← Chapters

အခန်း ၁၉၅၉

Vol. 131 Ch. 1959

အခန်း ၁၉၅၉

Vol. 131 Ch. 1959

အပိုင်း (၁၉၅၉)

ကျွင်းချောင်ရှောင်းသည် ပိတ်မိနေခဲ့၏။ ထို့ကြောင့် ထာဝရလောကကြီးသည် တခြားသောသူများ၏ ဖျက်ဆီးခြင်းကို ကျိန်းသေခံရမည်ဟု တရားသေ တွက်ချက်၍မရပေ။ အဓိကအားဖြင့် ထာဝရ လောကကြီးထဲတွင် ကျန့်ကွေ့ရှု ကဲ့သို့သော သိုင်းကျင့်ကြံသူ တည်ရှိလို့နေသေး၏။

ဘုန်း

သို့ပေမဲ့ ပြောပြောပြီးချင်းမှာပဲ ပူလောင်လွန်းလှသည့် မီးတောက်များသည် မြန်မြန်ဆန်ဆန်ဖြင့် ရောက်ရှိလာပြီး ၎င်းကို အနောက်ဘက်သို့ လွင့်မျောသွားစေခဲ့သည်။

အနီရောင်ဆံပင်နှင့်လူသည် ၎င်း၏ ညာဘက်လက်ကို အသာ ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် နဖူးစပ်တွင် ရှိနေသည့် အနီရောင်ဆံပင်ကို လေဖြင့် အသာမှုတ်လိုက်၏။ ပြီးနောက် အထင်အမြင်သေးသလို ပြောလိုက်၏။ “ဆူညံ၊ ဆူညံ မလုပ်နဲ့။”

နတ်မီးလှောင်ချိုင့်ထဲတွင် ပိတ်မိနေသည့် ကျွင်းချောင်ရှောင်းသည် ထိုအခြင်းအရာကို မြင်ချိန်မှာတော့ အော်ဟစ်လိုက်မိသည်။ “စီနီယာဓားသူတော်စင်... ဘာလို့ တစ်ကွက်လေးတောင်မှ မတိုက်ခိုက်နိုင်ရတာလဲ”

တခြားနည်းလမ်းလည်း မရှိချေ။ အနီရောင်ဆံပင်နှင့်လူသည် အရမ်း အားကောင်းလွန်းလှ၏။

“လွတ်လပ်မှု၊ ငါ့ရဲ့ လွတ်လပ်မှု”

အနီရောင်ဆံပင်နှင့်လူသည် မျက်လုံးကို မှိတ်ကာဖြင့် ပြောလိုက်၏။ “နောက်ဆုံးတော့ ရောက်လာပြီပဲ”

သူသည် ရွက်သင်္ဘောများမှ ထာဝရလောကကြီးအား အမြှောက်ဖြင့် ပစ်ခတ်သံကို သာယာနာပျော်ဖွယ် တေးဂီတအသံအဖြစ် နားထောင်ရန် အဆင်သင့် ဖြစ်လို့နေခဲ့သည်။

ရွက်သင်္ဘောများမှာ အလွန်တရာ များပြားလွန်းလှ၏။ ထို့အတူ အမြှောက်ဆံများမှာလည်း များပြားလွန်းလှ၏။ မြင်ကွင်းသည် ထိတ်လန့်တုန်လှုပ်စရာပင်။

အန္တရာယ်များလှပါသည်ဆိုသော ကျွင်းချောင်ရှောင်းကို ရင်ဆိုင်ဖြေရှင်းရန်အတွက် မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် သူ၏ရှိရှိသမျှသော အင်အားစုများကို ဤနေရာသို့ စေလွှတ်ခဲ့၏။ ပြောနေစရာပင် မလိုချေ။ သူ၏ မူရင်းခန္ဓာကိုယ်မှလွဲလျှင် ရှိရှိသမျှသော အင်အားစုအကုန်လုံးသည် ဤတည်နေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။ တစ်ဖက်သတ် ဖိနှိပ်တိုက်ခိုက်ခဲ့ခြင်းပင်။

ထာဝရလောကကြီးသည် ရှုံးနိမ့်မည် ဆိုပါက ကျိန်းသေပေါက် ဖျက်ဆီးခံရမှာ သေချာ၏။ ထာဝရလောကကြီး ထဲတွင် ရှိနေသည့် သက်ရှိ၊ သက်မဲ့ အားလုံးတို့၏ ဦးခေါင်းပေါ်တွင် ကြီးမားလှသည့် ဝန်ထုတ်ဝန်ပိုးကြီး ကျဆင်း လာခဲ့၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့ပြီး သေခြင်းတရားသည် ၎င်းတို့နှင့် နီးကပ်သည့်အခြေအနေဆီသို့ ရောက်ရှိလာသည်။

“အားဖြည့်ကြ”

ထိုက်ရွှမ်အကြီးအကဲက အော်ဟစ်လိုက်သည်။ မြို့အသီးသီးတွင် ရှိနေသည့် အစီအရင်ဟောခန်းမ အဖွဲ့ဝင်များအားလုံးသည် မတ်မတ်ရပ်လိုက်ကြသည်။ ၎င်းတို့၏ လက်များသည် အလင်းအကာအရံပေါ်တွင် တင်ပြီးသည့်နောက် စွမ်းအင်များကို ဆက်တိုက်ဆိုသလို ထည့်သွင်းလိုက်၏။ မူလအရင်းအမြစ်ဖြင့် အသက်သွင်း ထားခဲ့သော တော်ဝင်အကာအကွယ်ကြီးသည် လက်ရှိအချိန်မှာတော့ အစီအရင် ဆရာများ၏အားဖြည့်မှုများပါ ပါဝင်လာခဲ့လေ၏။

ဘုန်း ဘုန်း

ထာဝရလောကကြီး၏ အပြင်ဘက်ရှိ တော်ဝင်အစီအရင်ကြီးသည် များပြားလွန်းလှသော အမြှောက်ဆံများ၏ တိုက်ခိုက်မှုကို ခံနေရ၏။ ထာဝရလောကကြီး တစ်ခုလုံးပင်လျှင် တုန်ခါလျက် ရှိနေ၏။ ဂြိုဟ်ကြီးတစ်ခုလုံးသည် ပေါက်ကွဲလုမတတ်ပင်။

ဒွီ ဒွီ ဒွီ .......။

အချိန်အနည်းငယ် ကြာပြီးသည့်နောက် ကောင်းကင်ကြီး တစ်ခုလုံးသည် ပြန်လည်ကာ ငြိမ်သက်သွားခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်များဆီမှ ပထမဦးဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်မှုအား တော်ဝင် အစီအရင်ကြီးသည် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လေ၏။ သို့ပေမဲ့ အစီအရင်ကို ထောက်ပံ့ပေးထားသော ပြိုင်စံရှားဂိုဏ်း တပည့်များ၏ မျက်နှာပေါ်မှာတော့ အလွန်တရာ နာကျင်နေသည့် အမူအရာများ ဖြစ်တည်နေ၏။

“ပစ်ကြစမ်း”

ထိုအချိန်မှာတော့ ရန်သူ၏ စစ်သူကြီးသည် ထပ်မံကာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။ သောင်းနှင့် ချီသော ရွက်သင်္ဘောများသည် ဆက်တိုက် ဆိုသလိုပဲ ထပ်မံကာ အမြှောက်များနှင့် ပစ်ပြန်လေသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

တော်ဝင်အစီအရင်ကြီးသည် တလိပ်လိပ်နှင့် တွန့်လိမ်လာခဲ့တော့၏။ ထိုသို့ဆိုလျှင်တောင်မှ ချိုးဖြတ်နိုင်မည့် အရိပ် သင်္ကေတမျိုးတော့ မပေါ်လာခဲ့ချေ။

ကျွင်းချောင်ရှောင်းအနေဖြင့် ထာဝရလောကကြီးကို လူသိရှင်ကြား အပြင်ဘက်သို့ ထုတ်ဖော်ရဲသည်မှာ အလကား မဟုတ်ပေ။ ဤကဲ့သို့ အားကောင်းလှသော တော်ဝင်အစီအရင်ကြီး တည်ရှိနေသောကြောင့်ပင်။ မဟုတ်ပါက သူ့အနေနှင့် ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။

“ဆက်ပစ်ကြ”

စစ်သူကြီးသည် တင်းမာခက်ထန်သည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်သည်။ “တောက်လျှောက်ပစ်မှ ဖြစ်မယ်”

တော်ဝင်အစီအရင်ကြီးသည် အပြင်ဘက်တွင် တည်ရှိနေသည့်အရာဖြစ်၏။ သို့ပေမဲ့ ထိုအရာကို တိုက်ခိုက်လိုက် သည်နှင့်တပြိုင်နက် အတွင်းတွင် ရှိနေသည့် စွမ်းအင်များ ကုန်ဆုံးမှာ သေချာသည်။ တစ်ကြိမ်၊ နှစ်ကြိမ် ပစ်ခတ်ရုံနှင့် မလုံလောက်သည်ဆိုပါက သုံးလေးငါးကြိမ် ပစ်ခတ်မှာဖြစ်၏။ သူသည် ဤတည်နေရာသို့ ရောက်ရှိ နေပြီဖြစ်သောကြောင့် ဘာပဲဖြစ်ဖြစ် အင်ပါယာ၏ ဂုဏ်သတင်း တိုးတက်စေရန်အလို့ငှာ ဤဂြိုဟ်ကြီးကို ကျိန်းသေပေါက် ဖျက်ဆီးပစ်ရပေမည်။

ဘုန်း ဘုန်း ဘုန်း

ကြီးမားလွန်းလှသော ထာဝရလောကကြီးသည် အထက်စကြဝဠာထဲတွင် မားမားမတ်မတ် ရပ်လျက်ရှိသည်။ ၎င်းသည် ရှိရှိသမျှသော ရွက်သင်္ဘောများအားလုံး၏ ပစ်မှတ်ထား ပစ်ခတ်မှုကို ခံနေရ၏။ ပတ်ဝန်းကျင် လေဟာနယ်ကြီး တစ်ခုလုံးသည်လည်း တွန့်လိမ်လျက် ရှိနေ၏။

ဖူး...

အကြိမ်အနည်းငယ်လောက် ထပ်မံပစ်ခတ်ပြီးသည့်နောက် အစီအရင်ဟောခန်းမှ အဖွဲ့ဝင် တော်တော်များများ တို့သည် တန်ပြန်မှုကို မခံနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့ကြသည်။

“လူစားထိုးကြ”

ထိုက်ရွှမ်အကြီးအကဲက အော်ဟစ်လိုက်၏။ “မြန်မြန် လူစားလဲ”

ဆွစ် ဆွစ်

ဒဏ်ရာရရှိထားသည့် အဖွဲ့ဝင်များ၏ နေရာတွင် ကျန်းမာရေးကောင်းမွန်သည့် အဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် အလင်းအကာအရံပေါ်တွင် လက်တင်ပြီးသည့်နောက် အစီအရင်ကို ဆက်လက်ကာ အားဖြည့် ထားကြသည်။ ၎င်းတို့သည် အင်ပြည့်အားပြည့်ဖြင့် ကူညီနေကြခြင်းပင်ဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသည့် တပည့်အရေအတွက်သည် အကန့်အသတ်ဖြင့် တည်ရှိနေခဲ့၏။ တစ်ဖက်လူသည် ရှိရှိသမျှသော စွမ်းအင် များကို အကုန်အကျခံကာ ထပ်မံကာပစ်လွှတ်နေမည်ဆိုပါက ဤအရာကို ထိန်းသိမ်းထားရန်အတွက် လူအင်အား လုံလောက်လိမ့်မည် မဟုတ်ချေ။

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ များပြားလှသော ကလန်အသီးသီးနှင့် မြို့အသီးသီးဆီမှ ကျင့်ကြံသူများသည် ပျံသန်းလာခဲ့ ကြသည်။ သူတို့သည် အစီအရင်၏ အပြင်ဘက်တွင် မတ်မတ်ရပ်ပြီးသည့်နောက် အချိန်မရွေး ထိုအရာကို ဝင်ရောက် အသက်သွင်းရန်အတွက် အဆင်သင့် ပြင်ထားကြ၏။

ဤနှစ်ပိုင်းအတွင်း ၎င်းတို့အားလုံးသည် ငြိမ်ငြိမ်သက်သက်ဖြင့် ကျင့်ကြံခြင်းကို ပြုမူနေကြ၏။ တစ်ယောက်နှင့် တစ်ယောက် မည်သည့်သတ်ဖြတ်ခြင်း ပဋိပက္ခကိုမှ မပြုလုပ်ခဲ့ကြချေ။ အဆုံးမဲ့သော သိုင်းပညာအရင်းအမြစ်များ ရရှိပြီးသည့်နောက် ဂြိုဟ်ကြီးတစ်ခုလုံး အန္တရာယ်နှင့် တွေ့လာသည့်အချိန်မျိုးတွင် အသက်ကိုစွန့်ကာဖြင့် ကူညီရန် အဆင့်သင့် ဖြစ်လို့လာခဲ့၏။ ဤမြင်ကွင်းသည် တကယ်ပဲ ရင်ထဲ ထိခိုက်စရာပင်။

လီထျန်းထျန်းသည် အခွင့်အရေးကို အရယူကာဖြင့် ကင်မရာကို မြှောက်ကိုင်ပြီး တစ်ယောက်ချင်းစီ တိုင်းကို လိုက်လံကာ ဓာတ်ပုံရိုက်လျက်ရှိ၏။

ဆွစ် ဆွစ်

များပြားလှသော ကလန်အသီးသီးမှ အကြီးအကဲများသည်လည်း ပျံသန်းလာခဲ့ကြသည်။ ၎င်းတို့သည် ပြိုင်စံရှား ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ရပ်တန့်လျက် ရှိနေပြီး ကောင်းကင်ယံတွင် တုန်ခါနေသည့် တော်ဝင် အစီအရင်ကြီးကို ကြည့်ရှုလျက် ရှိသည်။ ဂြိုဟ်တစ်ခုလုံးသည် လှုပ်ရှားလာခဲ့၏။ သို့ပေမဲ့ သူတို့အားလုံးသည် ပါဝင်ရန်အတွက် လုံလောက်သည့် အရည်အသွေး မရှိကြချေ။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို မြင်သည်နှင့် ကျိန်းသေပေါက် ကျေးဇူးတင်မိမှာ သေချာ၏။ ဂိုဏ်း၊ ဂြိုဟ် မည်သည့်အရာပဲဖြစ်ဖြစ် သူအားစိုက်ထုတ်ကာ ဖန်တီးထားခဲ့သောအရာများပင်ဖြစ်၏။ ဤကဲ့သို့ ဘေးအန္တရာယ် ကြုံဆုံလာသည့်အချိန်တွင် ရှိရှိသမျှသော သက်ရှိများသည် စုစည်းညီညာစွာဖြင့် ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေ၏။ ဤအရာသည် သူလိုချင်သည့်အရာမျိုးပင် ဖြစ်လေ၏။

ဘုန်း ဘုန်း ဘုန်း

အပြင်ဘက်တွင်တော့ ဂြိုဟ်၏ တော်ဝင်အစီအရင်ကြီးသည် ဆက်တိုက်ဆိုသလိုပဲ ပစ်ခတ်ခံနေရ၏။ အစီအရင် ဟောခန်းအဖွဲ့ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ ကျန်သည့်အဖွဲ့ဝင် များသည် ထပ်မံဝင်ရောက်ရန် ကြိုးစားလိုက်သည့်အချိန်မှာတော့ များပြားလှသော ကလန်အသီးသီးမှ စစ်သည်တော်များ၏ တားဆီးခြင်းကို ခံလိုက်ရ၏။ သူတို့က ပြောလိုက်သည်။ “ကျုပ်တို့ ဝင်လုပ်မယ်”

သူတို့သည် ပြိုင်စံရှားဂိုဏ်းတပည့်များ ဒဏ်ရာရသွားမည်ကို မလိုချင်ချေ။ အဘယ်ကြောင့်ဆိုသော် ထာဝရ လောကကြီးကို ကူညီကယ်တင်ရန်အတွက် ၎င်းတို့၏ အားအင်ကို လိုအပ်နေသေး၏။ သူတို့သည် ရန်သူကို သတ်ဖြတ်ရန်အတွက် တိုက်ခိုက်မှုတည်နေရာဆီသို့ မသွားနိုင်ကြချေ။ ထို့ကြောင့် အစီအရင်ကို ဟန်ချက်ညီစေရန် သာ ကြိုးစားရပေလိမ့်မည်။ သေဆုံးရမည်ဆိုလျှင်တောင်မှ ထိုအရာကို ကျိန်းသေပေါက် ပြုလုပ်မှာဖြစ်၏။

“သူတို့ကို သွားခိုင်းလိုက်” ထိုက်ရွှမ်အကြီးအကဲက အမိန့်ပေးလိုက်သည်။

“..........”

ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် သူတို့၏ ခြေလှမ်းများကို ပြန်လည်ရုတ်ကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်”

“ကောင်းပြီ”

ကလန်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် တွေဝေခြင်းတစ်ချက်မရှိဘဲ အစီအရင်ထဲသို့ လှမ်းဝင် လိုက်ကြ၏။ ၎င်းတို့သည် အစီအရင်၏ အမြူတေအဖြစ် သတ်မှတ်ထားသော တည်နေရာများတွင် မတ်မတ်ရပ် ပြီးသည့်နောက် အလင်း၏ အကာအရံပေါ်သို့ လက်တင်ကာ ရှိရှိသမျှသော အားအင်များကို ထည့်သွင်း၍ အစီအရင်ကြီးကို ပံ့ပိုးပေးနေကြသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

အပြင်ဘက်တွင်လည်း မရပ်မနားဖြင့် တောက်လျှောက်ပစ်ခတ်လျက် ရှိနေ၏။ တော်ဝင်အစီအရင်ကြီးသည် များပြားလှသော ကလန်အသီးသီးမှ စစ်သည်တော်များ၏ ထောက်ပံ့မှုကို ရထားသည်ဖြစ်သောကြောင့် အလွန်တရာ မာကျောလှသည်ဆိုလျှင်တောင်မှ ၎င်းတို့နှင့် ပြိုင်စံရှားဂိုဏ်းတပည့်တို့ အကြား အားအင်အဆင့်သည် ကွာခြားလျက်ရှိ၏။ ထို့ကြောင့် တိုက်ခိုက်မှုများကို အနည်းငယ်လောက် ခုခံပြီးသည့်နောက် ထိုကျင့်ကြံသူများသည် အပြင်းအထန် ဒဏ်ရာရရှိကုန်၏။

“သွား... သွားကြ၊ သွားကြ”

တခြားသော သိုင်းကျင့်ကြံသူများသည် တစ်ယောက် ဒဏ်ရာရရှိသည်နှင့် တပြိုင်နက် အဆင်သင့် အစားထိုးကာ ဝင်ရောက် နေရာယူကြသည်။ သူတို့သည် သေဆုံးရမည်ကို မကြောက်လန့် ကြချေ။ သူတို့၏ အိမ် ဆုံးရှုံးရမည်ကိုသာ ကြောက်ရွံ့ကြ၏။

သို့ပေမဲ့ ဤကျင့်ကြံသူများ၏ အလုံးစုံသော အားအင်အဆင့်သည် အားနည်းလွန်းလှ၏။ တစ်ယောက်ပြီး တစ်ယောက်တို့သည် တန်ပြန်မှုကို ခံစားကာဖြင့် သွေးများ အန်ထွက်ကုန်ကြသည်။ လူတချို့ ဆိုလျှင် တစ်ခါတည်း သေဆုံးကုန်ကြသည်။ အနည်းဆုံး ပထမအကျော့တွင် လူပေါင်းတစ်သောင်းလောက် သေဆုံးခဲ့၏။ တချို့ကံကောင်းလှသည့် လူများသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြသည်။

............

ထိုက်ရွှမ်အကြီးအကဲသည် မျက်လုံးကို စုံမှိတ်ထား၏။ သူ၏နှလုံးသားထဲ၌ နာကျင်မှုများသည် ကြောက်ခမန်း လိလိ ဖြစ်တည်လျက်ရှိ၏။

“အစီအရင်ဟောခန်းက တပည့်တွေက ပိုပြီး အားကောင်းတယ်လေ။ ဘာလို့ သူတို့ကို သွားပြီး သေခိုင်းနေရ တာလဲ”

ကျန့်ကွေ့ရှုသည် ရင်ဘတ်ကို အုပ်ကိုင်ကာ မေးမြန်းလိုက်၏။ အနီရောင်ဆံပင်၏ ရုတ်တရက် တိုက်ခိုက်မှုသည် သူ၏မရီဒန် တော်တော်များများကို ထိခိုက်စေခဲ့သည်။

“ဘာလို့လဲဆိုတော့”

ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းတပည့်တွေက ရန်သူနဲ့ တိုက်ခိုက် ရအုံးမှာမလို့လေ”

ကျန့်ကွေ့ရှုက တိတ်ဆိတ်ငြိမ်သက်သွား၏။ သူနားလည်၏။ ပထမဦးဆုံးအနေနှင့် ထာဝရလောကကြီး၏ သတ္တဝါ များကို အသုံးပြုပြီး အစီအရင်ကို ထောက်ပံ့ပေးထားမည်။ ၎င်းတို့အနေနှင့် အကောင်းမွန်ဆုံးသော အခြေအနေ ရောက်သည်အထိ ခုခံမှုကို ပြုလုပ်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင်တပည့်များ အားလုံးတို့သည် ရန်သူကို သေဆုံးသည်အထိ တိုက်ခိုက်ရန် တာဝန်ယူပေလိမ့်မည်။ ရက်စက်လွန်းလှချေ၏။ သို့ပေမဲ့ သူတို့ လုပ်နိုင်သည့်အရာမှာ ထိုအရာထက် ဘာမှ မရှိချေ။

အနီရောင်ဆံပင်နှင့် လူသည် ကျွင်းချောင်ရှောင်းကို အပြင်ဘက်တွင် တားဆီးထားခဲ့၏။ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် အပြင်ဘက်သို့ ထွက်ကာ တိုက်ခိုက်နိုင်စွမ်းလည်း မရှိကြသေးချေ။ ထို့ကြောင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ဤတော်ဝင်အစီအရင်ကြီးအား အားအင်ဖြည့်သွင်းရင်း မှီခိုအားထား ပြုရပေလိမ့်မည်။

ရန်သူ့အနေနှင့် ထပ်မံအားကောင်းသည့် လက်နက်များနှင့် မပစ်ခတ်စေဖို့ ကြိတ်ကာဆုတောင်းရန်သာ ရှိ၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ တစ်ဖက်လူများသည် ထာဝရလောကကြီးကို ဖျက်ဆီးရန် ရောက်ရှိလာခဲ့ ကြခြင်း ဖြစ်၏။ ထို့ကြောင့် လုံလောက်သည့် လက်နက်ပစ္စည်းများ ပါဝင်လာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

များပြားလွန်းလှသည့် အမြှောက်များသည် တော်ဝင်အစီအရင်ကြီးဆီသို့ တောက်လျှောက်ဆိုသလိုပဲ ကျဆင်းလျက် ရှိနေပြီး အစီအရင်ကြီးတစ်ခုလုံးသည်လည်း စတင်ကာ တွန့်လိမ်လာခဲ့၏။

“အကြီးအကဲကြီး”

ရှန့်ကွမ်းရှင်းရောင်သည် အလင်းမြင်ကွင်းတွင် ဖြစ်တည်နေသည့် ပုံရိပ်ယောင်များကို ကြည့်ရှု ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “မူလအရင်းအမြစ် စွမ်းအင်ကုန်ဆုံးမှုက အရှိန်မြင့်လာပြီ”

ထာဝရလောကကြီးထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် အစီအရင်ကို တည်ငြိမ်အောင် ထောက်ပံ့ဖို့ တာဝန်ယူထားရသည်ဆိုလျှင်တောင်မှ မူလအရင်းအမြစ်သည် တစ်ချိန်လုံး စွမ်းအင် အရင်းအမြစ်များ ကို ထောက်ပံ့ပေးနေရ၏။ ထပ်တလဲလဲ တိုက်ခိုက်ခံရပြီးသည့်နောက်တွင် စွမ်းအင်များသည် ကြီးကြီးမားမား ယုတ်လျော့လာခဲ့၏။

“..........”

ထိုက်ရွှမ်အဘိုးအိုသည် မျက်မှောင်ကုတ်လိုက်၏။ သူသည် တခြားသူများကို အမိန့်ပေးကာ တိုက်ခိုက်နိုင်စွမ်း ရှိသည့်လူတစ်ယောက် မဟုတ်ချေ။ နည်းပညာနှင့် ပတ်သက်သော အထောက်အပံ့ပေးခြင်း လုပ်ငန်းများကိုသာ ကျွမ်းကျင်သည်။

“ဘိုးဘေးအကြီးအကဲကြီး”

သူဘာလုပ်ရမှန်းမသိသည့် အချိန်မျိုးတွင် ယွမ်သခင်လေးက ရောက်ရှိလာကာ မေးလိုက်သည်။ “တကယ်လို့ ရန်သူတွေက ဆက်တိုက်ပစ်နေမယ်ဆိုရင် ဒီတော်ဝင်အစီအရင်ကြီးက ကြံ့ကြံ့ခံနိုင် ပါ့မလား”

“မခံနိုင်ဘူး”

ထိုက်ရွမ်အကြီးအကဲက ပြောလိုက်သည်။ “တကယ်လို့ မူလအရင်းအမြစ်က စွမ်းအင်တွေကို ပြန်လည် ဖြည့်သွင်းနိုင်ဖို့ လုံလောက်တဲ့အချိန်သာ ရမယ်ဆိုရင် ရန်သူတွေ ဆက်လက်ပစ်နေမယ်ဆိုရင်တောင်မှ အစီအရင်က ကျိုးပြတ်သွားမှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ အကုန်လုံး ဒုက္ခရောက်သွားလိမ့်မယ်”

“ဒီလိုဆိုမှတော့”

ယွမ်သခင်လေးက ပြောလိုက်သည်။ “တော်ဝင်အစီအရင်ကြီးကို ဖယ်ရှားလိုက်ရအောင်”

“ဒါက”

ထိုက်ရွှမ်အဘိုးအိုသည် တွန့်ဆုတ်လို့ နေခဲ့၏။ တော်ဝင်အစီအရင် ဆိုသည်မှာ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည့်အရာဖြစ်၏။ ထိုအရာကိုသာ ဖယ်ရှားလိုက်မည်ဆိုပါက ရန်သူ့အနေနှင့် တံခါးပေါက် မရှိသည့် အိမ်ထဲသို့ ဝင်ရောက်တိုက်ခိုက်လာပေလိမ့်မည်။

“ဂိုဏ်းချုပ်ရဲ့ ရည်ရွယ်ချက်က ဒီလောကကြီးကို သမမျှတမှုရှိအောင် တည်ဆောက်ဖို့လေ။ ရေတွက်လို့မရတဲ့ သတ္တဝါတွေက ဒီတော်ဝင်အစီအရင်ကြီးကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကို သိရင် အရမ်းဝမ်းနည်းလိမ့်မယ်”

“........” ထိုက်ရွှမ်အဘိုးအိုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ယွမ်သခင်လေးသည် လက်ကို ယမ်းခါပြီးသည့်နောက် သူ၏ ဂိုဏ်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်၏။ သူသည် ရွှေရောင်ကျောက်စိမ်းပြားကို အသာထုတ်ယူကာဖြင့် ခါး၌ချိတ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “အစီအရင်ကို ဖယ်ရှားမယ်။ ဒါအမိန့်ပဲ”

ကျွင်းချောင်ရှောင်း ဤနေရာတွင် မရှိချေ။ တစ်စုံတစ်ယောက်သည် အခြေအနေကို ဝင်ရောက်ကာဖြင့် တာဝန်ယူရန် လိုအပ်နေ၏။

ယွမ်ဖန် - သူ ထိုတာဝန်ကို ယူနိုင်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ပြိုင်စံရှားဂိုဏ်း၏ ဒုဂိုဏ်းချုပ် ဖြစ်နေသောကြောင့်ပင်။

All Chapters