိတတ်သော်လည်း လေးလေးနက်နက် ပြောဆိုနေသည့်အချိန်မှာတော့ အမှန်ပင် လူသားမဆန်တော့ချေ။
ကျန့်ကွေ့ရှုက ပြောလိုက်၏။ “အင်း... လောကသခင်ဖန်း... ကျေးဇူးပြုပြီး နောက်ပြန်လှည့်ပါ။ အားလုံးကို ကယ်တင်ပေးပါ”
“နောက်ပြန်လှည့်ပြီး အားလုံးကို ကယ်တင်ပေးရမယ် ဟုတ်လား”
ဖန့်ရှန်းရသည် ဖြည်းညှင်းစွာဖြင့် မတ်တပ် ထရပ်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်ရဲ့ဝိညာဉ်ကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ပေးခဲ့ပြီးပြီ လေ။ ပြန်လှည့်လို့ မရတော့ဘူး”
“ဘာ” ကျန့်ကွေ့ရှု၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။
ဟား ဟား ဟား
ဖန့်ရှန်းရသည် ရယ်မောကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားပြောခဲ့သလိုပဲ။ ဒါက ကစားပွဲလေး တစ်ခုခုပေါ့။ ဒီတော့ ကျုပ်တို့ ရှေ့ကို ဆက်ပြီးလျှောက်ရမယ်”
ဒွီ
ဟောခန်းကြီးတစ်ခုလုံးသည် အလင်းတန်းများဖြင့် တောက်ပလာခဲ့ပြီးသည့်နောက် အစီအရင်များ တစ်ခုပြီး တစ်ခု ဖြစ်တည်လာခဲ့၏။
“ဒီကစားပွဲကို တားဆီးဖို့ ကြိုးစားခဲ့ကြတဲ့ လူတွေအကုန်လုံး”
ဖန့်ရှန်းရသည် အေးစက်သည့် အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည် “သေဆုံးရမယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီလူ မျှော်လင့်ချက် မဲ့သွားပြီပဲ”
သူသည် သေသေချာချာ ပြောဆိုဖျောင်းဖျခဲ့ပြီဖြစ်၏။ တစ်ဖက်လူ၌ အရာအားလုံးကို နောက်ပြန်လှည့်က ဖြင့် လူသားအားလုံးကို ကယ်တင်နိုင်ခွင့် ရှိလို့နေ၏။ အဆုံးသတ်မှာတော့ တစ်ဖက်လူသည် မျှော်လင့်ချက်မဲ့သည့် ကိစ္စရပ်များကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့လေသည်။
“လောကသခင်”
များပြားလှသော မူးကြီးမတ်ရာများ အားလုံး၏ မျက်နှာပေါ်တွင်တော့ နာကျင်နေသည့် အမူအရာ များ ဖြစ်တည်လာခဲ့သည်။ သူတို့သည် ဖန့်ရှန်းရ၏ အနောက်သို့ လိုက်ပါလာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်၏။ လောကသခင်သည် လောကကြီးတစ်ခုလုံးအား တစ်စုတစ်စည်းတည်းဖြစ်အောင် ဖန်တီးချင်စိတ် ရှိလို့နေ၏။ သို့ပေမဲ့ နောက်ပိုင်းမှာတော့ ထိုအရာသည် အစွန်းရောက်သွားခဲ့၏။ မည်သို့မှ ဖျောင်းဖျ သွေးဆောင်၍ မရတော့ချေ။
“လက်ရှိ ဟယ်ယွမ်နယ်မြေကြီးက ဘာတွေ လိုအပ်နေလို့လဲ။ အဆင်ပြေနေတာပဲ မဟုတ်လား။ ဘာလို့ ကျုပ်တို့ကို လာပြီး ပုန်ကန်နေရတာလဲ” ဖန့်ရှန်းရ သည် တင်းမာခက်ထန်သည့် မျက်နှာဖြင့် ပြောလိုက်၏။
အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်သည် ဝမ်းနည်းဆွေးမြေ့စွာဖြင့် ပြောလိုက်မိသည်။ “သက်ရှိတွေ အကုန်လုံးကို ရုပ်သေးစက်ရုပ်တွေလိုမျိုး ပြောင်းလဲလိုက်တယ်ဆိုတော့ ထိန်းချုပ်လို့ ရနိုင်တာပေါ့။ ဒါပေမဲ့ ဒါ ကျုပ်တို့ မျှော်မှန်းထားခဲ့တဲ့ ငြိမ်းချမ်းရေး မဟုတ်ဘူး”
“ခင်ဗျားက ပြောင်းလဲသွားခဲ့ပြီ” ဖန့်ရှန်းရသည် စိတ်ပျက်စွာဖြင့် ပြောလိုက်မိ၏။
“မဟုတ်ဘူး။ ပြောင်းလဲသွားတဲ့လူက လောကအရှင်ပါ” အားလုံးသောသူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်။
ဖန့်ရှန်းရသည် လက်ကို မြှောက်လိုက်၏။ သူသည် လက်ဝါးထက်တွင် စွမ်းအင်များကို စုစည်းကာဖြင့် ပြောလိုက်၏။ “တကယ်လို့ လမ်းစဉ်က မတူညီဘူးဆိုရင်လည်း သေကြတာပေါ့”
ကျန့်ကွေ့ရှုသည် ဤလူငယ်မှာ အမှန်ပင် ခေါင်းမာလှသည့် လူတစ်ယောက်ဖြစ်ကြောင်းကို သိရှိရပြီးသည့်နောက် သူ၏နှလုံးသားထဲတွင် ရှိနေသည့် နာကျင်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။
“အင်း... လမ်းစဉ်က မတူတာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားက အစကတည်းက လမ်းမှားနေခဲ့တာလေ”
“အမှိုက်ကောင်... ဝင်မပြောစမ်းနဲ့” ဖန့်ရှန်းရသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် အနားတွင် ရှိနေသည့် အရာအားလုံးကို တိုက်ခိုက်တော့သည်။
ဘုန်း ဘုန်း ဘုန်း
စည်းခတ်ထားသည့် ဟောခန်းကြီးတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွား၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် တည်နေရာအက်ကွဲကြောင်းကြီးများ ဖြစ်လာခဲ့၏။ အားလုံးသော သူတို့သည် စကြဝဠာ ကောင်းကင်ယံထဲသို့ ရောက်ရှိသွားသလိုပင် ခံစားလိုက်မိကြသည်။
“ဂိုဏ်းချုပ်ကျွင်း”
ကျန့်ကွေ့ရှုသည် အသံပို့လွှတ်လိုက်၏။ “ဒါက ဖန်ရှန့်ရ ကိုယ်တိုင်နားလည်ထားတဲ့ နတ် အတတ်ပညာတစ်ခုပဲ။ ဒါကို လောကပေါင်းစည်းခြင်း နတ်အတတ်ပညာလို့ ခေါ်တယ်”
“အင်း... နာမည်ပေးထားတာကိုက ……. ။ ဒီလူကတော့ ရူးနေတာပဲ ဖြစ်ရမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ဒီတော့”
ကျန့်ကွေ့ရှုက ပြောလိုက်၏။ “ဒါကြောင့်လည်း အဆုံးတစ်ဖက်ထိ ရောက်သွားတာလား မသိဘူး”
ဆွစ် ဆွစ်
ဝှစ် ...။
လောကပေါင်းစည်းခြင်း ပုံရိပ်ယောင် အထက်တွင် လွင့်မျောလျက်ရှိနေသည့် ဖန့်ရှန်းရသည် သူ၏ ညာဘက်လက်ကို အသာမြှောက်ပြီး လက်ဝါးထက်တွင် များပြားလှသော စွမ်းအင်များကို စုစည်းလိုက်၏။ သူက ပြောလိုက်သည်။ “ကျုပ်ဖန်တီးထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တဲ့ ဘယ်သူ့ကိုမဆို သည်းခံမှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ထုတ်ယူကာဖြင့် ပြောလိုက်၏။ “အင်း.. နှလုံးသား စိတ်ခွန်အား အားနည်းတဲ့လူတွေကသာ ဒီလိုကစားပွဲထဲမှာ ဝင်ပြီးတော့ ဆော့ကစားလိမ့်မယ်”
“ဒါက ကစားပွဲ မဟုတ်ဘူး”
“ဒါက ကစားပွဲတစ်ခုပါ”
“မဟုတ်ဘူး”
“ဟုတ်တယ်”
“မဟုတ်ဘူး”
၎င်းတို့နှစ်ယောက်သည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ တစ်ယောက်နှင့်တစ်ယောက် တံတွေးနှင့် ထွေးလို့ ရလုမတတ် အကွာအဝေးဆီသို့ ရောက်ရှိလာခဲ့၏။
“အမှိုက်ကောင်... ငါ မင်းနဲ့ မငြင်းတော့ဘူး။ မင်းက ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ရဲတယ်ဆိုမှတော့ သွားသေလိုက်တော့”
ဖန်းရှန်းရှသည် သူ၏လက်ကို ရုတ်တရက် ယမ်းခါလိုက်၏။ သူ စုစည်းထားခဲ့သည့် စွမ်းအင် များသည် ရုတ်တရက် တဝှီးဝှီးနှင့် ဖြစ်တည်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။ တစ်ဖက်လူ တိုက်ခိုက် လိုက်သည်နှင့်တပြိုင်နက် သူသည် တိုက်ရိုက်ဆိုသလိုပဲ ရွှမ်ယွမ်နတ်ဘုရားဓားကို ထုတ်ယူကာ ပိုင်းဖြတ်လိုက် လေ၏။
ဘုန်း
စွမ်းအင်များနှင့် ဓားချီများသည် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက် စည်းခတ်ခြင်း ခံထားရသည့် ငြိမ်းချမ်းရေး လောကကြီးတစ်ခုလုံးသည် တဝုန်းဝုန်းနှင့် ဖြစ်တည်နေသည်။
ကျန်းကွေ့ရှုနှင့် တခြားသောသူများသည် ၎င်းတို့၏ စွမ်းအင်များကို စုစည်းကာဖြင့် ထိုအရာကို တားဆီးရန် ကြိုးစားလိုက်ကြ၏။ ထိုမှသာလျှင် နှစ်ယောက်သား တိုက်ခိုက်မှု၏ အရှိန်အဟုန်များသည် ၎င်းတို့ဆီသို့ မသက်ရောက်လာမှာပင်။
“ချီးတဲ့မှ.. ချီးကို ငြိမ်းချမ်းရေး”
ကျွင်းချောင်ရှောင်းသည် ဖန့်ရှန်းရကို ဆက်ကာ မတိုက်ခိုက်ချေ။ သူ၏ စွမ်းအင် များကို ဓားဆီ စုဆောင်းပြီးသည့်နောက် ပတ်ဝန်းကျင်တွင် ရှိနေသည့် တည်နေရာများကို ခုတ်ပိုင်းလျက်ရှိသည်။ သူက အော်ဟစ်လိုက်၏။ “ဒါတွေ အားလုံး ကိုယ်ဘာကိုယ် လှည့်စားထားတဲ့အရာတွေကြီးပဲ”
ဆွစ် ဆွစ်
တည်နေရာတစ်ခုလုံးသည် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှုများသည် အလွန် မြန်ဆန်လွန်းလှ၏။ ထို့အတူ ရွှမ်ယွမ်နတ်ဘုရားဓားကလည်း အလွန်ထက်ရှလွန်း၏။ ထို့ကြောင့် ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည် မည်သို့မှ မခံနိုင်တော့ချေ။ ချက်ချင်းဆိုသလိုပဲ အပိုင်းပိုင်း၊ အစစများ ဖြစ်တည်ကာ ပေါက်ကွဲထွက်သွားခဲ့တော့သည်။
ဆွစ် ဆွစ် ဆွစ် ဆွစ် ဆွစ်
ကျန့်ကွေ့ရှုနှင့် အသိပြန်ဝင်ခဲ့ပြီဖြစ်သော အထက်ပိုင်းအကြီးအကဲတချို့တို့သည် အခွင့်အရေးကို အရယူကာဖြင့် ကောင်းကင်ယံထက်သို့ ထွက်ပြေးကြ၏။
ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းနှင့် ဖန့်ရှန်းရှတို့သည် လေထုထဲတွင် တိုက်ခိုက်လျက် ရှိနေကြ၏။ သူတို့၏ အားအင်အဆင့် သည် တူညီနေသောကြောင့် ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခု ဖြစ်တည်နေ၏။ တိုက်ခိုက်မှု ကြောင့် ဖြစ်ပေါ်လာရသည့် အရှိန်အဟုန် သည် အလွန်တရာ ကြီးကျယ်လွန်းလှသလို ကြည့်လို့လည်း ကောင်းလှသည်။
အောက်ဘက်ရှိ အဓိကမြို့ထဲ နေထိုင်သူများသည် တိုက်ပွဲကို သတိပြုမိလိုက်ကြသည်။ ၎င်းတို့၏ ဝိညာဉ် များသည် ထိန်းချုပ်ခံထားရသောကြောင့် မျက်လုံးထဲတွင် မည်သည့်စိတ်လှုပ်ရှားမှုမှ မရှိကြချေ။ ဤအရာသည် ငြိမ်းချမ်းရေးဟု ခေါ်ဆိုသည့်အရာပင်ဖြစ်၏။ ၎င်းတို့အားလုံးသည် ဤမျှတုန်လှုပ်စရာကောင်းသည့် ကိစ္စရပ်မျိုးကို ကြုံတွေ့နေရသည်ဆိုလျှင်တောင်မှ လမ်းလျှောက်လျက်ရှိသည့် အလောင်းကောင်ကဲ့သို့ပင် တည်ငြိမ်အေးချမ်းလျက်ရှိနေကြ၏။
“သေချာကြည့်”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ဒါက ခင်ဗျားရဲ့ လောကပဲ။ ဘာအသက်ဓာတ်မှ မရှိဘူး။ ကျုပ်သာ သူတို့နေရာမှာဆိုရင် ဒီလိုနေရမယ့်အတူတူ သေလိုက်တာမှ ပိုပြီးကောင်းအုံးမယ်။ ဒါ ခင်ဗျား လိုချင်တဲ့ ဇာတ်ညွှန်းပဲ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ ဇာတ်ညွှန်း မဟုတ်ဘူး”
အဆုံးစွန်သော ဒေါသတရားများ ဖြစ်ပေါ်လာခဲ့သည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရား ဓားကို အသာပြန်လည်သိမ်းဆည်းကာဖြင့် ဖန့်ရှန်းရ ၏ မျက်နှာကို တစ်ချက်ချင်းစီ ထိုးနှက်လျက် ရှိ၏။ ၎င်း၏ ဦးနှောက်ထဲတွင် ရှိနေသည့် အတွေးများ ပြောင်းလဲသွားစေရန် လက်သီးကိုသာ အသုံးပြုရမှာဖြစ်၏။
ဟား ဟား ဟား
ရုတ်တရက် ထူးဆန်းလှသည့် ရယ်မောသံကြီး ထွက်ပေါ်လာခဲ့၏။ “တကယ့်ကို လှုပ်ရှားတက်ကြွနေတာပဲ”
“ဟင်” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်ကာဖြင့် မျက်မှောင်ကုတ်ကာ ကြည့်ရှုလိုက်သည်။
ကောင်းကင်ယံတစ်ခုလုံးသည် ကွဲအက်သွားပြီးသည့်နောက် ထူးဆန်းလှသည့် ပုံပန်းသွင်ပြင်နှင့် သတ္တဝါကြီး လေးကောင်တို့သည် ဖြည်းညှင်းစွာ ပေါ်ပေါက်လာ၏။
“မကောင်းတော့ဘူး”
ကျန်းကွေ့ရှုက ပြောလိုက်သည်။ “နဂါးစစ်သူကြီး လေးဦး”
တစ်ယောက် ရောက်လာသည်ဆိုလျှင် လက်ခံနိုင်သေး၏။ သို့ပေမဲ့ လေးယောက် ရောက်ရှိလာခဲ့သည်။ ကြီးမားသည့် ပြဿနာကြီး ဖြစ်ပေါ်တော့မှာ သေချာ၏။