အခန်း ၁၉၅၁
Vol. 131 Ch. 1951
အပိုင်း (၁၉၅၁)
ကောင်းကင်ရိုင်းလောကကြီးသည် စကြဝဠာ၏ အကြီးမားဆုံးသော ဂြိုဟ်များစာရင်းတွင် ပါဝင်ပြီးသား ဖြစ်၏။ သို့ပေမဲ့ ထာဝရလောကကြီး ပေါ်ပေါက်လာသည့်အချိန်မှာတော့ ၎င်းသည် ဂြိုဟ်ငယ်လေးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။ ဤတစ်ကြိမ်တွင် တစ်စုံတစ်ယောက်သာ တွန်းလိုက်သည်ဆိုပါက မူလထက် ငါးဆခန့် ပိုမိုကာ ကြီးမားသော ထာဝရလောကကြီးသည် တစ်ခါတည်း ကောင်းကင်ရိုင်းလောကကြီးတစ်ခုလုံးကို ပိပြားအောင် ဖိချေနိုင်တော့မှာ သေချာ၏။ အမှန်အကန်ပင် ကြောက်ဖို့ကောင်းလွန်းလှသည်။
ကောင်းကင်ရိုင်းလောကတွင် ရှိနေသည့် စစ်သည်များ အားလုံးတို့သည် ဆွံအလျက် ရှိနေ၏။ ဤမျှကြီးမားသည့် ဂြိုဟ်ကြီးကို မြင်ရသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ သူတို့ အံ့အားသင့်နေသည်မှာ ဤဂြိုဟ်ကြီးသည် အဘယ်ကြောင့် ရုတ်တရက် သူတို့ရှေ့တွင် ပေါ်ပေါက်လာရသနည်း။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ ကောင်းကင်ရိုင်းလောကဆီမှ သိုင်းကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထပ်မံကာ ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် ထာဝရလောကကြီး ဖြစ်ပေါ်လာသည်ကို လှမ်းကာကြည့်ရှုလိုက်သည့် အချိန်မှာတော့ တစ်ခါတည်း အံ့အားသင့်လို့နေခဲ့သည်။ သို့ပေမဲ့ သူတို့အားလုံးသည် လက်နက်များကို ထုတ်ယူ ကာဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။
“ခုခံချင်တာလား” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသည့် အပြုံးတစ်ခုက ဖြစ်တည် လာခဲ့၏။
“........”
ကောင်းကင်ရိုင်းလောကဆီမှ သိုင်းကျင့်ကြံသူများ အားလုံးသည် မျက်မှောင်ကုတ်မိလိုက်ကြသည်။ မည်သူမှသည် အညံ့ခံမည့်လူမျိုး မဟုတ်ကြချေ။ ၎င်းတို့အားလုံးသည် ၎င်းတို့၏ အိမ်ကို ကာကွယ်ရမည့်တာဝန် တည်ရှိနေကြသည်။
“ခင်ဗျားတို့က မိစ္ဆာတွေကို ကူညီတယ်။ ပြိုင်စံရှားဂိုဏ်းက ဒီနေ့မှာ ခင်ဗျားတို့ကို အပြစ်ပေးတော့မယ်”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ပြီးသည့်နောက် အေးစက်စက် ပြောလိုက်၏။ “တပည့်တို့... ကောင်းကင်ရိုင်း လောကကြီး တစ်ခုလုံးကို သိမ်းပိုက်လိုက်ကြ။ ခုခံဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို အကုန်သတ်ပစ်”
ဤစကားစုကို အော်ဟစ်လိုက်သည်နှင့်တပြိုင်နက် စကြဝဠာတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့် သတ်ဖြတ် လိုခြင်းဆန္ဒများသည် ပေါ်ပေါက်လာခဲ့သည်။
သနားညှာတာမှု - ဤအရာတွင် သနားညှာတာမှုဆိုသည်မှာ မရှိချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အောက်ဆွဲများအဖြစ် လိုလိုချင်ချင် ဖြစ်တည်ချင်သည်ဆိုမှတော့ ၎င်းတို့ အားလုံးသည် တစ်ဖက်လူများအားလုံးကို အာဏာပါးကွက်သားများကဲ့သို့ ကွပ်မျက်ရပေမည်။ ထိုအရာအားလုံးတို့သည် တရားမျှတမှုအတွက်ပင်ဖြစ်၏။
“ကောင်းပါပြီ”
ဆွစ်
ကြီးမားလွန်းလှသော ထာဝရလောကကြီးအတွင်းမှာတော့ ရေတွက်လို့မရအောင် များပြားသည့် ရွက်သင်္ဘောများ၊ ကျွဲရိုင်းစက်ရုပ်များ၊ ပြိုင်စံရှားဂိုဏ်းတပည့်များ၊ ဝတ်စုံပြည့် ဝတ်ဆင်ထားခဲ့သည့် နတ်ဆိုးစစ်သည်များ၊ လူစွမ်းကောင်းများ အားလုံးတို့သည် ပျံသန်းထွက်ခွာလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် လူပင်လယ်ကြီးကဲ့သို့ပင် မားမားမတ်မတ် ရပ်တည်နေကြသည်။
“ဟင်း”
စနစ်သည် သက်ပြင်းချလိုက်၏။ “နဂါးကို သတ်ဖြတ်ခဲ့တဲ့လူငယ်က မိစ္ဆာနဂါး ဖြစ်လာခဲ့တယ်။ အင်း.. ဒီကောင်ကော ဘာဖြစ်အုံးမှာလဲ”
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဂရုမစိုက်လှချေ။ မိစ္ဆာများကို ရင်ဆိုင်တိုက်ခိုက်သည့်လမ်းစဉ်တွင် သူ့အား လာရောက်ပိတ်ပင်နေသည်ဆိုမှတော့ မည်သည့်အရာကိုပဲဖြစ်ဖြစ် သူသည် ကျိန်းသေပေါက် သတ်ဖြတ်ပစ်သွား ရမည်။ ထိုသူများကို သတ်ဖြတ်ပစ်ရန်အတွက် မည်ကဲ့သို့သော နည်းလမ်းကိုသုံးသုံး သူ့အနေနှင့် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
ကောင်းခြင်း၊ ဆိုးခြင်း အရာအားလုံးသည် သူ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်၏။ သူ ကောင်းသလား၊ ဆိုးသလား ဆိုသည်ကို ပြုလုပ်ပြီးသည့်နောက် အနာဂတ်မျိုးဆက်သစ်များက ထပ်မံကာ သုံးသပ်ပေလိမ့်မည်။ သူ၌ သုံးသပ်နိုင်စွမ်း မရှိချေ။
“သတ်ကြ၊ သတ်ကြ”
ထာဝရလောကကြီးတွင် ရှိနေသည့် စစ်သည်အားလုံးတို့သည် တည်နေရာအနှံ့ဆီမှ ထွက်လာပြီးသည့်နောက် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကြ၏။
လောကကြီးနှစ်ခုကြားတိုက်ပွဲ၊ ကောင်းခြင်းနှင့်ဆိုးခြင်းကြားတိုက်ပွဲ - ထိုအရာကြီးသည် စကြဝဠာ တည်နေရာ ကြီးထဲတွင် ဖြစ်တည်လာခဲ့၏။ တလက်လက် တောက်ပလျက်ရှိသည့် သိုင်းနည်းစနစ်များကို ထုတ်ဖော်ခြင်း မရှိသလို၊ မှော်ပညာစွမ်းအင်များကိုလည်း ထုတ်ဖော်ခြင်း မရှိကြချေ။ လူရိုင်းဆန်ဆန်သာ ရှေ့ဆီသို့ ထိုးတက်ကာ သတ်ဖြတ်နေကြခြင်းဖြစ်သည်။
နာရီအနည်းငယ်ကြာပြီးသည့်နောက် စစ်ပွဲသည် ပြီးဆုံးသွားခဲ့ကြ၏။ အလောင်းများသည် တည်နေရာအနှံ့တွင် ပျံ့နှံ့နေခဲ့ကြ၏။ ကောင်းကင်ရိုင်းလောကကြီးသည် ကြီးမားလှသည် ဆိုသော်လည်း ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်နှင့် နည်းပညာသည် ကြယ်တာရာစိတ်ဝိညာဉ်လောကကိုပင် မှီခြင်း မရှိကြချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းမှ ရုတ်တရက် ဝင်ရောက်ကာ တိုက်ခိုက်ချိန်မှာတော့ ရလဒ်သည် ဆုံးဖြတ်ပြီးသား ဖြစ်လို့သွား၏။
ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသည် လူတစ်ထောင်ကျော်လောက် ဒဏ်ရာ ရရှိခဲ့၏။ ထိုသူများထဲမှ တော်တော် များများသည် လူစွမ်းကောင်းများသာလျှင် ဖြစ်လေသည်။
အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံးသည် သက်တောင့်သက်သာ ဖြစ်နေကြပြီး မည်သည့်ဒဏ်ရာမှ မရရှိခဲ့ကြချေ။ ၎င်းတို့အားလုံးသည် ကောင်းမွန်လှသည့် လက်နက်များကို ကိုင်စွဲထားခဲ့ပြီး အင်မော်တယ် တေးသံ၏ နက်နဲလှသည့် စွမ်းအင်များကိုလည်း နားလည်ထားခဲ့သည် မဟုတ်ပါလား။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူတို့သည် နတ်ဘုရားလျှို့ဝှက်အထက်အဆင့်တွင် တည်ရှိနေသည့် ကျင့်ကြံသူ များနှင့် ရင်ဆိုင်တွေ့ခြင်းသာ မဟုတ်ပါက သေချင်သည်ဆိုလျှင်တောင်မှ မသေဆုံးနိုင်ခဲ့ကြချေ။
“ပြိုင်ဘက်ကင်းရတာ”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။ “အထီးကျန် လိုက်တာ”
တိုက်ပွဲအတွင်းမှာတော့ ရန်သူ တစ်သိန်းကျော်တို့သည် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ကောင်းကင်ရိုင်း လောကကြီးတွင် သိုင်းကျင့်ကြံသူ များများစားစား မရှိလှချေ။ သို့ပေမဲ့ စကြဝဠာထဲသို့ထွက်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသေး၏။ အထဲတွင် ရှိနေသည့် သိုင်းကျင့်ကြံသူများသည် စကြဝဠာထဲတွင် ပျံသန်းလို့မရနိုင်သည့် အဆင့်နိမ့် သိုင်းကျင့်ကြံသူများသာလျှင် ဖြစ်ပေလိမ့်မည်။
ဝှစ် ဝှစ် ဝှစ်
စကြဝဠာထဲရှိ တိုက်ပွဲကြီး ပြီးဆုံးသွားပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသည် ကောင်းကင်ရိုင်းလောကထဲသို့ ချီတက်လိုက်ကြတော့၏။ သူတို့ အထဲသို့ ပျံ့ဝင်လိုက်စဉ်မှာပဲ မြက်နှင့် သစ်ပင်ပန်းမန်များ၏ မွှေးပျံ့သည့်ရနံ့ကို ရရှိလိုက်ကြ၏။ ဤအရာသည် အရင်းအမြစ်များ သန့်စင်ဖြစ်တည်လာရန်အတွက် ကောင်းမွန်လှသည့် တည်နေရာကြီးဖြစ်ကြောင်း ကျိန်းသေလှသည်။
“အင်း... အဓိကမြို့တွေ အကုန်လုံးကို သိမ်းတော့” ကျွင်းချောင်ရှောင်းသည် တောင်ပေါ် အသာဆင်းသက်လိုက် ပြီးသည့်နောက် ရှောင်ကျီ ပြင်ဆင်ပေးထားသည့် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။
“ကောင်းပါပြီ” ရွှဲရမ်ကွေ့၏ အမိန့်ပေးမှုအောက်မှာပဲ ပြိုင်စံရှားဂိုဏ်း၏ စစ်တပ်ကြီးသည် အဖွဲ့ကြီးရှစ်ခုအဖြစ် ခွဲခြားကာ မတူညီသည့် တည်နေရာအသီးသီးဆီမှ မြို့များကို မြန်မြန်ဆန်ဆန် ဝင်ရောက် တိုက်ခိုက်ကြသည်။
ဤဂြိုဟ်ထဲတွင်ရှိသော ထိပ်တန်းတိုက်ခိုက်နိုင်သူများသည် သေဆုံးသွားပြီဖြစ်၏။ ထို့ကြောင့် အလွန်အားကောင်း လှသော ရန်သူများ ရောက်ရှိလာခြင်းကို ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကြည့်ရှုရုံသာ တတ်နိုင်၏။ နောက်ပိုင်း မှာတော့ အဓိကမြို့ တော်တော်များများတို့သည် တိုက်ခိုက်မှုကိုပင် မပြုလုပ်ရဘဲ အညံ့ခံရန် ရွေးချယ်လိုက်ကြ၏။ ဤအရာမှာ နားလည်နိုင်စွမ်းရှိသည်။ သူတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အညံ့ခံခဲ့သည်ဆိုမှတော့ အလွန်ကောင်းမွန်လွန်းလှသည့် နောက်ခံနှင့် သတ္တိစွမ်းရည်မျိုး မရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်၏။
တစ်ရက်အတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်းသည် ကောင်းကင်ရိုင်းလောကကြီးအတွင်းရှိ အဓိကမြို့များကို သိမ်းယူခဲ့၏။ ထိပ်တန်းကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သည်ဖြစ်သော်လည်း သာမန် မြို့သူ၊ မြို့သားများကို ထိခိုက် ဒဏ်ရာရအောင် မပြုလုပ်ခဲ့ချေ။
“ထူးဆန်းလိုက်တာ”
အလွန်ခမ်းနားလွန်းလှသော နန်းတော်ထဲတွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလောကကြီးရဲ့ လောကသခင်ကို ဘာလို့ မတွေ့ရတာလဲ။ မနိုင်ဘူးထင်လို့ ဂြိုဟ်ကို စွန့်ခွာပြီး တော့ တစ်ခါတည်း ထွက်ပြေးသွားခဲ့တာလား”
သူ၏ခန့်မှန်းမှုမှာ မှန်ကန်၏။ ကောင်းကင်းရိုင်းလောက၏ လောကအရှင်သည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ ပထမတုန်းက သူက ထွက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မည်သူ ဖြစ်ကြောင်းပြောဆိုလိုက်ရုံသာမက ကြီးမားလှသည့် ထာဝရလောကကြီးကို ထုတ်ဖော်ပြသလိုက်သည့် အချိန် မှာတော့ လောကအရှင်သည် ကြောက်လန့်သွားခဲ့၏။
တစ်ဖက်လူသည် ကျွင်းချောင်ရှောင်းဖြစ်သည်။ ကြယ်တာရာစိတ်ဝိညာဉ်လောကကိုပင် ဖျက်ဆီးခဲ့သူတစ်ယောက် ဖြစ်၏။ ထိုသူကဲ့သို့သောလူနှင့် သွားရောက်ကာ ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုလျှင် ရူးသွပ်နေမှသာ ဖြစ်ပေလိမ့်မည်။ သူ မတိုက်ခိုက်နိုင်ချေ။ ထို့ကြောင့် ထွက်ပြေးရပေမည်။
ကောင်းကင်ရိုင်းလောက၏ လောကသခင်သည် တကယ်ပင် ငကြောက်တစ်ယောက် ဖြစ်၏။ တစ်ချိန်တည်း မှာပဲ သူ့အနေနှင့် နောက်လိုက်များအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် သတိပေးမှာကြားခဲ့သေး၏။ သူ့တွင် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ ပြိုင်စံရှားဂိုဏ်းတပည့်များ အလုပ်ရှုပ်နေလျှင် သူ့အား လာရောက် ဖမ်းဆီးရန် အချိန်ရလိမ့်မည် မဟုတ်ချေ။
သူဖြစ်စေချင်သည့်အတိုင်း ဖြစ်ခဲ့၏။ များပြားလှသော လက်ရွေးစင် ကျင့်ကြံသူများကို စတေးပြီးသည့်နောက် သူသည် အောင်မြင်စွာဖြင့် ထွက်ခွာသွားနိုင်ခဲ့သည်။ သူသည် ငကြောက်တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ဉာဏ်ကောင်းသူ တစ်ယောက်လည်း ဖြစ်လို့နေသည်။
ကျွင်းချောင်ရှောင်းသည် သိရှိသည်ဆိုပါက ကျိန်းသေပေါက် စဉ်းစားမိပေလိမ့်မည်။ “ကိုယ့်လူတွေအတွက် တာဝန် မယူတဲ့လူတစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ ဒီလောကကြီးရဲ လောကသခင်တစ်ယောက် ဖြစ်နေရတာလဲ”
“ဒင်... လက်ခံသူသည် ကောင်းကင်ရိုင်းလောကကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ပြီဖြစ်သောကြောင့် အဓိကတာဝန်၏ ပြည့်စုံနိုင်မှုနှုန်းထားသည် တိုးတက်လာခဲ့တော့၏။ တာဝန်ပြည့်စုံမှုနှုန်း ငါးဆယ် ရာခိုင်နှုန်း”
သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့၏။
“ကောင်းလိုက်တာ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်သို့ အသာမှီချလိုက်၏။ အဓိကတာဝန်ကြီးကို ပြည့်စုံနိုင် မည့်အခြေအနေတစ်ခုသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာပေါ်တွင် မှီခိုလျက် ရှိနေကြောင်းကို သူက နားလည်သွားခဲ့သည်။
အဘယ်ကြောင့် ထိုသို့ ပြောရသနည်း။
ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရဆိုလျှင် သူ့အား မည်သည့်အန္တရာယ်ကိုမှ မပေးခဲ့သည့် ဂြိုဟ်တစ်ခုကို စဦးသွားရောက်တိုက်ခိုက်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ တခြားသောဂြိုဟ်အနည်းငယ်အား လိုက်လံကယ်တင်ရင်း အမှတ်များ စုဆောင်းရသည်ဆိုလျှင် အချိန်မည်မျှ ကြာမလဲ မသိပေ။ ယခု မိုးကောင်းကင်အင်ပါယာ၏ အောက်ဆွဲဂြိုဟ်များကို သွားရောက်တိုက်ခိုက်ခြင်းအားဖြင့် တာဝန်ပြည့်စုံမှု ရာခိုင်နှုန်း သည် တဖြည်းဖြည်း တိုးတက်လာသည်ကို မျက်ဝါးထင်ထင် မြင်ရလေ၏။
“ကောင်းပြီ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ထိန်းချုပ်ထားတဲ့ ဂြိုဟ်တွေ အကုန်လုံးကို ငါသွားပြီးတော့ တိုက်ခိုက်ရမယ်။ မင်းတို့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အညံ့ခံခဲ့တယ်။ ပြီးတော့ တစ်ဖက်လူ မိစ္ဆာအလုပ် တွေလုပ်ဖို့ ကူညီခဲ့တယ်။ ဒီတော့ တရားမျှတမှုအတွက် လောကကြီးအစား မင်းတို့ကို အပြစ်ပေးရမယ်”
“ကောင်းလိုက်တာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့အတွေးနဲ့ငါပဲ”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ ယွမ်ဖန်သည် အသာလျှောက်လာပြီးနောက် ပြောလိုက်၏။ “စုံစမ်းစစ်ဆေးချက်အရ ဆိုရင် ဒီဂြိုဟ်ကြီးက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အဆင့်မြင့် ကျောက်ရိုင်းတွေ တည်ရှိတယ်။ တကယ့်ကို ရတနာသိုက်ကြီးတစ်ခုလိုပဲ”
“အားလုံးကို တူးထုတ်”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည် “ဒါတွေကို မိုးကောင်းကင် နတ်ဆိုးအင်ပါယာအတွက် ထားခဲ့လို့ မဖြစ်ဘူး”