← Chapters

လျှို့ဝှက်ဆန်းကြယ်တဲ့လူဆီမှ ဖိတ်ကြားခံရခြင်း

Vol. 133 Ch. 1850

လျှို့ဝှက်ဆန်းကြယ်တဲ့လူဆီမှ ဖိတ်ကြားခံရခြင်း

Vol. 133 Ch. 1850

“သူမကို တယွိနန်းတော်ကို သွားဖို့လာခေါ်တယ်ဟုတ်လား” ဖန်းရင်ဟန် မေးလိုက်သည်။

တယွိနန်းတော်မှ တပ်သားတစ်ယောက်သည် ခါးပတ်မှ တံဆိပ်ပြား ကိုဖြုတ်ပြပြီး သူ၏သရုပ်မှန်ကိုသက်သေပြသည်။ ဖန်းရင်ဟန်နှင့် တခြားသူ များသည် သူ၏ တံဆိပ်ပြားကိုယူပြီး စစ်ဆေးကြည့်သည်။ အမှန်တကယ် ပင် တယွိနန်းတော်၏ တံဆိပ်ပြားဖြစ်နေသည်။

“သခင်မလေးမုရုန်ရှီ ဘယ်မှာလဲ” နောက်တပ်သားတစ်ယောက်မှ မေး လေသည်။

“ခင်ဗျားတို့လို တူညီဝတ်စုံဝတ်ထားတဲ့ လူနှစ်ယောက်က စောနကပဲ ရောက်လာပြီး တယွိနန်းတော်ကနေ သူမကိုလာခေါ်တာပါဆိုပြီးပြောလို့ သူမ သူတို့နဲ့လိုက်သွားတယ်” ကျန်းမင်တ ပြောလိုက်သည်။

“ဘာ… နယ်စားက ကျွန်တော်တို့နှစ်ယောက်ကိုပဲ လွှတ်လိုက်တာ တခြားသူမရှိဘူး” တပ်သား အော်လေသည် “တယွိနန်းတော်မှာ အဲလိုမျိုး တပ်သားရှိသေးလို့လား”

“မဖြစ်တော့ဘူး အဲလူတွေက တယွိနန်းတော်က မဟုတ်ဘူး” ကျန်းမင်တ ထအော်လေသည် “သခင်မလေးက သူတို့နဲ့ထွက်သွားတာ အန္တရာယ်မဖြစ်နိုင် ဘူးလား”

“သခင်မလေးကို သွားရှာရအောင်” လျောင်ပြည်နယ်မှလူများ မတ်တတ် ထရပ်ကြသည်။

“မပျာကြနဲ့… သူတို့နဲ့ ထွက်မသွားခင် သခင်မလေးသိသွားလောက်မယ် ထင်တယ်” ဖန်းရင်ဟန်သည် အားလုံးထဲတွင် အတည်ငြိမ်ဆုံးဖြစ်သည်။

“သခင်မလေးက သတာလား”

“ဟုတ်တယ် အစတုန်းကတော့ ငါလည်း သတိမထားမိဘူး… ဒါပေမဲ့ သူမ ထွက်မသွားခင်က သခင်မလေး ငါတို့ကိုကြည့်သွဦးတယ်… အဲအချိန်မှာ အဲလူတွေက တယွိနန်းတော်ကလူတွေ မဟုတ်မှန်း သူမ သိနေလောက်ပြီ” ဖန်းရင်ဟန်သည် ရှီမာယူယူ၏ မျက်လုံးမှ အမူအရာကို ပြန်တွေးတောလိုက် သည်။ အခု သူ စဉ်းစားကြည့်မှပင် သူမမျက်လုံးမှ အမူအရာာသည် အနည်း ငယ် ထူးဆန်းနေသည်။

“အဲဒါဆိုရင် အဲလူတွေက အယောင်ဆောင်ထားတယ်ဆိုတာကို သခင်မလေး သိနေတယ်ဆိုလည်း ဘာလို့ သူတို့နဲ့ထွက်သွားတာလဲ… ဘာလို့ လဲ… သခင်မလေး သူတို့ကို ဖော်ထုတ်လိုက်သင့်တယ်” ကျန်းမင်တ ပြောလေ သည်။

“အဲလူနှစ်ယောက်ရဲ့ အားက အရမ်းကောင်းနေလို့များလား… သူမသာ သူတို့ကို ဖော်ထုတ်လိုက်ရင် ကျွန်တော်တို့ကို အန္တရာယ်ဖြစ်စေမှာစိုးလို့များ လား” တယွိနန်းတော်မှ အစောင့် ခန့်မှန်းလေသည်။

“အဲတော့ သခင်မလေးက ငါတို့ရဲ့လုံခြုံရေးအတွက် သူမကိုယ်သူမ ထိခိုက်အောင် လုပ်တော့မှာလား” လျောင်ပြည်နယ်မှလူများသည် သူမ၏ လှုပ်ရှားမှုကြောင့် ရင်ထဲထိသွားသည်။ သူတို့၏ သခင်မလေးသည် သူတို့အပေါ် အလွန်ပင် ကြင်နာလေသည်။

“သခင်မလေးသာ တစ်ခုခုဖြစ်ရင် ငါတို့က အပြစ်သားပဲ”

“သခင်မလေး…”

“သခင်မလေးကို သွားရှာရအောင်”

“မပျာကြနဲ့ သခင်မလေးမှာ အစီအစဉ်ရှိမယ်ထင်တယ်” ဖန်းရင်ဟန် ပြောလေသည် “ဒါပေမဲ့ ငါတို့ သခင်မလေးကို ဖြစ်နိုင်သလောက် မြန်မြန် ရှာရ မယ”

“ကျွန်တော်တို့က ပြန်ပြီး တယွိမင်းသားကို သတင်းပို့လိုက်မယ်” တပ်သားနှစ်ယောက်သည် အမြန်ပင် ထွက်သွားကြပြီးနောက် တယွိမင်းသား ကို သတင်းပို့ကြသည်။

လျောင်ပြည်နယ်မှလူများ အပြင်ထွက်တော့မည်ဆဲဆဲတွင် နီရဲပျား တစ်ကောင်သည် ပျံလာကာ ဖန်းရင်ဟန်၏ရှေ့တွင် ရပ်လိုက်သည်။

“ဒါက သခင်မလေးရဲ့ပျားပဲ” ကျန်းမင်တသည် နီရဲပျားကို မှတ်မိသည် “သခင်မလေးက ငါတို့ကို သတင်းပေးဖို့ မင်းကိုပြောခဲ့တာလား”

ထိုအချိန်တွင် နီရဲပျားသည် ခေါင်းညိတ်လေသည်။

“တကယ်လား အဲတော့ အခု သခင်မလေး ဘယ်မှာလဲ ငါတို့ကို သူမဆီ ခေါ်သွားပေးလို့ရမလား” ဖန်းရင်ဟန် မေးလေသည်။

နီရဲပျားသည် ခေါင်းခါလေသည်။

“ငါတို့ကိုခေါ်သွားလို့မရဘူးလား” ဖန်းရင်ဟန် မေးလိုက်သည်။

နီရဲပျား ခေါင်းညိတ်သည်။

“သခင်မလေးက ငါတို့ကိုလိုက်မရှာစေချင်ဘူးလား”

နီရဲပျား ခေါင်းညိတ်သည်။

အားလုံးသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကြသည်။ သူမက သူတို့ကို လိုက်မရှာစေချင်ဘူးလား။

“ငါတို့ လိုက်ရှာတော့မယ်ဆိုတာကို သခင်မလေး မှန်းမိလို့ နီရဲပျားကို လွှတ်ပြီး တားတာဖြစ်မယ်” ကျန်းမင်တ ပြောလေသည် “ပျားလေး မင်း သူမ ဆီကို လိုက်ပို့ဖို့မလိုပါဘူး… ဒါပေမဲ့ သခင်မလေး အန္တရာယ်ဖြစ်နေလားဆိုတာ ကိုတော့ ငါတို့ကိုပြောရမယ်”

နီရဲပျားသည် ခေါင်းခါလေသည်။

“သူမ လုံခြုံနေတယ်ဆိုတာကို သခင်မလေးက ပျားကိုလွှတ်လိုက်မှတော့ ဘာပြဿနာမှမဖြစ်လောက်ပါဘူး… သခင်မလေးက အဲလောက်တောင် အစွမ်းအစရှိတာ… ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းလည်းရှိလောက်မှာပါ သခင်မလေးရဲ့ အစီအစဉ်ကို မနှောင့်ယှက်ကြနဲ့တော့” ဖန်းရင်ဟန် ပြောလေ သည်။

နီရဲပျား ခေါင်းထပ်ညိတ်ပြန်သည်။

“ဒါဆိုလည်း သခင်မလေးကို စိတ်မပူဖို့ နယ်စားကို သွားပြောရအောင်” ကျန်းမင်တ ပြောလေသည်။

နီရဲပျား ခေါင်းထပ်ညိတ်ပြပြီးနောက် အဝေးသို့ ပျံသွားလေသည်…

“သခင်မလေးက ဒီလိုဖြစ်စေချင်တာထင်တယ်… သူမကို လိုက်မရှာဘဲ နယ်စားကို သွားပြောစေချင်တာ” ဖန်းရင်ဟန် ပြောလိုက်သည်။

“ဒါဆို အခုပဲသွားကြတာ‌ပေါ့” ကျန်းမင်တ ခန့်မှန်းလေသည် “သခင်မလေး ဘယ်မှာလဲမသိဘူး သူမ အဖမ်းခံရတယ်ဆိုတာကိုပဲ ငါတို့ သိရ တယ်”

ရှီမာယူယူ ထိုလူနှစ်ယောက်နှင့် ထွက်သွားပြီးနောက်တွင် သူတို့သည် သူမကို တယွိနန်းတော်ဆီသို့ ခေါ်မသွားပေ။ ထိုအစား မြို့အပြင်သို့ ခေါ်သွား လေသည်။

“ကျွန်မတို့က တယွိမင်းသားကို သွားတွေ့မှာမဟုတ်ဘူးလား ဘာလို့ မြို့ အပြင်ကိုထွက်တာလဲ” ရှီမာယူယူသည် ထိုလူနှစ်ယောက်ကို မေးလေသည်။

“သခင်မလေး တယွိမင်းသားနဲ့ နယ်စားတို့က မြို့အပြင်မှာပါ” တပ်သား မှ ပြန်ဖြေလေသည်။

“ကျွန်မကို အရူးလုပ်နေတာလား… တယွိမင်းသားနဲ့ ကျွန်မအဖေက အခု ချိန်ကြီး မြို့အပြင်မှာ ဘာလို့ရှိနေရမှာလဲ မင်းတို့က ဘယ်သူ့အတွက် အလုပ် လုပ်ပေးတာလဲ” ရှီမာယူယူသည် ခြေလှမ်းများကိုရပ်ပြီး ဆက်မသွားပေ။

“အဲတော့ မင်း သတိနေပြီပဲ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ ရွေးချယ် စရာမရှိဘူး” တပ်သားများထဲမှ တစ်ယောက် ပြောလေသည် “မင်း ငါတို့နဲ့ လိမ်လိမ်မာမာလိုက်မလား မဟုတ်ရင် အချုပ်ခံရပြီးမှသွားမလား”

ရှီမာယူယူသည် ထိုလူနှစ်ယောက်ကိုကြည့်ပြီး လက်နှစ်ဖက်ကို အနောက်သို့ ပစ်လိုက်သည်။

“ခုခံဖို့ မစဉ်းစားနဲ့… မင်းမှာ နဂါးနက်ရှိတာကို ငါတို့သိတယ် ဒါပေမဲ့ အဲဒါ တောင် မင်းဆီကိုလာရဲတယ်… ဆိုလိုတာက အဲဒါကိုကိုင်တွယ်ဖို့အတွက် ငါတို့ ပြင်ဆင်ထားပြီးသားပဲ… ခုခံလိုက်ရင် ဘာအကျိုးမှရှိမှာမဟုတ်ဘူး” နောက် တပ်သားတစ်ယောက်က ခြိမ်းခြောက်လေသည်။

“မင်း ခုခံလိုက်ရင် တည်းခိုဆောင်အပြင်မှာ စောင့်နေတဲ့ တပ်သားက လျောင်ပြည်နယ်ကလူတွေကို သတ်ပစ်လိမ့်မယ်… စဉ်းစားပါ မင်းလုပ်ရပ် ကြောင့် သူတို့ကို ထိခိုက်စေချင်သလား”

ရှီမာယူယူသည် ထိုလူနှစ်ယောက်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက် သည်။ သူမ၏ လက်ရှိအခြေအနေနှင့် သူမသည် မတတ်သာစွာဖြင့် ဒေါသကို ချုပ်တည်းကာ သည်းခံပြီး ပြောလိုက်သည် “ဟုတ်ပြီလေ ကျွန်မ ရှင်တို့နဲ့ လိုက်မယ်”

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ… လာခဲ့ ငါတို့သခင်က မင်းကိုတွေ့ချင်နေ တယ်”

ရှီမာယူယူသည် မြို့အပြင်ဆီသို့ သူတို့နှင့်အတူ ဆက်လျှောက်လာခဲ့လိုက် သည်။ သူမသည် နောက်ပစ်ထားသော လက်ချောင်းကိုလှုပ်ယမ်းပြီး ဟွမ်ကို အလျင်စလို မလှုပ်ရှားရန် သတိပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ ဘေးကင်းကြောင်းကို တည်းခိုဆောင်မှလူများအား သတင်းပို့ရန် နီရဲပျားကို အမိန့်ပေးလိုက်သည်။

ဤအချိန်တွင် သူမကြောင့် သူတို့၏ အချိန်နှင့်စွမ်းအင်များ ဖြုန်းတီးသည် ကို မလိုလားပေ။

သူမကို ဖမ်းဆီးသည်မှာ ကြင်ယာတော်မင်းသမီး မဖြစ်နိုင်ပေ။ မင်းသား များလည်း မဖြစ်နိုင်ပေ။ ဤမျှအားကောင်းသော လူများ သူတို့အနောက်၌ရှိနေ ပါက သူတို့ကို အစကတည်းက ကယ်တင်မည်ဖြစ်သည်။

မိုကျိနှင့် ယွိရှီတို့သည်လည်း ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် လုပ်ရပ်လုပ် မည်မဟုတ်ပေ။ ဒါပေမဲ့ သူတို့ကလွဲပြီး သူမကို အာရုံစိုက်တဲ့လူ ဘယ်သူရှိသေး လို့လဲ။

တပ်သားအတုနှစ်ယောက်သည် မြို့အပြင်သို့ခေါ်သွားပြီး မြို့စွန်မြို့ဖျားမှ မထင်မရှားခြံဝန်းဆီသို့ ခေါ်သွားလေသည်။

တပ်သားနှစ်ယောက်သည် သူမကို အထဲသို့ ခေါ်ဆောင်သွားလေသည်။ သူမ ခြံဝန်းထဲသို့ဝင်လိုက်သည်နှင့် ထိုနေရာတွင် အရည်အချင်းရှိသော လူ အများအပြားရှိနေသည်ကို မြင်လိုက်ရသသည်။ သူမ လျှောက်ဝင်လာသည်နှင့် လူအများသည် သူမဆီသို့ အာရုံရောက်လာသည်။

ထိုနေရာတွင် စောင့်နေကြသူများသည် အလွန်ထူးခြားသည့် နောက်ခံ ရှိ၍ဖြစ်မည်။

အစေခံမိန်းကလေး တစ်ယောက်လျှောက်လာကာ ရှီမာယူယူကို မြင် သည်နှင့် အေးစက်စွာ ပြောလေသည် “ဝင်ခဲ့ပါ ကျွန်မသခင်က စောင့်နေပါ တယ်”

ရှီမာယူယူသည် သူမနောက်လိုက်ကာ အနောက်တွင်ရှိသော ကောင်းမွန် လှသည့် ခြံဝန်းငယ်ဆီသို့ သွားလိုက်သည်။ ဘီးတပ်ကုလားထိုင်တွင်ထိုင်ပြီး နောက်ကျောပေးနေသော ပုံရိပ်တစ်ခုကို သူမ မြင်လိုက်သည်။ ရင်းနှီးလှသော နောက်ကျောပြင်နှင့် ရင်းနှီးလှသော တိတ်ဆိတ်မှုပင်။ ထိုအခိုက်တွင် သူမသည် ရွှမ်းချုံဟော်ကို မြင်လိုက်ရသကဲ့သို့ ခံစားရသည်။

သို့သော် တစ်ဖက်လူသည် သူမ၏ အတွေးများကို လျင်မြန်စွာပင် ဖြိုခွဲ လိုက်သည်။ သူ လှည့်ပြီး ရှီမာယူယူကို မျက်နှာချင်းဆိုင်လိုက်သည်နှင့်် သူ့ မျက်နှာသည် ရွှမ်ချုံးဟော်ကဲ့သို့ နူးညံ့ခြင်းများရှိမနေပေ။

“မင်္ဂလာပါ သခင်မလေးမုရုန်… ဒီလိုမျိုး ရဲရဲတင်းတင်းဖိတ်ကြားလိုက်ရ တဲ့အတွက် တောင်းပန်ပါတယ်… သခင်မလေး လန့်မသွားဖို့ မျှော်လင့်ပါတယ်” ထိုလူ ပြောလေသည်။

“အမှန်အတိုင်းပြောရရင် ကျွန်မ တကယ်လန့်သွားတာ” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ အခုချိန်မှာ ကျွန်မရဲ့ခံစားချက်ကို ရှင် ဂရုစိုက်မယ်လို့ မထင်ပါဘူး”

ထိုလူသည် သဲ့သဲ့ပြုံးလိုက်သည်။ သူ ဂရုမစိုက်သည်မှာ အမှန်ပင်။

“ရှင်က ဘယ်သူလဲ ကျွန်မကို ဘာလို့ ဒီကိုခေါ်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“သခင်မလေးက အရမ်းကိုထက်မြက်တယ်လို့ ကြားရတယ်… ဒီကို ဖိတ်ရတဲ့အကြောင်းအရင်းကို ဘာလို့မမှန်းမိတာလဲ” ထိုလူသည် လက်ကို ဝေ့ယမ်းလိုက်သည်။ သူ့လက်ချောင်းမှ မှော်ဝင်လက်စွပ်သည် အလွန်ပင် ရိုးရှင်းလှသည်။

ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ကျွန်မက လူတွေကို ဒီလိုရပ်ပြီး စကား ပြောရတာ မကြိုက်ဘူး”

***

All Chapters