← Chapters

အခန်း ၁၉၄၇

Vol. 131 Ch. 1947

အခန်း ၁၉၄၇

Vol. 131 Ch. 1947

အပိုင်း (၁၉၄၇)

ညအချိန် အစီအရင်ဟောခန်း၏ အဓိကလက်ရွေးစင် သုတေသနပြုသူများ အားလုံး တို့သည် အနားယူလျက် ရှိနေသည်ဆိုသော်လည်း ထိုက်ရွှမ်အကြီးအကဲ၏ အလျင်စလိုနှင့် ခေါ်ဆောင်ခြင်းကို ခံခဲ့ရ၏။

“ဘိုးဘေးအကြီးအကဲ အရမ်းနောက်ကျနေပြီလေ။ အရေးကြီးတာတစ်ခုခုရှိလို့လား” ရှန့်ကွမ်းရှင်းရောင်းသည် သူမ၏မျက်လုံးများကို ပွတ်သပ်ရင်း မေးမြန်းလိုက်သည်။ သူမကို ကြည့်ရသည်မှာ အလွန်အမင်း အိပ်ချင်နေပုံပင်။

“ဟုတ်တယ်”

ထိုက်ရွှမ်အကြီးအကဲသည် လေးနက်တည်ကြည်စွာပြောလိုက်၏။ “အရမ်း ...... အရမ်းကို အရေးကြီးတယ်”

ပြောပြောပြီးချင်းမှာပဲ အားလုံးတို့၏ အိပ်ချင်စိတ်များသည် ပျောက်ကွယ်သွားခဲ့၏။ အစီအရင်ဟောခန်း၏ သုတေသနအဖွဲ့ဝင်များဖြစ်သည်နှင့်အညီ ၎င်းတို့အားလုံးသည် ဤအတောအတွင်း အလွန်အရေးကြီးသည့် အရာများအားလုံးကို တွေ့ကြုံခဲ့ပြီးသားဖြစ်၏။ စက်ရုပ်များတွင် အသုံးပြုရမည့် အစီအရင်များကို လေ့လာ သည့်နေရာတွင် နေ့နေ့ညည ကြိုးစားခဲ့ရပြီး လုံခြုံရေးအပိုင်းနှင့်ပတ်သက်သည့် အကာအကွယ်စနစ်များ အားလုံးကိုလည်း နည်းလမ်းမျိုးစုံနှင့် စမ်းသပ်ခဲ့ရသေးသည်။

ပြောရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် အသုံးချခံ အဖြစ်မှ ဘယ်တော့မှလွတ်မြောက်လိမ့်မည်မဟုတ်ချေ။ ကျွင်းချောင်ရှောင်းသည် ၎င်းတို့အတွက် အမှန်ပင် ဂုဏ်ယူလျက်ရှိနေ၏။ ဘဝသည် တိုတောင်းလွန်းလှ၏။ ထို့ကြောင့် အလကားနေ အလကား စွမ်းအင်များကို ဖြုန်းတီးနေ၍မဖြစ်ပေ။

ဖြောက် ဖြောက် ဖြောက်

ထိုက်ရွှမ်အကြီးအကဲသည် သူ၏လက်ကို ထာဝရလောကကြီးကို ဖော်ညွှန်းပြသထားသည့် သဲမြေပုံပေါ်ကို တင်ကာဖြင့် ပြောလိုက်မိ၏။ “ငါ ဂိုဏ်းချုပ်ဆီက အမိန့်တစ်ခုရထားတယ်။ ဒီအချိန်အတိုင်းအတာအတွင်း ထာဝရလောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းကာကွယ်နိုင်စွမ်းရှိတဲ့ အကာအကွယ် အစီအရင်တစ်ခုကို ငါတို့ ဖန်တီးရမယ်။

“ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး”

အဖွဲ့ဝင်တစ်ယောက်သည် ပြောနေရင်းမှ ရုတ်တရက်ရပ်တန့်သွား၏။ ပြီးနောက် အံ့အားတသင့် ပြောလိုက်၏။ “ထာဝရလောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းနိုင်တဲ့ အကာအကွယ်အစီအရင် ဟုတ်လား”

သူသည် ရုတ်တရက် ဂိုဏ်း၏အကာအကွယ်စနစ်နှင့် မှားယွင်းသွားခဲ့သည်။

“ဘိုးဘေးအကြီးအကဲကြီး”

 တစ်စုံတစ်ယောက်သည် စိတ်ဓာတ်တကျဖြင့်ပြောလိုက်၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဤအရာသည် ဂိုဏ်း၏ အကာအကွယ်အစီအရင် တစ်ခုသာဆိုပါက ကျိန်းသေပေါက် လေ့လာရန်အတွက် ယုံကြည်ချက် ရှိပေလိမ့်မည်။ သို့ပေမဲ့ ထာဝရလောကကြီးသည် အလွန်ကြီးမားလွန်းလှ၏။ ထိုအရာကြီးမျိုး ကို ကာကွယ်နိုင်စွမ်းရှိသည့် အစီအရင်ဆိုသည်မှာ တကယ့်ကို ............။

“..........”

ခဏလောက်ကြာပြီးသည့်နောက် အားလုံးတို့သည် တွေးဝေငေးငိုင်ကာဖြင့် သဲမြေပုံကြီးကိုလှမ်းကာ ကြည့်ရှု နေကြ၏။ ၎င်းတို့၏ နှလုံးသားထဲတွင်တော့ အကူအညီမဲ့သည့် စိတ်များ အလုံးစုံ စိုးမိုးလျက်ရှိနေသည်။

“ဘိုးဘေးအကြီးအကဲကြီး”

တစ်စုံတစ်ယောက်သည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “ထာဝရလောက ကြီးက သေးငယ်တာမျိုး မဟုတ်ဘူး။ အဆပေါင်းများစွာ ပိုမိုပြီးကျယ်ပြန့်လာခဲ့သေးတယ်။ ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်တဲ့ အစီအရင်ကို ဖန်တီးဖို့ဆိုတာ မျိုးဆက် ဘယ်လောက်လောက်တောင် ကြာမလဲမသိဘူး”

“မဟုတ်သေးဘူး”

ထိုက်ရွှမ်အကြီးအကဲသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်မိ၏။ “ငါတို့ မျိုးဆက်တွေဆီ မရောက်ခင် ပြီးအောင်လုပ်ရမယ်”

“...............”

အားလုံးသောသူတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများဖြစ်ပေါ်လာခဲ့ကြ၏။ ၎င်းတို့သည် ဘဝ တစ်သက်တာလုံး အိုးမင်းရင့်ရော်သည်အထိ အစီအရင်ဟောခန်းထဲတွင် အစီအရင်များ လေ့လာနေရသည် မြင်ကွင်းကို မြင်ယောင်လာမိကြ၏။ မသေခင်တွင် ၎င်းတို့အားလုံးသည် ၎င်းတို့၏ မျိုးဆက်များ၏ လက်ကိုကိုင်စွဲပြီး အားပျော့စွာပြောမိကြသေးသည်။ “အစီအရင်က မကြာခင်ပြီးတော့မှာပါ။ မင်းတို့ရဲ့မျိုးဆက်တွေကို အဲလို ထပ်မှာဖို့ မမေ့နဲ့အုံး”

“မဟုတ်သေးဘူး။ မဟုတ်သေးဘူး”

အားလုံးသောသူတို့သည် အစီအရင်လေ့လာခြင်းနှင့်ပတ်သက်၍ အားစိုက်ထုတ်ခဲ့ကြ၏။ သူတို့အနေနှင့် အဘယ်သို့ ကလေးက ရမည်နည်း။

“စိတ်ဝင်စားစရာပဲ”

ရှန့်ကွမ်းရှင်းရောင်သည် ထကာရယ်မောလိုက်မိ၏။ ထာဝရလောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းကာကွယ်နိုင်စွမ်းရှိသည့် အကာအကွယ်အစီအရင်ကြီးတစ်ခုကို လေ့လာရခြင်းဆိုသည်မှာ သာမန် လူများအတွက် တကယ့်ကိုမဖြစ်နိုင်သည့်အရာပင်ဖြစ်၏။ ထို့ကြောင့် သူမ၏ အားကောင်းလွန်းလှသော စိတ်ဆန္ဒများမှာတော့ ပိုမိုကာတိုးတက်လာခဲ့၏။ ဟုတ်ပေသည်။ ဤအရာသည် ခက်ခဲပေလိမ့်မည်။ သို့ပေမဲ့ ခက်ခဲလေ ပိုမိုကာ ကျော်ဖြတ်ချင်စိတ်ရှိလာလေပင်။

“ဘိုးဘေးအကြီးအကဲကြီး”

ရှန့်ကွမ်းရှင်းရောင်သည် စိတ်မရှည်သလိုမေးမြန်းလိုက်၏။ “ဘယ်အချိန်လောက် စကြမလဲ”

“အခုပဲ”

“ကောင်းပြီ”

“.........”

အားလုံးသောသူတို့သည် စိတ်ဓာတ်ကျသွားခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ဆီမှ အမိန့်ကိုရရှိခဲ့ပြီဖြစ်သောကြောင့် သူတို့သည် အသက်ကိုစတေးရမည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ပြည့်စုံအောင် ပြုလုပ်ရပေလိမ့်မည်။ ထို့ကြောင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာများကို ပြန်လည်ပြင်ဆင်ပြီးနောက် အသုံးချခံများအဖြစ် ကိုယ့်ကိုကိုယ် အသိအမှတ်ပြုကာ အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လိုက်ခဲ့ကြသည်။

များပြားလှသည့် အလုပ်များ တည်ရှိနေသည်ဖြစ်သောကြောင့် အချိန်မြန်ဆန်သည့်အရာသာ မရှိပါက ၎င်းတို့၏ သက်တမ်းအတွင်း ပြီးလိမ့်မည်မဟုတ်ချေ။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ကြီးမားလွန်းလှသည့် မိုးမခပင်ကြီး၏ အောက်တွင်ထိုင်လျက်ရှိပြီး ‌လေးလေးနက်နက် ပြောလိုက်၏။ “ကျေးဇူးပါပဲ”

သူ၏တပည့်များကို အသုံးချခံများအဖြစ် အသုံးပြုနေရခြင်းသည် သူ့အား အမှန်ပင်နာကျင်စေခဲ့၏။ သို့ပေမဲ့ ထိုကဲ့သို့သော နာကျင်မှုကို သူသည် အောင့်အီးသည်းခံရပေလိမ့်မည်။ အနာဂတ်ပျော်ရွှင်မှုအတွက် လက်ရှိ အခြေအနေတွင် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှဖြစ်ပေလိမ့်မည်။

“ဒင်... လက်ခံသူသည် ဟယ်ယွမ်ကုန်းမြေတိုက်ကြီးကို စိုးမိုးနိုင်သည့်အတွက် ဂုဏ်ပြုပါသည်။ အဓိက တာဝန်၏ လိုအပ်ချက် အနည်းငယ် ပြည့်စုံသွားခဲ့၏။ တာဝန်ပြည့်စုံမှုနှုန်းသည် သုံးဆယ့်ငါး ရာခိုင်နှုန်း အဖြစ်သို့ ရောက်ရှိခဲ့၏”

ရွှေ့ပြောင်းလာခဲ့သည့် သက်ရှိသတ္တဝါများသည် အိမ်ဆိုသည့် အရသာကို ခံစားရရှိပြီး အသားကျသွားခဲ့၏။ ထို့ကြောင့် တာဝန်သည် ပိုမို ပြည့်စုံသည်ဟု ပြောရမည်။

“ထင်မှတ်ထားသည့်အတိုင်းပဲ”

ကျွင်းချောင်ရှောင်းသည် ထပ်ပြောလိုက်မိ၏။ “နောက်ထပ် ဆယ့်ငါး ရာခိုင်နှုန်းလား”

“ပြီးတော့ ဟယ်ယွမ်လောကကြီးဆိုတာက အထက်စကြာဝဠာတစ်ခုလုံးထဲမှာ ထိပ်တန်းဂြိုဟ် တစ်ခုလေ” စနစ်က ဝင်ရောက်ကာရှင်းပြလိုက်သည်။

“ဪ ဒီလိုကိုး”

ကျွင်းချောင်ရှောင်းသည် တောက်ပသည့်အကြည့်ဖြင့် ပြောလိုက်၏။ “ငါ့အနေနဲ့ ပထမတန်းစားဂြိုဟ်တွေကို နောက်ထပ် ငါးခုလောက်သာ ထပ်ပြီးယူမယ်ဆိုရင် အဓိကတာဝန်ကြီး ပြည့်စုံသွားမယ်နဲ့ တူတယ်”

အတိတ်တုန်းကဆိုရင် သူသည် ကြက်သွေးရောင်ငရဲလောကကြီးကို ကယ်တင်ရစဉ်က တာဝန်ပြည့်စုံမှုနှုန်း သည် တစ်ရာခိုင်နှုန်းသာရှိခဲ့၏။ ထို့ကြောင့် ကုန်းရှန့်သည် တကယ်ပဲ စိတ်ပျက်ခဲ့မိသည်။

“အင်း အဲလိုဖြစ်ဖို့များတယ် ဆိုပေမဲ့”

စနစ်ကပြောလိုက်၏။ “ခက်လည်းခက်တယ်”

“ဪ .... ခက်တာလား”

ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “ဘာလို့ငါ ခက်တယ်လို့မခံစားရတာလဲ”

“...........”

စနစ်က ပြောလိုက်၏။ “မင်းတကယ့်ကို မောက်မာလာပြီပဲ”

အချက်အလက်အားဖြင့် ဟယ်ယွမ်လောကကြီးကို လွှမ်းမိုးနိုင်ခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးသည် မခက်ခဲခဲ့ချေ။ ဖန့်ရှန်းရသည် သူ၏ဝိညာဉ်ကို ဖောက်ခွဲပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အောက်ဆွဲ နောက်လိုက်များအားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။ ထို့ကြောင့် သူသည် သက်တောင့်သက်သာဖြင့် ဤဂြိုဟ်ကြီးကို ရရှိခဲ့သည်ဟု ဆိုရမည်။ အကယ်၍ ကြယ်တာရာစိတ်ဝိညာဉ်လောက လိုသာဆိုပါက သူသည် ဂြိုဟ်တစ်ခုလုံးကို လွှမ်းမိုးနိုင်ရန်အတွက် များပြားလှသော စစ်ပွဲများကို ဆင်နွှဲရမှာသေချာလေသည်။

.....

ဂျိန်း ဂျိန်း

ချဲ့ထွင်ထားသည့် ကုန်းမြေများပေါ်မှာတော့ တောဝက်ရိုင်းလေးသည် ရှေ့နောက်ပြေးလွှားလျက်ရှိနေပြီး မြေတွင်းများကို တူးထုတ်လျက်ရှိနေသည်။ လီချင်းယန်သည် ရွက်ဖျင်တဲတစ်ခုထဲတွင် ထိုင်နေလျက်ရှိနေပြီး သူ၏လက်ထဲတွင်ရှိနေသည့် အဆောက်အဦပုံစံများကို သေသေချာချာ သုံးသပ်နေ၏။ ဤတစ်ကြိမ်ပြုလုပ် ရမည့်အရာသည် ပိုမိုကာ ကြီးမားလှ၏။ ထို့ကြောင့်အစီအစဉ်များကို သေသေချာချာချမှတ်ရန်လိုအပ်၏။

ကျွင်းချောင်ရှောင်းသည် ရံဖန်ရံခါဆိုသလို လာရောက် ကြည့်ရှုလေ့ရှိသည်ဆိုသော်လည်း သူ၏ တပည့်များ၏ ကြိုးစားအားထုတ်မှုနှင့်ပတ်သက်၍ အမှန်ပင် ချီးကျူးမိလေသည်။

“သခင်”

တောဝက်ရိုင်းလေးသည် မျက်ရည်များပင်ဝိုင်းလျက်ရှိ၏။ သူသည် နေ့လည်စာပင်မစားရသေးချေ။ ခြစ်ခြစ်တောက်ပူလောင်နေသော နေရောင်အောက်တွင် အလုပ်များလျက်ရှိနေ၏။ သို့ပေမဲ့ သူ၏ သခင်ကို မြင်ရသည့် အချိန်မှာတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြက်သွေးထိုးထည့်ခံထားရသလိုပင် တိုက်ချင် ခိုက်ချင်စိတ်များ ပြည့်နှက်လာခဲ့၏။ ရူးရူးမူးမူး အလုပ်လုပ်ခြင်းအားဖြင့် မြန်မြန်ဆန်ဆန် တိုးတက်စေမည်။

မြို့၏ နံရံကြီးသည် တစ်ခုပြီးတစ်ခု တည်ဆောက်ဖြစ်တည်လာခဲ့ပြီး အဆောက်အဦများသည်လည်း တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့၏။ ထာဝရလောကကြီး၏ အသစ်ဖြစ်တည်လာသည့် မြေတည်နေရာများတွင် ကြီးမားသည့် ပြောင်းလဲမှုများသည် နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်တည်လျက်ရှိ၏။ ထိုကဲ့သို့သော ထာဝရလောကကြီးသည် ပိုမိုအားကောင်းလာလေ ဂိုဏ်းသည်လည်း ပိုမိုအားကောင်းလာလေ ဖြစ်သည်။

ကျွင်းချောင်ရှောင်း အနေနှင့် ဤဂြိုဟ်ကြီးတစ်ခုလုံးအား သူနှင့် သူတပည့်များ၏ ဦးဆောင်မှုနှင့်အတူ အထက်စကြဝဠာ တစ်ခုလုံး၌ မားမားမတ်မတ်ရပ်တန့်နိုင်မည့် အခြေအနေမျိုး ရောက်ရန် မျှော်လင့်နေမိ၏။

“အားအကောင်းဆုံး ပြိုင်စံရှားဂိုဏ်း”

......

ဝှစ်

ကျယ်ပြောလှသောစကြဝဠာကြီးထဲတွင် ထာဝရရွက်သင်္ဘောကြီးသည် လေဟာနယ်ကိုချိုးဖြတ်ကာဖြင့် နောက်ထပ် ဂြိုဟ်တစ်ခုဆီသို့ ဦးတည်လျက်ရှိ၏။ ကျွင်းချောင်ရှောင်း၏ လက်ရှိမဟာဗျူဟာသည် ထာဝရ လောကကြီးကို ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ရန်ပင်ဖြစ်၏။ သူ့အနေနှင့် ထိုသို့ပြုလုပ်ရင်း အဓိကတာဝန်များ ကို ပြည့်စုံအောင် ပြုလုပ်ချင်နေမိ၏။ ပြီးသည့်နောက်မှာမှ သူသည် နောက်ဆုံးဆရာကြီးကို တိုက်ခိုက်မှာ ဖြစ်သည်။

စစ်သူကြီးလေးဦးကို ဆုံးရှုံးထားသော မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဤအတိုင်း ခပ်တည်တည်ဖြင့် နေထိုင်နေပါ့မည်လား။ အဖြေမှာ မဖြစ်နိုင်ပေ။ ဟယ်ယွမ်လောကကြီးအား ထိန်းချုပ်ထားမှု လွတ်ကင်းသွားခဲ့ပြီး ကောင်းကင်နဂါးစစ်သူကြီးလေးဦးတို့နှင့် အဆက်အသွယ်ပြတ်တောက်သွားသည်နှင့် ် ပြဿနာတစ်ခုရှိလာပြီးဖြစ်ကြောင်းကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာက နားလည် လိုက်မိ၏။

ထိုအရာ၏ အစပျိုးသူသည် ကျွင်းချောင်ရှောင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ဤအတောအတွင်း သူ့အား များပြားလှသော အဖွဲ့အစည်းအသီးသီးတို့သည် ပုန်ကန်လျက်ရှိနေသည်ဆိုလျှင်တောင်မှ အနည်းငယ်သော အားအင်ကိုသာ ပိုင်ဆိုင်၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်တည်းကသာလျှင် သူ့ကို အထပ်ထပ် ဒုက္ခပေးလျက်ရှိ၏။ ထို့ကြောင့် ထူးဆန်းသည့်အရာများတစ်ခုခု ဖြစ်ပွားလာသည်ဆိုပါက ကျိန်းသေပေါက် ကျွင်းချောင်ရှောင်းကိုပင် လက်ညိုးထိုးရပေလိမ့်မည်။

“ကောင်လေး”

လျှို့ဝှက်ခန်းအမှောင်ထဲတွင် ထိုင်လျက်ရှိနေသည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အေးစက်စက် ပြောလိုက်၏။ “ငါ တစ်ကယ့်ကို နက်နဲတဲ့ ကျင့်ကြံခြင်းနိယာမ အဓိပ္ပါယ်တွေကို နားလည်ပြီးရင် အမှောင်ထဲကထွက်ပြီး မင်းကို ကျိန်းသေပေါက် လာသတ်မယ်”

ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီးထဲတွင် ပုန်းအောင်းနေပြီး တည်နေရာများကို တစ်ခုပြီးတစ်ခု ရွေ့ပြောင်းနေသည်။ ထို့ကြောင့် ငါးရှဉ့် ကဲ့သို့ ဖမ်းရခက်သည့် လူတစ်ယောက်ဟု သုံးသပ်နိုင် ပေ၏။ သို့ပေမဲ့ ဤအရာမှာ ပြဿနာကြီးမဟုတ်ချေ။ တစ်ဖက်လူအား အရင်ဆုံးပျော်ရွှင်အောင် ထားပေဦးမည်။

သူ့ရှေ့တွင် ရှိနေသည့် ရတနာကို နားလည်အောင်ပြုလုပ်ပြီးမှ အထက်စကြဝဠာထဲတွင် ရှိနေသည့် သတ္တဝါများအား စတေးပြီး အန္တိမကုန်းမြေဆီသို့ ဝင်ရောက်ခွင့်ရရန် ပြုလုပ်ရပေလိမ့်မည်။

တွေးကြည့်ပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လျှို့ဝှက် စာအုပ်ကို ထုတ်ယူလိုက်၏။ ထိုအရာသည် အလွန်ထူသည့်စာအုပ်တစ်အုပ်ဖြစ်ပြီး စာအုပ်အဖုံးသည် အဝါရောင် ဖြစ်လို့နေ၏။ ရှည်လျား လှသည့် သမိုင်းကြောင်းကို ပိုင်ဆိုင်ခဲ့သည့် စာအုပ်တစ်အုပ်ဖြစ်ပုံပင်။ ထိုစာအုပ်၏ အဖုံးတွင် စာလုံးများ ရေးထိုးထားခဲ့၏။ “ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျမ်း”

နောက်ထပ်လောကဆီသို့ရောက်ရှိရန် အချိန်အနည်းငယ်တော့ ကြာမြင့်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် ဘာမှလုပ်စရာမရှိချေ။ ထို့ကြောင့် ကျန့်ကွေ့ရှုကို သွားရောက်ရှာဖွေကာဖြင့် အေးအေးဆေးဆေး သောက်စား ကာ စကားပြောလျက်ရှိနေသည်။

“စီနီယာ”

ဝိုင်သုံးခွက်လောက်သောက်ပြီးသည့်နောက် သူကမေးလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဆိုတာ ဘယ်သူလဲ”

လူဆိုးဆိုသည်မှာ ဘယ်ကမှန်းမသိဘဲ ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ သူ၏အမူအကျင့်နှင့် ကိုက်ညီလွန်းလှ သည့် ဆိုးရွားသည့် အတိတ်မှတ်တမ်းများကို ပိုင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့်သူ့အနေနှင့် ပိုမိုကာသိရှိစေရန် လိုအပ်နေသည်။

“ဒီနတ်ဆိုးကောင်”

ကျန့်ကွေ့ရှုသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ်လည်း သိပ်ပြီးများများစားစားမသိဘူး။ ဒါပေမဲ့”

သူသည် ခဏလောက်ရပ်တန့်ကာပြောလိုက်သည် “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင်ရဲ့ မျိုးဆက်လို့လည်း ပြောကြတယ်”

“ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်ဟုတ်လား”

“ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်” ကျွင်းချောင်ရှောင်းသည် နတ်ဆိုးဘိုးဘေးဆိုသည်ကို ကြားဖူး၏။ ထိုသူသည် လက်ရှိအခြေအနေမှာ သူ့အားကူညီကာ လူစွမ်းကောင်းများကို စီမံခန့်ခွဲလျက်ရှိနေ၏။

“အင်း... မိုးကောင်းကင်နတ်ဆိုးအင်ပါယာထက်ပိုပြီးတော့ ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးပဲပေါ့၊ သူက လောကတွေကို ဝါးမြိုပြီးတဲ့နောက်မှာ ပိုပြီးအားကောင်းတဲ့သတ္တဝါဖြစ်လာခဲ့တယ်” ကျန့်ကွေ့ရှုက ပြောလိုက်သည်။

“........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ အရှင်၊ ဘိုးဘေး စသည့်စကားလုံးများပါဝင်သည့် ဗီလိန်များသည် တကယ့်ကို သာမာန်ထက်ပိုကာ အားကောင်းလှသည့်လူများ ဖြစ်နေလေသည်လား။ ထိုသို့ဆိုလျှင် “ကျေးဇူးပြုပြီး ကျုပ်အား ဘိုးဘေးကျွင်း ဟု ခေါ်ဆိုရန်”

ကျန့်ကွေ့ရှုကပြောလိုက်၏။ “ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်က တကယ့်တော့ ကံမကောင်းဘူး။ သူ့ဘဝ ထိပ်ဆုံး အခြေအနေကိုရောက်တဲ့အချိန်မှာ သူက ဒဏ္ဍာရီလာကျင့်ကြံသူ စီနီယာ သက်တန့်ရောင် သူတော်စင်နဲ့တွေ့ခဲ့ပြီး အဆုံးမဲ့ချောက်ကမ်းပါးထဲမှာ သတ်ဖြတ်ခံခဲ့ရတယ်”

“ဪ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်သည်။ “တကယ့်ကို ကံဆိုးခဲ့တာပဲ”

သူသည် စီနီယာသက်တန့်ရောင်သူတော်စင်နှင့် တွေ့ဆုံခဲ့ဖူးခြင်းမရှိသော်လည်း ထိုသူ ချန်ထားခဲ့သည့် အရာများမှ တစ်ခုနှစ်ခုကိုရရှိခဲ့ဖူး၏။ ထို့ကြောင့် တစ်ဖက်လူသည် ကျိန်းသေပေါက်ဆရာကြီးဖြစ်မှန်း နားလည်၏။ သူနှင့် ခေတ်ပြိုင်နေထိုင်ခဲ့သော လူဆိုးတစ်ယောက်သည် အချိန်မှားကာ မွေးဖွားခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

စနစ်ကပြောလိုက်၏။ “လက်ခံသူနှင့် ခေတ်အတူတူ နေထိုင်နေရတဲ့ ဗီလိန်တွေကလည်း အဆုံးသတ် မကောင်းလှပါဘူး”

...

“ဒီတော့”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်၏။ “ငါက အင်း ..... စီနီယာ သက်တန့်ရောင် သူတော်စင်ပဲ ဖြစ်ရမယ်။ အောက်နယ်မြေကိုဆင်းပြီးတော့ ဘဝရဲ့အနှစ်သာရကို ရှာဖွေနေတာ။ ပိုမိုမြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ရရှိနိုင်စေဖို့အတွက် ငါ့ရဲ့ကျင့်ကြံခြင်းတွေ အကုန်လုံးကို လက်လွတ် ဆုံးရှုံးခဲ့တာပဲ”

“အား အား အား”

စနစ်က ထကာ အော်ဟစ်လိုက်၏။ “ချီးထဲမှ... တော်ပါတော့။ တော်လိုက်ပါတော့”

All Chapters