← Chapters

မဟာဗျူဟာ (၃)

Vol. 132 Ch. 1847

မဟာဗျူဟာ (၃)

Vol. 132 Ch. 1847

ရှီမာယူယူသည် အခန်းသို့ ပြန်လာလိုက်သည်။ သိပ်မကြာခင်တွင် ဟွမ် ပြန်လာည်။

“ဘယ်လိုလဲ” သူမ မေးလိုက်သည်။

“ဖြေရှ၈င်းပြီးသွားပြီ” ဟွမ် သူမကို ခေါင်းညိတ်ပြသည်။

နောက်ဆိုလျှင် လန်ယွိ သူ့ကိုမြင်သည်နှင့် ကောင်းမွန်စွာပြုမူမည်ဟု ယုံကြည်သည်။

“ရှင့်အတွက် အခန်းစီစဉ်ပေးထားတယ် ကျွန်မအခန်းဘေးမှာပဲ အဆင် ပြေတယ်မလား” ရှီမာယူယူ မေးလိုက်သည်။

“ပြီးပြည့်စုံပါတယ်” ဟွမ်သည် ထိုစီစဉ်မှုကို ကျေနပ်နေသည်။

“ဒါဆိုလည်း သွားနားတော့လေ… မနက်ဖြန်မနက်ကျရင် ပြိုင်ပွဲကို သွားရဦးမှာ ရှင့်အခန်းကိုလိုက်ပြပေးရဦးမလား” ရှီမာယူယူ မေးလိုက်သည်။

“ရပါတယ် ကျွန်တော် သခင်မလေးနောက်လိုက်တဲ့ အချိန်ကတည်းက လမ်းတွေသိပြီးသားပါ” ဟွမ် ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းတာပြီလေ… ကောင်းသောညပါ” ရှီမာယူယူသည် သူမ အခန်းသို့ပြန်ကာ ဝိညာဉ်စေတီအတွင်းတွင် ရေချိုးပြီးနောက် သက်တောင့်သက်သာပင် အိပ်ပျော်သွားလေသည်။

တည်းခိုဆောင်၏ တခြားတစ်ဖက်တွင် လန်ယွိသည် မျက်နှာရှုံ့မဲ့နေလေ သည် “ဒီဟွမ်ဆိုတဲ့လူက ဘယ်ကလာတာလဲ…. သူ ဘာကောင်းတယ် မကောင်းဘူးဆိုတာကို ပြောတောင်မပြောရသေးဘူး ငါ့ကို ဒီလိုဖြစ်အောင် ရိုက်လွှတ်တယ် ဒီကောင်က ရန်ငြိုးကြီးတာပဲ”

“သူ လက်ပဲသုံးတာတင်ကို မင်း ကျေးဇူးတင်သင့်တယ်” ယွိရှီသည် သူ့ကို ဆေးလိမ်းပေးနေသည် “သူသာ ဝိညာဉ်စွမ်းအင်သုံးမယ်ဆိုရင် အခုလက်ရှိ အခြေအနေထက်တောင် ပိုဆိုးမှာပဲ”

“သူ ဘယ်ကလာလဲဆိုတာ မင်း ပြောနိုင်လား အာ… အသာလုပ်ပါဟ” လန်ယွိသည် နာကျင်သဖြင့် အော်လေသည်။

“မင်းကို ဘယ်သူက မဟုတ်တာတွေ ပြောခိုင်းလို့လဲ… သူ မင်းကို မရိုက် ရင်တောင် ငါ မင်းကို ပညာပေးမိတော့မယ်” ယွိရှီ ပြောလေသည်။

“အင်း… ဟုတ်တယ်… ငါ အဲလိုမပြောသင့်ဘူး ဒါပေမဲ့ ငါ နောက်နေတာ မဟုတ်ဘူး… ပြီးတော့ သူ့အကြောင်း သတင်းများရမလားလို့ ကြည့်ချင်တာ… သူ အဲလောက် အရည်အချင်းမြင့်မယ်လို့ ထင်မထားဘူး” လန်ယွိ၏ နှုတ်ခမ်း တွန့်သွားသည် “ရှီမာယူယူက တစ္ဆေလောကမှာ ဘယ်လောက်ကြာအောင် ရှိနေမှာလဲ အဲလောက် အားကောင်းတဲ့လူတွေက ဘာလို့ သူမကို ကာကွယ်နေ ကြတာလဲ”

“ပြီးတော့ အဲလူရဲ့အသက်ရှုပုံက နည်းနည်းထူးဆန်းတယ်” ယွိရှီသည် ဆေးလိမ်းပေးရင်း ပြောလေသည် “သူမ သူနဲ့ ဘယ်လိုတွေ့တာလဲမသိဘူး”

“သူက သူမကို ကာကွယ်ဖို့လာတယ်လို့ တစ်ဖက်လူပြောနေမှတော့ အခု လက်ရှိတော့ သူက ရန်သူမဟုတ်ဘူး” လန်ယွိ ပြောလိုက်သည်။

ယွိရှီသည် ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်လိုက်သည်။ တိတ်ဆိတ်မှု သည် သူ့ကို ခေါင်းကိုက်စေသည် “ငါ အနစ်နာခံလိုက်တာက ငါတို့အတွက်ပဲ လေ အဲဒါကြောင့် သူက ရန်သူတော့မဟုတ်ဘူးမလား”

“သူမက ငါတို့အတွက် ကြားလူဖြစ်နေတယ်ဆိုတော့ သူက ရန်သူမဟုတ် ဘူး” ယွိရှီ၏ စကားလုံးများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချစေ သည်။ သူသည် ဤမျှအားကော်ငးသောလူနှင့် ရန်သူမဖြစ်စေချင်ပေ။ ဟွမ် သည် အလွန်အားကောင်းကာ သူ့ကို မိနစ်ပိုင်းအတွင်း အပြုတ်ဖြုတ်နိုင်သည် ဟု ခံစားရသည်။

“အိုး… နာလိုက်တာ အသာလုပ်ပါဟ”

“မင်းကို ဒီလိုလုပ်ဖို့ ငါခိုင်းတာမဟုတ်ဘူးလေ”

“မင်း အဲလောက် ကျေးဇူးမကန်းနဲ့လေ”

“ကျေးဇူးကန်းတယ်ဟုတ်လား”

“….”

….

နောက်နေ့မနက်အစောတွင် ရှီမာယူယူသည် ဖန်းရင်ဟန်နှင့် တခြားသူ များနှင့်အတူ ပြိုင်ပွဲကွင်းသို့ သွားသည်။ မုရုန်ဟွေ့သည် ညလယ်တွင် ပျောက် သွားခဲ့သည်။ ပြိုင်ပွဲ နောက်တစ်ဆင့်သို့ မတက်နိုင်သူများသည် သည်တစ် ခေါက်တွင် ပွဲကြည့်ရန် လိုက်မလာကြပေ။

သူတို့ ပြည်နယ်တင်သာမကဘဲ တခြားသောပြည်နယ်များကပါ လိုက် မလာကြပေ။ ထို့ကြောင့် ယနေ့ပြိုင်ပွဲမှာ ကြည့်ရှုသူ အတော်နည်းနေသည်။ ယနေ့အခြေအနေကို ကြည့်လိုက်သည်နှင့် တစ်စုံတစ်ရာဖြစ်တော့မည်ဟု သေချာသလိုရှိသည်။

ပြိုင်ပွဲစတင်သည့်အချိန်တွင် တယွိနန်းတော်မှ မည်သူမှ ရောက်မလာကြ ပေ။ တင်ဆက်သူနှင့် ဒိုင်လူကြီးတို့သာ ပွဲကိုဆက်လုပ်သည်။

“ပြိုင်ပွဲဝင်များ ရှေ့ထွက်လာပြီး နံပါတ်ဆွဲလိုက်ပါ” တင်ဆက်သူသည် အဖွင့်ကြေညာချက်များ ပြောမနေတော့ဘဲ ပြိုင်ပွဲဝင်များကို ရှေ့ထွက်လာပြီး နံပါတ်ဆွဲရန် ညွှန်ကြားလိုက်ပြီး သူတို့၏ အဆောင်ကို ကောက်ကိုင်လိုက် သည်။

ဤတစ်ဆင့်ပြိုင်ပွဲမှာ လက်ရွေးစင်များဖြစ်သဖြင့် နံပါတ်စဉ် အုပ်စု အလိုက် ဗလာနယ်မြေသို့ဝင်သွားကြကာ လူအယောက် ၁၅၀ အထိ လျှော့ချရ မည်။ ထို့ကြောင့်ပင် အပြင်မှ ပွဲကြည့်ပရိသတ်များသည် ကြည့်ရသည်မှာ ပို၍ အဆင်ပြေနေသည်။

လူ ၃၀၀ ပါ အဖွဲ့ ၄ ဖွဲ့အတွင်းတွင် ရှီမာယူယူသည် နောက်ဆုံးအဖွဲ့ကို ရွေးမိပြီး ရှေ့ပြိုင်ပွဲများပြိုင်ပြီးသည်အထိ စောင့်ကာ ကွင်းထဲသို့ ဝင်ရသည်။

ဖန်းရင်ဟန်နှင့် ကျန်းမင်တတို့သည် ပထမဆုံးအဖွဲ့တွင်ပါဝင်ကြကာ သူတို့၏ နံပါတ်များသည် ၂၅ နှင့် ၄၀ တို့အသီးသီးရကြသည်။ သူတို့နှစ်ယောက် လုံးသည် ဆေးများနှင့် ရှီမာယူယူ ပေးထားသော တစ်ခါသုံး ဝင်္ကပါကိုသုံးပြီး နောက်တစ်ဆင့်သို့ အဆင့်တက်ကြသည်။

“မဆိုးဘူး” ရှီမာယူယူသည် သူတို့ကို ပြုံးပြလိုက်သည်။

“အဆင့်တက်ဖို့က သခင်မလေးအပေါ်မှာ မူတည်သွားတာပါ” ကျန်းမင်တသည် ရှီမာယူယူကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

သည်တစ်ခေါက် ပြိုင်ပွဲတွင် အဆင့်တက်သွားပါက ထိပ်တန်း အယောက် ၃၀၀ အတွင်းရောက်သွားမည်ဖြစ်သည်။ ဤအဆင့်သို့ရောက်ရန် သူတို့သည် မိမိတို့တိုင်းပြည်၏ အပြင်းအထန်လေ့ကျင့်မှုကိုခံခဲ့ရသည်။ သူတို့၏ အနာဂတ် ပေါက်မြောက်မှုမှာလည်း သက်သေပြရန်မလိုတော့ပေ။ သူတို့သာ အဆင့် တက်နိုင်ပါက ပိုကောင်းသွားပေမည်။

သို့သော် ဤမျှကျွမ်းကျင်လှသော ပြိုင်ဘက်များကို ရင်ဆိုင်ရချိန်တွင် နောက်တစ်ဆင့် ထပ်တက်မည်ကိုတော့ မမျှော်လင့်ထားပေ။ သူတို့သည် လက်ရှိ ရောက်နေသော အဆင့်၌ပင် ကျေနပ်လျက်ရှိသည်။

“သွားနားပြီး ဒဏ်ရာတွေကို ကုလိုက်ကြတော့” ရှီမာယူယူသည် သူတို့ကို ခေါင်းညိတ်ပြပြီး တခြားဘာမှမပြောတော့ပေ။

“အင်း”

သူမ၏ ယနေ့ခံစားချက် မတည်ငြိမ်သည်ကို ဖန်းရင်ဟန်နှင့် ကျန်းမင်တ တို့ သိသဖြင့် သူတို့နေရာသို့သာ လိမ်လိမ်မာမာနဲ့ ပြန်ကြလေသည်။ သူတို့ သည် ဆေးတစ်လုံးသောက်ကာ ဒဏ်ရာများကို ကုစားရင်း ပြိုင်ပွဲကို ဆက် ကြည့်နေလိုက်ကြသည်။

ယွမ်ယွမ်နှင့် မိုကျိတို့ ရောက်မလာပေ။ လန်ယွိလည်း အရိုက်ခံထားရ သောကြောင့် မျက်နှာမှာဖူးယောင်နေသဖြင့် ပေါ်မလာပေ။ ထို့ကြောင့် ယွိရှီနှင့် ဟွမ်တို့သာ ရှီမာယူယူကို အဖော်ပြုပေးနေသည်။ သူမ စိတ်မအေးဖြစ်နေသည် ကို သူတို့ သိကြသည်။

“အဆင်ပြေသွားမှာပါ” ယွိရှီ ပြောလိုက်သည် “မင်းအဖေရဲ့ လွှမ်းမိုးမှု လည်းရှိနေသေးတော့ ရှေ့တန်းတော့ အပို့မခံရလောက်ပါဘူး”

“အဲဒါက ကျွန်မကို နှစ်သိမ့်ဖို့ကြိုးစားနေတာလား” ရှီမာယူယူသည် ဆွံ့အ သွားသည် “အဖေ့ရဲ့ အင်အားက အရမ်းမသန်မာပေမဲ့ မင်းသားအင်အားစုရဲ့ ပင်တိုင်အဖွဲ့ဝင်တစ်ယောက်ပါ”

“အဆင်ပြေသွားမှာပါ” ဟွမ်လည်း သူမကို နှစ်သိမ့်ပေးလေသည်။

“ဒီနေ့ ဘယ်နယ်စားမှမလာကြဘူး… သူတို့လည်း ကြင်ယာတော် မင်းသမီး ဒါမှမဟုတ် တယွိမင်းသားနောက်ကို လိုက်သွားကြတာနေမှာ” ရှီမာယူယူ သက်ပြင်းချလေသည် “ဒီနေ့ ဒီကပြိုင်ပွဲဝင်တွေက ဒီနေ့အခြေအနေ ကို ရင်ဆိုင်စရာမလိုတော့ ကံကောင်းတယ်လို့ထင်တာပဲ”

ရှီမာယူယူ၏ ဝမ်းနည်းသော ပုံစံကို ယွိရှီ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ သဘောမတွေ့လှပေ။ ထို့ကြောင့် သူ စကားလမ်းကြောင်းလွှဲပြီး ပြောလိုက်သည် “ဒီနေ့ မင်း အားကောင်းတဲ့ ပြိုင်ဘက်နဲ့များတွေ့မလားမသိဘူး မင်းရဲ့ အင်အားကိုကြည့်ဖို့ ငါတို့စောင့်နေတယ်”

“ကျွန်မကို အဲလောက်တောင် ယုံတာလား ကျွန်မက လေထွားတာဖြစ် မယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ရှီမာယူယူသည် လှည့်ပြီး သူ့ကိုမေးလိုက်သည်။

ယွိရှီ ရယ်မောလေသည် “မင်းကလား”

ရှီမာယူယူသည် နှုတ်ခမ်းဆူလေသည်။ သူ၏ တုံ့ပြန်ချက်မှာ မရယ်ရပေ “ဒီနေ့ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်နဲ့မတွေ့ရပါစေနဲ့လို့ ဆုတောင်းပါ တယ်”

“ဒါကတော့ မင်းကံပေါ်မှာပဲမူတည်မှာပဲ”

သူမ ကံမှာ အလွန်ကောင်းနေသည်ကို အချိန်က ပြသွားသည်။ သူမနှင့် တွေ့ရသော ပြိုင်ဘက်မှာ တော်သော်လည်း သူမ လှုပ်ရှားရန်ပင်မလိုလိုက်ပေ။

သို့သော် သူမ၏ ပြိုင်ဘက်တွင် ပိုအားကောင်းသော သားရဲရှိသဖြင့် ရှီမာယူယူသည် အမည်းလေးကို ခေါ်ထုတ်ရသည်။ အစတော့ ဝိညာဉ်စွမ်းအင် မရှိသည့် အမည်းလေးကို အားလုံးမြင်သောအခါ အသုံးမဝင်သည့် ခွေးကို ခေါ် ထုတ်လာရအောင် ရှီမာယူယူသည် ဆင်းရဲသလားဟု အားလုံးတွေးကြလေ၏။ သို့သော် အမည်းလေး၏ အမြန်နှုန်းကိုမြင်သောအခါ သူတို့အားလုံး ကြက်သေ သေကြသည်။

ထို့ကြောင့်ပင် သူမသည် သာမာန်မရဏာသားရဲများကို စိုးရိမ်ပူပန်ခြင်း မရှိပေ။

ရှီမာယူယူ ပြန်ရောက်လာချိန်တွင် ယွိရှီ၏ ဖော်ပြမရသော မျက်နှာထား ကိုမြင်သောအခါ နှုတ်ခမ်းတွန့်ပြီး ပြုံးလိုက်သည် “ကျွန်မ အားကိုမပြလိုက်ရလို့ စိတ်မကောင်းပါဘူး ဦးလေး”

ယွိရှီသည် မျက်ခုံးများကို ပင့်လိုက်သည် “ကြည့်လို့ရပါသေးတယ်”

“နောက်ကျနေပြီ ကိစ္စတွေက အခုလောက်ဆို ဖြေရှင်းပြီးလောက်ပြီ” ရှီမာယူယူသည် အဝေးရှိကောင်းကင်ကြီးကို ကြည့်လိုက်သည်။

“ဘယ်သူနိုင်မယ်လို့ထင်လဲ” ယွိရှီ မေးလိုက်သည်။

“ပြောဖို့မလိုဘူးလေ အဖေ့ကို ယုံထားပြီးသားပဲ” ရှီမာယူယူ ပြောလိုက် သည်။

“မင်းက ရလဒ်ကိုတောင် သိပြီးနေပြီလား”

“ပြောပြီးပြီလေ ကျွန်မမှာ အရင်းအမြစ်တွေရှိပါတယ်လို့” ရှီမာယူယူ ပြောလိုက်သည် “အပြင်က ကိစ္စတွေ ပြီးပြီဆိုတော့ ငါတို့အခု ပြန်လို့ရပြီ”

ထိုအချိန်တွင် တပ်သားတချို့သည် အပြင်မှပြေးဝင်လာရာ ထွက်သွား တော့မည့် ပြိုင်ပွဲဝင်များသည် ရပ်တန့်သွားကြလေသည်။

“ဘာဖြစ်လို့လဲ”

တချို့မှာ အဖြစ်အပျက်ကိုမသိကြပေ။ သို့သော် ရှီမာယူယူတို့သည် သိ ထားပြီးသားဖြစ်သည်။ ထို့ကြောင့် တပ်သားများနှင့် တချို့သော ပြိုင်ပွဲဝင်များ ပြိုင်ပွဲကွင်းမှ ထွက်သွားသည်ကို မြင်ရသည်မှာ မအံ့ဩတော့ပေ။

***

All Chapters