မဟာဗျူဟာ (၁)
Vol. 132 Ch. 1845
ရှီမာယူယူသည် ဟွမ်ကိုခေါ်ကာ ယွိယန်းကို သွားတွေ့သည်။
“မင်းသား ၂ သူက ကျွန်မသူငယ်ချင်းပါ.. ကျွန်မ အန္တရာယ်ရှိနေတယ်လို့ ကြားတော့ ကျွန်မကိုကာကွယ်ဖို့လာခဲ့တာပါ… စိတ်ချပါ သူက တယွိနန်းတော် ရဲ့ လျှို့ဝှက်တွေကို ပြောမှာမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
ယွိယန်းသည် သူ့ကိုအကဲခတ်ကြည့်ရာ အနည်းငယ် ကြောက်ရွံ့မိလေ သည်။ သူသည် ပြိုင်ဘက်၏ အင်အားကို မဆုံးဖြတ်နိုင်ပေ။ ဟွမ်သည် ဝိညာဉ် စွမ်းအင်မရှိသည့် လူဟုတ်မဟုတ်ကို သူ မသိပေ။ ထို့ကြောင့် ဖြေရှင်းချက် တစ်ခုပေးနိုင်သည်မှာ ဟွမ်၏ အင်အားသည် သူ့ထက် သာ၍မြင့်သည်။
“ကောင်းတာပေါ့ နောက်ရက်တွေဆိုရင် နယ်စားက မင်းကို ဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး… အခု မင်းကိုကာကွယ်မယ့် လူရှိနေပြီဆိုတော့ အပြင် ထွက်ရင်လည်း ပိုပြီးလုံခြုံသွားတာပေါ့… သူ့အတွက် ခြံဝန်းတစ်ခုကို စီစဉ်ခိုင်း လိုက်မယ်”
“ဘာဒုက္ခမှမခံပါနဲ့တော့ သူက ကျွန်မ ဘေးအခန်းမှာနေလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
ယွိယန်းသည် စက္ကန့်အနည်းငယ် တွေဝေသွားပြီးနောက် သဘောတူ လိုက်သည်။ ပြီးနောက် ရှီမာယူယူ၏ ဘေးအခန်းကို ရှင်းလင်းရန် ညွှန်ကြား လိုက်သည်။
တခြားလူသာဆိုလျှင် သူသည် ထိုကိစ္စကို စုံစမ်းဦးမည်ဖြစ်သည်။ သို့သော် ရှီမာယူယူ၏ သရုပ်မှန်မှာ ထူးခြားသည်။ သူမသည် ယွိခဲ့လော့၏ သမီး ဖြစ်ရုံတင်သာမဟုတ်ဘဲ တစ္ဆေဘုရင်၏ မြေးလည်းဖြစ်သည်။ သူမသည် သူ၏ ခမည်းတော်ကို ကုသပေးနေသည့် တစ်ဦးတည်းသော သမားတော်ပါဖြစ်နေ သဖြင့် သူမကို မပျော်စေမည့်ကိစ္စများ လုပ်၍မရပေ။
“မင်းသား ၂ ရေစည်အဆင်သင့်ဖြစ်ပြီလား ဒီနေ့ဆေးရည်စိမ်ဖို့ လုပ်လို့ရ ပြီလား” ရှီမာယူယူ မေးလိုက်သည်။
“အကုန်ပြင်ဆင်ပြီးပြီ ဒီဘက်ကိုလာပါ”
ယွိယန်းသည် ရှေ့မှလျှောက်သွားပြီး ရှီမာယူယူနှင့် ဟွမ်တို့လည်း သူ့ နောက်မှလိုက်ကာ ဝင်လာလိုက်သည်။
အိပ်ရာပေါ်တွင်ထိုင်နေသော တယွိမင်းသားကိုမြင်သောအခါ ရှီမာယူယူ သည် အရိုအသေပြုပြီးနောက် ဟွမ်ကို မိတ်ဆက်ပေးလိုက်သည်။
တယွိမင်းသားသည် သူမနောက်သို့ ဟွမ်လိုက်သည့်ကိစ္စကို မငြင်းဆန်ဘဲ ကောင်းကောင်း ဧည့်ခံပေးရန် ယွိယန်းကို ပြောလိုက်သည်။
ရှီမာယူယူ ဆေးပါဝင်အဆီအနှစ်များကို ရေစည်ထဲထည့်ပြီးနောက် ရေ သည် အစိမ်းရောင် ပြန်ပြောင်းသွားလေသည်။
“မင်းသား ကြွပါ”
တယွိမင်းသားသည် အသက်ပြင်းပြင်းရှုကာ စိတ်ပိုင်းဖြတ်ပြီးနောက် အဝတ်များကို ချွတ်လိုက်သည်။ ထို့နောက် ရေစည်ထဲသို့ ဆင်းပြီး ထိုင်ချလိုက် သည်။
ဘေးခြံဝန်းထဲရှိ ငြိမ်းချမ်းမှုနှင့်ယှဉ်လျှင် တယွိမြို့တော်သည် စိုးရိမ်ရ သည့် အခြေအနေဖြစ်နေသည်။
တယွိမင်းသား ပွဲတော်တွင် သွေးအန်ပြီး သတိမေ့သွားသည့် သတင်းမှာ ထိုည၌ပင် မြို့တွင်ပျံ့သွားလေသည်။ လူအများသည်လည်း မင်းသား၏ လုံခြုံ ရေးကို စိတ်ပူနေကြသည်။ သို့သော် မည်သည့်သတင်းမှမရှိသဖြင့် ပို၍ ပူပန်ကြ သည်။
တချို့လူများအတွက်တော့ ထိုအချိန်သည် သူတို့အတွက် စိတ်ချမ်းသာ စရာဖြစ်နေသည်။ လူအတော်အများသည် ကြင်ယာတော်မင်းသမီးဆီသို့ သွား ရောက်ကာ လှုပ်ရှားရန် အချိန်တန်ပြီဖြစ်ကြောင်း ပြောကြသည်။
ကြင်ယာတော်မင်းသမီးသည် အနည်းငယ် တွေဝေပြီးနောက် အမှန် တကယ်ပင် အချိန်တန်ပြီလားကို သိချင်နေသည်။
“မယ်တော်… ဘေးခြံကို လူလွှတ် စုံစမ်းပြီးမှ အစီအစဉ်လုပ်တာ ပို ကောင်းမယ်ထင်တယ်” ယွိချီ ပြောလိုက်သည်။
“ဘာများ စုံစမ်းစရာလိုသေးလို့လဲ… မင်းရဲ့ ခမည်းတော်က တားမြစ် ဆေးတွေ သုံးလာတာ ဒီလောက်ကြာနေပြီ… သူ့ကျန်းမာရေးက ပြန်ကောင်း နိုင်ချေမရှိတော့ဘူး… ငါတို့ထင်ထားတာထက် စောပြီးဖြစ်သွားရုံတင်ပဲ… ညီတော် ၇ အရာရာတိုင်းကို အဲလောက်ကြီး မတင်းကြပ်ပါနဲ့… ယောက်ျား တစ်ယောက်က ဒီလိုဖြစ်နေရမှာမဟုတ်ဘူး” ယွိလျူ၏ ဝဖိုင့်သော ခန္ဓာကိုယ် သည် လက်ဝေ့ယမ်းလိုက်သည်နှင့် လှုပ်ခါနေသည်။
“အစ်ကိုတော် ၁… ဒါသာ ခမည်းတော်ရဲ့ ဗျူဟာသာဆိုရင် ကျွန်တော်တို့ အစီအစဉ် ဆွဲထားဖို့လိုမယ် မဟုတ်ရင် ကျွန်တော်တို့ အန္တရာယ်ဖြစ်နိုင်တယ်” ယွိချီ ရှင်းပြလေသည်။
“ခမည်းတော်က အခုလက်ရှိ အခြေအနေနဲ့ ဗျူဟာဆွဲနိုင်မယ်ထင်လား ခမည်းတော်သာ တစ်ခုခုလုပ်ချင်ရင် အရင်ကတည်းက လုပ်နေလောက်ပြီ… သူ့ ကျန်းမာရေးဆိုးလာတဲ့အထိ ဘာလို့စောင့်နေမှာလဲ” ယွိလျူသည် ညီဖြစ်သူ ၏ အတွေးလွန်နေသည့် အကြံပြုချက်များကို နှာရှုတ်လေသည်။
သို့သော် ယွိချီသည် ထိုသို့မတွေးပေ။ သူသည် ဂရုစိုက်ထားသည်က ပို ကောင်းမည်ဟု ခံစားရသည်။ ထို့အပြင် ဤငတုံးငအနှင့် ပြောနေလည်း ဘာမှ မထူးနိုင်ပေ။ သူသည် ကြင်ယာတော်မင်းသမီးကို ကြည့်ပြီး ပြောလိုက်သည် “မယ်တော် ဘယ်လိုထင်လဲ”
ကြင်ယာတော်မင်းသမီးသည် သလ္လင်၏ နောက်သို့မှီကာ လက်တစ်ဖက် ဖြင့် မေးထောက်ထားကာ ဤကိစ္စ၏ ဖြစ်နိုင်ချေကို စဉ်းစားနေသည်။
“လာခဲ့ကြ” သူမ ခေါ်လိုက်သည်နှင့် လူတစ်ယောက် ချက်ချင်းဝင်လာ သည်။
“ကြင်ယာတော်မင်းသမီး”
“ဘေးခြံဝန်းကိုလူလွှတ်ပြီး မင်းသား ဘယ်လိုနေလဲဆိုတာ ကြည့်လိုက်” ကြင်ယာတော်မင်းသမီး အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ကြင်ယာတော်မင်းသမီး” ထိုလူသည် အမိန့်လက်ခံပြီးသည် နှင့် ထွက်သွားလေသည်။
မလိုအပ်သည့် ကိစ္စများဖြစ်သည်ဟု ယွိလျိုပြောချင်သော်လည်း ကြင်ယာ တော်မင်းသမီး၏ ဆုံးဖြတ်ချက်ကို မငြင်းဆန်ရဲပေ။ ယွိလျို ပြုံးလိုက်သည်။ ကြင်ယာတော်မင်းသမီး ပို၍တွက်ချက်လေလေ အောင်မြင်နိုင်ချေများလေလေ ဖြစ်သည်။
“ဟုတ်ပြီ မင်းတို့အကုန်လုံး ပြန်လိုက်ကြတော့” ကြင်ယာတော်မင်းသမီး သည် လက်ကိုဝှေ့ယမ်းပြီး အားလုံးကိုအခန်းထဲမှ နှင်ထုတ်လိုက်သည်။
ခဏပြီးနောက် လူတစ်ယောက်သည် သူမအိမ်ထဲတွင် ပေါ်လာသည်။ သူမသည် ထိုလူကိုမြင်သောအခါ ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည် “ဘာလို့ ဒီလောက် ကြာနေတာလဲ ဒီကဖြင့် အရမ်းကိုလွမ်းနေတာ”
“ငါလည်း အထက်က အလုပ်တွေ တာဝန်ပေးထားလို့ အလုပ်များနေ ခဲ့တာပါ… ဒီတစ်ခေါက် တာဝန်ကို အခွင့်အရေးရအောင် မယူလိုက်ရင် ဒီကို လာလို့ရမှာတောင်မဟုတ်ဘူး” ထိုလူသည် ရှေ့သို့တိုးလာပြီး သူမကို ဖိချလိုက် သည် “မင်းက ကိုယ့်ကိုယ်လွမ်းတယ်ဆိုတော့ ဘယ်အပိုင်းကိုလွမ်းတာလဲ အပေါ်လား အောက်လား”
“ဆိုးလိုက်တာ” ကြင်ယာတော်မင်းသမီးသည် သူ့ကို ရှက်ရွံ့စွာဖြင့် ဆိတ် လေသည် “အရင်ဆုံး အလုပ်ကိစ္စပြောရအောင် ဒီတစ်ခါ မင်းသားက… အင်း..”
“အလုပ်ကိစ္စကို နောက်မှပြောကြတာပေါ့… အထက်ကနေ မင်းအတွက် အမိန့်ပါတယ်… ဒါပေမဲ့ လောစရာမရှိဘူးဆိုတော့ ကိုယ်တို့ အလုပ်ကို အရင် လုပ်ရအောင်…”
“သွား စိတ်ဆိုးတယ်…”
အိမ်ထဲရှိ ဖြစ်ပျက်နေသော ကြည်နူးဖွယ်မြင်ကွင်းကိုတော့ အပြင်ရှိ မည်သူမှမသိကြပေ။
အတန်ကြာပြီးနောက် ကြင်ယာတော်မင်းသမီးသည် ထိုအမျိုးသားကို မှီ ပြီးပြောလေသည် “အထက်က ဘာတဲ့လဲ”
“မင်းသာ တယွိမင်းသားရဲ့ အခြေအနေကို အတည်ပြုပြီးလို့ အမှန်သာ ဆိုရင် အစီအစဉ်အတိုင်း ဆက်လုပ်လို့ရပြီ” ထိုလူ ပြောလေသည်။
“ပြောဖို့တောင်မလိုတော့ဘူးလေ… လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပြီ… သူ့ အခြေအနေသာ အမှန်ဆိုရင် သူ့အောက်က အင်အားစုတွေကို အကုန်ရှင်းထုတ် မယ်… ဒါပေမဲ့ အကုန်လုံးလွယ်နေတဲ့ပုံပေါက်နေလို့ သိပ်မယုံချင်သေးဘူး” ကြင်ယာတော်မင်းသမီး ပြောလေသည်။
“ဘာတွေ လွယ်နေလို့လဲ… မင်းက ဒီနေ့အတွက် နှစ်တွေအများကြီး စီစဉ် ခဲ့ရတာ… သူက တားမြစ်ဆေးသုံးလို့ ပြန်ကောင်းလာနိုင်မှာမဟုတ်ဘူး… ကိုယ်တို့ နှစ်တွေအများကြီး ကြိုးစားခဲ့တာက အလဟဿမဖြစ်ပါဘူး” ထိုလူ သည် သူမကို နှစ်သိမ့်လေသည် “သူ တားမြစ်ဆေးတွေ သောက်တာ သေချာရဲ့ လား”
“သေချာတယ်… ကျွန်မကိုယ်တိုင် ဆေးယူခိုင်းပြီး သူသောက်လိုက်တာ ကို မျက်စိနဲ့တပ်အပ်မြင်ခဲ့တယ်… နောက်ပိုင်းကျ ဆေးဖြတ်လိုက်ပေမဲ့ အဲ လောက် ပမာဏဆိုရင် လောက်ပြီလေ” ကြင်ယာတော်မင်းသမီးသည် အသေ အချာပင် ပြောလေသည်။
“ဒါဆိုရင်လည်း ပြဿနာမရှိဘူး… တားမြစ်ဆေးတွေရဲ့ သက်ရောက်မှုနဲ့ ဆိုရင် သူ နေမကောင်းသလို ဟန်ဆောင်လို့မရဘူး… ဒီတစ်ခေါက် သူ့ရောဂါ ထတာ ကိုယ်တို့ထင်ထားတာထက် စောနေပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ် ဘူး”
“အဲလိုဆိုရင်တောင် ဘေးကင်းအောင် လုပ်ထားတာ ကောင်းမယ်” ကြင်ယာတော်မင်းသမီး ပြောလေသည် “ဘေးခြံဝန်းကို စုံစမ်းဖို့ လူလွှတ်ပြီး အတည်ပြုခိုင်းထားတယ်”
“ကောင်းတယ်.. မင်းက ဘယ်အလုပ်ကိုမဆို တိကျအောင် အမြဲလုပ် တတ်တာပဲ အဲဒါကြောင့် ဒီလောက်အရေးကြီးတဲ့ကိစ္စကို အထက်က မင်းကိုပဲ ယုံယုံကြည်ကြည်နဲ့ ပေးတာ… စုံစမ်းထားတဲ့ သတင်းထပ်မရောက်လာသေး ဘူးဆိုတော့ ထပ်လုပ်ကြမလား”
“မလုပ်…” ကြင်ယာတော်မင်းသမီး၏ ကာကွယ်မှုမှာ အလွန်အားပျော့ နေသဖြင့် အိမ်ထဲတွင် ကြည်နူးဖွယ်မြင်ကွင်းထပ်ပေါ်လာသည်။
တယွိနန်းတော်၏ ဘေးဘက်ခြံဝန်းတွင် ရှီမာယူယူသည် တယွိမင်းသား ကိုဆေးရည်စိမ်ပေးနေသည်။ ဟွမ်သည် သူမဘေးသို့လာကာ နားရွက်နားသို့ တိုးညင်းစွာ ပြောလိုက်သည်။ သူမ ထိုစကားများကို ကြားသောအခါ ချက်ချင်း မျက်နှာတည်သွားသည်။
အတန်ကြာပြီးနောက်တွင်…
“ခမည်းတော် ခမည်းတော် ဘယ်လိုနေလဲ”
တယွိမင်းသားသည် အိပ်ရာပေါ်တွင် လှဲနေပြီး သွေးများအန်ချလေသည်။ အိပ်ရာဘေးမှ ယွိယန်းသည် သူ့ကို ပူပန်စွာကြည့်လေသည်။
“သမားတော်ဟော် ခမည်းတော်ကို အမြန်ကြည့်ပေးပါဦး… သူ ဘာလို့ သွေးထပ်အန်ပြန်တာလဲ… ဒီဆေးသောက်ပြီးရင် ခမည်းတော် ထပ်မအန်တော့ ဘူးဆို… ” သူ၏ ဒေါသသည် ဘေးတွင်ရှိသော သမားတော်ဟော်အပေါ် ကျ ရောက်သွားသည်။
“မင်းသား ၂ စိတ်လျော့ပါ မင်းသားရဲ့ခန္ဓာကိုယ်က တားမြစ်ဆေးတွေ ကြောင့် တော်တော်လေး ပျက်စီးနေတာပါ သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေက ပျက်စီး နေပါပြီ… အရင်က မင်းသားက ဝိညာဉ်စွမ်းအင်ကို သုံးပြီး ဖိနှိပ်ခဲ့ပေမဲ့ အခုက သတိမေ့နေတော့ ဝိညာဉ်စွမ်းအင်ကို မထိန်းချုပ်နိုင်တော့ သေချာပေါက် ဒီလို…”
***