တိစစ်ခုံ
Vol. 133 Ch. 1851
ထိုလူ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် လူတစ်ယောက်သည် ချက်ချင်းပင် ရှီမာယူယူအတွက် ခုံယူလာသည်။
ရှီမာယူယူသည် ထိုလူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူမ သည် စကတ်ကို ပုံကျအောင်ပြင်ပြီး ထိုလူအားကြည့်ကာ တိုးညင်းသောအသံ ဖြင့် ပြောလေသည် “ကျွန်မက နေရာသေးသေးလေး တစ်ခုကနေလာတာပါ… ရှင့်လို ထူးခြားတဲ့လူက ဘယ်ကလာလဲဆိုတာကို ဘယ်လိုလုပ် မှန်းနိုင်မှာလဲ.. ရှင့်နာမည်နဲ့ ကျွန်မကို ဘာလို့ခေါ်လာလဲဆိုတာကို ဘာလို့မပြောတာလဲ… တယွိမင်းသားနဲ့ တခြားသူတွေကို ခြိမ်းခြောက်ဖို့ဆိုရင်တော့ ရှင် လူမှားပြီး ထိမိ မှာကိုစိုးပါတယ်… ကျွန်မက ဘာမှမဟုတ်တဲ့ ကောင်မလေးသာသာပါ”
“ဟားဟား…” ထိုလူရယ်မောလေသည်။ “မင်းက ဘာမှမဟုတ်ဘူးဆို တာကို မင်းကိုယ်မင်းရော ယုံရဲ့လား”
“ယုံတာပေါ့ရှင်” ရှီမာယူယူသည် ဝီရိယရှိရှိ ခေါင်းညိတ်လေသည်။ အဆို ပင်ရှိသေးသည်… တခြားသူကို ယုံချင်လျှင် မိမိကိုယ်မိမိ အရင်ယုံရမည်ဖြစ် သည်။
“မင်းက ဘာမှမဟုတ်ဘူးဆိုရင် ရှောင်မိသားစုခေါင်းဆောင်ကို ဘယ်လို လုပ် အဲလောက်လွယ်လွယ်နဲ့ ချေမှုန်းနိုင်မှာလဲ… မင်းသာ ဘာမှမဟုတ်ဘူး ဆိုရင် တယွိမင်းသား နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ရောဂါကို ဘယ်လိုလုပ် ပျောက်အောင် ကုပေးနိုင်မှာလဲ… မင်းသာ ဘာမှမဟုတ်ဘူးဆိုရင် နဂါးနက်ကို ဘယ်လိုလုပ် ခစားအောင်လုပ်နိုင်မှာလဲ… ပြောပါဦး မင်းက တကယ်ပဲ ဘာမှ မဟုတ်ဘူးလား” ထိုလူ မေးလေသည်။
ရှီမာယူယူ၏ မျက်နှာတွင် အပြုံးရှိနေသော်လည်း သူမ၏ စိတ်ထဲတွင် တော့ မုန်တိုင်းထန်နေလေပြီ။ ဒီလူက အကုန်လုံးကိုသိနေတာပဲ။
သူ အတိအကျကြီးပြောနေသဖြင့် သူမလည်း ရူးချင်ယောင်ဆောင်မနေ တော့ပေ။ သူမသည် ပခုံးတွန့်လိုက်သည် “ကြည့်ရတာ ရှင်က ကျွန်မနောက် ကြောင်းကို စစ်ဆေးထားတာဖြစ်ရမယ်… ကျွန်မအကြောင်းအကုန်သိနေတာပဲ ဒါပေမဲ့ ကျွန်မကရှင့်အကြောင်းကို ဘာမှမသိရဘူး… နည်းနည်း မမျှတဘူးလို့ မထင်ဘူးလား”
“မင်းအကြောင်း စုံစမ်းဖို့ ငါ အများကြီး အားထုတ်လိုက်ရပါတယ်” ထိုလူ ပြောလေသည် “ငါ ဘယ်သူလဲဆိုတာ မင်းသိချင်ရင် သတင်းလဲလှယ်ဖို့အတွက် တစ်ခုခုနဲ့ လဲရမယ်လို့ မထင်ဘူးလား”
“ရှင်နဲ့ အလဲအထပ်လုပ်ဖို့ ကျွန်မမှာဘာမှမရှိဘူး… ရှင်ပြောချင်ရင် ပြော၊ မပြောချင်လည်း မပြောနဲ့” ရှီမာယူယူသည် ခုံ၏နောက်မှီသို့ မှီလိုက်သည်။
“ပျင်းဖို့ကောင်းလိုက်တာ အနည်းဆုံးတော့ မင်းခန့်မှန်းဦးမယ်လို့ ထင် ထားတာ” ထိုလူပြောလေသည်။
“ဒီကမ္ဘာကြီးက ဒီလောက်ကြီးတာ အစွမ်းအစရှိတဲ့လူတွေ အများကြီးပဲ ကျွန်မက အကုန်လုံးကို ဘယ်လိုလုပ်သိမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“မဟုတ်ဘူး ဒါပေမဲ့ မင်းရဲ့ ထက်မြက်မှုနဲ့ဆိုရင် မှန်းနိုင်မယ်ဆိုတာ သေချာတယ်… မင်းက မှန်းရတာကို စိတ်မဝင်စားရုံပဲရှိတာ” ထိုလူ ပြောလေ သည် “ငါ မင်းစိတ်ဝင်စားလောက်မယ့်ဟာ တစ်ခုခုလုပ်ရမှာလည်းဖြစ်နိုင်တယ် ဒါဘယ်သူလဲလို့ ကြည့်လိုက်”
ရှီမာယူယူသည် သူညွှန်ပြသည့် ဘက်သို့ကြည့်လိုက်ရာ တပ်သားများ သည် လူနှစ်ယောက်ကို ခေါ်ထုတ်လာသည်ကိုမြင်လိုက်ရသည်။ သူမ၏ မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားသည်။
“ဒါ ဘာအဓိပ္ပာယ်လဲ” သူမ မေးလိုက်သည်။
“သူတို့က မင်းရဲ့ သူငယ်ချင်းကောင်းတွေလို့ ကြားတယ်… မင်းကို လာဖို့ ဖိတ်ချင်လို့ သူတို့ကို အရင်ဖိတ်လိုက်တာလေ” ထိုလူ ပြောလေသည်။
“ရှီအာ မင်းလည်း သူတို့ဖမ်းတာခံရတာလား” ကုန်းဇီယွမ်သည် ရှီမာယူယူအား ကြည့်ပြီးအော်လေသည်။
“နင်တို့ အဆင်ပြေရဲ့လား” ရှီမာယူယူ မေးလိုက်သည်။
“ငါတို့ အဆင်ပြေတယ်… ငါတို့ ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခံထားရတာပဲ ရှိတာ” ကုန်းဇီယွမ် ပြန်ဖြေလေသည်။
ရှီမာယူယူသည် သူတို့နှစ်ယောက်အား ခေါင်းညိတ်ပြကာ ထိုလူအား ကြည့်ပြီး ပြောလိုက်သည် “ပြောပါ ကျွန်မကို ဘာလို့ဒီကိုခေါ်လာတာလဲ”
“မင်း ငါ့ကိုရန်သူလိုမျိုး ဆက်ဆံဖို့မလိုပါဘူး… ငါ မင်းနဲ့ ရင်းနှီးချင်လို့ပါ” ထိုလူ ပြောလေသည်။
“ရှင် ရင်းနှီးအောင်လုပ်တဲ့ နည်းလမ်းကလည်း တကယ် ထူးခြားတာပဲ” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လေသည် “ကုန်းဇီယွမ်နဲ့ ရှောင်ရော့ပိုင် တို့ကိုလွှတ်ပေးပါ”
“သူတို့နှစ်ယောက်ကို ခက်ခဲအောင်လုပ်ဖို့ အစကတည်းက စိတ်ကူးမရှိ ဘူး… ဒီအတိုင်းပဲ သူတို့နှစ်ယောက်ရှိမှ မင်း စိတ်ရင်းနဲ့ စကားပြောမယ်လို့ ထင်လို့” ထိုလူ ပြောလေသည် “ကိစ္စတွေ ဖြေရှင်းပြီးသွားရင် သူတို့ကို သေချာ ပေါက် ပြန်လွှတ်ပေးမှာပါ… ဒါပေမဲ့ မင်း စကားကောင်းကောင်း မပြောချင်ရင် တော့ သူတို့ရဲ့လုံခြုံရေးကို အာမမခံဘူး”
“ရှင်ပြောတဲ့ ဟာတွေအကုန် ကျွန်မ သဘောတူတယ်” ရှီမာယူယူ ပြော လိုက်သည်။
“ပြည့်စုံပြီ တည့်ပဲပြောကြတာပေါ့” ထိုလူသည် လက်ဖဝါးနှစ်ဖက်ကို အသံမြည်အောင် ဖွဖွတီးလိုက်သည် “ထာဝရတောက်ပခြင်းမြို့တော်မှာတုန်း က မင်း ဒီနှစ်ယောက်နဲ့ ရင်းနှီးတယ်လို့ကြားတယ်… အခု သူတို့ကို မင်း ကောင်းကောင်းဆက်ဆံပေးတယ်ဆိုတော့ ထာဝရတောက်ပခြင်းမြို့မှာတုန်း က မင်းအပေါ် သူတို့သစ္စာရှိခဲ့တာ အလဟဿမဖြစ်ဘူးပဲ”
“ရှင်က ကျွန်မနဲ့ ညှိနှိုင်းချင်မှတော့ ရှင့်စိတ်ရင်းကိုပြသင့်တာမဟုတ်ဘူး လား” ရှီမာယူယူ ပြောလိုက်သည် “ရှင်က သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို ချိပ်စည်း ပိတ်ထားမှတော့ သူတို့နဲ့ကျွန်မအတူရှိနေရင်တောင် ခြိမ်းခြောက်မှုမဖြစ်နိုင်ပါ ဘူး”
ထိုလူသည် ခေတ္တမျှစဉ်းစားပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် တပ်သားများသည် ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ကို ချက်ချင်းလွှတ်ပေး လိုက်သည်။ ကုန်းဇီယွမ်သည် လွတ်လပ်သွားသည်နှင့် ရှောင်ရော့ပိုင်ကို ခေါ် ကာ ရှီမာယူယူဘေးသို့ လျှောက်သွားလိုက်သည်။
“ရှီအာ ဘာလို့လာတာလဲ… သူတို့မှာ အရမ်းအရည်အချင်းမြင့်တဲ့ လူတွေ ရှိတယ်” ကုန်းဇီယွမ် ပြောလိုက်သည်။
“ငါသိတယ်” ရှီမာယူယူ ပြောလိုက်သည် “နင်တို့နှစ်ယောက် ဒဏ်ရာရ သွာကြတယ်မလား ဒီကုသဆေးကို အရင်သောက်ထားနှင့်လိုက်”
သူမသည် ဆေးနှစ်လုံးထုတ်ကာ သူတို့နှစ်ယောက်ကို ပေးလိုက်သည်။ ထိုလူသည် သူ၏ အားအင်ကို ယုံကြည်မှုရှိနေလွန်း၍လားမသိပေ… သူမကို မတားပေ။
ကုန်းဇီယွမ်သည် ဆေးကိုယူပြီးစားလိုက်သော်လည်း ရှောင်ရော့ပိုင်သည် လက်ထဲမှဆေးကို အတန်ကြာသည်အထိ စိုက်ကြည့်နေသည်။
“ရော့ပိုင်” ကုန်းဇီယွမ်သည် သူမကို သတိပေးလိုက်သည်။
ရှောင်ရော့ပိုင်သည် ခေါင်းမော့ပြီး ရှီမာယူယူကို ကြည့်လိုက်သည်။ ပြီးနောက် ကျေးဇူးတင်စကားပြောပြီး ဆေးကိုမျိုချလိုက်သည်။ သူမ ဆေးကို မျိုချလိုက်သည်နှင့် သာမန်ကုသဆေးမဟုတ်သည်ကို သိလိုက်သည်။
“ဟုတ်ပြီ အခုတော့ စကားပြောလို့ရပြီပေါ့ ရှင်က ဘာလိုချင်တာလဲ” ရှီမာယူယူသည် သူတို့နှစ်ယောက်ရှေ့တွင်ရပ်ပြီး ထိုလူကိုမေးလိုက်သည်။
“ရိုးရှင်းပါတယ် မင်းကို ငါနဲ့အတူ ထွက်သွားစေချင်တယ်” ထိုလူ ပြော လိုက်သည်။
“ရှင် ဘယ်သူဆိုတာကိုတောင် မသိဘူး.. ဒါပေမဲ့ အဲဒါကို ရှင်နဲ့အတူ လိုက်စေချင်သေးတယ်… ကျွန်မ ရှင့်ကိုသစ္စာဖောက်မှာကို မကြောက်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“ဒါက ဖြေရှင်းဖို့လွယ်တယ်လို့ မထင်ဘူးလား… ငါ့နာမည်က တိစစ်ခုံ မင်း ငါ့မျိုးနွယ်ကိုကြားဖူးလောက်မှာပါ” တိစစ်ခုံ ပြောလိုက်သည်။
“တိစစ်ခုံလား” ရှီမာယူယူ အံ့ဩသွားသည်။ သူမသည် ဝိညာဉ်စေတီ အတွင်းမှ တိဝူအီကို ပြန်အမှတ်ရသွားသည်။ “တောင်းပန်ပါတယ် ကျွန်မ တိစစ်ဆိုတဲ့ မိသားစုမျိုးနွယ်ကို မကြားဖူးဘူး တိဝူမိသားစုမျိုးနွယ်ကိုပဲ သိပါ တယ်”
“မင်းက တိဝူမိသားစုမျိုးနွယ်ကို သိတာလား” တိစစ်ခုံရယ်မောလိုက် သည် “တိစစ်က တိဝူထက် အများကြီးအားကောင်းတယ်.. မင်းက သူတို့ကို သိ ပြီးတော့ ငါတို့ကိုကျမသိဘူးလား… ဘယ်လိုပဲဖြစ်ဖြစ်အတူတူပါပဲ တိစစ်နဲ့ တိဝူမျိုးနွယ်နှစ်ခုလုံးက တစ္ဆေကြင်ယာတော်ကို ထောက်ပံ့ပေးနေကြတာပဲ”
“တစ္ဆေကြင်ယာတော်လား… တစ္ဆေကြင်ယာတော်က ကျွန်မနဲ့ ကျွန်မ အဖေကို လုပ်ကြံဖို့လူလွှတ်ဖူးတာ ရှင်မိသဘူးလား… သူမက ကျွန်မကို ရှာဖို့ ရှင့်ကိုလွှတ်လိုက်တာဆိုရင် ရှင်တို့တိစစ်မိသားစုကို သံသယရှိနေတာပဲ”
“တစ္ဆေကြင်ယာတော်က မင်းရဲ့စွမ်းရည်တွေကို အကုန်သိတယ်… သူမက မင်းကို လက်ခံမှာပါ… ငါတို့တိစစ်မိသားစုက မင်းအသက်ရှင်အောင် လုပ်ပေးရုံပဲ” တိစစ်ခုံ ပြောလေသည်။
“ဒါပေမဲ့ ကျွန်မ သူမအတွက် အလုပ်မလုပ်ပေးချင်ဘူး” ရှီမာယူယူ ပြော လိုက်သည် “ပြီးတော့ တောင်းပန်ပါတယ် ကျွန်မ ရှင့်တောင်းဆိုချက်တွေကို လက်မခံနိုင်ဘူး”
“သေချာရဲ့လား”
“ရှင့်ခြေထောက်တွေကို ကုပေးစေချင်တာလို့ ထင်နေတာ… ကျွန်မ လက်စားချေချင်တဲ့လူအတွက် အလုပ်လုပ်ပေးဖို့ ပြောမယ်လို့ထင်မထားဘူး… အရင်က တစ္ဆေကြင်ယာတော်က ကျွန်မကို သတ်ဖို့လုပ်ခဲ့မှတော့ လက်စားချေ ဖို့ သူမကိုသွားမရှာသေးတာ ကံကောင်းနေသေးတာပဲ… အခု သူမက ကျွန်မကို အလုပ်လုပ်ပေးစေချင်နေတာ… အဲဒါကိုဖြစ်နိုင်တယ်လို့ ထင်နေတာလား” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည်။
“မင်း ငါ့နောက်လိုက်ရင် သူမကိုတွေ့ဖို့မလိုဘူး” တိစစ်ခုံ ရှင်းပြလေ သည်။
“အတူတူပဲမဟုတ်ဘူးလား ရှင့်တောင်းဆိုချက်ကို ပြောင်းရင် ကျွန်မ စဉ်းစားပေးလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ဒီမှာရောက်နေမှတော့ တခြားရွေးချယ်စရာရှိသေးတယ်လို့ ထင် လား” တိစစ်ခုသည် အပြုံးကိုသပ်လိုက်သည်။ သူ၏ အသက်ရှုသံမှာ ပြင်းထန် လာသည် “မင်း သဘောတူမလား သေမလားပဲ တခြားရွေးစရာမရှိဘူး”
“တတိယရွေးချယ်မှုကိုပဲ ရွေးမယ်ဆိုရင်ရော” ရှီမာယူယူ မေးလိုက်သည်။
“ဒါဆိုလည်း မင်းရွေးချယ်မှုအတွက် တန်ရာတန်ကြေးပေးရမှာပေါ့… မင်း ကုန်းဇီယွမ်လို့ခေါ်တဲ့ တစ်ယောက်ကို ရွေးမလား မဟုတ်ရင် ဒီအလှလေး ကိုရွေးမလား” တိစစ်ခုံ ခြိမ်းခြောက်လေသည်။
“နှမြောစရာပဲ ကျွန်မ မရွေးနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ငါ မင်းအတွက် ရွေးပေးမယ်… မင်းက ဒီအလှလေးနဲ့ ရန်သူ မဟုတ်ဘူးလား… အဲလိုဆိုမှတော့ သူမက ကွက်တိပဲ” တိစစ်ခုံသည် ပြောပြီး သည်နှင့် မရဏာစံတင်အဆင့်ရှိသော ဝိညာဉ်စွမ်းအင်ကို ရှောင်ရော့ပိုင်ဆီသို့ ပစ်လိုက်သည်။
***