← Chapters

တစ္ဆေကြင်ယာတော်၏ အင်အား

Vol. 133 Ch. 1855

တစ္ဆေကြင်ယာတော်၏ အင်အား

Vol. 133 Ch. 1855

ခဏအကြာတွင် ကုန်းဇီယွမ်နှင့် တခြားသူများ ပြန်လာသည်။ မင်းသား သည် သူ့ကိုတစ်ခါတည်းခေါ်လာရန် ညွှန်ကြားလိုက်သည်။

ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ စာကြည့်ဆောင်သို့ ဝင်လာချိန်တွင် ရှီမာယူယူကို မြင်လိုက်ရခြင်းကြောင့် အံ့အားသင့်သွားကြသည်။ သူတို့သည် သတိကိုပြန်ထိန်းလိုက်ပြီး တယွိမင်းသားကို အရိုအသေပြုလိုက်သည်။

“မင်းတို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ရှီအာ ပြောပါတယ်… မင်းတို့ ဘေးကင်း တယ်ဆိုတော့ တော်သေးတာပေါ့” တယွိမင်းသား ပြောလိုက်သည်။

ရှီမာယူယူ မည်သို့ပြောခဲ့သည်ကို ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ မသိ ကြပေ။ ထို့ကြောင့် သူတို့သည် ဘာမှထပ်မပြောတော့ဘဲ ဝိုးတိုးဝါးတားပင် ပြောလိုက်လေသည် “မင်းသားက အလုပ်များနေတဲ့ကြားက ကျွန်တော်တို့ကို ရှာဖို့ လူလွှတ်လိုက်တယ်လို့ ပြည်နယ်ကလူတွေဆီက ကြားရပါတယ် မင်းသား စိတ်ပူပေးတဲ့အတွက် ယွမ်နဲ့ ရော့ပိုင်တို့က ကျေးဇူးတင်ပါတယ်”

“မင်းတို့ ဘေးကင်းနေရင် ပြီးတာပါပဲ… ဒီတစ်ခေါက် စစ်မေးတာကြောင့် လန့်သွားကြမှာပဲ သွားပြီး ကောင်းကောင်းအနားယူလိုက်ကြဦး” တယွိမင်းသား သည် သူတို့ကို သွားခိုင်းလိုက်သည်။

ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် အရိုအသေပြုပြီးနောက် စာကြည့် ဆောင်မှ ထွက်သွားကြသည်။

ရှီမာယူယူသည် သူတို့ထွက်သွားသည်ကိုကြည့်ပြီး မတ်တတ်ထလိုက် သည်။ သူမသည် ယွိယန်းကို ပြောလိုက်သည် “မင်းသား ၂… ကျွန်မနဲ့ ရော့ပိုင် ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းသား ၂ လည်းကြားပြီးသားဖြစ်မှာပါ… အရမ်းကြီး ဒုက္ခမများရင် မင်းသား ၂ ကပဲ ကျွန်မအစား သူမကိုဂရုစိုက်ပေးပါ”

“သူမ ငါ့ဆီလာရှာရင် ငါ လုပ်ပေးလိုက်ပါမယ်” ယွိယန်း ပြန်ဖြေလေ သည်။

“ကျေးဇူးတင်ပါတယ် မင်းသား ၂” ရှီမာယူယူသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“မင်းက ငါ့ခမည်းတော်ကို ဆေးကုပေးထားတာပဲလေ… ငါတို့ ဒီကိစ္စမှာ လက်ဦးမှုရသွားတာလည်း မင်းရဲ့အကြံကြောင့်ပဲ… လူတစ်ယောက်လောက်ကို ကြည့်ပေးဖို့လောက်တော့ မင်းကို ကူညီပေးနိုင်ပါတယ်” ယွိယန်း ပြောလိုက် သည်။

သူတို့ကိစ္စများ ရှင်းပြီးသောအခါ တယွိမင်းသားသည် သူမကို ပြန်လိုက်ပို့ ရန် တပ်သားတစ်ယောက်ကို ညွှန်ကြားလိုက်ပြီး မုရုန်ဟွေ့ကို နေခဲ့ကာ လက်ရှိ ကိစ္စများကို ဖြေရှင်းရန်ပြောလေသည်။

ထိုကိစ္စများ ဖြေရှင်းပြီးသည်နှင့် သူ လျောင်ပြည်နယ်သို့ ပြန်မည်မဟုတ် ကြောင်းကို ရှီမာယူယူ ခန့်မှန်းမိသည်။ မင်းသားသည် သူ့ကိုနေခဲ့ခိုင်းရန် နည်းလမ်းရှာမည်မှာ အသေအချာပင်။

သူနေခဲ့သည်မှာ ပြဿနာမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ အားလုံး သည် အနာဂတ်ကိုမျှော်လင့်နေပြီဖြစ်သည်။

သူမ တည်းခိုဆောင်သို့ ပြန်ရောက်သည်နှင့် လျောင်ပြည်နယ်မှလူများ သူမကို ဝိုင်းလာကြသည်။ ရှီမာယူယူ အဆင်ပြေသည်ကိုမြ်ငသောအခါ စိတ် သက်သာရာရကြသည်။

“သခင်မလေး အဆင်ပြေမှာပါလို့ ငါပြောသားပဲ” ကျန်းမင်တသည် ပြုံးပြီး ပြောလေသည်။

“စောနက ပျာယာခတ်သွားတာ ဘယ်သူလဲမသိဘူး… သူက အရမ်းကို စိတ်ပူပြီးတော့ အိပ်မရဖြစ်ပြီး သူမကိုရှာဖို့ ထွက်သွားချင်နေတာလေ” ဖန်းရင်ဟန် ပြောလေသည်။

“မင်းတို့အားလုံးလည်း အတူတူပဲမဟုတ်ဘူးလား” ကျန်းမင်တ ရေရွတ် လိက်သည် “သခင်မလေး… သခင်မလေးကို ဘယ်သူခေါ်သွားတာလဲ”

“တိစစ်မိသားစုမျိုးနွယ်က အဖွဲ့ဝင်ပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“တိစစ်မိသားစုမျိုးနွယ်ဟုတ်လား”

“သူတို့က မင်းသားနဲ့ အဖေ့ကို ပစ်မှတ်ထားတဲ့ပုံပဲ… ဒါပေမဲ့ အဆင်ပြေ သွားပြီ ဘာမှမဖြစ်တော့ဘူး… ငါ နည်းနည်းပင်ပန်းနေလို့ အခန်းထဲကို သွား နားလိုက်ဦးမယ်… မင်းတို့အားလုံးလည်း နားလိုက်ကြဦး” ရှီမာယူယူ ပြောပြီး နောက်တွင် အခန်းဆီသို့ ပြန်လေသည်။

သူမ အခန်းအတွင်းသို့ ဝင်ပြီးနောက်တွင် အတားအဆီးပြုလုပ်ကာ ဝိညာဉ်စေတီအတွင်းသို့ ဝင်ခဲ့လိုက်သည်။

“ဝိညာဉ်လေး တိဝူအီကို ခေါ်လာခဲ့” ရှီမာယူယူ ပြောလိုက်သည်။

ဝိညာဉ်လေးသည် တိဝူအီကိုခေါ်ထုတ်လာသည်။ သူသည် အရင်ကကဲ့သို့ ပြောင်းလဲခြင်းမရှိပေ။ သည်တစ်ခေါက် တိစစ်မိသားစုမျိုးနွယ် အဖွဲ့ဝင်နှင့်သာ မတွေ့လျှင် တိဝူအီကို အချိန်ကြာရှည်စွာ ပိတ်လှောင်ထားမိသည်ကို သတိရ တော့မည်မဟုတ်ပေ။

သူမ မမှတ်မိသော်လည်း တခြားသူများ မေ့သွားသည်ဟု မဆိုလိုပေ။ သူ၏ အကျဉ်းချသည့် အချိန်အတောအတွင်းတွင် သူသည် သူမ၏ ဖခင် ရှီမာလျူရွှမ်နှင့် စစ်တုရင်ကစားဖော် ကစားဖက်ဖြစ်ခဲ့သည်။

“သခင်မလေး” တိဝူအီသည် သူမကိုကြည့်ပြီး တလေးတစား အရိုအသေ ပြုလေသည်။

“တိဝူအီ မင်းအခု ဘယ်ရောက်နေလဲဆိုတာသိလား… ငါ ဒီနေ့ ဘယ်သူနဲ့ တွေ့ခဲ့လဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။

တိဝူအီသည် အနည်းငယ် အံ့ဩသွားသည်။ သူ ဘယ်ရောက်နေလဲဆိုတာ သူက ဘယ်လိုလုပ်သိမှာလဲ။

သူ ပြောလာမည်ကို ရှီမာယူယူ မမျှော်လင့်ထားပေ။ ထို့ကြောင့် သူမ ဆက်ပြောလေသည် “ငါတို့က အခု တယွိမြို့တော်ကို ရောက်နေတာပဲ ဒီနေ့ ငါ တိစစ်ခုံနဲ့တွေ့ခဲ့တယ်”

“ဘာ” တိဝူအီ၏ မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားသည် “ငါတို့က တစ္ဆေလောကကိုတောင် ရောက်နေပြီလား”

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“တိစစ်ခုံက အရမ်းကို အညှာတာမဲ့တယ် သူ သခင်မလေးကို တစ်ခုခု လုပ်လိုက်လား” တိဝူအီသည် စိုးရိမ်တကြီးမေးလေသည်။

“ငါ အဆင်ပြေပါတယ် သူမလုပ်ပါဘူး… သူ ငါ့ကိုဖမ်းလိုက်ပေမဲ့ အဲအစား သူ့အသက်ပေးလိုက်ရတယ်လေ” ရှီမာယူယူ ပြောလိုက်သည်။

“အာ… သူ သေသွားပြီလား” သူက သူအပြင်ထွက်တိုင်း လူတွေအများ ကြီး ခေါ်သွားတာပဲမဟုတ်ဘူးလား။ သူ တကယ်ပဲ အသတ်ခံလိုက်ရပြီလား။

“အင်း သူ့ကို ငှက်လေးက မီးမြှိုက်လိုက်တာ” ရှီမာယူယူ ပြောလိုက်သည် “ငါ မင်းကို ဒီနေ့ခေါ်တာက တိစစ်မိသားစုမျိုးနွယ်နဲ့ တိဝူမိသားစုမျိုးနွယ်တို့ အကြောင်းမေးချင်လို့ပဲ”

တိဝူအီသည် စိတ်ကိုပြန်စုစည်းကာ မိသားစုနှစ်ခုအကြောင်းကို သူ သိ သလောက် ပြန်ပြောပြသည်။ သူသည် တိဝူမိသားစုမျိုးနွယ်ကိုယ်စား အသနား ခံချင်သည်။ သို့သော် သူမ ရပ်တည်သည့်နေရာကို သူ သိသည်။ မည်သည့် မိသားစုမျိုးနွယ်ကမှ တစ္ဆေကြင်ယာတော်၏ နောက်သို့ သေသေရှင်ရှင် လိုက်ရန်မဖြစ်နိင်ပေ။

ရှီမာယူယူသည် သူ့အတွေးကို သိသည့်အလား သူ့ကိုကြည့်လိုက်သည်။

“မင်းရဲ့ မိသားစုမျိုးနွယ်က အဆုံးထိ ငါလုပ်တာတွေကို မတားဘူးဆိုရင် သူတို့ကို ငါ မသတ်ပါဘူး” သူမသည် သူ့ကိုသဘောကျလာသဖြင့် စဉ်းစားပေး ထားသည်။

တိဝူအိသည် အလွန်ပင် ကျေးဇူးတင်နေသည်။ သူ အရိုအသေပြုပြီး ပြော လေသည် “ကျေးဇူးတင်ပါတယ် သခင်မလေး”

“မင်း အထဲမှာ နေတာဒီလောက်ကြာနေပြီ အပြင်ထွက်ဖို့ စဉ်းစားဖူးလား” ရှီမာယူယူ မေးလိုက်သည်။

“အပြင်ထွက်ဖို့လား” တိဝူအီ၏ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုများ ဖြတ်ပြေးသွားသည်။ ပြီးနောက် ပြန်ပျောက်ကွယ်သွားသည်။ သူသည် ခေါင်းခါ ကာ ပြောလေသည် “ကျွန်တော် ထွက်လို့မရပါဘူး … ကျွန်တော်သာ ထွက် လိုက်ရင် ကျွန်တော့်ကို မှတ်မိပြီး သခင်မလေးရဲ့ သရုပ်မှန်ကို သိသွားကြလိမ့် မယ်… ကျွန်တော် ဒီမှာနေရတာ အဆင်ပြေပါတယ် သခင်မလေး ကျွန်တော့်ကို မသတ်တာတင် ကျေးဇူးတင်နေပြီ”

သူ၏အတွေးမှာ သူမ ထင်မထားသည့်အတိုင်းဖြစ်သဖြင့် ရှီမာယူယူ အနည်းငယ် အံ့ဩမိသည်။

“အရင်ဆုံးတော့ အထဲမှာနေလိုက်… နောက်ပိုင်း အခွင့်အရေးရှိရင် မင်း ကို အပြင်ထုတ်ပေးမယ်” ပြောပြီးနောက် သူ့ကိုခေါ်သွားရန် ဝိညာဉ်လေးကို ညွှန်ကြားလိုက်သည်။

ထိုအချိန်တွင် ရှီမာလျူရွှမ် လျှောက်လာသည်။ သူမ မျက်မှောင်ကြုတ်နေ သည်ကို သူ မြင်သောအခါ မေးလေသည် “ဘာတွေစိတ်ပူနေတာလဲ”

“အဖေ… သမီး တစ္ဆေကြင်ယာတော်ကို ထောက်ပံ့ပေးတဲ့ အင်အားစုတွေ အကြောင်းကို တွေးနေတာပါ… သူမက တစ္ဆေမဖြစ်ခင်ကတည်းက သူမကို ထောက်ပံ့ပေးနေတဲ့ အင်အားစုတွေ အများကြီးပဲ… ပြီးတော့ အဲဒီအင်အားတွေ ကလည်း ဒီနှစ်တွေမှာ အများကြီးတိုးတက်လာခဲ့တယ်… သူမကို ပြိုလဲအောင် လုပ်ဖို့ဆိုတာ မလွယ်မှာစိုးရတယ်” ရှီမာယူယူသည် သူ၏ ပူပန်မှုများကို ပြော ပြလိုက်သည်။

“အီက သမီးကိုဘာပြောခဲ့တာလဲ” ရှီမာလျူရွှမ် မေးလိုက်သည်။

“တစ္ဆေကြင်ယာတော်ကို ထောက်ပံ့ပေးနေတဲ့ အင်အားစုတွေ အကြောင်း ကိုပြောခဲ့ကြတာ… သူက ယွိဒူနောက်ကိုလိုက်တော့ တခြားသူတွေမသိတဲ့ အကြောင်းတွေ အများကြီးသိခဲ့ရတယ်လေ” ရှီမာယူယူ ပြောလိုက်သည် “ကြည့်ရတာ တစ္ဆေကြင်ယာတော်က သမီးတို့ထင်ထားတာထက် အများကြီး အားကောင်းနေနိုင်တယ်”

“သမီးက သူမရဲ့သားကို သတ်လိုက်တယ်ဆိုတော့ သူမက သမီးကို သတ် ချင်နေတာ သဘာဝပဲလေ… ဒီအမုန်းတရားကို အလွယ်တကူဖြေရှင်းလို့ရမှာ မဟုတ်ဘူး… သူမက အရမ်းအားကောင်းပေမဲ့ သမီးလည်းမဆိုးပါဘူး” ရှီမာလျူရွှမ်သည် သူမ၏ ခေါင်းကို ကြင်နာစွာဖြင့် ပွတ်လိုက်သည် “သမီးမှာက ဘိုးဘေးကြီးပေးထားတဲ့ ဝိညာဉ်စွမ်းအင်တွေ အများကြီးရှိတယ်… ပြီးတော့ ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ အဖွဲ့ဝင်ြစ်သလို မရဏာလောကက လူတွေနဲ့ လည်း ဆက်ဆံရေးကောင်းနေတယ်… သမီးရဲ့ အစ်ကိုဝမ်းကွဲပြောသလိုပဲ တစ္ဆေဘုရင်က သမီးထင်သလောက် မဆိုးလောက်ပါဘူး”

“အဖေ သမီး တစ္ဆေဘုရင်ကို သွားရှာဖို့ကို အဖေ ထောက်ခံလား” ရှီမာယူယူ မေးလိုက်သည်။

“သမီးက သူ့ကိုတစ်ခါမှမတွေ့ဖူးဘူးလေ သူ ကောင်းလား ဆိုးလားကို ဘယ်လိုလုပ်သိနိုင်မှာလဲ” ရှီမာလျူရွှမ်သည် ပြုံးပြီး ပြောလေသည် “သမီးက လူကိုအထင်နဲ့ပဲ မှန်းခဲ့တာလေ… အဲတော့ လူတွေကို လွယ်လွယ်ကူကူ လက်ခံ ဖို့ကို ခေါင်းမာနေတာ”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ အင်း… သူမ နည်းနည်းတော့ ခေါင်းမာခဲ့တာ အမှန်ပဲ။ အစက ရှီမာမိသားစုကို လက်ခံဖို့ စိတ်ကူးမရှိခဲ့ဘူး လေ။ အခုလည်း သူမရဲ့ အဘိုးတဖြစ်လဲ တစ္ဆေဘုရင်ကို လက်ခံဖို့ ရည်ရွယ် ချက်မှမရှိတာ။

“အဲဒါကို နောက်မှဆုံးဖြတ်ပါမယ်…. သူသာ အမေ့အပေါ်ကို ကောင်းရင် သမီး သူ့ကိုလက်ခံမှာပါ… သူက သမီးတို့ထင်သလိုမဟုတ်ဘူးဆိုရင်တော့ တစ္ဆေလောကကို သူတစ်ယောက်တည်း အပိုင်စီးလို့မရဘူး”

“သမီးပျော်ရင်ပြီးတာပါပဲ” ရှီမာလျူရွှမ်သည် သူမ၏ ဆန္ဒကို ဆန့်ကျင်ရန် မည်သည့်အခါမှ စိတ်မကူးခဲ့ပေ။

“ကျေးဇူးတင်ပါတယ် အဖေ” ရှီမာယူယူသည် သူ့လက်ကိုဖက်လိုက် သည်။ “ပြည်နယ်ပြိုင်ပွဲပြီးတာနဲ့ အေးချမ်းတဲ့နေ့တွေပြီးသွားမှာပဲကြောက် တယ်”

***

All Chapters