သူမအတွက်လာခြင်း
Vol. 132 Ch. 1848
ခေါ်သွားခံရသော လူများကိုကြည့်ပြီး သူတို့၏ ခန့်မှန်းချက် မှန်ကန်နေ သည်ကို သေချာသွားသည်။
ကြင်ယာတော်မင်းသမီးနှင့် သူမ၏ ကလေးများသည် ကျရှုံးသွားလေပြီ။
တပ်သားများထွက်သွားပြီးနောက်တွင် ဖန်းရင်ဟန်သည် ရှီမာယူယူအား ပြောလေသည် “ပြန်ကြတာပေါ့”
“ဟုတ်ပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သို့သော် ခြေလှမ်း အနည်း ငယ်လှမ်းပြီးနောက်တွင် သူမ၏ မျက်နှာသည် ရုတ်တရက်ပြောင်းသွားပြီး ယွိရှီ ကိုပြောလိုက်သည် “ဦးလေး သူတို့ကို ခေါ်သွားပေးလို့ရမလား”
“ဘာဖြစ်လို့လဲ”
“ကျွန်မ လုပ်စရာရှိသေးလို့ ကျေးဇူးပဲနော် ဦးလေး” ပြောပြီးသည်နှင့် ရှီမာယူယူ ပျောက်သွားလေသည်။
ယွိရှီနှင့် ဖန်းရင်ဟန်တို့နှစ်ယောက်လုံးသည် ရှီမာယူယူ ချက်ချင်းကြီး ပျောက်သွားလိမ့်မည်ဟု ထင်မထားသဖြင့် အံ့အားသင့်သွားကသည်။ ဟွမ်သည် လည်း ချက်ချင်းပင် သူမနှင့်အတူ ထွက်သွားလေသည်။ သူမ လုပ်စရာဆိုသည် ကို ယွိရှီ သိချင်သော်လည်း နောက်မှလိုက်သွားရန် လက်လျော့ကာ ဖန်းရင်ဟန် နှင့် ကျန်းမင်တတို့ကို ကြည့်လိုက်သည်။
သူမ၏ ညွှန်ကြားချက်ကိုလည်း လျစ်လျူရှု၍မရပေ။
“သခင်မလေးက ဘယ်လိုလုပ် ဒီအတိုင်းပျောက်သွားတာလဲ” ကျန်းမင်တသည် ဖန်းရင်ဟန်၏ လက်ကိုယူပြီး ရှီမာယူယူ ရပ်သွားသည့်နေရာ ကို ကြည့်နေသည်။
“သခင်မလေးက အဲလောက် အားကောင်းလိမ့်မယ်လို့ ထင်မထားဘူး…” ဖန်းရင်ဟန်သည်လည်း ရှီမာယူယူကြောင့် လန့်နေသည်။
“သွားကြမယ် မင်းတို့ကို အရင်လိုက်ပို့မယ်” ယွိရှီ လှည့်ပြီးနောက် ရှေ့မှ ဦးဆောင်လျှောက်သွားပြီးသည်နှင့် တစ်ယောက်တည်း ရေရွတ်လိုက်သည် “ဒီ ကောင်မလေးကတော့ လျှို့ဝှက်လိုက်တာ… ဒါပေမဲ့ သူမ စွမ်းအားကို ပြတဲ့ အချိန်ကတော့ တကယ်ကို မိုက်တာပဲ တကယ်ကို…”
ရှီမာယူယူ သွားမည့်နေရာမရောက်ခင်တွင် ဟွမ်မှီလာသည်။ သူတို့နှစ် ယောက်သည် လမ်းတစ်လျှောက် ဘာမှမပြောကြပေ။ သူမသည် သူ့ကို မင်းသား ၇ ၏အိမ်တော်ဆီသို့ တိုက်ရိုက်ခေါ်သွားလိုက်သည်။ ထိုနေရာတွင် ပွဲမပြီးသေးပေ။ မင်းသား ၇ ယွိချီသည် သူ့လူများနှင့် ခေါင်းမာမာဖြင့် ခုခံနေ တုန်းပင်။
ယွိယန်းသည် သူ့လူများနှင့် မင်းသားအိမ်တော်ကို တိုင်းထားပြီး အနောက်ဘက်ခြံဆီသို့ နောက်ဆုတ်ရန် ဖိအားပေးနေသည်။ နောက်ဆုတ်ရန် နေရာမကျန်တော့သည်နှင့် သူတို့နှစ် လေးဖက်လေးလံ ပိတ်မိသွားသည်။“”
“ညီတော် ၇ ထွက်ပြေးစရာနေရာမရှိတော့ဘူး ကျိုးကျိုးနွံနွံနဲ့ပဲ အညံ့ခံ လိုက်တော့” ယွိယန်းသည် အဖွဲ့၏ရှေ့သို့ထွက်လာပြီး ယွိချီကို ချော့လေသည်။
ယွိယန်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို ကြည့်ပြီး ယွိချီသည် အေးစက်စွာ နှာမှုတ်လိုက်သည် “လျှို့ဝှက်ချက်အကြီးစားရှိတဲ့လူက မင်းဖြစ် လိမ့်မယ်လို့ထင်မထားဘူး ဒီလောက်နှစ်တွေအများကြီးမှာ မင်းက လုံးဝကို ဖုံးထားနိုင်တာပဲ”
“ငါက မင်း ဖိအားပေးတာကိုခံရတာပါ” ယွိယန်းသည် အင်္ကျီလက်ကို သပ်လိုက်သည် “ငါသာ အားနည်းချက်ကို ပြမထားရင် ငါ့မယ်တော်နောက် လိုက်သွားနေရလောက်ပြီ… အခုထိ အသက်ရှင်နေဦးမယ်လို့ မင်းထင်လား”
“ဟင်း… မင်းက မင်းခန္ဓာကိုယ်ကို အသုံးချခဲ့တာပဲ ဘယ်လောက် ရက်စက်လိုက်သလဲ… ခမည်းတော်က မင်းလျှို့ဝှက်ချက်ကို သိထားပေမဲ့ အကုန်လုံးကို အကြာကြီး လျှို့ဝှက်ထားပေးခဲ့တာပဲ… သူက ညီတော်လေးကို အလိုလိုက်ဆုံးလို့ အကုန်လုံးက ပြောကြတာ… ဒါပေမဲ့ ကြည့်ရတာ အဲဒါက သူ့ ရဲ့အပေါ်ယံပဲဖြစ်တဲ့ပုံပဲ… သူမ မင်းကို နန်းပေးချင်နေတာ ကြာပြီပဲ”
“မင်းသာ ခမည်းတော်အပေါ် သစ္စာရှိရင် သူက မင်းကိုလက်လျော့မှာ မဟုတ်ဘူး ဒါပေမဲ့ မင်းက သူ့ကိုသစ္စာမရှိခဲ့ဘူး” ယွိယန်း ပြောလိုက်သည်။
“ဟားဟား… ဒါပေါ့ ငါ့သစ္စာက သူ့အတွက်မဟုတ်ဘူး… သူက ငါ့ ခမည်းတော်မဟုတ်ဘူး… သူလည်းသိတယ်.. အဲဒါကြောင့် သူက ပုလ္လင်ကို ငါ့ကိုပေးဖို့ ဘယ်တော့မှ တွေးခဲ့တာမဟုတ်ဘူး… အဲလိုဆိုမှတော့ ငါလည်း ငါ့ ဘာသာယူရတော့မှာပေါ့… အဲဒါဘာမှားနေလို့လဲ”
“ကြည့်ရတာ မင်း ဒီအကြောင်းတွေ သိထားတာကြာပြီထင်တယ်” ယွိယန်းပြောလိုက်သည် “ဒါဆိုလည်း ကြင်ယာတော်မင်းသမီးနဲ့ မင်းရဲ့ အဖေ အရင်းတို့ အဖမ်းခံလိုက်ရပြီဆိုတာကိုလည်း သိသင့်တာပေါ့ အဲဒီတော့ မင်း အခုပဲ အညံ့ခံလိုက်တော့”
“အညံ့ခံရမယ်ဟုတ်လား အစ်ကိုတော် ၂ ငါ့ကို ငတုံးလို့ထင်နေလား မဟုတ်ရင် မင်းကပဲ ရိုးစင်းလွန်းတာလား” ယွိချီ ပြုံးလိုက်သည် “ငါသာ အညံ့ခံ လိုက်ရင် အကြာကြီးအသက်ရှင်နိုင်မှာမဟုတ်ဘူး… ငါ အဲလောက် မတုံးဘူး”
“မင်း ဆက်ပြီးခုခံနေရင် သွားစရာနေရာမရှိတော့ဘူး… မင်းသာ ဒီလမ်း ကိုပဲ ဆက်ရွေးမယ်ဆိုရင် ချင်ချင်းသေသွားမှာပဲ” ယွိယန်း ပြောလိုက်သည် “ငါတို့က နှစ်ပေါင်းများစွာ ညီအစ်ကိုဖြစ်ခဲ့တာဆိုတော့ အဲလိုမလုပ်ဖို အကြံပေး ချင်တယ်”
“မင်းက ငါ့ကို သတ်ချင်နေတာပဲ အဲလောက်လုပ်ဖို့မလိုပါဘူး” ယွိချီ အော် ပြောလေသည် “ငါ သေချာပေါက် ထွက်ပြေးမဘ်”
“ထွက်ပြေးမယ်ဟုတ်လား ရှင်ကလေ” ရှောင်ရော့ပိုင်သည် တံခါးဖွင့်ကာ အထဲမှထွက်လာသည်။ သူ၏ သူမဆီသို့ ချက်ချင်းအာရုံသွားသည်။
“ရှော့ပိုင် ငါ မင်းကိုလာခေါ်မလို့ပဲ” ယွိချီသည် ရှောင်ရော့ပိုင်ဘေးသို့ လျှောက်လာသည်။ သူ၏ ချစ်ခြင်းများဖြင့် ပြည့်နေသည့် အကြည့်မှာ အစစ် အမှန်အတိုင်းပင်။
“ရှင်က ကျွန်မကိုခေါ်ဖို့ လာတယ်ဟုတ်လား” ရှောင်ရော့ပိုင်၏ နှုတ်ခမ်း သည် လှောင်ပြောင်သလို တွန့်တက်သွားသည်။
“ဟုတ်တယ်လေ မင်းကို ခေါ်ဖို့လာတာလေ” ယွိချီသည် သူမကို ကြည့် လိုက်သည် “နည်းနည်းတော့ ခက်ခဲပေမဲ့ ငါတို့ ထွက်သွားလို့ရပါသေးတယ်”
“ဒါပေမဲ့ ကျွန်မက ရှင်နဲ့မသွားချင်ဘူး” ရှောင်ရော့ပိုင် ပြောလိုက်သည် “ကျွန်မက ဒီမှာ ဘယ်တုန်းကမှ မနေချင်ခဲ့ဘူး”
“မဟုတ်ဘူး မင်း ငါနဲ့အတူ ထွက်သွားရမယ် ရော့ပိုင် မင်းမှာ ရွေးချယ် စရာမရှိဘူး” ယွိချီသည် သူမကို ကြည့်ပြီး ငြင်းဆန်ခွင့်မပေးပေ။
ရှောင်ရော့ပိုင်သည် သူ့ကို ပြန်ကြည့်လိုက်သည် “ရှင်ဘာလိုချင်လဲဆိုတာ ကျွန်မသိတယ် ဒါပေမဲ့ ရှင်နဲ့ ကျွန်မ မလိုက်နိုင်ဘူး”
ယွိချီသည် ဓားရှည်ကိုဆွဲထုတ်ပြီး သူမ၏ လည်တိုင်ပေါ်သို့တင်ပြီး ပြော လိုက်သည် “ငါက စိတ်ရှည်တဲ့လူမဟုတ်ဘူးနော်.. ရှော့ပိုင် မင်း ငါ့အကြောင်း သိပါတယ်… မင်း ဒီနေ့ ငါနဲ့မလိုက်ရင် မင်းကိုဒီမှာပဲအဆုံးသတ်ပေးလိုက်မယ်”
“ဒါဆိုလည်း လုပ်လိုက်လေ” ရှောင်ရော့ပိုင်သည် ကြောက်ရွံ့ခြင်းမရှိပေ “ရှောင်မျိုးနွယ်တစ်ခုလုံး ပျက်စီးပြီးသွားပြီ… ဒီ ၂ နှစ်မှာ ကျွန်မဘဝကလည်း အခိုးခံခဲ့ရတယ်… ဒီနေ့ ကျွန်မသွားပြီး သူတို့နဲ့ ပူးပေါင်းမယ်… အဲဒါက ကျွန်မ အတွက်ကောင်းတဲ့လမ်းပဲ”
“မင်းဘဝက အခိုးခံရတယ်ဟုတ်လား” ယွိချီသည် ထိုစကားကို ကြားသောအခါ ရုတ်တရက် ပြုံးလေသည် “ငါ မင်းအပေါ်ကို ဒီလောက်တောင် အားထုတ်ခဲ့တာ… မင်းကတော့ အခု ဒီလိုပြောတယ်ပေါ့”
“အခုထိကို ရှင်က ရှင့်ကိုယ်ရှင် အဟုတ်ကြီးထင်နေတာလား ဒါပေမဲ့ ရှင် ကအမြဲတမ်း ဒီလိုပဲထင်ပါတယ်” ရှောင်ရော့ပိုင်သည် မေးကိုပင့်လိုက်သည် “ရှင် လုပ်ချင်သလိုသာ လုပ်တော့”
“မင်းသား ၇ ဒီလိုမျိုး ဆက်သွားလို့မဖြစ်ဘူး” သူ့နောက်မှလူများသည် တိုက်တွန်းလေသည်။
ယခုအချိန်တွင် ထွက်ပြေးရမည်ဖြစ်ကြောင်းကို ယွိချီ သိသည်။ သူသည် ရှောင်ရော့ပိုင်၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာကိုကြည့်ပြီး ဓားရှည်ကိုချ လိုက်သည်။
“ချွင်…”
ကျောက်တုံးသေးတစ်တုံးသည် ယွိချီ၏ လက်ထဲမှဓားရှည်ကို မှန်သွား လေသည်။ သို့သော် သူ အမြန်ပင်တုံ့ပြန်ကာ ရှောင်ရော့ပိုင်ကို ဆွဲပြီး သူမ၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။
ထိုနေရာမှလူများသည် ကျောက်တုံးလာရာလမ်းကို ကြည့်လိုက်ရာ ရှီမာယူယူနှင့် ဟွမ်တို့သည် တဖြည်းဖြည်းထွက်လာလေသည်။
“မင်းလား” ယွိချီသည် သူမအား တအံ့တဩကြည့်လေသည်။ သူမ ဤ နေရာသို့ ရောက်လာမည်ဟု သူ ထင်မထားပေ။
ရှောင်ရော့ပိုင်သည် သူမကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ အရောင်လက်သွားသော်လည်း ဘာမှမပြောပေ။
“ရှီအာ ဘာလို့ ဒီကိုရောက်လာတာလဲ” ရှီမာယူယူ ရောက်လာသဖြင့် ယွိယန်းသည်လည်း အံ့ဩနေသည်။
“ရော့ပိုင်ကို လာခေါ်တာပါ” ရှီမာယူယူ ပြောလိုက်သည်။
ယွိချီသည် ခေါင်းငုံ့ကာ ရှောင်ရော့ပိုင်၏ နားရွက်ကို ကိုက်လိုက်သည် “ဟားဟား ငါ့ရန်သူက မင်းကို သူငယ်ချင်းအဖြစ် သတ်မှတ်ပြီးတော့ မင်းကို လာကယ်တာဖြစ်မယ်”
ရှောင်ရော့ပိုင်သည် ရှီမာယူယူကို ကြည့်နေသော်လည်း ဘာမှမပြောပေ။
“အစ်ကိုတော် ၂ မုရုန်ဟွေ့နဲ့ မုရုန်ရှီတို့က မင်းတို့ဘက်ကဆိုတာကို ငါ သိ တယ်… ငါတို့ ဘာလို့အလဲအလှယ် မလုပ်ရမှာလဲ… ငါ မင်းကို ရှောင်ရော့ပိုင်ကို ပေးမယ် ငါ့ကိုသွားခွင့်ပေး… ဘယ်လိုလဲ” ယွိချီ မေးလိုက်သည်။
ယွိယန်းသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သို့သော် ထိုအကြည့်သည် ယွိချီ၏ သံသယကို အတည်ပြုပြီးသားဖြစ်သွားသည်။
မုရုန်ရှီသည် သူ့စိတ်ထဲတွင် နေရာတစ်ခုရှိပြီးသားဖြစ်ရမည်။ သူမသည် ရှောင်ရော့ပိုင်ဆီမှလည်း လေးစားမှုရရှိထားသည်။ ထို့ကြောင့် ရှောင်ရော့ပိုင် သည် ယနေ့တွင် သူ၏ အပေးအယူဖြစ်နိုင်သည်။
ရှီမာယူယူသည် သူ့အတွေးများကို မြင်နေရသဖြင့် ပြောလိုက်သည် “ရှင် က သူမကို အပေးအယူအနေနဲ့ အသုံးချချင်နေတာမလား”
“ဟုတ်တယ် ဘယ်လိုလဲ မုရုန်ရှီ… မင်း ရှောင်ရော့ပိုင်ကို အသက်ရှင် လျက် လိုချင်တယ်ဆိုရင် ငါ့ကိုထွက်သွားခွင့်ပြုရမယ်… မင်းနဲ့အတူရှိနေတဲ့လူ က အရမ်းကိုအားကောင်းမှန်း ငါ သိတယ်… မင်းသာ သဘောတူရင် သူမကို ခေါ်သွားလို့ရမယ်… ဘာမှတော့ လှည့်စားမယ်မကြံနဲ့ သူမကို ချက်ချင်းသတ် ပစ်လိုက်မယ်”
“ကျွန်မတို့နဲ့ ညှိနှိုင်းခွင့်ရှိမယ်လို့ထင်နေတာလား ရှင်က ရော့ပိုင်ကို သတ် ချင်နေတာပဲမဟုတ်ဘူးလား” သူမ ပြောပြီးသည်နှင့် ယွိချီနှင့် ရှောင်ရော့ပိုင်၏ ရှေ့တွင်ပေါ်လာကာ သတိပင်မပေးဘဲ သူမ၏ လက်ကိုဆုပ်ကိုင်လိုက်သည်။
***