သူမ ထွက်သွားသေးတယ်
Vol. 133 Ch. 1849
ယွိချီသည် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သူ၏ လက်ကောက်ဝတ်တွင် ထုံကျဉ်မှုကိုသာ ခံစားရပြီး ထိုလူမှာလည်း ပျောက်ကွယ်သွားလေသည်။
“အာ…”
သူသည် နောက်လက်တစ်ဖက်ဖြင့် လက်ကိုမ,လိုက်သည့်အချိန်တွင် လက်ကောက်ဝတ်တွင် ချည်ထိုးအပ်တစ်ချောင်းစိုက်နေသည်ကိုမြင်လိုက်ရ သည်။
သူ အပ်ကို အားပါပါဆွဲထုတ်ပြီးလိုက်ပြီးနောက် လက်ကောက်ဝတ်မှာ ခံစားချက်ပြန်ရလာသည်။ ထိုအချိန်တွင် ရှီမာယူယူသည် ရှောင်ရော့ပိုင်နှင့် လေပေါ်သို့ ရောက်နေပြီဖြစ်သည်။
“ဘယ်လိုလဲ ရှင့်ကိုပြောပါတယ် ရှင်က ကျွန်မကို ခြိမ်းခြောက်ဖို့ကိုမတန် တာ” ရှီမာယူယူ ပြောလိုက်သည် “မင်းသား ၂ နောက်ပိုင်း ဖြစ်မယ့်ကိစ္စတွေမှာ ကျွန်မကို စိတ်ပူဖို့မလိုတော့ဘူး”
“သွားကြတော့” ယွိယန်း လက်ဝေ့ယမ်းလိုက်သည်နှင့် သူ့အနောက်မှ လူများသည် ယွိချီတို့ကို တိုက်ခိုက်လေသည်။
“ဟွမ် ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူသည် ဟွမ်ကို ကြည့်လိုက် သည်နှင့် သူသည် သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူ လက်တစ်ချက် ဝှေ့လိုက်သည်နှင့် လေဟာနယ်တစ်ခုလုံးကို ချိပ်ပိတ်ပြီးသားဖြစ်သွားသည်။
ယွိချီနှင့် တခြားသူများသည် လေဟာပြင်ဖွင့်ကာ ထွက်ပြေးမည်အပြု တွင် လေဟာနယ်မှာ ဖွင့်မရတော့သည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ယွိချီသည် အညံ့မခံသဖြင့် ယွိယန်း၏ ခေါင်းဖြတ်ခြင်းကို ခံလိုက်ရကာ သူ့နောက်လိုက်များအားလုံးလည်း အသတ်ခံလိုက်ရတော့သည်။
“ရှီအာ ငါ ခမည်းတော်ကို သတင်းသွားပို့ရဦးမယ် ငါ သွားနှင့်တော့မယ် သတိထားပါ” ပြောပြီးသည်နှင့် ယွိယန်းသည် မင်းသား ၇ အိမ်တော်၏ အခြေအနေကို ထိန်းချုပ်ရန် လူတချို့ကို ထားခဲ့ပြီး တချို့ကိုခေါ်ကာ ထွက်သွား လေသည်။
“ငါ နင့်ကို ကျေးဇူးတင်မှာမဟုတ်ဘူး” ရှောင်ရော့ပိုင် ပြောလေသည်။
“နင် ကျေးဇူးတင်ဖို့ကိုလည်း မမျှော်လင့်ပါဘူး” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ ငါ့သရုပ်မှန်ကို ယွိချီကို မပြောလိုက်တာကိုတော့ ငါ နင့်ကို ကျေးဇူးတင်တယ်”
ရှောင်ရော့ပိုင်သည် အဝေးသို့ကြည့်ပြီး ပြောလေသည် “ငါက ကတိတည် ရုံတင်ပါ နင့်ကြောင့်မဟုတ်ဘူး”
“ရလဒ်ကတော့ အတူတူပဲလေ” ရှီမာယူယူ ပြောလိုက်သည်။
“မုရုန်မိသားစုက ငါ့ရှောင်မိသားစုကို ဖျက်ဆီးခဲ့တယ်… နင် ငါ့အသက်ကို ကယ်ခဲ့တယ်… အခုကစပြီး ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘာအတွက်မှ အကြွေးမတင်တော့ဘူး… ငါ့ကို လာမရှာပါနဲ့တော့… ငါလည်း နင့်ကိုလာမရှာ တော့ဘူး နှုတ်ဆက်ပါတယ်” ရှောင်ရော့ပိုင်သည် ပြောပြီးသည်နှင့် လှည့်ထွက် သွားလေသည်။
ရှီမာယူယူသည် သူမ တဖြည်းဖြည်းဝေးသွားသည်ကို စောင့်ကြည့်နေ သည်။ သို့သော် နောက်မှလိုက်သွားခြင်းလည်း မရှိပေ။
“သူမနောက်ကို လိုက်မသွားဘူးလား” ဟွမ် မေးလိုက်သည်။
သူသည် ရှီမာယူယူ၏ နဘေးတွင် တစ်ချိန်လုံးရှိလာသဖြင့် သူမနှင့် ရှောင်ရော့ပိုင်အကြားမှ အဖြစ်အပျက်များကို သိသည်။ ပြီးနောက် သူမ၏ ခံစားချက်ကိုလည်း သိထားသည်။
“မလိုက်ဘူး” ရှီမာယူယူသည် ခေါင်းကိုအသာယမ်းလိုက်သည် “အခု သူမ နောက်လိုက်တာ မသင့်တော်ဘူး… သူမကို မသက်မသာဖြစ်စေလိမ့်မယ်”
“သူမကို စိတ်မပူဘူးလား”
“ငါ ကုန်းဇီယွမ်ကို သတင်းပို့ပြီးပြီ သူက သူမကို ဂရုစိုက်ပါလိမ့်မယ်” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “ပြန်ရအောင်”
သူမသည် မင်းသား ၇ အိမ်တော်၏ အပျက်အစီးများကို စိုက်ကြည့်ရင်းနှင့် သူမ၏ ခန္ဓာကိုယ်သည် လေဟာနယ်ထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွား လေသည်။ ဟွမ်သည် သူမနောက်လိုက်ကာ ထွက်သွားလေသည်။
တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ မုရုန်ဟွေ့တို့ ပြန်မရောက်သေး သဖြင့် ခြံတစ်ခုလုံးမှာ ခြောက်ကပ်နေသည်။ ယွိရှီ သူမကိုမြင်သောအခါ သူမ ပျောက်သွားစဉ်က အဖြစ်အပျက်ကို မေးချင်နေသည်။ သို့သော် သူမ အားလျော့ နေပုံကိုမြင်သောအခါ မနှောင့်ယှက်တော့ပေ။
ရှီမာယူယူ သူ့ကိုမြင်သောအခါ ခေါင်းညိတ်ပြပြီး အိမ်ထဲသို့ ဝင်လာလိုက် သည်။
လန်ယွိသည် မျက်တောင်ခတ်ကာ သူမ သတိမဲ့နေသော ပုံစံကိုမြင်သော အခါ မေးလေသည် “သူမ ဘာဖြစ်နေတာလဲ ဘာလို့ အနိုင်ကျင့်ခံရသလို ဖြစ်နေ တာလဲ”
“သူမ စိတ်ထဲမှာ တစ်ခုခုဖြစ်နေလို့ပေါ့” ရက်အနည်းငယ် အတူရှိလာပြီး နောက်တွင် သူသည် သူမကို အကြမ်းဖျင်းနားလည်နေပြီဖြစ်သည် “ဒီနေ့ အခြေအနေကိုမမြင်ဘူးလား”
“စဉ်းစားကြည့်လိုက်… အစတုန်းက ကြင်ယာတော်မင်းသမီးတို့က သူတို့ ကိုယ်သူတို့ နိုင်မယ်လို့ထင်ထားတာ… ဒါပေမဲ့ မင်းသားပေါ်လာတော့ အခြေ အနေက ပြောင်းပြန်ဖြစ်သွားတယ်… သူက ကောလာဟလလိုမျိုးမဟုတ်ဘဲနဲ့ အားအပြည့်နဲ့ ကျန်းမာရေးကောင်းနေတယ်… ငါ စဉ်းစားနေတာက ငါတို့ ပထမုံး သူ့ကိုတွေ့တုန်းက သူ နေမကောင်းချင်ယောင်ဆောင်နေတာ မဟုတ် ဘူးလား” လန်ယွိသည် ခန့်မှန်းလေသည်။
“မင်း သူ့ကို စမ်းသပ်ခဲ့တယ်မဟုတ်ဘူးလား သူက မင်းကိုတောင် ဖုံးကွယ်နိုင်တာလား”
“အဲတုန်းက ငါ သူ့ကိုစမ်းသပ်တုန်းက သူ့ကျန်းမာရေးက အရမ်းဆိုးနေ တာ… အတုမဖြစ်နိုင်ဘူး” လန်ယွိ ပြောလိုက်သည်။
“တစ်မျိုးပြောရရင် သူက ဒီအချိန်အတွင်းမှာ ကုသလိုက်တာပဲ” ယွိရှီ သည် အတိအကျပင် ပြောလေသည်။
“အဲတုန်းက သူ့ခန္ဓာကိုယ်က ပြန်ကုဖို့ မဖြစ်နိုင်ဘူး… သူ ဒီလောက် မြန်မြန်ပြန်ကောင်းအောင် ကုလိုက်တာ ဘယ်အင်အားကြီး…” လန်ယွိသည် ပြောနေရင်းမှ ရုတ်တရက်ရပ်ကာ ရှီမာယူယူအား မယုံကြည်နိုင်စွာဖြင့် ကြည့် လေသည် “သူမများဖြစ်မလား”
ယွိရှီသည် စကားမပြောပေ။ သူ၏ ခန့်မှန်းချက်နှင့်လည်းတူနေသည်။
“ကိုယ့်လူရေ.. ဒါသာ အမှန်ဆိုရင် သူမ ဆေးပညာက ငါတို့ထင်ထားတာ ထက်ကို အများကြီးပိုကောင်းနေတယ်” လန်ယွိသည် နှုတ်ခမ်းသပ်လိုက်သည် “ဒီကောင်မလေးက ငါတို့ထင်ထားတာထက် လျှို့ဝှက်ချက်တွေများတာပဲ”
“အသေအချာပဲ” ယွိရှီ ပြောလိုက်သည် “သူမ ပြိုင်ပွဲမှာ အားကောင်းတဲ့ ပြိုင်ဘက်နဲ့တွေ့စေချင်တယ်… အဲဒါမှ သူမရဲ့ ဝိညာဉ်စွမ်းအင်ထုတ်သုံးမှာ”
“ငါလည်း အဲဒါကိုမျှော်နေတာ ဒါပေမဲ့ ထင်ထားသလိုမဖြစ်ဘူး” လန်ယွိ သည် ထိုစကားကိုပြောနေချိန်တွင် အသံမှာ အနည်းငယ် စိတ်ပျက်နေသည်။
“ဘာဖြစ်လို့လဲ”
“နေ့လည်က သတင်းရတယ် ဧကရာဇ်က ငါတို့ကို တာဝန်ပေးတယ်… ငါတို့ နောက်နှစ်ရက်နေရင်လုပ်ရမယ် နောက်တစ်ဆင့်တက်တာကို ကြည့်လို့ မရတော့ဘူး” လန်ယွိ ပြောလိုက်သည် “ငါတို့ နားတာမှ ဘယ်လောက်ကြာ သေးလို့လဲ နောက်ထပ်တာဝန်ရောက်လာပြန်ပြီ အခုဆို ကောင်းကောင်း တောင် မနားရတော့ဘူး”
“ဒီတာဝန်ကလည်း တကယ်ပဲ…” ယွိရှီသည် ဆွံ့အနေသည်။
အရင်ကဆိုလျှင် သူတို့သည် ဤသို့တုံ့ပြန်မည်မဟုတ်ပေ။ သို့သော် အခု ချိန်တွင် သူတို့သည် တစ်စုံတစ်ရာကို စိတ်ဝင်စားနေကြကာ ထွက်သွားရတော့ မည်ဖြစ်သဖြင့် မပျော်မရွှင်ဖြစ်နေခြင်းဖြစ်သည်။
“ထားလိုက်ပါတော့ အခုမဟုတ်လည်း နောက်ကျရင် ဘယ်လိုပဲဖြစ်ဖြစ် သွားကိုသွားရမှာပဲ… ဒီကကိစ္စတွေက ပြီးတော့မှာပဲ အဲတော့ ငါတို့အခုပဲ သွား ကြတာပေါ့” ပြောပြီးနောက်တွင် ယွိရှီသည် ရှီမာယူယူဆီသို့သွားကာ ထွက် သွားတော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။
သူတို့ ထွက်သွားတော့မည်ဟု ရှီမာယူယူ ကြားသောအခါ အနည်းငယ် အံ့ဩသွားပြီးနောက် တုံ့ပြန်လေသည် “တစ္ဆေဘုရင်က ဦးလေးတို့ကို တာဝန် ပေးမှတော့ သွားပြီးဖြေရှင်းရမှာပေါ့”
“ရှီအာ ငါတို့ကို မလွမ်းဘူးလား” လန်ယွိသည် သည်းမခံနိုင်တော့ပေ။ သူ သည် သေချာပေါက် သူမကို လွမ်းမည်ဖြစ်သည်။
ရှီမာယူယူ၏ နှုတ်ခမ်းတွန့်သွားကာ ပြောလိုက်သည် “ဦးလေးတို့ကို မသွားစေချင်ပါဘူး ဒါပေမဲ့ အရေးတကြီးလုပ်စရာတွေရှိနေတာမလား… ဘယ်လိုပဲဖြစ်ဖြစ် နောက်ကိုမတွေ့ရမှာလည်းမဟုတ်ဘူး… ဘယ်သူသိနိုင်မလဲ ကျွန်မတို့ မကြာခင်မှာပဲ အင်ပါယာမြို့တော်မှာတွေ့နိုင်တာပဲ”
သူမ အင်ပါယာမြို့တော်သို့ လာလျှင် မည်သို့ ဂယက်များထသွားနိုင်သည် ကို သူတို့ သိချင်နေသည်။
ယွိရှီသည် ပို၍တည့်တိုးဆန်သည်။ သူမ အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံ ပါက သူ့နာမည်ကို အသုံးပြုရန် ပြောပြီး လန်ယွိနှင့် ထွက်သွားလေသည်။
လူနှစ်ယောက်လျော့သွားကာ အထူးသဖြင့် သူမအနားတွင် တတွတ် တွတ် ပြောတတ်သည့် လန်ယွိမရှိတော့သဖြင့် သူမသည် ပို၍ အေးချမ်း သွား တော့သည်။ သူမ၏ ခံစားချက်ကို လန်ယွိသာ သိသွားပါက အသည်းကွဲသွား မည်ပင်။
ထိုညတွင် မုရုန်ဟွေ့နှင့် လျောင်ပြည်နယ်မှ လူများပြန်မလာကြပေ။ နောက်နေ့မနက်အစောတွင် လျောင်ပြည်နယ်မှလူများ ပြန်လာသော်လည်း မုရုန်ဟွေ့ ပြန်မလာသေးပေ။
အဖွဲ့၏ သုံးပုံတစ်ပုံနီးပါး ပျောက်သွားသည်ကို ရှီမာယူယူ မြင်သောအခါ ပြောလိုက်သည် “ကြိုးစားပေးကြလို့ ကျေးဇူးတင်ပါတယ် ကောင်းကောင်း အနားယူပြီး ဒဏ်ရာတွေကိုကုလိုက်ပါဦး နောက်ပိုင်းကျ လုပ်စရာသိပ်မများ တော့ပါဘူး”
“ဟုတ်ကဲ့ပါ သခင်မလေး”
အားလုံးသည် ပင်ပန်းနေကြပြီ။ သူတို့၏ ရဲဘော်ရဲဘက် သုံးပုံတစ်ပုံကို ဆုံးရှုံးထားရသဖြင့် စိတ်မကြည်မသာဖြစ်နေကြသဖြင့် အနားယူရန် သွားလိုက် ကြသည်။
“သခင်မလေး နယ်စားက ဘာလို့ပြန်မလာသေးတာလဲ” ကျန်းမင်တ မေးလိုက်သည်။
“နယ်စားက ကိစ္စတချို့တွေ ရှင်းဖို့နေခဲ့တာပါ စိတ်မပူနဲ့ အဖေ အဆင်ပြေ ပါတယ်.. နောက်နှစ်ရက်နေရင် ပြန်လာလိမ့်မယ်” ရှီမာယူယူသည် သူတို့နှစ် ယောက်ကို နှစ်သိမ့်ပေးလိုက်သည်။
နှစ်ရက်ကြာပြီးနောက် မုရုန်ဟွေ့ ပြန်မလာပေ။ သို့သော် တယွိနန်းတော် မှတပ်သားများသည် သူမကို အိမ်တော်သို့သွားရန် လာခေါ်ကြသည်။ ရှီမာယူယူ သည် တည်းခိုဆောင်မှလူများကို ခေါင်းညိတ်ပြကာ တပ်သားများနှင့်အတူ ထွက်ခဲ့လိုက်သည်။
အတန်ကြာပြီးနောက် တပ်သားတချို့သည် တည်းခိုဆောင်သို့ရောက် လာပြီး သူမကို တယွိနန်းတော်ကို သွားရန်လာခေါ်သည်ဟု ပြောလေသည်။
တည်းခိုဆောင်မှ လေထုသည် ရုတ်တရက် သုညအမှတ်သို့ရောက်သွား လေသည်။
***