← Chapters

အခန်း ၁၉၅၈

Vol. 131 Ch. 1958

အခန်း ၁၉၅၈

Vol. 131 Ch. 1958

အပိုင်း (၁၉၅၈)

ကျွင်းချောင်ရှောင်းသည် ဘယ်ဖက်လက်တွင် ရွှမ်ယွမ်နတ်ဘုရားဓားကို ကိုင်ဆောင်၍ ညာဖက်လက်တွင် စည်းဓားမော့ကြီးကို ကိုင်ဆောင်ထား၏။ သူသည် ဦးခေါင်းကို ငုံ့ကာဖြင့် လေဟာနယ်ထဲမှ လျှောက်ထွက်လာခဲ့၏။ သူ၏အစိမ်းရောင်ဆံနွယ်များသည် အားလုံးတို့၏မျက်လုံးထဲတွင် တောက်ပလျက် ရှိနေ၏။ သူအနေဖြင့့် ဝှက်ဖဲပေါင်း များစွာကို တစ်ပြိုင်နက်နည်း ထုတ်ဖော် အသုံးပြုသည် ဆိုခြင်းမှာ ရှားပါးလွန်းလှ၏။

“မင်းဘယ်သူလဲ”

အနီရောင်ဆံပင်နှင့် လူသည် လေးလေးနက်နက်ဖြင့် မေးလိုက်၏။ သူ၏မျက်လုံးထဲတွင် ရှိနေသော ပျင်းရိမှုများ သည် လေးနက်တည်ကြည့်သည် ပုံစံသို့ ပြောင်းလဲသွားခဲ့၏။ ဤအစိမ်းရောင် ဆံပင်နှင့်သူသည် သာမန်ထက်ပိုသည်ဟု သူက ခံစားနေမိသည်။

တစ်ယောက်သည် အနီရောင်ဖြစ်ပြီး တစ်ယောက်သည် အစိမ်းရောင်ဖြစ်လို့ နေခဲ့၏။

"လူသေက ကျုပ်ဘယ်သူလဲဆိုတာ သိဖို့ အခွင့်အရေးမရှိဘူး"

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ငုံ့ထားလျက်သား ရှိနေ၏။ သူ၏စကားများသည် အမှန်ပင် မောက်မာလွန်းလှ၏။ သူသည် လက်ရှိအချိန်၌ အမှန်ပင် ဒေါသထွက်လျက် ရှိနေ၏။ တစ်ဖက်လူသည် ထာဝရလောကြီး၏ တော်ဝင်အတားအဆီး အစီအရင်အား ဆက်တိုက်ဆိုသလို ထိုးနှက်ခဲ့၏။ ထို့ကြောင့် ဂြိုဟ်၏ မူလအရင်းအမြစ်ဆီမှ စွမ်းအင် တော်တော်များများ ကုန်ဆုံးသွားခဲ့သည်။

အစီအရင်ကို ဂြိုဟ်၏ မူလအရင်းအမြစ်နှင့် အသက်သွင်းထားခဲ့ခြင်း ဖြစ်၏။ ထိုအရာဖြစ်တည်နိုင်ရန်အတွက် စွမ်းအင်များသည် အများအပြား လိုအပ်လို့နေ၏။ ပြောရမည်ဆိုလျှင် တော်ဝင်အစီအရင်၏ ကန့်သတ်ချက်သည် ဂြိုဟ်၏ အရင်းအမြစ်ပေါ်တွင် မူတည်လျက် ရှိနေ၏။ တစ်ချိန်တည်းမှာပဲ တိုက်ခိုက်ခံရသည်နှင့် တစ်ပြိုင်နှက် စွမ်းအင်များ ကုန်ဆုံးရ၏။

အနီရောင် ဆံပင်နှင့်လူ၏ တိုက်ခိုက်ချက်ကြောင့် တော်ဝင်အတားအဆီးသည် မပျက်ဆီးလျှင်တောင်မှ စွမ်းအင်အများအပြား ကုန်ဆုံးသွားခဲ့၏။ စုစုပေါင်း စိတ်ဝိညာဉ် ကျောက်တုံး သန်းတစ်ထောင်ကျော် ကုန်ဆုံးသွား သည်ဟု သတ်မှတ်နိုင်သည်။

ထာဝရလောကကြီးထဲတွင် များပြားလှသော စွမ်းအင်အရင်းအမြစ်များ တည်ရှိနေ၏။ ထို့ကြောင့် ဤကဲ့သို့သောအရာမှာ သမုဒ္ဓရာထဲသို့ ရေတစ်စက် ကျဆင်းသွားသလိုပင်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း အတွက်တော့ ထိုအရာမှာ လက်သင့်ခံနိုင်သော အရာမဟုတ်ပေ။

သူ့အနေဖြင့် တပည့်များအတွက် အသုံးပြုသည့်အခြေအနေမှ လွဲ၍ စိတ်ဝိညာဉ် ကျောက်တုံးများနှင့် သိုင်းအရင်းအမြစ်များ ဖျက်ဆီးခံရခြင်းကို မည်သို့မျှ လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ စွမ်းအင်ကုန်ဆုံးမှုအကြောင်းကို တွေးတောပြီးနောက် ကျွင်းချောင်ရှောင်းသည် ပိုမိုကာ ဒေါသထွက်လာခဲ့၏။ သူ၏မျက်လုံးထဲတွင် ရှိနေသော သတ်ဖြတ်လိုခြင်း ဆန္ဒများသည်လည်း ပိုမိုကာ အားကောင်းလာခဲ့၏။

စနစ်သည် ဆွံ့အသွား၏။ “အဲလောက်တောင် ဖြစ်သွားတာလား”

အနီရောင်ဆံပင်နှင့်လူသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "မင်းက နည်းနည်းတော့ မောက်မာတာပဲ"

ဘန်း ….။

ရုတ်တရက် သူသည် ရှေ့ဆီသို့ လက်များကို ဆန့်တန်းလိုက်၏။ မီးတောက်များ ပေါ်ပေါက်လာ၏။ သူသည် ရွှမ်ယွမ်နတ်ဘုရားဓား၏ ဓားချီများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့၏။

ကျွင်းချောင်ရှောင်းသည် အလစ်ငိုက်ဖမ်း၍ တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် မြန်မြန်ဆန်ဆန်ဖြင့် တားဆီးနိုင်ခဲ့သည်။

ဝှစ် ဝှစ်

ချက်ချင်းပဲ အနီရောင်နှင့် လူသည် ဆန်းကြယ်လှသော မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံထားရ၏။ တစ်ဖက်လူကိုပင် မမြင်နိုင်တော့ပေ။

တစ်ဖက်လူဆီမှ မီးတောက်များသည် အလွန် ပြင်းထန်လှသောကြောင့် ကျွင်းချောင်ရှောင်းသည် နောက်ဆီသို့ လှမ်းဆုတ်လိုက်ရ၏။

ဆွစ်

ချက်ချင်းပဲ သူ၏ ဟန်ချက်ကို ထိန်းချုပ်လိုက်ချိန်မှာပဲ လေခွင်းသည့် အသံတစ်ခုကို ကြားလိုက်ရ၏။

"မကောင်းတော့ဘူး။ "

ကျွင်းချောင်ရှောင်း အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ ဘာတစ်ခုမှ မလုပ်ရသေးခင်မှာပဲ သူ့အနားတွင် ရှိနေသော တည်နေရာကြီးသည် ပြိုလဲသွားသည်ဟု ခံစားလိုက်မိ၏။ မီးတောက်များသည် မထင်မှတ်ထားသည့် နေရာဆီမှ သူ့ဆီသို့ တည့်တည့် ကျရောက်လာသည်။

ဟား ဟားဟား

အနီရောင်ဆံပင်နှင့်လူသည် ရုတ်တရက် လေထုထဲတွင် ပေါ်ပေါက်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်နှာကို လှမ်းထိုးလိုက်သည်။ ထိုလူသည် အားရပါးရ ရယ်မောလျက် ရှိနေ၏။

"……."

မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ စစ်သူကြီးသည် ယောင်၍ သူ၏ မျက်နှာကိုပင် အုပ်ကိုင်လိုက်မိသည်။ ကြည့်လိုက်ရုံနှင့်ပင် မည်မျှ နာကျင်မည်နည်းကို ခံစားမိနိုင်သည်။

"ရပြီ"

အနီရောင်ဆံပင်နှင့်လူသည် ရွှမ်ယွမ်နတ်ဘုရားဓားဦးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ သူသည် ဓားကို ကိုင်လိုက်သည့် အချိန်မှာတော့ ဓားဆီမှ အသံများထွက်ပေါ်လာပြီး လျပ်စီးများသည် ထွက်ပေါ်လာ၏။

ဖျောက် ဖျောက် ဖျောက်

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဓားကို အနောက်ဖက်ဆီသို့ ပြန်ဆုတ်လိုက်သည်။ "ကျုပ်ဓားကို လာဆွဲတာလား။ ခင်ဗျားရဲ့လက်ကို ပိုင်းပစ်မယ်"

"…….."

အနီရောင်ဆံပင်နှင့်လူသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ရွှမ်ယွမ်နတ်ဘုရားဓား၏ ထက်ရှမှုကို အာရုံခံ လိုက်မိ၏။ ထို့ကြောင့် သူသည် ဓားဦးကို လွတ်ကာ အနောက်သို့ ဆုတ်လိုက်၏။

"ချီနံရံ"

နောက်သို့ ဆုတ်ဆုတ်ခြင်းမှာပဲ အနီရောင်ဆံပင်နှင့်လူသည် လက်စည်းသင်္ကေတတစ်ခုကို ပြုလုပ်ပြီး မီးတောက်ပိုးကောင်များဖြင့် ချီနံရံတစ်ခုကို ဖန်တီးလိုက်၏။ သူသည် အချိန်ကိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ ဤနည်းစနစ်သည် အမှန်ပင် ကြည့်လို့ကောင်းလွန်းလှသည်။

ဆွစ် ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို မြောက်ကာဖြင့် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလျက် ရှိနေ၏။ နောက်ဆုံးမှာတော့ သူသည် ချီနံရံကြီးကို ချိုးဖျက်ပြီး လေနက်သည့် ဟန်ပန်ဖြင့် အနီရောင်ဆံပင်နှင့်လူကို လှမ်းကာ ကြည့်ရှုလိုက်၏။

တိုက်ပွဲသည် အခုမှ စတင်ခြင်းဖြစ်၏။ တိုက်ခိုက်ချက် အနည်းငယ် တိုက်ခိုက်ပြီးနောက် ကုန်းရှန့်သည် မျက်နှာကို အထိုးခံရပြီး အောက်စည်းသို့ ရောက်ရှိခဲ့ပုံပေါ်၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ သူသည် လက်သီးဖြင့် အထိုးခံရခြင်းတစ်ခုသာ ရှိသည်။ ဘာမှ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်မသွားခဲ့ချေ။ ကုန်းရှန့်၏ အားအကောင်းဆုံးသော ခန္ဓာကိုယ်အစိတ်အပိုင်းသည် မျက်နှာပင် ဖြစ်၏။ မျက်နှာကို လက်သီးဖြင့် ထိုးနှက်ခံရခြင်းဆိုသည်မှာ သူ့အတွက် စာဖွဲ့လောက်သည့် ကိစ္စမဟုတ်ချေ။

"မဆိုးဘူးပဲ။ မင်းဆီမှာ စွမ်းရည်တစ်ချို့တော့ ရှိသေးတာပဲ"

အနီရောင်ဆံပင်နှင့် လူ၏လက်သည် အသာလှုပ်ခါလိုက်၏။ သူ၏လက်တွင် ဓားရာတစ်ခုက တည်ရှိလို့ နေခဲ့၏။ ထိုအရာသည် အနည်းငယ် နာကျင်လို့နေ၏။ သူသည် စိတ်ထဲတွင် ကြိတ်ကာ တုန်လှုပ်နေမိ၏။ "ဘယ်လောက်တောင် ထက်လိုက်တဲ့ ဓားလဲ"

သူထိန်းချုပ်ခဲ့သော မီးတောက်များနှင့် ချီနံရံကြီးသည် အလုံးစုံ အကာအကွယ်ကို ဖန်တီးနိုင်စွမ်း ရှိနေ၏။ ထို့ပြင် သူသည် အစိမ်းရောင်ဆံပင်နှင့်လူ၏ မျက်နှာကို ထိုးနှက်ခဲ့ပြီးသား ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် အောက်စည်းသို့ မရောက်သွားခဲ့ချေ။

သို့ပေမဲ့ စိတ်ပူစရာ မလိုချေ။ တိုက်ပွဲသည် အခုမှ စတင်ခြင်းသာလျှင် ဖြစ်၏။ သူ့အနေဖြင့် ထာဝရလောကကြီးကိုသာ ဖျက်စီးပစ်နိုင်ပါက ကျိန်းသေပေါက် တိုက်ပွဲ၏ ရလာဒ်ကို ပြောင်းလဲနိုင်မှာ ဖြစ်၏။

"ကျုပ်က အချိန်ဖြုန်းရတာကို မကြိုက်ဘူး"

အနီရောင်ဆံပင်နှင့် လူသည် လက်သီးကို ဆုပ်လိုက်ပြီးနောက် အဝေးမှ လှမ်းရိုက်လိုက်သည်။ "ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်လိုက်ကြတာပေါ့။"

" အတူတူပဲ"

ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်မှုပုံစံကို ယူထား၏။ သူသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ကောင်းကင်သို့ လွှဲမြောက်ကာဖြင့် ခုတ်ပိုင်းလိုက်၏။

ဆွစ်

အနီရောင်ဆံပင်နှင့်လူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ပူပြင်းလှသော မီးတောက်များ ဖြစ်တည်လာပြီး သူ၏ရင်ဘတ်ပေါ်ရှိ ကြာပန်းပုံသည် ပိုမိုကာ တောက်လာခဲ့၏။ နတ်ဆိုးတစ်ပါး အသက်ဝင် နိုးထလာသကဲ့သို့ပင်။

ခရက် ခရက် ခရက်

အပူများ၏ သက်ရောက်မှုကို ခံရသောကြောင့် လေဟာနယ်သည် တဖြည်းဖြည်းဖြင့် ကွဲအက်လာခဲ့၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာဖက်မှ ဦးဆောင်လာသော စစ်သူကြီးသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "သူ ဒီတိုက်ကွက်ကို ထုတ်သုံးတော့မှာလား"

အားလုံးသော သူတို့၏ မျက်နှာများသည် နဝေတိမ်တောင် ဖြစ်လို့နေခဲ့၏။ သူတို့သည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့် အနီရောင်ဆံပင်လူတို့၏ တိုက်ပွဲကို ပြန်လည်ကာ မြင်ယောင်လိုက်မိကြသည်။ ဤအရာသည် စကြာဝဠာထဲတွင် ဖြစ်သည်။ လေဟာနယ် အတားအဆီးများသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျက်စီးသွားခဲ့၏။ ထို့ပြင် အလွန်ခြောက်ကပ်ပြီး ပူလောင်လွန်းလှသော တည်နေရာကြီး အဖြစ်သာ ကျန်ရှိခဲ့သည်။

"နတ်မီးလှောင်ချိုင့်"

ထိုအချိန်မှာပဲ အနီရောင်ဆံပင်နှင့်လူ ထုတ်လုပ်လိုက်သော မီးတောက်များသည် ကြမ်းတမ်းလှသော အဟုန်ဖြင့် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာ၏။

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာဖြင့် တဖက်ခြမ်းဆီသို့ ရှောင်ရန် ပြင်လိုက်၏။ သို့ပေမဲ့ မီးတောက်များသည် ဘယ်နှင့်ညာဆီမှ ရောက်ရှိလာပြီး သူ့အား ချုပ်နှောင်လိုက်သည်။

ဝှစ် ဝှစ်

သူသည် မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် မီးပင်လယ်ကြီး အတွင်းသို့ ရောက်ရှိသွားသလိုပင်။ သူသည် မီးလောကကြီးထဲသို့ အလုံးစုံ ကျဆင်းသွား၏။

"ပြီးသွားပြီ"

စစ်သူကြီးသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏ “နတ်မီးလှောင်ချိုင့်နည်းစနစ်ပဲ "

ဤအရာသည် မီးနှင့်ပတ်သက်သော နတ်ဘုရားအသိပေါ်တွင် အခြေခံထားသည့် သိုင်းနည်းစနစ်ပင် ဖြစ်တော့၏။ ရန်သူသည် ထိုအရာနှင့် ရင်ဆိုင်လိုက်သည်နှင့် မီးလောကကြီးထဲသို့ ကျရောက်သွားသလိုပင်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မီးဓာတ်နှင့်ပတ်သက်၍ ခုခံနိုင်မှု ရှိ၏။ ဤကဲ့သို့သော မီးတောက်များသည် သူ့အား ထိခိုက်စေမည်လား ဆိုသည်မှာ မသေချာလှပေ။

အနီရောင် ဆံပင်နှင့်လူသည် မီးလှောင်ချိုင့်ကြီးကို ထိန်းချုပ်ရင်းမှ အော်လိုက်၏။ "မြန်မြန် …. ဒီဂြိုဟ်ကြီးကို ဖျက်စီးလိုက်တော့"

စစ်သူကြီးသည် နားလည်သွားမိ၏။ အစိမ်းရောင်ဆံပင်နှင့်လူကို ချုပ်နှောင်ထားသည့် အတောအတွင်း သူတို့အား ထာဝရလောကကြီးကို ဖျက်ဆီးစေချင်ခြင်းပင်။

စစ်သူကြီးသည် တစ်ချက်ကလေးမှ နှောင့်နှေးမနေချေ။ ချက်ချင်းပဲ အမိန့်ပေးလိုက်၏။ "စစ်သည်တွေ တိုက်ခိုက်ကြ"

ခရက် ခရက်

စကြာဝဠာထဲတွင် ရပ်လျက်ရှိနေသော ရွက်သင်္ဘောများ၏ အောက်ခြေ၌ အမြှောက်ပြောင်းများ ပေါ်လာသည်။ ထိုပြောင်းဝများသည် ထာဝရလောကကြီး၏ တော်ဝင်အစီအရင်အား ချိန်ရွယ်ထားခဲ့၏။

ထိုအချိန်မှာတော့ ကျန့်ကွေ့ရှုသည် တော်ဝင်အစီအရင်၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာ၏။ သူ၏နောက်တွင် ဓားကိုးချောင်းက တည်ရှိလို့နေ၏။ ထိုဓားကိုးချောင်းသည် တလက်လက် တောက်ပလျက် ရှိသည်။ သူသည် အေးစက်စက် ပြောလိုက်သည်။ "ကျုပ်ရှိနေမှတော့ မင်းတို့ အောင်မြင်မှာ မဟုတ်ဘူး"

All Chapters