← Chapters

အခန်း ၁၉၄၄

Vol. 130 Ch. 1944

အခန်း ၁၉၄၄

Vol. 130 Ch. 1944

အပိုင်း (၁၉၄၄)

အချိန်အတိုင်းအတာ အတောအတွင်း ကျွင်းချောင်ရှောင်း၏ အဆင့်ကို ထုတ်ဖော်ရေးသားခဲ့ခြင်း မရှိသော်လည်း နတ်ဘုရားလျှို့ဝှက်အဆင့်နှင့်အထက် ကျင့်ကြံသူများနှင့် အချိန်အတော်ကြာ တိုက်ခိုက်ပြီး သည့်နောက် သူသည် အတွေ့အကြုံ တော်တော်များများ ရရှိခဲ့ပြီးဖြစ်၏။ တိုက်ခိုက်လေ သူ၏စိတ်များသည် ပိုမိုကာ တည်ငြိမ်ကာ သွေးရဲလာလေဖြစ်၏။

လက်ရှိ တိုက်ခိုက်လိုက်သည့် ဓား၏အဟုန်ကို စကားလုံးများဖြင့် ဖော်ညွှန်းရမည်ဆိုလျှင် စကားလုံး သုံးလုံး သာလျှင်ရှိသည်။ “မြန်ဆန်သည်။ ကြမ်းတမ်းသည်။ တိကျသည်”

အချက်အလက်အားဖြင့် ကုန်းရှန့်သည် ထိပ်ဆုံးသော အခြေအနေတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး ကျန့်ကွေ့ရှုပင်လျှင် အံ့အားတသင့်ဖြင့် ကြည့်ရှု နေရတော့၏။

…………..

ရှောင်ရှားခဲ့ပြီဖြစ်သော ကျားဘုရင်သည် ရုတ်တရက် ချွေးစေများ ပြန်လာခဲ့၏။ သူ၏ တုန့်ပြန်မှုသည်သာ လုံလောက်အောင် မမြန်ဆန်ဘူးဆိုပါက ဤနေရာတွင် ဒုက္ခရောက်သွားနိုင်သူမှာ မိုယွမ် မဟုတ်ဘဲ သူသာ ဖြစ်နေပေလိမ့်မည်။

“ကံကောင်းလို့၊ ကံကောင်းလို့”

တစ်ချိန်တည်းမှာပဲ သူနှင့် သူ၏အဖော်များသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ သာမန်ထက်ပိုသော လူတစ်ယောက် ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ တုံ့လဘုရင်တို့ သတ်ဖြတ်ခံလိုက်ရသည်ဆိုသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ကျွမ်းကျင်သူများ လှုပ်ရှားတိုက်ခိုက်သည့် အချိန်တွင် အစစ်အမှန် ဟုတ်လား၊ မဟုတ်လား ဆိုသည်ကို ကောင်းကောင်း သိရှိ၏။

လက်ရှိအချိန်မှာတော့ ကျားဘုရင်နှင့် တခြားသောသူ သုံးယောက်တို့သည် ကျွင်းချောင်ရှောင်းကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရန် အရည်အသွေး မရှိလှကြောင်း သုံးသပ်မိကြ၏။ ကံကောင်းစွာဖြင့် ၎င်းတို့သည် ဤတစ်ကြိမ်တွင် အပေါင်းအဖွဲ့ဖြင့် ရောက်ရှိလာခဲ့ကြ၏။ ထို့ကြောင့် အားလုံး ဝင်ရောက်ကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

ဆိုရိုးစကားတစ်ခုရှိ၏။ လက်သီးနှစ်လုံးနှင့် မလုံလောက်သည်ဆိုပါက လက်သီးများများနှင့် တိုက်ခိုက် ရပေမည်။ တစ်ယောက်တည်းသောလူကို လူပေါင်းများစွာဖြင့် ဝင်ရောက်တိုက်ခိုက်၍ အနိုင်မယူနိုင်စရာ မရှိပေ။ ။ တွေးကြည့်ပြီးသည့်နောက် ကျားဘုရင်နှင့် တခြားသူများ အားလုံးတို့သည် ယုံကြည်ချက် ရှိလို့ လာခဲ့ကြ၏။

“အားနာပါတယ်”

ကျွင်းချောင်ရှောင်း သည် သူ၏ဓားကို အသာမြှောက်ကိုင်ပြီးသည့်နောက် တစ်ဖက်လူ များကို ညွှန်ကာပြောလိုက်သည်။ “ခုဏက ကျုပ် စကားမှားပြောလိုက်တာ။ ခင်ဗျားတို့အနေနဲ့ မိုးကောင်းကင် နတ်ဆိုးအင်ပါယာဆီကို ပြန်ပြီးတော့ သတင်းပို့ဖို့ အခွင့်အရေး မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ ဒီမှာ အားလုံး သေရမှာမလို့ပဲ”

သူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးကို သိမ်းဆည်းပြီးသည့်နောက် ပိုမိုကာ မောက်မာလာခဲ့၏။

“အရှက်မရှိတဲ့ကောင်”

ကျားဘုရင်နှင့် တခြားသော သုံးယောက်တို့၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။ သူတို့သည် မြောက်မှတောင်၊ အရှေ့မှအနောက်အထိ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်သို့ လိုက်ပါလာခဲ့သူများဖြစ်၏။ သို့ပေမဲ့ ဤမျှ မောက်မာလှသည့် လူတစ်ယောက်ကို တွေ့ဆုံရသည်ဆိုမှတော့ ပထမဦးဆုံးအကြိမ်ပင်။

ပီချာဘုရင်က နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မင်းရဲ့အခြေအနေကို အခုထိ နားမလည်သေး တာပဲ ဖြစ်ရလိမ့်မယ်”

ဘယ်လိုအခြေအနေမျိုးဖြစ်သနည်း။ လက်ရှိအခြေအနေမှာတော့ လေးယောက်သာ ဖြစ်နေသည်မဟုတ်ပေ။ လောကကြီး၏ ဤတည်နေရာတွင် ရှိနေသည့် သိုင်းကျင့်ကြံသူများအားလုံးကို တိုက်ခိုက်ခိုင်းနိုင်စွမ်းရှိသောသူများ ဖြစ်၏။

ခေါင်းလောင်းကို လှုပ်ခါလိုက်သည်နှင့် တပြိုင်နက် ဤဟယ်ယွမ်လောကထဲတွင် ရှိနေသည့် သိုင်းကျင့်ကြံသူ တစ်သန်းကျော်ခန့်သည် ရှေ့ဆီသို့ ထိုးထွက်သွားပြီး လူသားလှိုင်းများအဖြစ် တစ်ဖက်လူကို မောပန်းပြီး သေဆုံးသွားသည်အထိ ပြုလုပ်ကြမှာအမှန်ပင်။

“ဒီ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေကို မူးယစ်ဆေးတွေနဲ့ ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုလိုတာ လား”

ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာဖြင့် ပြောလိုက်သည်။ “ကျုပ် မျက်လုံးထဲမှာ ဒီလူတွေက ဘာမှ မဟုတ်ဘူး”

“အပိုတွေ မပြောနဲ့တော့”

ကျားဘုရင် အေးစက်စက်ပြောလိုက်၏။ “သေစမ်း”

ဆွစ် ဆွစ်

သူတို့သည် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် လေးယောက်သား တစ်ပြိုင်နက် တည်း ဝင်ရောက်တိုက်ခိုက်ပြီးသည့်နောက် တစ်ချိန်တည်းမှာပဲ အမဲရောင်အလင်းတန်းများသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ရှိရှိသမျှသော အားအင်လှိုင်းများ ဖြစ်တည်လာခဲ့ပြီးသည့်နောက် တောင်များ၊ ချောင်းများကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည့် အစွမ်းသတ္တိမျိုး ပါဝင်လျက် ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် ကာကွယ်ရန် အချိန်ပင် မရခဲ့ချေ။ သို့ပေမဲ့…

“တည်နေရာချိုးဖြတ်ခြင်းဓား”

ထက်ရှပြီး အလွန်ပြင်းထန်လှသည့် ဓားလှိုင်းကြီးတစ်ခုသည် သူ၏အနောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့ပြီး ပထမဦးဆုံး ရောက်ရှိလာခဲ့သည့် စွမ်းအင်များကို ချိုးဖြတ်သွားခဲ့၏။ နှစ်ဖက်သားသည် တစ်ဖက်နှင့်တစ်ဖက် နောက်သို့ ပြန်ကန်ထွက်သွားကြသည်။ ကောင်းကင်ယံတစ်ခုလုံးတွင် အလင်းတန်းများ ပြည့်နှက်လာခဲ့၏။

ကွေ့ရှုဓားသူတော်စင်သည် ကျွင်းချောင်ရှောင်း၏ ဘေးတစ်ဖက်ဆီသို့ အသာဆင်းသက်လာခဲ့၏။ ကြည့်ရသည်မှာ အလွန်ထက်ရှလွန်းလှသည့် ဓားချီများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေပုံပင်။

“ဓားကိုးခု အသွင်ပြောင်းလဲခြင်း နည်းစနစ်”

ထိုအရာသည် ကွေ့ရှုဓားသူတော်စင်၏ ကျော်ကြားလွန်းလှသော ဓားနည်းစနစ်များထဲမှ တစ်ခုဖြစ်၏။ ကျွင်းမဟာမိတ်အဖွဲ့ကို ဝင်ရောက်စဉ်ကတည်းက များပြားလှသော လူများသည် ဤအဘိုးကြီးမှာ ကျွင်းချောင်ရှောင်း၏ လုပ်ဆောင်မှုပုံစံများကို အံ့အားတသင့်ဖြင့် ကြည့်နေသည့် လူတစ်ယောက်အဖြစ်သာ သတ်မှတ်မိကြပေလိမ့်မည်။ ထိုသူ၏ အစစ်အမှန် အားအင် အဆင့်ကို အားလုံးသောသူများက မေ့လျော့နေမှာသေချာ၏။

ဆွစ် ဆွစ်

တစ်ချိန်တည်းမှာပင် နောက်ထပ် အလင်းတန်း ငါးခုတို့ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့ အားလုံးသည် အတူတကွ စုစည်းပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့သည့် စွမ်းအင်လှိုင်းများကို ဖယ်ရှား လိုက်တော့၏။ ထိုသူများအားလုံးတို့သည် တံခါးစောင့် နတ်ဘုရားကြီး ငါးပါးကဲ့သို့ပင် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် မတ်မတ်ရပ်လျက်ရှိသည်။

အလင်းတန်းများ ပြန်လည်အားပျော့သွားပြီးသည့်အချိန်တွင် လုချင်းချင်း၊ ရီရှင်းချန်၊ စုရှောင်မို၊ ရှောင်ကျီနှင့် ဟယ်ဝူတီတို့ ပေါ်ပေါက်လာခဲ့ကြ၏။ ပြန်လည်မွေးဖွားလာသည့် အဓိပ္ပာယ်ကို ညအင်ပါယာ ကောင်းကောင်း နားလည်၏။ ထို့ကြောင့် သူသည် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီ ဖြစ်၏။ သူ့အနေနှင့် လက်ရှိအခြေအနေတွင် နတ်ဘုရားလျှို့ဝှက်အဆင့်၏ အထက်ပိုင်း ကျင့်ကြံသူတစ်ယောက် နှင့်ပင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရဲသည့် အခြေအနေကိုပင် ပိုင်ဆိုင်နေပြီဖြစ်၏။

ဟယ်ဝူတီမှာမူ ပိုမို၍ ဆိုးရွားလှ၏။ သူသည် နတ်ဘုရားလျှို့ဝှက်ခြေလှမ်းဝက်အဆင့်သာ တည်ရှိသေးသည် ဆိုသော်လည်း သူ၏ အားအင်အဆင့်၊ သူ၏ အင်မော်တယ်တေးသံ၏ စွမ်းအင်များအပေါ် ထိန်းချုပ်နိုင်မှု နှင့် နားလည်နိုင်မှုသည် ပြိုင်စံရှားဂိုဏ်းထဲတွင် အားအကောင်းဆုံး ဖြစ်၏။ ထို့ကြောင့် သူသည် ကျင့်ကြံခြင်းအဆင့် ကွာခြားလျက်ရှိနေသည် ဆိုလျှင်တောင်မှ တိုက်ခိုက်နိုင်စွမ်းရှိသည်။

ရှောင်ကျီနှင့် စုရှောင်မိုတို့မှာတော့ ကြောင်တောင်တောင် အခြေအနေနှင့် ဖြစ်လို့နေသည်။ ၎င်းတို့နှစ်ယောက် သည် အထက်ပိုင်းကျင့်ကြံခြင်းအဆင့်ဆီသို့ ရောက်ရှိခြင်း မရှိသေးပေ။ ထို့အတူ နောက်ဆုံးတပည့်ကဲ့သို့ အင်မော်တယ်တေးသံ၏ နက်နဲလှသည့် စွမ်းရည်များကိုလည်း နားမလည်နိုင်သေးချေ။

နတ်ဘုရား လျှို့ဝှက်အဆင့်၏ အထက်ပိုင်းကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ သူတို့သည် ရိုက်နှက်ခံရရုံသာ ရှိ၏။ သို့ပေမဲ့ ပြဿနာမရှိချေ။ သူတို့အနေနှင့် ဤတစ်ကြိမ်တွင် သူတို့၏ ဂိုဏ်းတူရောင်းရင်းများ နှင့်အတူ ရောက်ရှိလာခဲ့ကြ၏။ သူတို့သည် အဓိက ဝင်ရောက်တိုက်ခိုက်နိုင်သည့် လူများ မဟုတ်သည် ဆိုလျှင်တောင်မှ အထောက်အပံ့ပေးနိုင်သည့်လူများအဖြစ် အသုံးတော်ခံနိုင်သည်။

ထို့အပြင် လုချင်းချင်းကလည်း တည်ရှိလို့နေသေး၏။ ဤတပည့်သည် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ချိုးဖြတ်ဝင်ရောက်ခဲ့သည်သာမက SSS အဆင့် သူရဲကောင်းဝိညာဉ်နှင့် ပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်နိုင်သည် ဖြစ်သောကြောင့် သူမ၏ တိုက်ခိုက်နိုင်မှုစွမ်းအင်သည် ရီရှင်းချန်နှင့် ဟယ်ဝူတီတို့ထက် မည်သို့မှ မနိမ့်ကျချေ။

လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အားအကောင်းဆုံးသော လူငါးယောက်တို့သည် ရောက်ရှိလာကြ၏။

ဝမ် ဝမ်

ရုတ်တရက် တည်နေရာတစ်ခုလုံးသည် တွန့်လိမ်သွားခဲ့၏။

ဘုန်း

တတိယစွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ထပ်မံ ပေါ်ပေါက်လာသူများသည် ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများသာဖြစ်၏။ ထိုသူများအားလုံးသည် ကုကျောင်းရှစ်၊ ယုစီနန်၊ ကုန်းစွန်းဟုန့်၊ ပိုင်လီချင်းချောင်နှင့် ဖြူမဲညီနောင်တို့အပြင် အကြီးအကဲကျန့်ရာ၊ တင်းရှင်းဝမ်နှင့် ကုန်းစွန်းဟောင်ဟိုင် တို့လည်း ပါဝင်သည်။

ဝှစ် ဝှစ် ဝှစ်

၎င်းတို့၏အဆင့်များသည် ပေါက်ကွဲထွက်သွားပြီးသည့်နောက် တည်နေရာတစ်ခုလုံးတွင် ကြမ်းတမ်းသည့် အော်ရာများနှင့် ပြည့်နှက်သွားခဲ့၏။ အလုံးစုံသော အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းမှလွဲလျှင် ဂိုဏ်းထဲတွင် ရှိနေသည့် မည်သူမဆိုတို့သည် ကောင်းကင်နဂါးစစ်သူကြီး ရှစ်ဦးတို့ကို တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် လုံလောက်သည့်လူများ မဟုတ်ချေ။ အကုန်စုစည်း၍ တိုက်ခိုက်မည်ဆိုလျှင်တော့ ဖြစ်နိုင်စွမ်း ရှိ၏။ ွဲ့လိုက် တိုက်ခိုက်သည့်နေရာတွင် မည်သူက ကြောက်လန့်ရမည်နည်း။

ကျားဘုရင်က အေးစက်စက် ပြောလိုက်သည်။ “လောကသခင်ဖန့် .... ခင်ဗျား အင်ပါယာကို ပုန်ကန်ချင်နေ တာလား”

“ကျုပ်လူတွေကို အမိန့်ပေးဖို့ ခင်ဗျားတို့ဆီမှာ အခွင့်အရေး မရှိဘူး” ဖန့်ရှန်းရသည် အေးစက်သည့် အကြည့်ဖြင့် ကြည့်ကာပြောလိုက်၏။ သူ၏ မူလရည်ရွယ်ချက်သည် လောကကြီးတွင် ရှိနေသည့် သက်ရှိ သတ္တဝါများအားလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်နိုင်စွမ်းပင်ဖြစ်သည်။ လက်ရှိအချိန်မှာတော့ အကုန်လွဲမှားခဲ့လေ၏။

ကျွင်းချောင်ရှောင်း ပြောခဲ့သလိုပဲ သူသည် မိစ္ဆာလမ်းစဉ်တစ်ခုကို လျှောက်လှမ်းခဲ့ပြီဖြစ်၏။ နောက်ပြန်လှည့် ချင်သည်ဆိုလျှင်တောင်မှ သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်ရပေလိမ့်မည်။

“ဟမ့်”

ကျားဘုရင်က နှာခေါင်းရှုံ့လိုက်၏။ “ခင်ဗျားက ခင်ဗျားရဲ့ ဝိညာဉ်ကို ကျုပ်တို့အင်ပါယာဆီ ပေးထားပြီးပြီ မဟုတ်လား။ ဒီတော့ ဟယ်ယွမ်လောကကြီးမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အားလုံးက ကျုပ်တို့ လူတွေနဲ့ ဘာထူးနေလို့လဲ”

“.............”

ဖန့်ရှန်းရ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် တင်းမာခက်ထန်သွားခဲ့လေသည်။ လက်ရှိအခြေအနေမှာတော့ သူသည် အစွန်းတစ်ဘက််ဆီမှ ပြန်လည်ကာ လျှောက်ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

ဖန့်ရှန်းရသည် ဦးခေါင်းကို ငုံ့ထား၏။ သူ၏အသံ သည် ဝမ်းနည်းဆွေးမြေ့နေသည့် အသံပေါက်၏။ “ကျုပ် တကယ့်ကို စိတ်ပျက်ဖို့ ကောင်းခဲ့တယ်။ ကျုပ် တကယ့်ကို လမ်းပျောက် ခဲ့တယ်။ ခင်ဗျားနဲ့ တွေ့မှပဲ ကျုပ် အဖြေကို နားလည်နိုင်ခဲ့တော့တယ်”

ကျန့်ကွေ့ရှု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တော့၏။ ဤလူငယ်သည် နောက်ဆုံးတွင် နားလည်သွားခဲ့ပြီဖြစ်သည်။

“အင်း.. နောက်ကြောင်း ပြန်လှည့်တယ်ဆိုတာ ရွှေထက်ပိုပြီး တန်ဖိုးရှိပါတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ဖန့်ရှန်းရသည် ဦးခေါင်းကို အသာမော့လိုက်၏။ သူသည် လက်များကို အသာဖြန့်ကားလိုက်ပြီးသည့်နောက် နှုတ်ခမ်းထောင့်တွင် နာကျင် နေသည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ “ကျုပ်ရဲ့ဝိညာဉ်ကို နတ်ဆိုးဆီကို ပေးအပ်ထားခဲ့တယ်။ ဒီတော့ ပြန်လှည့်လို့ မရတော့ဘူး”

ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်လိုက်သည်။ “ဒီလူ ….”

“ဂိုဏ်းချုပ်ကျွင်း၊ စီနီယာကွေ့ရှု... ဟယ်ယွမ်လောကထဲမှာရှိနေတဲ့ သက်ရှိသတ္တဝါတွေ အကုန်လုံးက အခုက စပြီး ခင်ဗျားတို့ လက်ထဲကို ရောက်သွားပြီ”

ပြောပြောပြီးပြီးချင်းမှာပဲ ကျန့်ကွေ့ရှုသည် ဆိုးရွားလှသည့် ခံစားချက်ကို ရရှိလိုက်၏။ သူသည် နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည့်အချိန်မှာပဲ ဖန့်ရှန်းရ၏ ဆိုးရွားလှသည့် အော်ဟစ်သံကြီးကို ကြားလိုက် ရသည်။ “လောကပေါင်းစည်းခြင်းနယ်မြေ ထာဝရ တည်ရှိရမယ်”

ဝှစ်

ပြီးသည့်နောက် သူသည် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့တော့၏။

ဆွစ် ဆွစ် ဆွစ်

အခြားတစ်ဖက်ခြမ်းတွင် ရပ်လျက်ရှိနေသည့် ကောင်းကင်နဂါးစစ်သူကြီးလေးဦးတို့သည်လည်း ပျောက်ကွယ် သွားခဲ့သည်။

ဘုန်း

ဟန်ယွမ်လောကကြီး၏ အပြင်ဘက်တွင် ရုတ်တရက် နားကွဲလောက်သည်အထိ ကျယ်လောင်သော ပေါက်ကွဲသံ ကြီး ထွက်ပေါ်လာခဲ့ပြီး တည်နေရာ၏ စနစ်တစ်ခုလုံးကို သက်ရောက်ကာ လောကကြီးတစ်ခုလုံး၌ မုန်တိုင်း များပင် ဖြစ်တည်လာခဲ့၏။

“.............”

ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် စကြဝဠာထဲသို့ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကြီးမားလှသည့် မှိုပွင့်ပုံသဏ္ဍာန် တိမ်ကြီးတစ်ခု ဖြစ်တည်နေသည်ကို မြင်လိုက်ရသည်။ “ဒီလူ ရူးသွားတာလား”

ဟယ်ယွမ်လောက၏အရှင် ဖန့်ရှန်းရသည် သူ့ကိုယ်သူ သတ်သေခဲ့၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏နောက်လိုက် ကောင်းကင်နဂါး စစ်သူကြီး လေးဦး ကိုလည်း တစ်ခါတည်း ၎င်းနှင့်အတူ ခေါ်ဆောင်သွားခဲ့လေ၏။

............

All Chapters