← Chapters

အခန်း ၁၉၄၆

Vol. 131 Ch. 1946

အခန်း ၁၉၄၆

Vol. 131 Ch. 1946

အပိုင်း (၁၉၄၆)

ဟယ်ယွမ်လောကကြီးထဲတွင် များပြားလွန်းလှသည့် သတ္တဝါများ တည်ရှိလို့နေခဲ့၏။ မြောင်စိုင်းဖန် ဦးဆောင် သော ဆေးအဖွဲ့သားအားလုံးတို့သည် ပုံမှန်ထက်ပိုကာ အလုပ်ကြိုးစားပြီး တစ်ဖက်လူများအားလုံး ပုံမှန်အသိတရား ရရှိအောင် ကြိုးစားလျက်ရှိနေ၏။

ပြောရမည်ဆိုလျှင် ဤဂြိုဟ်ကြီးသည် တဖြည်းဖြည်းဖြင့် အရင်ကလို အသက်ဓာတ်များ ပြန်လည် ပြည့်ဝလာခဲ့၏။ ကိုယ်ပိုင် အသိစိတ်ရှိသောသတ္တဝါများ တည်ရှိခြင်းကသာလျှင် လောကတစ်ခု၏ အစစ်အမှန်ချမ်းသာခြင်းကို ဆောင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို အသာယှက်ကာဖြင့် တောင်ထွတ်ပေါ်တွင် ထိုင်လျက်ရှိ၏။ သူသည် တစ်စုံတစ်ခုကိုတွေးတောလျက်ရှိနေသလို မျက်မှောင်ကုပ်မိနေ၏။ “လောကသခင်ဖန့်က မသေခင်မှာ ငါ့ဆီ ယုံယုံကြည်ကြည်နဲ့ ဒီဂြိုဟ်ကြီးကို အပ်ခဲ့တယ်။ ငါသူ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး။ ဆုံးဖြတ်လိုက်ပြီ။ ဒီမှာရှိတဲ့လူတွေအကုန်လုံးကို ထာဝရလောကကြီးဆီခေါ်သွားပြီးတော့ အကုန်လုံး တစ်ပေါင်းတစ်စည်းတည်း နေထိုင်နိုင်အောင်ကြိုးစားရမယ်”

စနစ်က စောဒကတက်လိုက်သည်။ “မင်း တခြားသူရဲ့ ဂြိုဟ်ကို လောဘတက်နေတာမဟုတ်လား”

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ငါသူတို့ကို ကယ်တင်ချင် တာလေ”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဟယ်ယွမ်လောကကြီးအား မထိန်းချုပ်နိုင်တော့သည်ကို ဘယ်လိုမှ ကျေနပ်လိမ့်မည်မဟုတ်ချေ။ ဤလောကကြီးသည် အမှန်အန္တရာယ်ကြီးသည့် အခြေအနေ တစ်ခုဆီသို့ ကျရောက်နေသည်။ ထာဝရလောကကြီးထဲသို့ အားလုံးသောသူများကို ခေါ်ဆောင်သွားခြင်းကသာလျှင် အကောင်းဆုံးသောရလဒ် ဖြစ်ပေလိမ့်မည်။

“နေအုံး”

ကျွင်းချောင်ရှောင်း၏မျက်လုံးများသည် လင်းလက်သွားခဲ့၏။ “ငါ ဟယ်ယွမ်လောကကြီးရဲ့ မူရင်းအရင်းအမြစ်ကိုလည်း ပေါင်းစပ်နိုင်မယ်ဆိုရင် ဒီမှာရှိတဲ့သက်ရှိသတ္တဝါတွေ အကုန်လုံးက ကိုယ့်အိမ်မှာ ကိုယ်နေရသလိုပဲ ဖြစ်မယ်မဟုတ်လား”

“.........”

စနစ်သည် ဆွံ့အသွားခဲ့၏။ “လက်ခံသူ... မင်း အထက်စကြဝဠာထဲမှာရှိတဲ့ ပထမတန်းစားဂြိုဟ်တွေ အကုန်လုံးကို လိုက်ပြီးတော့ ပေါင်းစပ်ဖို့ ကြိုးစားနေတာလား”

“အင်း ...ငါ့ရဲ့အားအင်အဆင့်ကသာ အဲဒါကိုသာ လက်ခံမယ်ဆိုရင် ....”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါဘယ်တော့မှ ငြင်းပယ်မှာမဟုတ်ဘူး”

ထွီ

စနစ်သည် မည်သို့မျှမနေနိုင်ဘဲ စောဒကတက်လိုက်မိ၏။ “မင်းအကြံကို ငါသိတယ်။ သူတော်ကောင်းလိုလို ဘာလိုလို နဲ့ မင်းအကြံကို ငါသိတာပေါ့”

ဤအရာမှာနားလည်ဖွယ်ရာပင် ဖြစ်၏။ ဟယ်ယွမ်လောကကြီးထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများကို ခေါ်ဆောင်သွားမည့် ကျွင်းချောင်ရှောင်း၏ အကြံအစည်သည် မမှားယွင်းလှချေ။ အဘယ့်ကြောင့်ဆိုသော် မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် ၎င်း၏ နောက်လိုက်လေးဦးတို့ကို တရစပ်တည်း ဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့် ဤဂြိုဟ်ကြီးပေါ်သို့ ၎င်း၏ဒေါသတရားများကို ဖြေလျော့တော့မှာသေချာ၏။ ယနေ့အချိန်တွင် အားလုံးသောသူများကို ခေါ်ဆောင်သွားခြင်းသာ မပြုသည်ဆိုပါက မနက်ဖြန်တွင် အားလုံးတို့သည် သေဆုံးသွားပေလိမ့်မည်။

“လောကသခင်ဖန့်”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာပြောလိုက်၏။ “ခင်ဗျားရဲ့ လူတွေ ထိခိုက်နာကျင်တာမျိုးမဖြစ်အောင် ကျုပ်ကာကွယ်ပေးမယ်”

ဆွစ်

ကောင်းကင်ယံတွင်ပျံသန်းသွားပြီးသည့်နောက် သူသည် ကြည်လင်ရှင်းလင်းသည့်အသံဖြင့် ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက မနက်ဖြန်မှာလာနိုင်တယ်။ ဒီတော့ ခင်ဗျားတို့ အားလုံးရဲ့ လုံခြုံရေး အတွက် စိတ်တွေကို ဖြေလျော့ထားခဲ့ကြပါ”

ထိုအခြင်းအရာကိုကြားသိသည့်အချိန်မှာတော့ အားလုံးသောသတ္တဝါတို့သည် သူပြောဆိုသည့်အတိုင်း လိုက်ပါ ပြုမူကြတော့၏။ လောကသခင် မရှိတော့သောကြောင့် ၎င်းတို့သည် ကျောထောက်နောက်ခံဟူ၍ ဆုံးရှုံးခဲ့ပြီဖြစ်၏။ လက်ရှိအခြေအနေတွင် သူတို့ကို ကယ်တင်ခဲ့သည့်လူကို ယုံကြည်ရန်သာ ရွေးချယ်ခွင့် ရှိ၏။

ဆွစ် ဆွစ် ဆွစ်

ဟယ်ယွမ်လောကထဲတွင်ရှိနေသည့် သက်ရှိသတ္တဝါများအားလုံးသည် စိတ်ကိုဖြေလျော့ကာ ပူးပေါင်းထားခဲ့ သောကြောင့် ထာဝရလောကကြီးထဲသို့ ချောချောမွေ့မွေ့နှင့် ပို့ဆောင်ခြင်းကိုခံလိုက်ရသည်။

မူလဂြိုဟ် နှစ်ခုပေါင်းစပ်ပြီးသည့်နောက် ထာဝရလောကကြီးတစ်ခုလုံးသည် အလွန်အားကောင်းသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပိုင်ဆိုင်နှင့်ပြီးဖြစ်၏။

ထို့ကြောင့် ၎င်းတို့သည် ဤတည်နေရာသို့ ရောက်ရှိသည့် အချိန်မှာတော့ အမှန်ပဲ ဆွံ့အလို့နေခဲ့၏။ ဟယ်ယွမ်လောကကြီး၏အဆင့်သည် မနိမ့်ပါးလှချေ။ သို့ပေမဲ့ ဤနေရာကြီးနှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ အလွန်အမင်း ကွာခြားလျက်ရှိနေသည်။

ထာဝရလောကကြီးထဲသို့ ရောက်ရှိလာခြင်းဆိုသည်မှာ ၎င်းတို့အတွက် ကြီးမားလှသည့်အခွင့်အရေးကြီးပင် ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့် ထိုသို့ ပြောရသနည်း။ အဘယ့်ကြောင့်ဆိုသော် အနာဂတ်တွင် မတူညီသည့် ဂြိုဟ်အသီးသီးမှ သက်ရှိသတ္တဝါများအားလုံးတို့သည် ထာဝရလောကကြီးတွင် ထာဝရနေထိုင်ခွင့် အခွင့်အရေးကို ရရှိချင်သည်ဆိုလျှင်တောင်မှ ရနိုင်ဖို့ရှိ လွယ်မည်မဟုတ်ချေ။

သေသေချာချာစမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပြီးမှသာလျှင် ဤလောကကြီးထဲတွင် နေထိုင်၍ ရနိုင်ပေ လိမ့်မည်။ ထို့ကြောင့် ယခုကတည်းက နေထိုင်ခွင့်ရရှိခြင်းသည် အားလုံးသောသူများအတွက် ကောင်းချီးမင်္ဂလာတစ်ပါးမဟုတ်ပါလား။

......

“သောက်အုံးမလား”

“တော်ပါပြီ”

“......”

“အားမနာပါနဲ့”

“.......”

“လာပါ တစ်ခွက်လောက်သောက်ရအောင်”

“.......”

မြေအောက်တည်နေရာမှာတော့ ကျွင်းချောင်ရှောင်းသည် မျက်နှာပေါ်တွင်တောက်ပသည့်အပြုံးတစ်ခုနှင့် အတူ အရက်မူးအိမ်မက်ဝိုင်အား လက်ထဲတွင်ကိုင်ထားခဲ့၏။

အခြားတစ်ဖက်မှာတော့ ပုံရိပ်ယောင်ကဲ့သို့ လူတစ်ယောက်သည် တုန်ယင်လျက်ရှိနေ၏။ ဤလူသည် ဟယ်ယွမ်လောကကြီး၏ မူလအရင်းအမြစ်ပင်ဖြစ်တော့၏။ သူသည် လက်ရှိအခြေအနေတွင် မျက်ရည်များ ဝိုင်းလျက်ရှိသည်။ သူ၏ရှေ့တွင်ရှိနေသည့် လူသားသည် လေးစားချီးကျူးဖွယ်ရာ မျက်နှာသွင်ပြင်မျိုး ရှိသည်ဆိုသော်လည်း လက်ထဲတွင်ဓားကို ကိုင်ပြီး ခြိမ်းခြောက်လျက်ရှိနေလေသည်။

ဂလု

ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ထဲတွင်ရှိနေသော ဝိုင်များအားလုံးကို‌ မော့သောက်ပြီးသည့်နောက် သူရဲကောင်းတစ်ယောက်၏ ဟန်ပန်အမူအယာများကို ထုတ်ဖော်လိုက်၏။

“ဝိုင်ကိုသောက်လိုက်ပါ။ ငါတို့သူငယ်ချင်းလုပ်ကြရအောင်”

ဟယ်ယွမ်လောကကြီး၏ မူလအရင်းအမြစ်သည် စိတ်ထဲမှာ ကြိတ်ကာအော်ဟစ်လျက်ရှိနေသည်။ ကျုပ်မသောက်ချင်ဘူး။ ဟုတ်ပြီလား။

“မိတ်ဆွေရောင်းရင်းဆိုတာ လေးနက်မှုနဲ့ ရိုးသားမှုကို ဖော်ညွှန်းပြသရတယ်လေ”

ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို ထပ်မံမြှောက်ကာပြောလိုက်၏။ “လာ.. နောက်ထပ် တစ်ခွက်လောက်သောက်ကြရအောင်”

“.........”

ဟယ်ယွမ် လောကကြီး၏ မူလအရင်းအမြစ်သည် ပြိုလဲလုမတတ်ဖြစ်နေ၏။ “ခင်ဗျားဘာကိုဆိုလိုချင်တာလဲ”

“အရမ်းရိုးရှင်းတယ်လေ။ ကျုပ်နဲ့ ပဋိညာဉ် ရေးထိုးလိုက်”

“မဖြစ်နိုင်ဘူး”

ဟယ်ယွမ်လောကကြီး၏ဝိညာဉ်အရင်းအမြစ်သည် ပါးစပ်အဟောင်းသားဖြစ်မိနေခဲ့၏။ သို့ပေမဲ့ သူ၏ ပခုံးထက်တွင်ရှိနေသည့် ဓားသည် ပိုမိုကာ လေးလံလာသည်လို့ ခံစားလိုက်မိ၏။ ထို့ကြောင့် အလောတကြီးပဲ စကားလုံးကို ပြောင်းလိုက်ရသည်။ “သဘောတူပါတယ်။ သဘောတူပါတယ်”

ဤမျှမြန်ဆန်နေခြင်းအတွက် အပြစ်တင်ရန်မလိုချေ။ အင်မော်တယ်တေးသံ၏ စွမ်းအင်များကို ထုတ်လွှတ်ထားသည့် တစ်ဖက်လူ၏ ဓားဆန္ဒများသည် အလွန်ပင်အားကောင်းလာခဲ့သည်မဟုတ်ပါလား။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းပြီးသည့်နောက် ခေါင်းကို မော့ကာဖြင့် ဝိုင်ခွက်ကို မော့သောက်လိုက်၏။ ပြီးနောက် သူသည် အပြစ်ကင်းစင်စွာ ပြုံးလိုက်၏။ “စိတ်ကိုအရင် လျှော့ထား၊ စိတ်ကိုလျှော့ထား။ ပဋိညာဉ်ရေးထိုးရအောင်”

ကုန်းရှန့်သည် အလုံးစုံသော စွမ်းအင်များနှင့် အနိုင်ကျင့်ပြီးသည့်နောက် ဟယ်ယွမ် ကုန်းမြေတိုက်ကြီး၏ မူလအရင်းအမြစ်ကို ပူးပေါင်းပါဝင်ရန် အမိန့်ပေးနိုင်ခဲ့လေသည်။

.............

ထာဝရလောကကြီး၏ မြေအောက်နန်းတော်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူမျက်ခုံးများသည် ပြေလျော့ပြီး စိတ်တစ်ခုလုံး သက်တောင့်သက်သာဖြစ်လို့နေ၏။

ဘုန်း

အပြင်ဘက်လောကကြီးထဲမှာတော့ ကောင်းကင်ပြာပြာကြီးဆီမှ မိုးကြိုးတစ်ခုကျဆင်းလာခဲ့သည်။

“ထပ်လာပြန်ပြီလား”

အားလုံးသောသူတို့သည် ပြောင်းလဲသွားခဲ့သည့် ပတ်ဝန်းကျင်ကြီးကို ကြည့်ရှုလိုက် ကြ၏။ ဤကဲ့သို့သော အခြေအနေမျိုးကို သူတို့သည် ယခင်တုန်းက ကြုံခဲ့ရပြီးပြီဖြစ်၏။ ထို့ကြောင့် စိတ်ထဲတွင် သိပ်ပြီး ထူးထူးခြားခြားမရှိလှချေ။

ဖြောက် ဖြောက် ဖြောက်

တစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးသည် ကြီးမားလှသည့် လက်သီးတစ်စုံနှင့် ဆွဲခွဲခြင်းခံလိုက်ရသည့်ပုံပင်။ မြေပြင်၊ တည်နေရာ၊ ကျောက်တုံး၊ ပင်လယ် အရာအားလုံးသည် ကျယ်ပြန့် သွားခဲ့၏။ လက်ရှိအခြေအနေတွင် ထာဝရလောကကြီးသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကာ ကြီးထွားလာခဲ့၏။

ဟယ်ယွမ်ကုန်းမြေတိုက်ကြီး၏ မူလအရင်းအမြစ်နှင့် တခြားသောမူလအရင်းအမြစ်နှစ်ခုတို့ ပေါင်းစပ် ပြီးသည့်နောက် လောကကြီး၏ နိယာမသည် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝ များသည် ပိုမိုကာသန့်စင်လာခဲ့ပြီး ယခင်ကထက် ပိုမိုကာများပြားလာခဲ့၏။ ယခင်တုန်းက ဓာတ်သဘာဝသည် အဆင့်တစ်ဟုသတ်မှတ်ရမည်ဆိုလျှင် ယခု သုံးခုပေါင်းစပ်ပြီးသည့်နောက်မှာတော့ အဆင့်သည် အနည်းဆုံး တစ်ဆယ်ထိသို့ပင် ရောက်ရှိသွားခဲ့၏။ တိုးတက်မှုမှာ အလွန်ကြီးမားလွန်းလှသည်။

“ဘယ်လောက် ရင်းနှီးတဲ့ခံစားချက်လဲ”

“ဒါအိမ်ရဲ့ရနံ့ပဲ”

ထာဝရလောကကြီးထဲတွင် ဖြစ်တည်လာခဲ့သော ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများကို အာရုံခံမိသည့်အချိန်မှာတော့ ဟယ်ယွမ်လောကကြီးဆီမှ ရောက်ရှိလာခဲ့သည့် လူများသည် ရောပြွန်းနေသည့် ခံစားချက်များနှင့်အတူ မျက်ရည်များပင်လည်လျက် ရှိနေမိကြ၏။ ၎င်းတို့အားလုံးတို့သည် အိမ်၏ရနံ့ကို ခံစားရရှိနေကြ၏။

....

ဂြိုဟ်ကြီးတစ်ခုလုံး ချဲ့ထွင်ပြီးသည့်နောက်မှာတော့ လိုအပ်သည့်အရာများကိုလည်း ချဲ့ထွင်ရပေလိမ့်မည်။ ထို့ကြောင့် လီချင်းယန်နှင့် တောဝက်ရိုင်းလေးတို့သည် စတင်ကာ အလုပ်များလျက်ရှိနေ၏။ အရင်းအမြစ် သုံးခုကို ပေါင်းစပ်ပြီး ကျွင်းချောင်ရှောင်းသည် ကောင်းကင်တွင်မတ်မတ်ရပ်လိုက်၏။ သူသည် မျက်စိကို မှိတ်ပြီးသည့်နောက် ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “တကယ့်ကို ရှိရှိသမျှအရာအားလုံးက တိုးတက်သွားခဲ့တာပဲ”

တိုးတက်သွားသည့်အရာဆိုသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို ဆိုလိုရင်းမဟုတ်ဘဲ တည်နေရာ အတားအဆီး အားအင်အဆင့်လည်း ပါဝင်လျက်ရှိ၏။ တည်နေရာအတားအဆီး ပိုမိုကာ အားကောင်းလေ ပိုမိုကာလုံခြုံလေပင်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ထာဝရလောကကြီး၏ အလုံးစုံသော အကာအကွယ်စနစ်သည် သိသိသာသာ ပင် ပြောင်းလဲသွားခဲ့၏။ ထိုမျှနှင့် မလုံလောက်သေးချေ။ ပိုမိုအားကောင်းရန်လိုအပ်နေသေး၏။ ပိုမိုအားကောင်းသည့် အကာအကွယ်တစ်ခုကို တည်ဆောက်ထားမှ တော်ကာကျလိမ့်မည်။

ထာဝရလောကကြီးအား ပွင့်ပွင့်လင်းလင်းဖြင့် အထက်စကြဝဠာနယ်မြေထဲတွင် ဂုဏ်ယူ ဝံ့ကြွားစွာ ရပ်တည်နိုင်စေပြီး ရှိရှိသမျှသော သက်ရှိ၊ သက်မဲ့ အရာအားလုံး၏ ကိုးကွယ်ခြင်းကို ခံရသည့် လောကမျိုး ဖြစ်စေချင်သည်ဟု ကျွင်းချောင်ရှောင်း တစ်ချိန်ကပြောခဲ့ဖူးသည်။ ထိုသို့ဖြစ်ဖို့ဆိုလျှင် မည်သူမှ ဖျက်ဆီး၍မရနိုင်သည့်အရာမျိုးအဖြစ် တည်ဆောက်ထားမှ ဖြစ်ပေလိမ့်မည်။

...........

အစီအရင်ဟောခန်း

ကျွင်းချောင်ရှောင်း အထဲသို့ လျှောက်ဝင်လိုက်ချင်းချင်းမှာပဲ ထိုက်ရွှမ်အဘိုးအို၏ မျက်ခုံးများလှုပ်လျှက် ရှိနေ၏။ ဤအကောင်လာသည်ဆိုလျှင် ကောင်းမွန်သည့်အရာ တစ်ခါမှပါမလာခဲ့ချေ။

“ဆရာကြီး” ကုန်းရှန့်သည့် အသာထိုင်ချလိုက်ပြီးသည့်နောက် စားပွဲကို လက်ဖြင့် တတောက်တောက် ခေါက်လျက်ရှိသည်။

“..........”

ထိုက်ရွှမ်အဘိုးအိုသည် အချိန်အတော်ကြာတိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးသည့်နောက် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ပြောစရာရှိရင် မြန်မြန်ပြောစမ်း ..... တတောက်တောက် လုပ်မနေနဲ့”

“ဆရာကြီး”

ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “ကျုပ်ဆီမှာ အကြံတစ်ခုရှိတယ်”

“ကောင်းပြီ”

အကြံမရှိဘဲနှင့် ဤနေရာသို့ လာစရာအကြောင်းမရှိချေ။ ထိုက်ရွှမ့်အဘိုးအိုသည် ဆွံ့အလျက် ရှိနေသည် ဆိုသော် လည်း ပြန်လည်ကာမေးမြန်းလိုက်ရ၏။ “ဘာအကြံအစည်လဲ”

“ပြိုင်စံရှားဂိုဏ်းက ကောင်းကင်နဲ့မြေကြီးရဲ့ကြားမှာ မတ်မတ်ရပ်တည်နိုင်ရမယ်။ ဒီအရာတွေအားလုံးကိုပြု လုပ်ဖို့ဆိုရင် ဂိုဏ်းရဲ့အကာအကွယ်အစီအရင်စနစ်ကို ပိုပြီးတော့ တိုးတက်ဖို့လိုလိမ့်မယ်” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။

“ဟုတ်တာပေါ့” ထိုက်ရွှမ်အကြီးအကဲသည် ခေါင်းကိုမော့လိုက်၏။ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသည့်အမူအရာများ တည်ရှိလို့နေ၏။

ဤအတောအတွင်း ဂိုဏ်းရဲ့အကာအကွယ်အစီအရင် အကြောင်းကို သူ များများစားစားပြော ဆိုခဲ့ခြင်း မရှိသည်ဆိုသော်လည်း သူနှင့်အစီအရင်အဖွဲ့သားများ အားလုံးသည် ထိုအရာကို ဆက်တိုက် ဆိုသလိုပဲ တိုးတက်အောင်ကြိုးစားလျက်ရှိနေ၏။ အကာအကွယ် အဆင့်သည် တစ်ဖြည်းဖြည်းနှင့် ပိုမိုကာ တိုးတက်နေသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းဆီမှာ ဂိုဏ်းအကာအကွယ်အစီအရင်ရှိတယ်မလား။ ဒီတော့ ထာဝရလောကကြီးမှာလည်း မရှိသင့်ဘူးလား”

“ဟမ်” ထိုက်ရွှမ်အဘိုးအို၏မျက်နှာပြင်ပေါ်တွင် ရှိနေသော ကြွက်သားများသည် တဆတ်ဆတ် နှင့်တုန်ယင် သွား၏။

“ဆရာကြီး”

ကျွင်းချောင်ရှောင်း က လေးလေးနက်နက်ပြောလိုက်သည်။ “လောကမှာရှိတဲ့ သက်ရှိအရာတွေ အားလုံးအတွက် စဉ်းစားပြီးတော့ ထာဝရလောကကြီးကို ကာကွယ်နိုင်မဲ့ အစီအရင်တစ်ခုကို ဖန်တီး တည်ဆောက်မယ်။ ဒီအစီအရင်ကြီးက လောကကြီးတစ်ခုလုံးကို ကာကွယ်နိုင်စွမ်းရှိရလိမ့်မယ်။ ဒါမှ သမိုင်းမှာ မှတ်တမ်းတင်ထားလို့ရတဲ့ အောင်မြင်မှုကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့ ကျုပ်ယုံကြည်မိတယ်”

“ချီးကို အောင်မြင်မှုပါလား”

ထိုက်ရွှမ်အကြီးအကဲသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီးသည့်နောက် အပြင်ဘက်ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။ “ဒီလောက်ကြီးမားတဲ့ ဂြိုလ်ကြီးတစ်ခုကို အစီအရင်တွေလုပ်ဖို့ဆို ငါမောပြီးသေသွားမှာပေါ့”

“အင်း... လုပ်နိုင်စွမ်းရှိတဲ့သူတွေက ကျိန်းသေပေါက် လုပ်နိုင်ပါတယ်”

“ချီးထဲမှ... ငါ မလုပ်နိုင်ဘူး”

“ဆရာကြီး အခြေအနေအရပ်ရပ်ကို သေချာပြန်ပြီး စဉ်းစားကြည့်ပါအုံး”

All Chapters