အခန်း ၁၉၄၈
Vol. 131 Ch. 1948
အပိုင်း (၁၉၄၈)
"ပြီးတော့ရော"
"ဒါပဲလေ"
"……..."
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်သွားမိ၏။ သူသည် ဇာတ်လမ်းကို ပိုမိုကာ သိချင်မိ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအရှင်သည် စီနီယာသက်တန့်ရောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် ဆိုသော အကြောင်းနှင့် အဆုံးသတ်သွားခဲ့သည်။
"အော် ဟုတ်ပြီ"
ကျန့်ကွေ့ရှုသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်၏။
"အဲဒီ နတ်ဆိုးအရှင် ချန်ခဲ့တဲ့ နတ်ဆိုးသိုင်းကျမ်းတစ်ခုတော့ ရှိသေးတယ်။ ဒီဟာကို ဆက်ခံနိုင်တဲ့ သူက အန္တိမလမ်းစဉ်ကိုတောင် လျှောက်လှမ်းနိုင်လိမ့်မယ်လို့ ပြောဆိုကြတယ်"
"ဘာလျို့ဝှက်သိုင်းကျမ်း" ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ငါလည်း သေချာမသိဘူး"
ကျန့်ကွေ့ရှုက ပြောလိုက်၏။ "ရှေးစာအုပ်တွေမှာလည်း မှတ်သားမထားဘူးလေ"
"စီနီယာ မိုးကောင်းကင် နတ်ဆိုးအင်ပါယာက ကောင်းကင်ဝါးမျိုးခြင်း နတ်ဆိုးအရှင်ရဲ့ မျိုးဆက်ဖြစ်တယ်ဆိုတာ ဘယ်လိုလုပ် သိလဲ"
"အင်း စီနီယာသက်တန့်ရောင် သူတော်စင်က အဲဒီ နတ်ဆိုးကို သတ်ဖြတ်ပြီးတဲ့နောက်မှာ အမှာစကား တစ်ခုကို ချန်ခဲ့တယ်။ သူ့ရဲ့မျိုးဆက်တွေက အနာဂတ်မှာ ပြန်ပြီးတော့ ပေါ်ပေါက်လာလိမ့်မယ်။ အဲအချိန်ရောက်ရင် လောကတခွင်လုံးက ရှုပ်ထွေးကုန်လိမ့်မယ်။ လောကတခွင်လုံး သွေးချောင်းစီးမယ်" ကျန့်ကွေ့ရှုက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
"ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအရှင်ရဲ့ မျိုးဆက်က ကပ်ဘေးတွေ ယူဆောင်လာပြီဆိုတာ သိနေတာပဲ။ စပေါ်လာတည်းက ဘာလို့ မသတ်ဖြတ်ပစ်တာလဲ"
"ဂိုဏ်းချုပ်ကျွင်း"
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ "အနာဂတ်ဆိုတာ တိကျရေရာတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလေ။ ခန့်မှန်းထားတဲ့ အရာတစ်ခုပဲ။ စီနီယာသက်တန့်ရောင်လို ဆန်းကြယ်တဲ့လူတောင်မှ အဲဒီ အနာဂတ်ကို ထိန်းချုပ်ထားလို့ မရနိုင်ဘူး"
"ဒါကတော့ အမှန်ပဲ" ကျွင်းချောင်ရှောင်းသည် နားလည်သွားမိသည်။
"ဂိုဏ်းချုပ်ကျွင်း"
ကျန့်ကွေ့ရှုသည် သူ၏ ဦးခေါင်းကို မော့ကာ လေးလေးနက်နက် ပြောလိုက်၏။ "စီနီယာ သက်တန့်ရောင် သူတော်စင်က အဆုံးမဲ့ ချောက်ကမ်းပါးထဲမှာ နတ်ဆိုးကို သတ်ခဲ့ဖူးတယ်။ ဒါကြောင့် မင်းအနေနဲ့ မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို တစ်ခါတည်း သတ်ဖြတ်နိုင်ဖို့ ဒီအဘိုးကြီး မျှော်လင့်မိတယ်"
ဤအတောအတွင်း သူသည် အထက်စကြာဝဠာ၏ အလားအလာ ကိုကောင်းကောင်း နားလည်နေပြီ ဖြစ်၏။ အားလုံးကို ကယ်တင်နိုင်မည့်သူသည် ပြိုင်စံရှားဂိုဏ်းနှင့် ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်ပေလိမ့်မည်။ ကျန့်ကွေ့ရှုသည် ကျွင်းချောင်ရှောင်းအား အထက်စကြာဝဠာ တစ်ခုလုံး၏ ကယ်တင်ရှင်အဖြစ် သက်မှတ်ခဲ့ပြီးပြီ ဖြစ်သည်။
"ကျုပ် ကြိုးစားပါမယ်"
ကျွင်းချောင်ရှောင်းသည် စီနီယာ သက်တန့်ရောင်သူတော်စင်အား အမှန်ပင် ကိုးကွယ်သူ ဖြစ်၏။ လောကကြီးကို ဘေးအန္တရာယ် ယူဆောင်လာသည့် နတ်ဆိုးကို သတ်ဖြတ်ပစ်ခဲ့သည် ဆိုသောကြောင့် သူသည်လည်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ်ရပေမည်။ ထိုတာဝန်သည် သူ့အား ချန်ထားခဲ့သည့် တာဝန်သာ ဖြစ်ရပေမည်။ ကုန်းရှန့်သည် ဂုဏ်ယူဝင့်ကြွားသည် အမူအရာမျိုး ဖြစ်တည်လာခဲ့၏။ သူသည် ပြောလိုက်၏။ "သူကာကွယ်ခဲ့တဲ့ စကြဝဠာကြီးကို ငါ့ဆီ အပ်ခဲ့တာပဲ ဖြစ်ရမယ်"
စနစ်သည် ဝင်ကာပြောလိုက်သည်။ "ရုပ်ရှင်တွေ ရိုက်ပြန်ပြီ"
စားပွဲပြီးသွားပြီးနောက် ကျွင်းချောင်ရှောင်းသည် မအိပ်ခဲ့ချေ။ ထိုအစား စာကြည့်ခန်းထဲဝင်ကာဖြင့် ကျန့်ကွေ့ရှု ပြောခဲ့သော လျို့ဝှက်နတ်ဆိုးသိုင်းကျမ်းအကြောင်း သေသေချာချာ စဉ်းစားနေမိ၏။ သူသည် တီးတိုး ရေရွတ်လိုက်၏။ "ဒါကို စတိုးဆီကနေ ရရင် ကောင်းမယ်"
"ပြဿနာမရှိဘူး"
စနစ်က ပြောလိုက်၏။ "လက်ခံသူအနေနဲ့ ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေကိုသာ လိုလိုချင်ချင်နဲ့ သုံးစွဲမယ်ဆိုရင် လောကကြီးမှာ ဘယ်လျို့ဝှက်သိုင်းကျမ်းကိုမဆို ရနိုင်တယ်"
"ငါ အရက်မူးနေတာ မဟုတ်ဘူး"
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်ကာ ပြောလိုက်သည်။ "ဘာကိစ္စ မင်းကိုယုံရမှာလဲ"
ဟုတ်ပေ၏။ စနစ်၏ စတိုးထဲတွင် လျို့ဝှက်သိုင်းကျမ်းမျိုးစုံ တည်ရှိလို့နေ၏။ သို့ပေမဲ့ သော့ချက်သည် ကံတရားဖြစ်လို့နေ၏။ မဟုတ်ပါက လောင်းကစားသမားနှင့်ပင် ဆင်တူပြီး နောက်ဆုံးတွင် မွဲပြာကျသွား ပေမည်။
နောက်တစ်ရက် ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာ လျို့ဝှက်နယ်မြေထဲသို့ မဝင်ခင်မှာပဲ မြို့၏ တည်ဆောက်သည့် လုပ်ငန်းများကို အရင်ဆုံး သွားရောက်ကာ ကြည့်ရှုလိုက်၏။ အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေထဲသို့ ဝင်လိုက်သည့် အချိန်မှာတော့ သူသည် အမှန်ပင် အံ့အားသင့်လို့နေ၏။ ထိုက်ရွှမ်အဘိုးအို ဦးဆောင်သော သုသေသနအဖွဲ့ဝင်များ အားလုံးသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ ၎င်းတို့၏ ဆံပင်များသည် ပွစာကျဲလျက် ရှိနေ၏။ အသားအရေသည်လည်း သွေးကဲ့သို့ နီရဲနေကြ၏။ အားလုံးတို့သည် ရူးသွပ်နေကြသည့် ပုံစံမျိုးပင်။
"ဆရာကြီး"
ကျွင်းချောင်ရှောင်းသည် အားပျော့စွာဖြင့် မေးလိုက်၏။ "ဒီလူတွေ အဆင်ပြေရဲ့လား"
"ဒီလိုမေးတာ လိပ်ပြာရော လုံရဲ့လား"
တာဝန်သာ မရှိပါက အားလုံးတို့သည် သုသေသနမပြုလုပ်ဘဲ အိပ်လိုက်စားလိုက်ဖြင့် ဇိမ်ခံနေကြမှာ သေချာ၏။ ယခု ဤလူများ ဤကဲ့သို့ ဖြစ်နေသည်မှာ ဂိုဏ်းချုပ်နှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။
"တိုးတက်မှု မရှိဘူး" ထိုက်ရွှမ်အကြီးအကဲသည် ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် ခြောက်ကပ်ကပ် အော်ဟစ်လိုက်၏။
ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် အစီအရင်သည် ခက်ခဲလွန်းရုံသာမက နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များလည်း အကြီးအကျယ် လိုအပ်လျက် ရှိ၏။ ထိုကြောင့် ပုံမှန်ထက် ၎င်းတို့၏ ဦးနှောက်ဆဲလ်များသည် ပူလောင်လျက် ရှိနေ၏။ စိတ်ပိုင်းဆိုင်ရာနှင့် ပြုလုပ်ရသည့် အလုပ်သည် အမှန်ပင် ပင်ပန်းလွန်းလှသည့် အရာ ဖြစ်၏။ အလုပ်နှင့် ပတ်သက်သည့်အရာတစ်ခုခု စိတ်ထဲရှိနေပါက အိပ်ပျော်ရန်ပင် ခက်ခဲလှ ၏။
ပြောနေစရာပင် မလိုအပ်ချေ။ သုသေသနပြုလုပ်သည့် လူများ၏ ဆံပင်သည် အောက်သို့ပင် ကျွတ်ကျနေကြ၏။ ကျွင်းချောင်ရှောင်းသည် မည်သို့မျှ မနေနိုင်တော့ချေ။ ထို့ကြောင့် ဆံပင်ပြန်ပေါက်သည့် ဆေးများကို ယူကာဖြင့် ဘေး၌ အသာသွားချပေးထားလိုက်၏။ ပြီးနောက် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ "ဒီလောကကြီး ထဲမှာ အားကောင်းတဲ့ နည်းပညာ ထောက်ပံ့မှုတွေသာ မရှိဘူးဆိုရင် တခြားလူတွေရဲ့ ကျူးကျော်မှုကို ခံရမှာ သေချာတယ်"
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ "ဒီပရောဂျက်က ဘယ်လောက်ခက်ခက် ဆရာကြီးတို့အနေနဲ့ ကြိုးစားနေမယ်ဆိုရင် ပြဿနာကို ဖြေရှင်းနိုင်မှာပဲ"
"ဒါကတော့ အမှန်ပဲ"
ထိုက်ရွှမ် အကြီးအကဲသည် ဦးခေါင်းညိတ်လိုက်၏။ ပြီးနောက် ရုတ်တရက် ထကာဖြင့် ထိုင်ခုံကို လှမ်းဖယ်လိုက် ၏။ "ဒီတော့ မင်းပဲ ဇွဲရှိရှိနဲ့ ဆက်ပြီးလုပ်တော့"
မည်ကဲ့သို့ အားပေးရမည်ကို သေချာသိ၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ဂြိုဟ်တစ်ခုလုံးကို ကာကွယ်နိုင်သည့် အစီအရင်ကြီးကို တည်ဆောက်ရသည်မှာ အမှန်ပင် ခက်ခဲလွန်းလှသည်။
"လုပ်ပါ"
ကျွင်းချောင်ရှောင်းသည် မမြင်ချင်ယောင်ဆောင်ကာ ပြောလိုက်၏။ "အဆင်ပြေသွားပါလိမ့်မယ်"
ပြောပြီးသည့်နောက် သူသည် ထိုင်ခုံတွင် မထိုင်တော့ဘဲ လှမ်းကာ ထွက်ခဲ့၏။ ထိုက်ရွှမ်အကြီးအကဲသည် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ "ပြောတာတော့ အရမ်းလွယ်တယ်"
"ဘိုးဘေးအကြီးအကဲကြီး ….. ကျုပ်တို့ဆက်ပြီးလေ့လာကြမယ်"
"ကောင်းပါပြီ"
အစီအရင်ဟောခန်းမှ ကျွမ်းကျင်သူများသည် ကြိုစားကာ လေ့လာနေကြ၏။ တစ်ယောက်ပြီးတစ်ယောက် ဆိုသလို အစီအရင်၏ မျဉ်းကြောင်းများကို ဆွဲနေကြပြီး အကြမ်းဆွဲထားသော စာရွက်ပင်လျှင် တောင်လိုပုံနေ၏။ ဂြိုဟ်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် အစီအရင်ဆိုသည်မှာ အလွန်ပင် ဦးနှောက်ရှုပ်စေသည်။
"အား …. အား"
ထိုက်ရွှမ်အကြီးအကဲသည် အကြမ်းဆွဲထားသည့် စာရွက်ပုံများ ကြားထဲတွင် ထိုင်ကာ အော်ဟစ်နေ၏။ "ဒီပြဿနာက အရမ်းကိုခက်တာပဲ"
ကျင့်ကြံခြင်းနည်းစနစ် နှစ်ခုကိုပင် ဖန်တီးနိုင်ခဲ့သော ဤအဘိုးအိုသည် အမှန်ပင် အရည်အချင်းရှိသူ တစ်ယောက် ဖြစ်၏။ ထို့ပြင် ကျွဲရိုင်းစက်ရုပ်များ၏ အဓိက ထောက်ပံ့သူလည်း ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် အစီအရင်ကို ဖန်တီးရင်း ရူးမတတ် ဖြစ်လို့နေသည်။
ထိုအရာနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် ရံဖန်ရံခါဆိုသလို လာရောက်၍ နှစ်သိမ့်ပေးတတ်၏။ သို့ပေမဲ့ တောင်လိုပုံနေသည့် စာရွက်များ၊ ပြီးနောက် အစီအရင်ဟောခန်းမှ လူများ၏ ချိုင့်ဝင်နေသည့် မျက်လုံးများကို ကြည့်၍ သူသည် အသာပြန်ထွက်လာမိ၏။
"ဆရာကြီး ….. အားနာပါတယ်"
………….
အပြင်လောကတွင် တစ်လကြာပြီးနောက် သုသေသန ပညာရှင်များသည် ရေတွက်၍မရအောင် များပြားလွန်း လှသော အကြမ်းဖျင်း ရေးဆွဲထားကြသည့် စာရွက်များကို အသာစီရီထားခဲ့ကြ၏။ ၎င်းတို့သည် အကြိမ်ပေါင်း များစွာ ဆွေးနွေးခဲ့ကြပြီး ဖြစ်၏။ သို့ပေမဲ့ တိုးတက်မှု မရှိကြချေ။
"အလုပ်မဖြစ်ဘူးလား"
ကျွင်းချောင်ရှောင်းသည် စိုးရိမ် ပူပန်နေမိ၏။ အချိန် မြန်ဆန်နိုင်သည့် အကူအညီကို ယူထားသည် ဆိုလျှင်တောင်မှ မည်သည့် သဲလွန်စကို မတွေ့ခဲ့ချေ။ တကယ်တမ်း အပြင်၌ လေ့လာရမည်ဆိုလျှင် မည်မျှကြာမည်ကို မည်သူမျှ မပြောနိုင်ချေ။
"ဂိုဏ်းချုပ်"
ဤတစ်ကြိမ်မှာတော့ စဉ်းစားနေပုံပေါ်သော ရှန်ကွမ်းရှင်းရောင်သည် ရုတ်တရက် ပြောလိုက်၏။ "နည်းလမ်းတစ်ခုကို စဉ်းစားမိတယ်"
"ဘာနည်းလမ်းလဲ"
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိသည်။
"ဒီလိုလဲ လုပ်နိုင်တယ်။ ဒီလိုလဲ လုပ်နိုင်တယ်။ ဒီလိုလဲ လုပ်နိုင်တယ်"
စာရွက်များကို ထုတ်ပြီးသည့်နောက် ရှန်ကွမ်းရှင်းရောင်သည် တစ်ခုချင်းစီကို ရှင်းပြလျက် ရှိ၏။
"အမှန်ပဲ"
ထိုက်ရွှမ်အကြီးအကဲသည် နားလည်သွားပုံပေါ်၏။ ထို့ကြောင့် ပျော်ရွှင်စွာ ပြောလိုက်သည်။ "ငါဘာလို့ မတွေးမိတာလဲ"
ဤအခြေအနေသည် ရှန်ကွမ်းရှင်းရောင် စဉ်းစားထားသော အရာဖြစ်၏။ ထို့ကြောင့် လက်တွေ့ကျလွန်းလှ၏။
"အလုပ်ဖြစ်ပါ့မလား"
ကျွင်းချောင်ရှောင်းသည် သံသယဖြင့် မေးလိုက်၏။ "ဒီလိုနည်းလမ်းကို အမှီခိုပြုမှပဲ အရမ်းကြီးတဲ့ အစီအရင်ကြီးကို ဖန်တီးနိုင်မှာ "
ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးတောပြီးနောက် ပြောလိုက်သည်။ "ဒါဆိုရင် ဒီလိုလုပ်ရအောင်။ အစီအရင်ရဲ့ ဗဟိုနေရာမှာ ဂြိုဟ်ရဲ့ မူလအရင်းအမြစ်ကို ထားပြီးအသုံးပြုရအောင်။ ဒါဆိုရင် ဂြိုဟ်ကြီးတစ်ခုလုံးရဲ့ အကာအကွယ် အစီအရင်ကို ဖန်တီးတဲ့ နေရာမှာ စွမ်းအင်ထောက်ပံ့ဖို့ ပိုပြီး လွယ်ကူသွားလိမ့်မယ်"