← Chapters

အခန်း ၁၉၄၅

Vol. 131 Ch. 1945

အခန်း ၁၉၄၅

Vol. 131 Ch. 1945

အပိုင်း (၁၉၄၅)

ဖန့်ရှန်းရ တစ်ယောက်သည် ကောင်းကင်နဂါးစစ်သူကြီး လေးဦးကို တစ်ပါးတည်း ခေါ်ဆောင်ကာဖြင့် သူ၏ ဝိညာဉ်ကို ဖောက်ခွဲသတ်သေသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော အရာများကို ပြုလုပ်ရန်အတွက် လူတိုင်းသည် သတ္တိ၊ ဗျတ္တိနှင့် ပြည့်စုံနေလိမ့်မည် မဟုတ်ချေ။ အဆုံးစွန်သော အခြေအနေတစ်ခုဆီသို့ တွန်းအားပေးခြင်းကို ခံရမှသာလျှင် ထိုကဲ့သို့သော အရာများကို ပြုလုပ်မှာဖြစ်၏။

မှန်ပေသည်။ ဖန့်ရှန်းရသည် အဆုံးစွန်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။ သူသည် သူ၏ဝိညာဉ်ကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီသို့ပင် ပေးအပ်ထားပြီး ဖြစ်သည်။ သူ၏နောက်ဘက်တွင် ဘာမှ မရှိတော့ချေ။ ငရဲခန်းသည်သာ တည်ရှိတော့၏။ ထို့ကြောင့် အသက်ရှင်နေသေးသည် ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ ဖမ်းဆီးခြင်းကို ခံရမည်ဆိုလျှင် သေဆုံးသွားမှာ သေချာ၏။ ထို့ကြောင့် မိမိကိုယ်ကို စတေးပြီး အခြေအနေတစ်ခုလုံးကို ပြန်လည်ကာ ပြင်ဆင်ခဲ့ခြင်းပင်။

သူ ဉာဏ်ကောင်းခဲ့လေသည်လား။ အချက်အလက်အားဖြင့် သူသည် ညံ့ဖျင်းခဲ့သည်တော့ မဟုတ်ချေ။ သူ့အနေနှင့် ဝိညာဉ်ဖောက်ခွဲမှုကို ပြုလုပ်ပြီး ရန်သူလေးဦးတို့အား သေဆုံးအောင် ထို့အတူ ဟယ်ယွမ်လောကကြီးတွင် ရှိနေသည့် အသက်ပေါင်းများစွာတို့ကိုလည်း ကယ်တင်ခဲ့သည်။

အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် ကောင်းကင်နဂါးစစ်သူကြီး လေးဦးတို့သည် ကျိန်းသေပေါက် သေဆုံးသည်အထိ တိုက်ခိုက်တော့မှာ သေချာ၏။ ထိုသို့ဆိုလျှင် ထိုသူများ၏ ထိန်းချုပ်မှု အောက်တွင်ရှိနေသည့် သန်းချီသော လူများအားလုံးတို့သည် ကျိန်းသေပေါက် စတေးခံများအဖြစ် ဝင်ရောက်ကြရမှာပင်။

အဆုံးသတ်တွင် မည်သူနိုင်သည်ဆိုသည်က ကိစ္စမရှိချေ။ သို့ပေမဲ့ သူ၏လောကသားများမှာတော့ ကြီးမားသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရမှာ သေချာသည်။ ဖန့်ရှန်းရသည် ထိုအချင်းအရာကို မမြင်ချင်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ ဖောက်ခွဲသတ်သေရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။ ထိုဖောက်ခွဲလိုက်သည့် စွမ်းအင်လှိုင်းများ အားလုံးတို့သည် စစ်သူကြီးလေးဦးတို့ကို တစ်ခါတည်း ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့သည် ခေါင်းလောင်းတီးရန်ပင် အခွင့်အရေး မရခဲ့ချေ။

ထိုအရာမှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်၏။ သေဆုံးမှုအတွက်မှာတော့ ဖန့်ရှန်းရသည် အမှန်ပင် အမြင် ကျယ်လှသူတစ်ယောက်ဖြစ်၏။ သူသည် လောကသားများကို ကယ်တင်ရန် ရွေးချယ်ခဲ့သည်ဖြစ်သောကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ရန်ဘက်အဖြစ် ဆုံးဖြတ်လိုက်ပြီဖြစ်၏။

ကျွင်းချောင်ရှောင်းနှင့် ကျန့်ကွေ့ရှု တို့သည် ဤလူလေးယောက်ကို ရင်ဆိုင်နိုင်သည်ဆိုလျှင်တောင်မှ သတင်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီသို့ ရောက်ရှိပါက သူကသေဆုံးသွားပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူသေဆုံး မည်ဖြစ်သောကြောင့် သူသည် ထိုက်တန်သည့် သေဆုံးခြင်းတရားကိုသာ ရွေးချယ်လိုက်ခြင်း ဖြစ်၏။ သူသည် ဟယ်ယွမ်လောက၏ တစ်ဦးတည်းသော အပြစ်ရှိသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူသည် သေဆုံးခြင်းဖြင့် သူ၏ အပြစ်ကြွေးများကို ပြန်လည်ကာ ကုသခဲ့ခြင်းပင်။

မှိုပွင့်ပုံသဏ္ဍာန်တိမ်ကြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည့်အချိန်မှာတော့ ကျန့်ကွေ့ရှုသည် အချိန် အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေမိတော့၏။ ပြီးနောက် ပြောလိုက်မိသည်။ “အင်း... သူက တကယ့်ကို ပေးဆပ်သွားခဲ့ရပြီပဲ”

ကျွင်းချောင်ရှောင်းသည်လည်း သက်ပြင်းချလိုက်မိ၏။ “ဟမ်”

ရုတ်တရက်ဆိုသလိုပဲ ကြီးမားလှသည့် ပေါက်ကွဲမှု၏ အကြား လေဝဲကြီးထဲတွင် တဖြည်းဖြည်းနှင့် ရှက်ရွံ့စရာ ကောင်းလှသည့် လူလေးယောက်၏ ပုံပန်းသွင်ပြင်များ ပေါ်ပေါက်လာသည်ဖြစ်ကြောင်းကို သူက မြင်လိုက်ရ၏။ သူက အံ့အားသင့်သွားမိသည်။ “သူတို့ မသေဘူးလား”

နတ်ဘုရားလျှို့ဝှက်အဆင့်၏ အထက်ပိုင်း ကျင့်ကြံသူတစ်ယောက်သည် မိမိကိုယ်ကို ဝိညာဉ်ဖောက်ခွဲမှုကို ပြုလုပ် ပြီးသည့်နောက် တခြားသောသူများကို ခေါ်ဆောင်သွားရန် ကြိုးစားခဲ့၏။ ပေါက်ကွဲမှုသည် အမှန်ပင် ကြီးမား ပြင်းထန်လွန်းလှ၏။ ကြီးမားလှသည့် လေဝဲကြီးတစ်ခု ဖြစ်တည်လာကာ တည်နေရာထဲတွင် အရာအားလုံးကို ဝါးမြိုနိုင်သည့် တွင်းနက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်နေ၏။

ဝေါ့ ဝေါ့

ပေါက်ကွဲမှု၏ အပြင်ဘက်တွင်တော့ ကျားဘုရင်နှင့် တခြားသောသူ သုံးယောက်တို့သည် ခက်ခက်ခဲခဲဖြင့် ပျံသန်း ထွက်ခွာလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ဒဏ်ရာများကို မဖိနှိပ်နိုင်တော့ဘဲ သွေးများပင် အန်ထွက်လာခဲ့၏။ မျက်နှာသွင်ပြင်များသည် အလွန်အမင်း ဖြူရော်လျက် ရှိနေသည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ညာဘက်ရုံးများ ဖြစ်သည်နှင့်အညီ ၎င်းတို့၏ အားအင်အဆင့်သည် ဤကဲ့သို့သော စမ်းသပ်မှုမျိုးတွင် ကောင်းကောင်းရပ်တည်နိုင်စွမ်း ရှိနေ၏။ သူတို့သည် ဖန့်ရှန်းရ၏ ဝိညာဉ် ဖောက်ခွဲမှုကြောင့် သေဆုံးခြင်းအဖြစ်သို့ မရောက်ရှိခဲ့ချေ။ သို့ပေမဲ့ ကျိန်းသေပေါက် ကြီးမားလှသည့် ဒဏ်ရာများ တော့ ရရှိခဲ့၏။ ပို၍ ဆိုးရွားသည်မှာ သူတို့အနေနှင့် ဆိုးဆိုးရွားရွား အခြေအနေသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိ ခဲ့ခြင်းပင်ဖြစ်သည်။ ပထမအကြိမ်ကကော။ ပထမအကြိမ်သည် ကြယ်တာရာဝိညာဉ်လောကကြီး ပေါက်ကွဲစဉ်က ဖြစ်၏။ သူတို့ လေးယောက်သည် အလွန်ပင် ကံဆိုးလွန်းလှချေ၏။ ထပ်တလဲလဲ ဖောက်ခွဲခြင်းကို ခံနေရ၏။

“ကံကောင်းလို့.. ဒါက ထိပ်တန်း နတ်ဘုရားလျှို့ဝှက်အဆင့်ရဲ့ ဝိညာဉ် ပေါက်ကွဲမှု သက်သက်ပဲလေ။ ထိပ်တန်းဂြိုဟ် တစ်ခုရဲ့ ပေါက်ကွဲမှုနဲ့ နှိုင်းယှဉ်ရင် လိုတောင်လိုအပ်နေသေးတယ်။ ငါတို့အနေနဲ့ အနည်းငယ်လောက် အနားယူပြီးရင် ပြန်ပြီးတော့ အားကောင်းသွားလိမ့်မယ်” ကျားဘုရင်သည် စိတ်ထဲမှာ ကြိတ်ကာ ပျော်ရွှင်နေမိသည်။

“ရက်အနည်းငယ်လောက် နားမှာ ဟုတ်လား။ ခင်ဗျားတို့ အတွေးလွန်နေပြီ”

ရွီး

၎င်းတို့လေးယောက်သည် ချက်ချင်းပဲ သတိအပြည့်နှင့် ဖြစ်သွားခဲ့၏။ မည်သည့်နေရာက ပေါ်ပေါက်လာမှန်း မသိသည့် ကျွင်းချောင်ရှောင်းကို သတိအပြည့်နှင့် ကြည့်ရှုနေမိ၏။ သူတို့သည် ဗုံးကွဲမခံရစဉ်ကဆိုလျှင် ယုံကြည်ချက် ရှိလျှင် ရှိပေဦးမည်။ ယခု ဒဏ်ရာရရှိထားသည် ဖြစ်သောကြောင့် အလွန်အမင်း အားနည်းနေပေ၏။

ဟုတ်ပေသည်။ အားနည်းနေသော သူတို့ရှေ့တွင် ကျွင်းချောင်ရှောင်း တစ်ယောက်တည်း ရပ်တန့်နေခြင်း မဟုတ်ချေ။ ကျန့်ကွေ့ရှုနှင့် တခြားသော ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများနှင့် တပည့်များလည်း တည်ရှိလို့ နေခဲ့၏။ သနားစရာကောင်းလှသော ဤလေးယောက်သည် ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။ လက်ရှိအခြေအနေတွင် ဝိုင်းပတ်ပိတ်ဆို့ခြင်းကိုလည်း ခံထားရသည်။

“အင်း.. မစိုးရိမ်နဲ့ ငါတို့ဆီမှာ ခေါင်းလောင်းတွေလည်း ရှိနေသေးတယ်”

ကျားဘုရင်သည် အလျင်အမြန်ဖြင့် သူ၏ လက်ကို မြှောက်လိုက်၏။ သို့ပေမဲ့ သူသည် ကြောင်အသွား၏။ “ငါ့ ခေါင်းလောင်း ဘယ်ရောက်သွားလဲ”

“ဟေး...” ကျွင်းချောင်ရှောင်းသည် သူ၏လက်ထဲတွင် ရှိနေသည့်အရာကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဒါကို ရှာနေတာလား”

“မင်း”

ကျားဘုရင်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “မင်း ဘယ်အချိန်တုန်းက ခိုးသွားတာလဲ”

ခိုးသည်ဆိုသည့် စကားလုံးသည် မသင့်လျော်လှပေ။ ကျွင်းချောင်ရှောင်းသည် ကိုယ်ပျောက်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်ကို အသုံးပြုပြီးသည့်နောက် တစ်ဖက်လူများ သွေးအန်လျက်ရှိတုန်း ထိုအရာကို သွားယူခဲ့ခြင်းပင် ဖြစ်သည်။ ပြီးသည့်နောက် သူသည် လက်ကောက်ဝတ်တွင် အသာပတ်ထားခဲ့၏။

“လောကသခင်ဖန့် မထွက်သွားခင်မှာ ဟယ်ယွမ်လောကထဲမှာရှိနေတဲ့ သက်ရှိသတ္တဝါတွေ အကုန်လုံးကို ကျုပ်ဆီ အပ်ခဲ့တယ်လေ။ ဒီတော့ ကျုပ်က သူတို့ကို ထိခိုက်နာကျင်တာမျိုးကို အဖြစ်ခံမှာ မဟုတ်ဘူး”

...........

ခေါင်းလောင်း မရှိတော့သောကြောင့် ကျားဘုရင်၏ အမူအရာသည် အလွန်အမင်း ပျက်ယွင်းသွားခဲ့တော့သည်။ သူနှင့် သူ၏အဖော်များ အားလုံးသည် ဒဏ်ရာရရှိထားခဲ့၏။ စစ်သည်များကို ငှားရမ်းရန်အတွက် အသုံးပြုရသည့် ရတနာသည်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။ သူတို့ ဘာလုပ်ရမည်နည်း။

ရိုးရှင်းလှသည်။ ထွက်ပြေးရမည်ဖြစ်၏။ ဤကဲ့သို့သောထွက်ပြေးခြင်းကို ပြုလုပ်ရသည်ဆိုခြင်းမှာ ကျွင်းချောင်ရှောင်း တစ်ယောက် အားကောင်းလွန်းနေခြင်းကြောင့် မဟုတ်ပေ။ သူတို့အနေနှင့် ဝိညာဉ်ဖောက်ခွဲခြင်းကို ခံထားရသည် ဖြစ်သောကြောင့် ဒဏ်ရာများ ရရှိနေကြ၏။ ထို့ကြောင့် တိုက်ခိုက်ရန် အခွင့်အရေး မရှိကြချေ။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ ဒဏ်ရာရရှိသည့်လူများကို လွတ်မြောက်အောင် လွှတ်ပေးလိုက်မည် ဆိုပါက ငရဲပြည်တွင် ရှိနေသည့် ဂိုဏ်းခေါင်းဆောင်ဝမ်အား အမှန်ပင် မျက်နှာမပြရဲအောင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အင်္ကျီလက်ကို ဝှေ့ယမ်းကာဖြင့် အော်ဟစ်လိုက်၏။ “ဒီကောင်တွေကို ဖမ်းတော့”

ဆွစ် ဆွစ်

ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် ချက်ချင်းပဲ ရှေ့ဆီသို့ လှမ်းသွားခဲ့၏။

“ချီးတဲ့မှ..”

ကျားဘုရင်က အော်ဟစ်လိုက်သည်။ “သူတို့နဲ့ တိုက်ခိုက်မယ်”

ဘုန်း

ပြော၍မပြီးခင်မှာပဲ ဟယ်ဝူတီ၏ လက်သီးချက်သည် သူ၏မျက်နှာဆီသို့ တည့်တည့်ကျဆင်းလာခဲ့၏။ သူသည် ချက်ချင်းပဲ နောက်ဘက်ဆီသို့ လွင့်စင်သွားခဲ့သည်။ အင်မော်တယ်တေးသံ၏ စွမ်းအင်များ ပါဝင်လျက် ရှိနေသည့် လက်သီးချက်ဖြစ်သောကြောင့် သူ၏ဒဏ်ရာများသည် ပိုမိုကာ ဆိုးရွားသွားခဲ့သည်။ မျက်နှာပေါ်တွင်လည်း ကြီးမားလှသည့် ဘုကြီးတစ်ဘုက ဖြစ်တည်လာခဲ့၏။

“အစ်ကိုကြီး”

ဘုန်း ဘုန်း ဘုန်း

တခြားသော ကောင်းကင်နဂါး သုံးယောက်တို့သည် ကျားဘုရင်ကို ဂရုစိုက်ရန် အချိန်မရှိလှချေ။ အဘယ်ကြောင့် ဆိုသော် ပြိုင်စံရှားဂိုဏ်းမှ လူများသည် သူတို့ဆီသို့ ရောက်ရှိလာခဲ့သောကြောင့်ပင်။

ကျွင်းချောင်ရှောင်းသည်လည်း ပါဝင်တိုက်ခိုက်လျက် ရှိသည်။ သူသည် အလွန်ကြမ်းတမ်းလှသော သိုင်းနည်းစနစ် များကို အသုံးမပြုသလို ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကိုလည်း စုစည်း၍ တိုက်ခိုက်ခြင်း မပြုခဲ့ချေ။ အလွန်ရိုးရှင်းလှသည့် နည်းလမ်းများကို အသုံးပြု၍ လက်နှစ်ဖက်ဖြင့် တခြားသောသူများကို လိုက်လံဆွဲယူနေ၏။

ဂိုဏ်းချုပ်သည် အရှေ့မှ ဦးဆောင်ကာ တိုက်ခိုက်နေ၏။ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များအားလုံးတို့သည် အားတက်သရော ဝင်ရောက်ကာ တိုက်ခိုက်လျက် ရှိနေသည်။

“..........”

ကျန့်ကွေ့ရှု၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေ၏။ ဤအရာသည် တိုက်ပွဲဖြစ်နေသည်လား။ သို့မဟုတ် တစ်ဖက်သတ် တိုက်ခိုက်နေလေသည်လား။

..........

ဖန့်ရှန်းရ၏ ဝိညာဉ်ဖောက်ခွဲမှုကြောင့် ကောင်းကင်နဂါး စစ်သူကြီး လေးဦးတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီးဖြစ်၏။ ၎င်းတို့ ထိန်းချုပ်နိုင်သည့် လူများကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် ထိုသူတို့အားလုံးကို လွတ်လွတ်ကင်းကင်းဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။

လက်ရှိအချိန်မှာတော့ ဤညီအစ်ကို လေးယောက်တို့သည် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ ပါးစပ်ထဲမှ အမြှုပ်တွေထွက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြာနှမ်းနေအောင် ရိုက်နှက်ခံထားရသည်။

တုံ့လဘုရင်၏ ဦးခေါင်းသည် ဓားဖြင့် ခုတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းနှင့် အကြိမ် အနည်းငယ်လောက် တိုက်ခိုက်ခဲ့သေး၏။ တခြားသော တစ်ဖက်မှာတော့ ၎င်းတို့လေးယောက်တို့သည် အစကတည်းက ရိုက်နှက်ခြင်းကို ခံနေရ၏။ တစ်ချက်ကလေးမှပင် ပြန်လည် မတိုက်ခိုက်နိုင်ခဲ့ကြချေ။

ကျွီ

ထျန်းယွမ်အကျဉ်းထောင်စေတီထဲမှာတော့ သေမလိုဖြစ်နေပြီဖြစ်သည့် ကျားဘုရင်နှင့် တခြားသောလူသုံးယောက် တို့သည် အကျဉ်းထောင်ထဲသို့ ပစ်လွှတ်ခြင်းကို ခံခဲ့ရ၏။ တံခါးပိတ်ပြီး အလင်းတန်းများ ပျောက်ကွယ်သွားသည့် အချိန်မှာတော့ ၎င်းတို့ကို စောင့်မျှော်နေသည်မှာ အားရာ၏ ချစ်ခြင်းမေတ္တာပင် ဖြစ်ပေလိမ့်မည်။

..............

ဟယ်ယွမ်လောကကြီး

ကျွင်းချောင်ရှောင်းသည် ခေါင်းလောင်းကို တီးခတ်လိုက်၏။

ဆွစ် ဆွစ်

သန်းနှင့်ချီသော သိုင်းကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်သို့ ပျံတက်လာခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးအာရုံများသည် ဗလာဟင်းလင်း ဖြစ်လို့နေခဲ့၏။ သူတို့သည် ခန်းမသခင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းကို မသိရှိခဲ့ကြချေ။

“ဂိုဏ်းချုပ်ကျွင်း”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ကျေးဇူးပြုပြီးတော့ သူတို့ကို မူးယစ်ဆေးနဲ့ ထိန်းချုပ်ခံထားရမှု ကနေ ဖယ်ရှားပေးပါလား”

“ကောင်းပြီ” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျုပ် လုပ်ပေးချင်ပါတယ်”

ဖန့်ရှန်းရသည် ဝိညာဉ်တစ်ခုလုံး ပြိုကွဲကာ သေဆုံးသွားခဲ့ရပြီ ဖြစ်သောကြောင့် မှားခဲ့သည်လား၊ မှန်ခဲ့သည်လား ဆိုသည်မှာ အရေးမပါတော့ချေ။ လောကသခင်သည် ဤဂြိုဟ်ထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးအား မထွက်သွားခင်တွင် သူ့အား ပေးအပ်ခဲ့သည်ဖြစ်သောကြောင့် သူသည် အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးပေးရ ပေမည်။

တစ်ရက်တည်းမှာပဲ မြောင်စိုင်းဖန် ဦးဆောင်သော ဆေးအဖွဲ့သားများ အားလုံးတို့သည် ဟမ်ယွမ်မြို့ထဲသို့ ရောက်ရှိ လာခဲ့ပြီးသည့်နောက် အားလုံးသောသူများကို ဆေးများ တိုက်ကျွေးလေ၏။ လောကသခင်သည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်ရင်း မိမိကိုယ်ကို စတေးသွားခဲ့ကြောင်း သိရှိချိန်မှာတော့ ၎င်းတို့ အားလုံးသည် အမှန်ပင် ဝမ်းနည်းလျက် ရှိနေသည်။ မျက်ရည်များ တသွင်သွင် ကျဆင်းလျက်ရှိနေပြီး နန်းတော် အပြင်ဘက်တွင် ဒူးထောက်လျက် ရှိနေကြ၏။

လူတော်တော်များများသည် မူးယစ်ဆေး တိုက်ကျွေးခံခဲ့ရ၏။ ထိုအကြောင်းအရင်းကို မသိရှိကြချေ။ ဖန့်ရှန်းရ၏ နောက်ဆုံးသော ဂုဏ်သိက္ခာတရားကို ကာကွယ်ရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည် ထိုသူတို့အားလုံးအား အမှန် တရားအား ပြောပြရန် မရည်ရွယ်ခဲ့ချေ။ တစ်ခုရှိသေး၏။ ပြီးခဲ့တာတွေ ပြီးသွားသလိုပင် ထားရပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

တောင်ထွတ်၏အပေါ်မှာတော့ ကျန့်ကွေ့ရှုသည် ဖန့်ရှန်းရအကြောင်းကို ပြန်လည်စဉ်းစား မိကာဖြင့် မေးမြန်းလိုက်၏။ “လောကကြီးမှာ တကယ့်ကို အပူအပင်ကင်းပြီး ငြိမ်းချမ်းတဲ့လောကဆိုတာ ရှိရဲ့လား”

ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်မိသည်။ “အင်း.. ရှိရင်လည်း ရှိမှာပေါ့ .. ကျုပ်လည်း သေချာမသိဘူး။”

All Chapters