← Chapters

အပျော်ဝင်ပါချင်တဲ့ ငှက်လေး

Vol. 133 Ch. 1853

အပျော်ဝင်ပါချင်တဲ့ ငှက်လေး

Vol. 133 Ch. 1853

ခရမ်းလေးကို မည်သူမှထည့်မစဉ်းစားမိပေ။ သို့သော် ခရမ်းလေး လက် ကိုဝှေ့လိုက်သည်နှင့် မိုးကြိုးသွားသည် အစေခံဆီသို့ တိုက်ရိုက်ဝင်သွားပြီး မီးသွေးခဲတုံးဖြစ်သွားလေသည်။

တခြားသူများမှာ မှင်တက်သွားတော့သည်။ ဒီမိုးကြိုးသွားက ဘယ်က ရောက်လာတာလဲ။

“ဟင်း… လူတွေ ငါ့ကိုအထင်သေးတာကို မခံနိုင်ဘူး” ခရမ်းလေးသည် လက်သည်းများကို မှုတ်ပြီး ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ပြန်ထိုင်လေသည်။

“ဟုတ်ပြီ… ခရမ်းလေးလှုပ်ရှားတာနဲ့ ဒီလိုမျိုးဖြစ်မယ်ဆိုတာကို ငါ သိနေ တယ်” ရှောင်ချီသည် သူမ၏ မိုးကြိုးသွားကို ထိုလူများခိုးသွားသည်ကို စိတ် အနှောင့်အယှက်ဖြစ်သည့်အလား မျက်လုံးကိုလှိမ့်လိုက်သည်။

“ငါတို့တွေကို မမှန်ရင်ပြီးတာပဲ” မဟူရာသည် မိုးကြိုးသွားကို ကြောက် သဖြင့် ခရမ်းလေးကို ဘာမှမလုပ်ရဲပေ။

“မင်းမှာ စိတ်ကူးယဉ်ဖို့အချိန်ရှိရင် အဲလူနှစ်ယောက်ကို ကောင်းကောင်း လေးရှင်းလိုက်” အိပ်မက်လေးသည် ထိုကိစ္စကို မည်သည့်ခံစားချက်မှမရှိပေ။ ရေပန်းစားရန်အတွက် ရန်ဖြစ်ရန်မလိုပေ။ ထို့ကြောင့် ငြင်းခုံစရာအကြောင်းမရှိ ပေ။

“တစ္ဆေလောကမှာ ငါတို့တွေက အားမသာဘူးပဲ” ငှက်လေးသည် လူသား လောကတွင် ကဗျာဆန်သည်ဟု သူ့ကိုယ်သူ ထင်သည်။ သို့သော် မည်သူမှ ထိုအရာကို ဂရုမစိုက်တော့ပေ။

ဟာစွန်သည် အကူအညီမဲ့စွာဖြင့် ပြုံးလိုက်သည်။ ဒီကောင်တွေတော့…

သားရဲများသည် ဆက်လက်တိုက်ခိုက်သည်။ သို့သော် ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် တောင့်မခံနိုင်တော့ပေ။

သူတို့သည် တစ္ဆေမျိုးနွယ်များဖြစ်သဖြင့် ခန္ဓာကိုယ်ကို မိုးကြိုးသွား ရိုက်ခတ်သွားမှုကြောင့် ပူလောင်ခြင်းကိုခံစားနေတုန်းပင်။

သူတို့သည် ခရမ်းလေးကို ထာဝရတောက်ပခြင်းမြို့တော်တွင်ရှိစဉ်က မြင်ဖူးခဲ့သည်။ သူ လက်ကလေးကို ဝှေ့ယမ်းလိုက်သည်နှင့် မိုးကြိုးသွားထွက် လာနိုင်လောက်အောင် အားကြီးလိမ့်မည်ဟု သူတို့ထင်မထားရုံသာဖြစ်သည်။

တိစစ်ခုံသည် ခရမ်းလေးကို အလန့်တကြားကြည့်လေသည်။ ရှီမာယူယူ ၏ ဘေးတွင် ခရမ်းရောင်ကြောင်လေးရှိသည်ကို သူသိသည်။ သို့သော် လျှပ်စီး ကိုသုံးနိုင်လိမ့်မည်ကို ထင်မထားပေ။

“မင်းမှာရှိနေတာက ဘယ်လိုမရဏာသားရဲမျိုးလဲ အဲဒါက အရမ်းကို…” ‘အားကောင်းတာပဲ’ ဆိုသည့် စကားလုံးသည် သူ၏လည်ချောင်းတွင် တစ်သွား သည်။ သူသည် မပြောနိုင်တော့ပေ။ လက်ရှိအခြေအနေမှာ သူ့အတွက် မကောင်းလှပေ။

“ကျွန်မက ဒီကိုတစ်ယောက်တည်းလာရဲမှတော့ ကျွန်မကိုသတ္တိပေးနိုင် တဲ့နောက်ခံတစ်ခုခုရှိလို့ပဲပေါ့” ရှီမာယူယူသည် ခရမ်းလေးကိုပွတ်သပ်လိုက် သည် “ကျွန်မတို့ကို လွှတ်ပေးဖို့ ရှင့်ကိုအခွင့်အရေးပေးခဲ့တယ် ဒါပေမဲ့ ကျွန်မ ဒီနည်းလမ်းကို ထုတ်သုံးရအောင်လို့ ရှင်အတင်းဖိအားပေးခဲ့တယ်”

တိစစ်ခုံ၏ မျက်နှာအမူအရာမှာ အလွန်အကျည်းတန်သွားလေသည်။ ဒီ ကမ္ဘာကြီးမှာ ဒီလိုပုံမှန်မဟုတ်တဲ့လူရှိမယ်လို့ သူ ဘယ်လိုလုပ်မှန်းတတ်မှာလဲ။

သူသည် ရှီမာယူယူ ပထမဆုံးအကြိမ် မရဏာရှေးပစ္စည်းဆိုင်တွေကို သွား ကတည်းက သတိထားမိသည်။ ထိုစဉ်က မုရုန်ရှီသည် သာမန်လူမဟုတ်သည် ကို ခံစားမိသည်။ ထို့ကြောင့် သူမ၏ နောက်ခံကိုစုံစမ်းရန် အမိန့်ပေးခဲ့သည်။

တစ္ဆေလောကရှိ အမြင့်ဆုံးဂိုဏ်းများထဲမှ တစ်ခုအနေနှင့် သူရထားသော သတင်းမှာ တခြားသူများထက် အသေးစိတ်ကျသည်။ ကွဲလွဲမှုများစွာရှိနေ သဖြင့် သူမသည် မုရုန်ရှီနှင့်မတူသောကြောင့် သူ ခန့်မှန်းနိုင်ခဲ့သည်။

သူသည် တခြားသူများထက် မြင်တတ်ခဲ့သည်။ သို့သော် အစကိုသာ ခန့်မှန်းနိုင်ခဲ့ပြီး အဆုံးကိုတော့ မမှန်းမိခဲ့ပေ။ သူမတွင် ဤမျှများပြားသော သားရဲများရှိက သူမကိုယ်တိုင်လည်း ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထား ပေ။

“ငါ့ ယူယူကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ မင်းထင်နေလား” မဟူရာ သည် အမြီးကိုဝှေ့ယမ်းလိုက်ရာ တိစစ်ခုံသည် သူ၏ဘီးတပ်ကုလားထိုင်နှင့် အတူ လေထဲသို့လွှင့်သွားပြီး မလှမ်းမကမ်းတွင် သွားကျသည်။

တစ်ချိန်တည်းမှာပင် တပ်သားတချို့သည် သူ့ဘေးသို့ပျံသွားကာ ကာကွယ်ပေးပြီး များစွာသော တပ်သားများသည် မဟူရာကို တိုက်ခိုက်ကြလေ သည်။

တခြားသောသားရဲများသည် သူတို့၏ ရန်သူနှင့်သူတို့ တိုက်ခိုက်နေကြ သည်။ သို့သော် မဟူရာကို အားကောင်းသောလူများ ဝိုင်းနေကြသဖြင့် အကြောင်းမလှကာ အမြီးမှာ အကြိမ်ပေါင်းများစွာအခုတ်ခံရတော့သည်။

“ဒီမှာပဲနေနေ ထွက်မလာနဲ့” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ပြော လိုက်သည်။ ပြီးနောက် ခရမ်းလေးကို ပခုံးပေါ်တင်ကာ အကာအကွယ်ထဲမှ ထွက်ခဲ့လိုက်သည်။

အပြင်တွင် အလွန်အန္တရာယ်များသည်ဟု ကုန်းဇီယွမ်နှင့် ရှောင်ရှော့ပိုင် တို့ပြောချင်သော်လည်း သူမသည် ထွက်သွားပြီဖြစ်ရာ သူမနောက်သို့ လိုက်မရ တော့ပေ။

သူတို့ အကာအကွယ်အတွင်းနေမှသာ သူမအတွက် အနှောင့်အယှက် မဖြစ်စေမည်ပင်။

ရှီမာယူယူ ပျံသွားသည်။ ထိုလူများသည် သူမ၏ ပခုံးပေါ်မှ ခရမ်းလေးကို မြင်သောအခါ နောက်ပြန်ဆုတ်ကြသည်။

“ယူယူ သူတို့က ငါ့ကျောကို မီးနဲ့မြှိုက်တယ်” မဟူရာသည် ရှီမာယူယူကို ကလေးသဖွယ် ငိုပြောသည်။

“မင်း ကျောကို မီးနဲ့မြှိုက်တယ်ဟုတ်လား… ငါတို့မှာ မီးမရှိဘူးဆိုပြီး သူတို့က အနိုင်လာကျင့်တာလား” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက် သည်။ သူမ၏ ညာဘက်လက်ချောင်း ဆန့်ထုတ်လိုက်သည်နှင့် မီးတောက် တစ်ခုသည် ရုတ်တရက် သူမလက်မှထွက်လာသည်။

ငှက်လေး ထွက်လာသည်နှင့် ရှီမာယူယူ အပြောကိုပင် မစောင့်တော့ဘဲ ပျော်ရွှင်စွာဖြင့် လေထဲတွင် အဆက်မပြတ်ပျံသန်းလေသည်။

အတန်ကြာအောင် အိပ်မောကျပြီးနောက် နောက်ဆုံးတွင် နေရာတိုင်းကို ပျံသန်းနိုင်နေလေပြီ။

“ဒါက ဘာမီးတောက်လဲ ဘာလို့ဒီလောက်ပူရတာလဲ” တစ္ဆေမျိုးနွယ်မှလူ များ အော်ကြလေသည်။

“ဒါကနိဗ္ဗာန်မီးပဲ သေချာပေါက် အပူချိန်မြင့်တာပေါ့” မဟူရာ နှာမှုတ်လေ သည် “မင်းတို့က ငါ့ကျောကိုမီးမြှိုက်ခဲ့တာမလား ဟားဟား အခုတော့ မင်းတို့ လည်း မီးလောင်ရတဲ့ အရသာလေးခံစားကြည့်လိုက်ဦး ငှက်လေး သူတို့ ကျော ကိုသွားမီးမြှိုက်လိုက်တော့”

ငှက်လေးသည် ပျော်ရွှင်စွာဖြင့် နှစ်ပတ်ပတ်ပြီးနောက် နဂါးနက်ကို ဝိုင်း ထားသောလူများဆီသို့ ပျံသွားလေသည်။ ထိုလူများသည် အော်ရန် အချိန်ပင် မရှိလိုက်ဘဲ ပြာကျသွားလေသည်။

ထိုမြင်ကွင်းသည် ထိုနေရာတွင်ရှိနေသောလူများကို ထိတ်လန့်သွားစေ သည်။ ဒီလောက် အားကောင်းတဲ့ မီးတောက်ရှိသေးတာလား။

“ဒါက အံ့ဖွယ်ပဒါးငှက်ရဲ့ မီးတောက်မလား” တိစစ်ခုံသည် ရှီမာယူယူကို ကြည့်ပြီး သူမကို ရန်စမိသည့်အတွက် နောင်တရနေသည်။

“ကြည့်ရတာ ရှင်က ကျွန်မအကြောင်း အများကြီးမသိသေးဘူးပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မအကြောင်းကိုသာ ပိုသိလိုက်ရင် ကျွန်မရဲ့ အသက်စာချုပ်သားရဲက အံ့ဖွယ်ပဒါးငှက်ဖြစ်တာကို သိမှာပဲ”

“ဘာ… ဘာ”

“ကျွန်မရဲ့ လက်ရှိအားက တိစစ်မိသားစုမျိုးနွယ်ဖြစ်ဖြစ် တစ္ဆေကြင်ယာ တော်တို့နဲ့ ယှဉ်ဖို့ လုံလောက်ချင်မှလုံလောက်မယ်… ဒါပေမဲ့ ရှင့်ကိုတော့ ကိုင်တွယ်နိုင်သေးတယ်” ရှီမာယူယူ ပြောလိုက်သည် “တိစစ်ခုံ ရှင်က ကျွန်မရဲ့ သရုပ်မှန်ကို ခန့်မှန်းနိုင်လောက်အောင် အရည်အချင်းရှိပါတယ်… ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရှင်က မောက်မာလွန်းတယ်… ရှင့်ကိုယ်ရှင် ယုံကြည်မှု လွန်ကဲနေတာက ကျွန်မ ဖမ်းတာကိုအလွယ်တကူခံလိုက်ရတာပဲ”

“ကြည့်ရတာ ငါ အမှားကြီးလုပ်မိပြီထင်တယ်” တိစစ်ခုံ ပြောလိုက်သည် “ဒါပေမဲ့ မင်းလည်း အမှားလုပ်မိတာပဲ”

ရှီမာယူယူ မျက်ခုံးများကို ပင့်လိုက်သည်။

“မင်းက အရမ်းအားကောင်းပြီး အဲဒီသားရဲတွေက မင်းရဲ့စာချုပ်သားရဲ ဖြစ်နေပေမဲ့ မင်းသေသွားတာနဲ့ စာချုပ်သားရဲတွေက အလိုလိုပျောက်သွားမှာပဲ” သူ ပြောပြီးသည်နှင့် တိစစ်ခုံသည် ဝိညာဉ်စွမ်းအင်ကို အမြန်စုပြီး ရှီမာယူယူကို တိုက်ခိုက်လေသည်။

“မရဏာသိုင်းသုံးနိုင်တာ ရှင်တစ်ယောက်ပဲရှိတယ်လို့ ထင်နေတာလား”

ရှီမာယူယူသည်လည်း လက်နှစ်ဖက်ကို ချိတ်ပြီး ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းကာ တိစစ်ခုံ၏ ဝိညာဉ်စွမ်းအင်ကို ပိုက်ကွန်ဖြင့် ပိတ်ထားလိုက်ရာ ဝိညာဉ်စွမ်းအင်မှာ ပျောက်ကွယ်သွားလေသည်။

“ကောင်းကင်နဲ့မြေကြီးပိုက်ကွန်… ဒါက သခင်မိုယွိရဲ့ မရဏာသိုင်းပဲ မင်း ဘယ်လိုသိတာလဲ” တိစစ်ခုံ အော်လေသည်။

“သူ သင်ပေးလို့ပေါ့… ကျွန်မက သူနဲ့ ဆက်ဆံရေးကောင်းတာကို ရှင် မသိဘူးလား” ရှီမာယူယူ ပြောပြီးသည်နှင့် တိစစ်ခုံကို နောက်ထပ်ပိုက်ကွန် တစ်ခု ပစ်လိုက်သည်။

ရှီမာယူယူ ဝိညာဉ်သိုင်းများ တစ်ခုပြီးတစ်ခု ပစ်လွှတ်သည်ကို ကုန်းဇီယွမ် နှင့် ရှောင်ရော့ပိုင်တို့ ကြည့်နေကြသည်။ သူမ၏ ဝိညာဉ်စွမ်းအင်မှာ အဆုံးမရှိ သည့်ပုံပင်။

“ငါ သူမကို ပထမဆုံးတွေ့ခဲ့တုန်းက ဝိညာဉ်စွမ်းအင်မရှိတဲ့ ကောင်မလေး တစ်ယောက်ပဲ… အခု သူမက ငါတို့နဲ့ အလှမ်းဝေးသွားသလိုပဲ” ကုန်းဇီယွမ် သက်ပြင်းချလိုက်သည်။

“ဟုတ်တယ် သူမက ယှဉ်ဖို့ကိုဝေးကွာသွားပြီ သူမရဲ့ အားအင်ကရော သူမရဲ့ သရုပ်မှန်ကရော” ရှောင်ရော့ပိုင် ရေရွတ်လိုက်သည်။

ကုန်းဇီယွမ်သည် ရှောင်ရော့ပိုင်၏ ဘေးနှစ်ဖက်ကိုကြည့်ပြီး သူမ၏ ပခုံး ကို ပုတ်လိုက်သည် “နင်နဲ့ ရှီအာအကြားမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့… အကုန်ပြီး သွားခဲ့ပြီပဲ… အဲဒါက သူမအမှားမဟုတ်ဘူးဆိုတာ နင်လည်းသိတာပဲ… ပြီးတော့ သူမက နင်နဲ့ငါအတွက် အများကြီးလုပ်ပေးနေတာပဲ… ဒီအတိုင်း ကျော်သွားလိုက်လို့မရဘူးလား”

“ကျော်သွားပေးရမယ် ဟုတ်လား ရှောင်မိသားစုက ပြန်မလာနိုင်တော့ ဘူး ငါတို့က အရင်လိုမျိုး ဘယ်လိုပြန်နေနိုင်တော့မှာလဲ” ရှောင်ရော့ပိုင်သည် ရှီမာယူယူကို ကြည့်လိုက်သည် “ငါ ဒီအတိုင်းကျော်မသွားနိုင်ဘူး ယွမ် ငါတို့ ကြားက ကိစ္စတွေက အရင်လိုပြန်မဖြစ်နိုင်ဘူး”

***

All Chapters