မြို့ဆီသို့ပြန်ခြင်း
Vol. 133 Ch. 1854
ငှက်လေးပါ ပေါင်းလိုက်သောအခါ တခြားသော သားရဲများ တိုက်ခိုက်ရ သည်မှာ ပိုလွယ်ကူသွားသည်။ မကြာမီတွင် ခြံထဲမှလူများအားလုံးကို ရှင်းထုတ် နိုင်လိုက်ပြီဖြစ်သည်။
နောက်ဆုံးတစ်ယောက် အသတ်ခံရပြီးသည်နှင့် ရှီမာယူယူသည် အကာအကွယ်ဆီသို့ ပြန်လာကာ ဖယ်ရှားလိုက်သည်။
“အဆင်ပြေရဲ့လား”
“သေချာပေါက် အဆင်ပြေတာပေါ့” ကုန်းဇီယွမ် ပြန်ဖြေလေသည် “နင် ရော”
“တိစစ်ခုံရဲ့ အားက ငါ့ကိုမထိခိုက်နိုင်ပါဘူး” ရှီမာယူယူ ပြုံးလိုက်သည် “နယ်စားကုန်းဇီက လူတွေလွှတ်လိုက်ပြီမလား… ငါလုပ်စရာရှိလို့ သွားလိုက်ဦး မယ်”
“ရှီအာ” ကုန်းဇီယွမ်သည် သူမကို တားရန်ကြိုးစားသည်။ သူသည် ရှောင်ရော့ပိုင်အကြောင်းကို ပြောချင်သည်။ သို့သော် မည်သို့စရမည်ကို မသိ ပေ။
ရှီမာယူယူသည် ရှောင်ရော့ပိုင်ကိုကြည့်ပြီး ကုန်းဇီယွမ်ကို ပြောလိုက် သည် “ရော့ပိုင်က သွားစရာနေရာမရှိဘူးထင်တယ် သူမကို သေချာလေး ဂရု စိုက်ပေးပါဦး… နင် တယွိမှာနေချင်ရင်တော့ မင်းသား ၂ ကိုမှီခိုလို့ရတယ် သူတို့ ကိုပဲ တိုက်ရိုက်သွားရှာလိုက်ပါ”
“ငါ…” ရော့ပိုင်သည် တစ်စုံတစ်ရာပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောမိပေ။
ထိုအချိန်တွင် ခြံအပြင်ဘက်မှ ခြေသံများနီးကပ်လာသည်။ ရှီမာယူယူ သည် သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပြီးနောက် သားရဲများကို ပြန်သိမ်းကာ လေထဲရှိ ဟွမ်ဆီသို့သွားလေသည်။ သူတို့နှစ်ယောက်သည် သူတို့ကိုကြည့်ပြီး နောက် လေထဲတွင် ပျောက်ကွယ်သွားလေသည်။
တခြားသူများ ခြံဝန်းဆီသို့ အမြန်လာချိန်တွင် တိုက်ပွဲကြောင့် ဖြစ်ခဲ့သော ညက်ညက်ကြေနေသည်များနှင့် မှိုင်တွေစွာရပ်နေသော လူနှစ်ယောက်ကို မြင် လိုက်လေသည်။
“သခင်လေး အဆင်ပြေရဲ့လား” ကုန်းဇီယွမ်၏ လက်ထောက်သည် သူ၏ သခင်လေးဖြစ်သူမှာ ခြံဝန်းအတွင်းတွင် တငိုင်ငိုင်ဖြစ်နေသည်ကို မြင်သောအ ခါ အမြန်ပြေးလာသည်။ သူသည် သခင်လေးကိုဖက်ပြီး ကျယ်လောင်စွာ အော် လေသည် “သခင်လေး သခင်လေးပျောက်နေတဲ့ ဒီနှစ်ရက်မှာ စိတ်ပူလိုက်ရ တာ… ကျွန်တော် လန့်လို့သေတော့မယ် အဆင်ပြေရဲ့လား ခိုက်မိသေးလား”
ကုန်းဇီယွမ်သည် သူ့ကို အားပါပါဖြင့်တွန်းပြီး အကူအညီမဲ့စွာဖြင့် ပြော လိုက်သည် “ငါ့ကို အဲလောက်ကြီး တင်းတင်းကြပ်ကြပ်ဖက်ထားတော့ ငါ ဘယ်လို ပြောရတော့မှာလဲ”
“အိုး သခင်လေး” လက်ထောက်သည် နောက်ပြန်ဆုတ်ကာ သူ့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လေသည်။
“သခင်လေး” တပ်သားတစ်ယောက် ရောက်လာသည် “အဆင်ပြေရဲ့ လား”
“ငါတို့ အဆင်ပြေပါတယ်”
“ဒါ ဘာတွေလဲ” တပ်သားသည် လှည့်ပတ်ကြည့်လိုက်ရာ ဤနေရာတွင် တိုက်ပွဲကြီးဖြစ်သွားသည်ကို သိလိုက်သည်။
“ငါ့သူငယ်ချင်းက ငါတို့ကိုကယ်ပေးသွားတာ နောက်မှ အဖေနဲ့ မင်းသား ကို အသေးစိတ်သတင်းပို့လိုက်မယ်” ကုန်းဇီယွမ် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေးပျောက်သွားတာကို မင်းသားသိတုန်းက နေရာ တိုင်းကိုလူလွှတ်ပြီး သခင်လေးကိုရှာနေခဲ့တာ” တပ်သား ပြောလေသည် “သခင်လေး ဒီမှာရောက်နေတယ်လို့ သတင်းရတော့ တစ်ခါတည်းအမြန်လာခဲ့ လိုက်တာပဲ”
သူတို့ ဤနေရာတွင် ရှိသည်ကို ရှီမာယူယူသိသည်နှင့် သူတို့၏ တည်နေရာကို သတင်းပေးရန် ပျားများကို ညွှန်ကြားလိုက်သည်ဟု ကုန်းဇီယွမ် ခန့်မှန်းမိသည်။
“သွားကြမယ် မင်းသားတို့က အလုပ်များနေတဲ့ကြားက ငါတို့ကိုရှာတယ် ဆိုတော့ ငါတို့လုံခြုံတယ်ဆိုတာကို သွားပြောသင့်တာပေါ့” သူသည် ပြောပြီး သည်နှင့် ရှောင်ရော့ပိုင်ကို ကြည့်လိုက်သည် “ငါတို့အဖမ်းခံလိုက်ရလို့ နင့်ကို ပြောဖို့အခွင့်အရေးမရှိလိုက်ဘူး… သူမ မသွားခင်ပြောသွားတာကို ငါလည်း သဘောတူတယ်… နောက်ကို ငါနဲ့လိုက်ပြီး နေလို့ရသလို မင်းသား ၂ ဆီမှာ လည်းနေလို့ရတယ်… အခုတော့ နင် တစ်ယောက်တည်း မနေသင့်ဘူး… နင် တစ်ခုခုဖြစ်မှာကို သူမလည်း လိုချင်မှာမဟုတ်ဘူး”
ရှောင်ရော့ပိုင်သည် အစက တွေဝေသွားသေးသည်။ သို့သော် နောက်ဆုံး စကားများကို ကြားသောအခါ ခေါင်းညိတ်လိုက်သည် “ဟုတ်ပြီလေ”
ရှီမာယူယူ ထွက်သွားပြီးနောက် မြို့အဝင်ပေါက်တွင် ပေါ်လာပြီး တစ် ယောက်တည်း လမ်းလျှောက်ပြန်ခဲ့လိုက်သည်။ သူမ မြို့အဝင်ပေါက်သို့ လျှောက်လာသည်နှင့် မုရုန်ဟွေ့နှင့် တခြားသူများ အပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ သူမသည် သူတို့ကိုအမြန်ခေါ်ပြီး တားလိုက်သည်။
“အဖေ”
“ရှီအာ” မုရုန်ဟွေ့သည် သူမကို မြင်သောအခါ မရဏာသားရဲကို ရပ် လိုက်သည်။ သူသည် ခုန်ဆင်းပြီး ပြောလိုက်သည် “ရှီအာ အဆင်ပြေရဲ့လား”
“အဖေ သမီးအဆင်ပြေပါတယ်” ရှီမာယူယူသည် ခေါင်းခါလိုက်သည် “သမီးအဆင်ပြေတယ် လိုက်မရှာပါနဲ့လို့ လူလွှတ်ပြီး သတင်းပို့လိုက်တယ် မဟုတ်ဘူးလား”
“တယွိနန်းတော်က တပ်သားနှစ်ယောက် ပြန်လာပြီးတော့ သမီးက တခြားလူနဲ့ထွက်သွားတယ်လို့ ပြောတာကို အဖေက ဘယ်လိုလုပ် ဘာမှမလုပ် ဘဲနေရမှာလဲ… မင်းသားကလည်း အဖေ့ကိုပြန်သွားခိုင်းတယ်… လမ်းမှာ မင်တနဲ့တခြားသူတွေကို တွေ့တာပဲ… သမီးပျောက်နေတာကို ဘယ်လိုလုပ် မရှာဘဲနေရမလဲ” မုရုန်ဟွေ့ ပြောလိုက်သည် “ကံကောင်းလို့ သမီးဘာမှမဖြစ် ဘူး”
“သမီးက တခြားလူနဲ့ အလွယ်တကူလိုက်သွားမှာတဲ့လား… ယုံကြည် ချက် ရှိလို့လိုက်သွားတာပဲပေါ့… ပြီးတော့ ဘေးမှာဟွမ်လည်းရှိနေတာပဲလေ သူဘေးမှာရှိနေရင် သမီးအဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း သမီးကို ဘယ်သူဖမ်းတာလဲသိလား” မုရုန်ဟွေ့ မေးလိုက်သည်။
“အင်း… အဲကိစ္စကို မင်းသားကိုတွေ့မှပဲပြောကြမယ်လေ” ရှီမာယူယူ ပြန်ဖြေသည်။
သူမကို ဖမ်းခဲ့သူမှာ လက်ရှိအခြေအနေနှင့်် ပတ်သက်နေမည်ကို မုရုန်ဟွေ့သိသဖြင့် ခေါင်းညိတ်ကာ သူမကို ပြောလိုက်သည် “ဒါဆိုလည်း သွား ကြတာပေါ့”
သူတို့ တယွိနန်းတော်သို့ ရောက်ချိန်တွင် ကုန်းဇီယွမ်နှင့်တခြားသူများ ပြန်မရောက်သေးပေ။
တပ်သားများသည် သူတို့ကို မင်းသား၏ စာကြည့်ဆောင်သို့ တိုက်ရိုက် ခေါ်သွားပေးလေသည်။ တယွိမင်းသားသည် ယွိယန်းနှင့် ဘေးမှလူများနှင့် ဆွေးနွေးနေသည်။ သူမ ပြန်လာသည်ဟု မင်းသားသိသည်နှင့် တစ်ခါတည်း ခေါ်လာရန် တပ်သားများကို ညွှန်ကြားလိုက်သည်။
“ရှီအာ ဒဏ်ရာရသွားသေးလား” ယွိယန်း မေးလိုက်သည်။
ရှီမာယူယူသည် ခေါင်းခါကာ တယွိမင်းသားကို အရိုအသေပြုလိုက်သည် “မင်းသား ကျွန်မ သတင်းပို့စရာရှိတယ်လို့ ထင်ပါတယ်”
ယခုအချိန်တွင် တယွိမင်းသားသည် သူမကို ယုံကြည်နေပြီဖြစ်ရာ ပြော စရာရှိသည်ဟု ကြားသည်နှင့် စာကြည့်ဆောင်အတွင်းမှ တခြားလူများကို ပြော လိုက်သည် “မင်းတို့အားလုံး သွားလိုက်ကြတော့ ကျန်တဲ့ကိစ္စတွေကို နောက်မှ ဆွေးနွေးကြတာပေါ့”
တယွိမင်းသားသည် ရှီမာယူယူအား ဦးစားပေးသည်ကို မြင်သောအခါ မုရုန်ဟွေ့အပါအဝင် တခြားလူများ အနည်းငယ်အံ့ဩမိသည်။
သူတို့သည် မင်းသား၏ အမိန့်ကိုဘာမှမပြောရဲကြသဖြင့် မတ်တတ်ထ ကာ ထွက်သွားကြလေသည်။ သူတို့ ထွက်သွားပြီးနောက်တွင် ယွိယန်း မေးလေ သည် “ရှီအာ မင်းကို ဘယ်သူဖမ်းသွားတာပဲ”
“တိစစ်ခုံ” ရှီမာယူယူ ပြောလိုက်သည် “ကိစ္စတွေကို ကြည့်ရတာတော့ တိစစ်မိသားစုမျိုးနွယ်က ဒီကိစ္စမှာဝင်ပါနေတာပဲ”
“တိစစ်မိသားစုမျိုးနွယ်လား”
“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “တိစစ်ခုံက တိစစ်မိသားစု ဂိုဏ်းရဲ့ သခင်လေးမဟုတ်ပေမဲ့ လူငယ်မျိုးဆက်တွေထဲမှာ ခေါင်းဆောင်တစ် ယောက်ပဲလေ… သူ အခုပေါက်လာတာက သေချာပေါက် တိုက်ဆိုင်မှုမဟုတ် ဘူး”
“ဒါပေမဲ့ ဒီတစ်ခေါက်မှာ တိစစ်မိသားစုထဲက ဘယ်သူ့ကိုမှမတွေ့ခဲ့ဘူး” ယွိယန်း ပြောလိုက်သည်။
“အခြေအနေက အဆုံးကိုရောက်တော့မှာမို့လို့ အားအကုန်မခံတော့ဘဲ လူလွှတ်လိုက်တာဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါက ကျွန်မ ခန့်မှန်း ချက်သက်သက်ပါ… ကျွန်မက တိုက်ဆိုင်တယ်ဆိုတာကို မယုံဘူး”
“အထူးသဖြင့် သူတို့က လူတွေအများကြီးခေါ်လာတာ”
“မင်းရဲ့ အလိုလိုသိစိတ်က အမြဲတမ်းမှန်တာပဲ… မင်းက ဒီလိုခံစားရမှ တော့ ဒီကိစ္စကို ပိုပြီးအာရုံစိုက်ဖို့လိုတာပေါ့” တယွိမင်းသား ပြောလိုက်သည်။
တိစစ်မိသားစုမျိုးနွယ်သည် တစ္ဆေကြင်ယာတော်၏ ညာလက်ရုံးဖြစ်ခဲ့ သည်။ ထို့ကြောင့် တစ္ဆေကြင်ယာတော်နှင့် သူမ၏ လူများ စီစဉ်ပြီး တိစစ်မိသား စုမှာလည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်မှာ သံသယဝင်စရာပင်မရှိပေ။ ယွိယန်း သည် သူမကို ယုံကြည်သည် “အရင်က သူတို့အစီအစဉ်တွေက အရမ်းကို လျှို့ဝှက်တယ်… ဒါပေမဲ့ အခု ကြင်ယာတော်မင်းသမီးရဲ့ နောက်ခံကို ငါတို့တွေ က ချေမှုန်းလိုက်ပြီ အဲတော့ ဘာပြဿနာမှမရှာရဲကြဘူး… ငါတိုသာ ဒီကိစ္စကို ရှင်းနိုင်တာနဲ့ တိစစ်မိသားစုမျိုးနွယ်မပြောနဲ့ ဘယ်သူ့ကိုမှ ကြောက်ဖို့မလိုတော့ ဘူး…”
“အင်း အခု အဲဒီကိစ္စကို စိတ်ပူဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အိုး”
“တိစစ်ခုံနဲ့ သူ့လူတွေ အကုန်လုံး အသတ်ခံလိုက်ရပြီ”
“အကုန်လုံး သေသွားပြီလား”
“ဟုတ်ပါတယ် အဲဒါကြောင့် တိစစ်မိသားစုမျိုးနွယ်က အချိန်တစ်ခု လောက်အထိတော့ သူမကို ဆက်သွယ်မှာမဟုတ်ဘူး” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ ရှေ့လျှောက်နေ့ရက်တွေက ကောင်းမကောင်းဆိုတာတော့ တိစစ် မိသားစုမျိုးနွယ်မှာ တိစစ်ခုံရဲ့ ရာထူးတည်ရှိမှုအပေါ်မှာ မူတည်တာပဲ”
“ငါတို့က တိစစ်မိသားစုမျိုးနွယ်က အတွင်းကိစ္စတွေကို သေချာမသိဘူး” တယွိမင်းသား ပြောလေသည်။
“စုံစမ်းဖို့တော့ လွယ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “နောက်ကို သူတို့ကို ဆက်တိုက်စောင့်ကြည့်နေရင် ဘာမဆို အလွယ်တကူ စုံစမ်းလို့ရမှာပါ”
ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းမှ တိဝူအီကိုတွေးပြီး တစ်စုံတစ်ရာ သိလိုသိငြား သူ့ကိုမေးလိုက်သည်။
***