← Chapters

မဟာဗျူဟာ (၂)

Vol. 132 Ch. 1846

မဟာဗျူဟာ (၂)

Vol. 132 Ch. 1846

သမားတော်ဟော်၏ စကားများကို ကြားပြီးနောက် အခန်းထဲရှိ လူ အားလုံးသည် မျက်နှာပျက်သွားကြသည်။

“တားမြစ်ဆေး… မသောက်ပါနဲ့လို့ ခမည်းတော်ကို အစကတည်းက ပြောတယ် ဒါပေမဲ့ ငါ့စကားကို နားမထောင်ဘူး.. အခုတော့ တားမြစ်ဆေး ကြောင့်နဲ့ ခမည်းတော် သေရတော့မယ်” ယွိယန်း အော်လေသည်။

အခန်းထဲမှ သမားတော်များသည် ခေါင်းခါကြသည်။

“အခု ဘာလုပ်ကြမလဲ… ခမည်းတော်က ဒီလိုမျိုး သွေးဆက်အန်နေလို့ မဖြစ်ဘူး… ဒီလိုသာ ဆက်အန်နေရင် ခမည်းတော်…” ယွိယန်း၏ မျက်လုံးများ သည် နီရဲနေပြီး စိတ်ထဲမှ ဒေါသနှင့် ဝမ်းနည်းမှုကို ဖိနှိပ်ထားရသည်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အထိန်းအချုပ်မဲ့ တုန်ယင်နေစေသည်။

“မင်းသား ၂ အစောက မင်းသား သောက်လိုက်တဲ့ဆေးက သွေးအန်တာ ကို ယာယီတားစေတဲ့ဆေးပါ.. ဒါပေမဲ့ သူ့ဒဏ်ရာကို ကုဖို့နည်းလမ်းတော့မရှိပါ ဘူး… သူ့ အခြေအနေကို မကြာခင်မှာပဲ ကြင်ယာတော်မင်းသမီးကို သတင်းပို့ ရမယ်ထင်ပါတယ်” သမားတော်ဟော် အကြံပြုသည်။

“ဒါဆိုရင် တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား” ယွိယန်း မေး လိုက်သည်။

“တစ္ဆေဘုရင်ရဲ့ သမားတော် အခုလာရင်တောင် သူ ပြန်ကောင်းလာနိုင်ဖို့ နည်းလမ်းမရှိပါဘူး” သမားတော်ဟော် ပြောလိုက်သည်။

ထိုစကားကို ယွိယန်း ကြားလိုက်သောအခါ တစ်ကိုယ်လုံး ယိမ်းယိုင်သွား ရာ ဘေးမှလူငယ်လေးသည် ရှေ့တိုးပြီး ချက်ချင်းပင် သူ့ကိုတွဲလိုက်သည်။

“မင်းသား ၂ ဘယ်လိုနေလဲ”

ယွိယန်းသည် အဆင်ပြေသည်ဟု ဆိုလိုသည့်အနေနှင့် လက်ကိုယမ်း လိုက်သည်။

“မင်းသား ၂ ဒီကိစ္စကို ကြင်ယာတော်မင်းသမီးနဲ့ တခြားမင်းသားတွေကို သတင်းပို့လိုက်ရတော့မလား” သမားတော်ဟော် မေးလိုက်သည်။

“မပို့နဲ့ ဒီသတင်း ပျံ့သွားလို့မဖြစ်ဘူး” ယွိယန်း အော်လိုက်သည် “ဒီသတင်းကို ဖြန့်ရဲ့တဲ့လူမှန်သမျှကို အလွတ်မပေးဘူး”

“မင်းသား ၂ ….” အားလုံးသည် သူ၏ ရုတ်တရက် ကြေညာချက်ကြောင့် ထိတ်လန့်သွားကြသည်။

“မင်းသား ၂… မင်းသား ဒါကိုမဖြတ်ကျော်နိုင်ရင် သူတို့ကို အသိမပေးရင် ကျွန်တော်တို့ အဆင်ပြေပါ့မလား” လူတစ်ယောက် မေးလေသည်။

“ကြင်ယာတော်မင်းသမီးက အမြဲတမ်း ကြံစည်နေတာ… အခု ခမည်းတော်ရဲ့ လက်ရှိအခြေအနေကိုသာ သူမ သိရင် အခွင့်ကောင်းယူပြီး အာဏာသိမ်းလိုက်နိုင်တယ်” ယွိယန်း ပြောလိုက်သည် “သတင်းမပျံ့ခင် ငါတို့ ပြင်ဆင်ထားရမယ်”

“နောက် ၂ ရက်မှာလုပ်မယ့် ပြည်နယ်ပြိုင်ပွဲကို ဆက်လုပ်မှာလား”

“အချိန်ဇယားအတိုင်း ဆက်လုပ်မယ်”

“ဒါက… ဒါက…”

သူ ဆုံးဖြတ်ထားပြီးပြီဆိုတော့ သူတို့ ဘာပြောနိုင်ဦးမှာလဲ။ ပြီးတော့ ဒီ နေရာမှာ သူက ရာထူးအမြင့်ဆုံးလူလေ။

သူတို့ ထိုကိစ္စကို ဆွေးနွေးနေစဉ်တွင် အရိပ်မည်းတစ်ခုသည် ခြံဝန်းထဲမှ ပျံထွက်သွားလေသည်။ ယွိယန်းသည် ပြတင်းပေါက်ဆီသို့ လျှောက်လာပြီး အရိပ်မည်းပျံသွားသည့်ဘက်သို့ ကြည့်လိုက်သည်။

ရှီမာယူယူနှင့် ဟွမ်တို့သည် တခြားအခန်းမှ ထွက်လာကြသည်။

ယွိယန်းသည် လှည့်ကြည့်ပြီး ကျေးဇူးတင်စကား ပြောလေသည် “ဒီကိစ္စ အတွက် ကျေးဇူးတင်ပါတယ်… မင်းသာ ငါတို့ကို ကြိုပြီးသတိမပေးရင် အစီအစဉ်အတိုင်း လုပ်နိုင်မှာမဟုတ်ဘူး”

“ဒါကိုသိတဲ့လူက ဟွမ်ပါ” ရှီမာယူယူသည် ဟွမ်ကို ပြုံးပြလိုက်သည်။

“ဒီတစ်ခေါက် သူတို့လွှတ်လိုက်တဲ့လူက လျှို့ဝှက်တပ်သားခေါင်းဆောင် ပဲဖြစ်ရမယ်… ငါတို့သာ ကြိုပြီးသိမထားရင် ငါတို့တပ်သားတွေ သူ့ကို သတိ ထားမိမှာမဟုတ်ဘူး… ကြင်ယာတော်မင်းသမီးသာ အမှန်ကိုသိသွားရင် ငါတို့ အရင်က အားထုတ်မှုတွေ ရေစုန်မျောတော့မှာ ကျေးဇူးတင်ပါတယ် ဟွမ်”

ဟွမ်သည် အသာအယာပင် ခေါင်းညိတ်သည်။ သူသည် ရှီမာယူယူကို ကူညီချင်ရုံသာဖြစ်ကာ တယွိမင်းသားကို ကူညီရန် စိတ်ကူးမရှိခဲ့ဖူးပေ။

“ကျေးဇူးတင် မစောနဲ့ဦး… ပြောစရာ နောက်ထပ် သတင်းတွေရှိသေး တယ် အဲဒါနားထောင်ပြီးမှ ကျေးဇူးတင်ပါ” ရှီမာယူယူ ပြောလိုက်သည်။

ယွိယန်း မျက်ခုံးများကို ပင့်လိုက်သည်။ နောက်ထပ် သတင်းရှိသေးတယ် ဟုတ်လား။

“ကြင်ယာတော်မင်းသမီးရဲ့ လင်ငယ်ရောက်နေတယ်” ရှီမာယူယူ ပြော လိုက်သည်။

“ဘာ.. ဘာ… လင်ငယ်ဟုတ်လား” ယွိယန်းသည် သူမ၏ စကားများ ကြောင့် အထိတ်တလန့်ဖြစ်သွားပြီး သူမကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်လေသည်။

“ဟုတ်တယ် မင်းသား ၂ သိမထားဘူးလား သိတယ်ထင်နေတာ” ရှီမာယူယူ ပြောလိုက်သည် “သူရောက်တာမကြာသေးဘူး ဘယ်သူလဲဆိုတာ တော့ ကျွန်မလည်း မသေချာဘူး”

“မင်း ဘယ်လိုသိတာလဲ”

“ကျွန်မမှာလည်း အရင်းအမြစ်တွေရှိပါတယ်” ရှီမာယူယူ ပြောလိုက် သည်။

တယွိအိမ်တော်တွင်ရှိနေသည့် သူမ၏ နီရဲပျားများသည် ကြင်ယာတော် မင်းသမီး၏ လှုပ်ရှားမှုများကို အနီးကပ် တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့် ကြင်ယာတော်မင်းသမီးနှင့် သူမ၏ အချစ်တော်တို့ အချစ်ပွဲဝင်နေ ချိန်တွင် ပျားတစ်ကောင် စောင့်ကြည့်နေသည်ကို သူတို့ သတိပင်မထားမိကြ ပေ။

“တခြားရှိသေးလား” ယွိယန်း ငြိမ်ကျသွားသည်။ သူသည် ကြင်ယာတော် မင်းသမီးကို သံသယဝင်နေသည်မှာ ကြာနေပြီဖြစ်သဖြင့် ထိုသတင်းကို ဝမ်းနည်းခြင်းမရှိဘဲ အံ့ဩရုံသာ အံ့ဩသည်။

“သူက ကြင်ယာတော်မင်းသမီးရဲ့ နောက်ကွယ်က အင်အားစုနဲ့ ကြံရာပါ ဖြစ်နိုင်တယ်… သတင်းသာမှန်ရင် သူတို့လှုပ်ရှားမယ်လို့ သူပြောခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူ အကူအညီလွှတ်မယ်လို့တော့ မပြော ဘူး.. အင်း ရှင်တို့ အသင့်ပဲလား”

“သူတို့ လှုပ်ရှားလာမှာကို စောင့်နေတာ” ယွိယန်း ရယ်မောလေသည်။ သူတို့သည် ဤနေ့အတွက် အတန်ကြာအောင် စောင့်နေခဲ့သည်။

“သူတို့က ဘယ်တော့လှုပ်ရှားမှာလဲ”

“နောက်နှစ်ရက်အတွင်းတော့ ဖြစ်နိုင်မယ်ထင်တယ်… ပြည်နယ်ပြိုင်ပွဲ က အခွင့်အရေးကောင်းပဲ” ယွိယန်း ပြောလိုက်သည်။

“ပြည်နယ်ပြိုင်ပွဲ ပျက်မသွားလောက်ဘူးလား”

“မပျက်ဘူး ခမည်းတော်ဖြစ်ဖြစ် ကြင်ယာတော်မင်းသမီးပဲဖြစ်ဖြစ် ဒီ တစ်ခေါက်ပြိုင်ပွဲကို ကိုယ့်စိတ်တိုင်းကျ ဝင်နှောင့်ယှက်လို့မရဘူး” ယွိယန်း ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မ ပြိုင်ပွဲကို အာရုံစိုက်လို့ရတာပေါ့”

“ခမည်းတော်က နောက်နှစ်ရက်အတွင်းကို ဆေးရည်နှစ်ခါစိမ်ရဦးမယ်”

“စိတ်မပူပါနဲ့ မနက်ဖြန်ပြီးတာနဲ့ သူ့ကျန်းမာရေးက ပိုကောင်းလာမှာပါ” ရှီမာယူယူသည် ဟွမ်နှင့်အတူ သူမ၏ ခြံသို့ပြန်သွားလေသည်။

နောက်နှစ်ရက်ကျော်အထိ သူမသည် တယွိမင်းသားကို ဆေးရည် ဆက်စိမ်ပေးသည်။ သို့သော် သောက်ရန်အတွက် ဆေးလည်း ပေးသည်။

“ဒီဆေးတွေ သောက်ပြီးသွားရင် နောက်နှစ်ရက်ကျော်လောက်တော့ မင်းသားရဲ့ အခြေအနေ ငြိမ်သွားလိမ့်မယ်… အရမ်းကြီး အလွန်အကျွံမလုပ် သရွေ့တော့ ပြဿနာမဖြစ်နိုင်ဘူး… ဒါပေမဲ့ ဝိညာဉ်စွမ်းအင်သုံးလို့မရဘူး သုံး လိုက်ရင် မင်းသားရဲ့ခန္ဓာကိုယ်ကို ထိခိုက်သွားစေမယ်” ရှီမာယူယူ ညွှန်ကြား လေသည် “တကယ့် ဘော့စ်က လက်ချောင်းတောင် မလှုပ်ဘူးလေ”

“ငါ နားလည်ပါတယ်” တယွိမင်းသား ပြန်ဖြေသည် “ဘာမှမလုပ်မိအောင် ငါ ကြိုးစားပါ့မယ်”

“ကောင်းပါတယ်” ရှီမာယူယူ ပြောလိုက်သည် “နောက်ပိုင်း အရှုပ်အထွေး တွေရှင်းသွားမှ ကျွန်မ ဆေးဖိုးဝါးခတောင်းပါမယ်”

“ဟုတ်ပြီ”

သူ ဆေးရည်စိမ်ပြီးသည့်အချိန်တွင် မှောင်နေပြီဖြစ်သည်။ သူ ဆေးရည် စိမ်နေချိန်တွင် သူမသည်လည်း အပ်စိုက်ပေးသည်။ သူမ ပြီးသည်နှင့် ပစ္စည်း များထုပ်ပိုးကာ တည်းခိုဆောင်သို့ ပြန်လေသည်။

လျောင်ပြည်နယ်မှ လူများသည် ရုတ်တရက်ပေါ်လာသော ဟွမ် အကြောင်းကို အလွန်သိချင်ကြသည်။ ဒီသုံးလေးရက်လောက် သွားလိုက်ပြီး တော့ ဘာလို့များ ယောက်ျားတစ်ယောက်ကို ခေါ်လာတာလဲ။

“ရှီအာ ရက်တွေ အများကြီးပျောက်သွားပြီးတော့ ဘာလို့ ယောက်ျား တစ်ယောက်ကိုခေါ်လာတာလဲ” လန်ယွိသည် ဟွမ်အား နှစ်ကြိမ်မျှ ဝိုင်းပတ် ကြည့်လေသည်။ ရှီမာယူယူသည် သူ့မျက်နှာမှ အံ့ဩမှုကိုမြင်သောအခါ မျက်လုံးလှိမ့်မိသည်။

“ကောင်းကောင်းလေး ပြောလို့မရဘူးလား”

“ငါ ကောင်းကောင်းပြောနေတာပဲလေ” လန်ယွိသည် မေးကိုပွတ်ရင်း ဟွမ်ကိုကြည့်လိုက်သည် “မင်းရဲ့ သူငယ်ချင်းက နည်းနည်းလျှို့ဝှက်ဆန်းကြယ် တယ်လို့ ဘာလို့ ခံစားနေရတာလဲ”

ရှီမာယူယူသည် သူမ၏ မျက်ခုံးများကိုပွတ်ပြီး ပြောလေသည် “ဟွမ် ရှင် သူ့ကို ပညာပေးချင်ရင် ငါခွင့်ပြုတယ် သတ်တော့မသတ်လိုက်နဲ့”

ဟွမ်သည် သူမကို ခေါင်းညိတ်ပြသည်။ ရုတ်တရက်ဆိုသလိုပင် သူသည် လန်ယွိ၏ အနောက်တွင်ပေါ်လာပြီး သူ့ကို ဆုပ်ကိုင်လိုက်သည်။ သူတို့သည် အားလုံး၏ ရှေ့မှပျောက်ကွယ်သွားရာ မြန်လွန်းသဖြင့် ယွိရှီပင် တုံ့ပြန်ချိန်မရ လိုက်ပေ။

ရှီမာယူယူသည် ယွိရှီ မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ ပြော လိုက်သည် “စိတ်မပူပါနဲ့ ဟွမ်က သူဘာလုပ်ရမယ်ဆိုတာကို သိပါတယ်”

“မင်းဘေးမှာ အဲလိုထူးဆန်းတဲ့လူတွေ ဘာလို့အဲလောက် များနေတာလဲ” ယွိရှီ ပြောလေသည် “မင်းအမေတောင် မင်းလောက် နာမည်မကြီးဘူး”

“အမေက ကျွန်မကို ဂုဏ်ယူနေမှာပါ” ရှီမာယူယူ ပြုံးလိုက်သည်။

“မနက်ဖြန် ပြိုင်ပွဲအတွက် အသင့်ဖြစ်ပြီလား” ယွိရှီ မေးလိုက်သည်။

“အသင့်ပါပဲ”

“အခု ပြိုင်ပွဲဝင် ၆၀၀ ပဲကျန်တော့တယ်… အကုန်လုံးက အဆင့်မြင့် အရည်အချင်းရှိတဲ့လူချည်းပဲ… မင်းမှာ မဟူရာရှိရင်တောင် သူက အရွယ် ရောက်သေးတာမဟုတ်ဘူး အဲလူတွေမှာ အားကောင်းတဲ့ သားရဲတွေရှိကြတယ်”

“ကျွန်မ သိပါတယ် ဒါပေမဲ့ ကျွန်မက ထိပ်တန်းအဆင့် ၁၀ ထဲဝင်အောင် လုပ်ပါမယ်လို့ မိုကျိကို ကတိပေးထားတယ်… အဲဒါကြောင့် သေချာပေါက် ရအောင်လုပ်ရမယ်” ရှီမာယူယူသည် ယုံကြည်မှုရှိရှိဖြင့် ပြောလေသည်။

“အခုထိတော့ မင်းလှုပ်ရှားတာ ဘယ်သူမှမမြင်ဖူးသေးဘူး မင်းရဲ့ လေဟာပြင် ချိပ်ပိတ်တာကလွဲရင် မင်းရဲ့အားကို ငါ သိချင်တယ်”

ရှီမာယူယူသည် သူ့ကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလေသည် “ပြိုင်ပွဲ ကျရင် သိရပါလိမ့်မယ်”

***

All Chapters