← Chapters

နောက်ဆုံးတော့ သူမ လှုပ်ရှားပြီ

Vol. 133 Ch. 1856

နောက်ဆုံးတော့ သူမ လှုပ်ရှားပြီ

Vol. 133 Ch. 1856

နောက်ပိုင်းနေ့ရက်များတွင် ကြီးကြီးမားမားမဖြစ်ခဲ့ပေ။ ကြင်ယာတော် မင်းသမီးကိစ္စကြောင့် ပြည်နယ်ပြိုင်ပွဲကို ရွေ့ဆိုင်းလိမ့်မည်ဟု သူမ ထင်ထားခဲ့ သည်။ သို့သော် ရှီမာယူယူကို အံ့ဩစေသည်မှာ ပြိုင်ပွဲကိုရွေ့ဆိုင်းရုံတင်မကဘဲ ပြီးခဲ့သည့်တိုက်ပွဲတွင် အဖမ်းခံရသည့်လူများပါ ရောက်လာသည်ကို တွေ့လိုက် ရသည်။

“အဖေ သူတို့က ဘယ်သူတွေလဲ”

သူမသည် ထိုလူများကို ရည်ညွှန်းသည်ကို မြင်သည်နှင့် မုရုန်ဟွေ့သည် သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူ ပြောလိုက်သည် “သူတို့က အရင်းအမြစ်တွေလေ… မင်းသားက သူတို့ကို သေမလား ပူးပေါင်းမလားလို့ ရွေးခိုင်းတယ်၊ သူတို့က ဉာဏ်ရှိတဲ့ရွေးချယ်မှုလုပ်လိုက်တာပဲ”

ရှီမာယူယူ နည်းလည်သွားသည်။ သူတို့သည် တိုင်းပြည်အား သစ္စာရှိပါ မည်ဟု သစ္စာဆိုထားသဖြင့် အသက်ရှင်နိုင်ခြင်းဖြစ်သည်။

နောက်ဆုံးအဆင့်တက်သည့်ပြိုင်ပွဲတွင် ၁၅၂ ယောက်ရှိလေသည်။ လူ အရေအတွက်မှာ နည်းသွားသော်လည်း ပြိုင်ပွဲမှာ ပို၍စိတ်လှုပ်ရှားစရာပင်။

ပြိုင်ပွဲမစတင်ခင်တွင် တယွိမင်သားနှင့် မင်းသား ၂ တို့လျှောက်ဝင်လာ သည်။

လူအားလုံးမှာ ရှုပ်ထွေးမှုများကို အချိန်နှင့်တပြေးညီ မသိကြသော်လည်း နောက်ပိုင်းကျ သတင်းပျံ့သွားသည့်ပုံပင်။ ထို့ကြောင့် မင်းသားနှင့် မင်းသား၂ တို့ ကျန်းမာရေးကောင်းနေသည်ကို မည်သူမှမအံ့ဩကြတော့ပေ။ သူတို့ကို ကုသပေးသည့်သူကို လူအများသိချင်နေကြသည်။

မင်းသားသည် စင်မြင့်ပေါ်တွင်ရပ်ပြီး အောက်မှ ပြိုင်ပွဲဝင်များကို ပြော လေသည် “ဒီကလူတွေ အကုန်လုံးက လူထောင်ချီထဲကမှ လက်ရွေးစင်အုပ်စုပဲ လူတစ်ယောက် ဆုံးရှုံးရရင် ကြီးမားတဲ့ဆုံးရှုံးဆုံးမှုကြီးပဲ… အဲဒါကြောင့် ဒီနေ့ ကစပြီး ပြိုင်ပွဲစည်းမျဉ်းတွေ ပြောင်းမယ်… အသက်သေတဲ့အထိ တိုက်ခိုက် တာကို တားမြစ်လိုက်ပြီ”

ကြင်ယာတော်မင်းသမီးကြောင့် အရင်စည်းမျဉ်းများ ပြောင်းထားခြင်းဖြစ် သည်ကို အားလုံးသိကြသည်။ အခု ကြင်ယာတော်မင်းသမီး ကိစ္စကို ရှင်းပြီးသွား ပြီဖြစ်သဖြင့် စည်းမျဉ်းမှာ အရင်အတိုင်းပြန်ပြောင်းသွားသည်မှာ သဘာဝပင် ဖြစ်သည်။ သေဆုံးသွားသည့်လူများအတွက်တော့ နှမြောစရာပင်ဖြစ်သည်။

ရှီမာယူယူနှင့် ဖန်းရင်ဟန်တို့သည် သူတို့၏ နံပါတ်များကို အတူဆွဲလိုက် ပြီးနောက် နံပါတ်များကို စာရင်းသွင်းရန် ဒိုင်လူကြီးဆီသို့ သွားလိုက်ကြသည်။

“မုရုန်ရှီ” အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်သည် သူမ ဘေးတွင် လာရပ်သည်။ သူသည် သူမ၏ နံပါတ်ကိုမြင်သောအခါ ပြောလေ၏ “ငါတို့ ပြိုင်ပွဲကို မျှော်လင့်နေမယ်”

ရှီမာယူယူ ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်သည် “ယိုထျန်ရန် ကျွန်မတို့ က တစ်ဖွဲ့တည်းလား”

“ဟုတ်တယ်” ယိုထျန်ရန်သည် ရှီမာယူယူ၏နံပါတ် ၇၀ နှင့်တူသော သူ၏ နံပါတ်ကို ထုတ်လိုက်သည်။

“ရှင်အကြံပေးတာကိုလည်း ကျွန်မမျှော်လင့်နေပါမယ်” ရှီမာယူယူသည် သူ့ကို ပြုံးပြလိုက်သည်။ ပြီးနောက် ကျန်းမင်တတို့နှင့်အတူ ထွက်သွားလိုက် သည်။

“သခင်မလေးရဲ့ ပြိုင်ဘက်က ယိုထျန်ရန်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” ကျန်းမင်တသည် သူ၏ ကျောပြင်ကိုကြည့်ပြီး ပြောလေသည်။ ပြီးနောက် ရှီမာယူယူအား တီးတိုးပြောလေသည် “သခင်မလေး ယိုထျန်ရန်က အရမ်း အားကောင်းတယ်လို့ ကြားတယ်”

“ဟုတ်တယ် သူက မရဏာသူတော်စင် အလယ်အဆင့်ကိုရောက်နေပြီ” ရှီမာယူယူ ပြောလိုက်သည် “မရဏာသူတော်စင် အလယ်အဆင့်ရှိတဲ့လူ ၇ ယောက်ရှိတယ်… သူနဲ့ ဒီလောက်အစောကြီး တွေ့ရလောက်အောင်ထိ ကံကောင်းမယ်လို့ထင်မထားဘူး”

“သခင်မလေး သူက သခင်မလေးကို စိုက်ကြည့်နေတယ်… ကြည့်ရတာ သခင်မလေးကို စိတ်ဝင်စားနေတဲ့ပုံပဲ” ဖန်းရင်ဟန် ပြောလေသည်။

“အဲဒါပုံမှန်ပဲလေ” ကျန်းမင်တ ပြောလေသည်။ “အခု သခင်မလေး အကြောင်းကို မသိချင်တဲ့လူ ဘယ်သူရှိလို့လဲ သူတို့တွေက သခင်မလေးရဲ့ စွမ်းအားကို ကြည့်ချင်လို့ဖြစ်မှာပေါ့”

“ဟုတ်တယ် သူတို့တင်မဟုတ်ဘူး ငါတို့လည်းသိချင်တယ်”

“ဟုတ်တယ် သခင်မလေး… သခင်မလေးရဲ့ အားတွေက ဘယ်ကရတာ လဲဆိုတာ ဘာလို့မပြောပြတာလဲ” ကျန်းမင်တသည် စိတ်အားထက်သန်စွာ မေးလေသည်။

“ဘာပြောစရာလိုလို့လဲ.. အချိန်တန်ရင် ကိုယ်တိုင်မြင်ရမှာပဲ” ရှီမာယူယူ သည် သူတို့ကိုရှင်းပြရန် အစီအစဉ်မရှိပေ။ သူတို့ကို အခုပြောပြလိုက်ပါက လျှို့ဝှက်ဆန်းကြယ်ခြင်းဆိုသည်မှာ ရှိတော့မည်မဟုတ်ပေ။

ထို့အပြင် သူမ သူတို့ကို ခြောက်သလိုဖြစ်သွားပါက သူတို့၏ ပြိုင်ပွဲရလဒ် ကို ဆိုးရွားသွားစေနိုင်သည်။

ကျန်းမင်တသည် ရှီမာယူယူကိုကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။ သူ သည် လေသံဖြင့် စောဒကတက်လေသည်။ “သခင်မလေးက ပျော်ဖို့လည်း မကောင်းဘူး”

ရှီမာယူယူသည် သူ့ကို ပြုံးပြလိုက်သည်။ သူမသည် သူတို့ကိုမပြောရင် တောင် သူတို့က သူမကိုဘာလုပ်နိုင်မှာလဲ။ သူမကို ရိုက်မှာလား။

ကျန်းမင်တသည် အသည်းကွဲသွားသည်။ ဘယ်ရိုက်နိုင်မလဲ။ ထို့ကြောင့် သူ ပို၍အသည်းကွဲသွားသည်။

မကြာမီတွင် ပြိုင်ပွဲပထမအသုတ်သည် နယ်မြေထဲသို့ဝင်ကြသည်။ တစ်ချီတွင် ပြိုင်ပွဲဝင်အယောက် ၆၀ သာရှိလေသည်။ ရှီမာယူယူသည် ပထမ အဖွဲ့ယှဉ်ပြိုင်ကြသည်ကို ကြည့်လေသည်။ ကြင်ယာတော်မင်းသမီး၏ လက်ဝါး ကြီးအုပ်မှု မရှိတော့သဖြင့် ပွဲမှာ နူးညံ့နေသည်။

သို့သော် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းသည်။

ပြည်နယ်ပြိုင်ပွဲသည် အခုမှပင် အသေအချာစသည့်ပုံပင်။

ရှီမာယူယူသည် ပြိုင်ပွဲဝင်တစ်ဖွဲ့ချင်းစီကို အသေအချာကြည့်ထားသည်။ သူတို့မှာ နောက်ပွဲများတွင် သူမ၏ ပြိုင်ဘက်ဖြစ်လာနိုင်သည်လေ။ သူမသည် သူမ၏ အရည်အချင်းကို ယုံကြည်ချက်ရှိထားသော်လည်း ရန်သူအကြောင်းကို သိထားလျှင် ပိုကောင်းသည်။

တစ်နာရီကြာပြီးနောက်တွင် ပထမဆုံးအဖွဲ့ ၃၀ ယှဉ်ပြိုင်ပြီးလေသည်။ နောက် အဖွဲ့ ၃၀ အလှည့်ဖြစ်သည်။ ဖန်းရင်ဟန်နှင့် ကျန်းမင်တတို့သည် ထို အဖွဲ့ဝင်ပါဝင်သည်။ နှမြောစရာကောင်းလောက်အောင်ပင် သူတို့နှစ်ယောက် လုံးသည် နောက်တစ်ပွဲကိုမတက်နိုင်ကြပေ။

အခု လျောင်ပြည်နယ်၏ မျှော်လင့်ချက်အားလုံးမှာ ရှီမာယူယူ တစ်ဦး တည်းအပေါ်တွင် ရောက်သွားလေပြီ။

“ဇီပင်းသာဆိုရင် နောက်တစ်ပွဲအထိတက်နိုင်မှာပဲ ဒါပေမဲ့ သူ အခွင့် အရေး တောင်မရလိုက်ဘူး” ကျန်းမင်တသည် အပြစ်တင်သလိုပြောသည်။

“ကိစ္စမရှိပါဘူး မင်းလည်း အကောင်းဆုံးကြိုးစားပြီးပြီပဲ” မုရုန်ဟွေ့ ပြော လိုက်သည် “ဒီရလဒ်က အရင်နှစ်တွေကထက် ကောင်းနေပြီပဲ”

“မင်းက မရဏာသူတော်စင်နဲ့ တိုက်ခိုက်ရတာကိုး… နောက်ဆိုရင်တော့ ပိုပြီးကြိုးစားရမယ်” ရှီမာယူယူ သူ့ကို နှစ်သိမ့်ပေးသည်။

“ကျွန်တော်တို့ ပြုတ်သွားပေမဲ့ ဒီမလာခင် မျှော်မှန်းထားတာထက်တော့ ပိုကောင်းနေသေးတယ်” ကျန်းမင်တ ပြောလေသည် “ခဏနေရင် သခင်မလေး ပြိုင်တာကိုကြည့်ရတော့မယ်… ကျွန်တော်တော့ မျှော်လင့်နေပြီ”

ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ ဒီလူရဲ့ စိတ်ခံစားချက်ကလည်း ပြောင်းတာမြန်လိုက်တာ။

တစ်နာရီကြာပြီးနောက်တွင် ဒုတိယပွဲစဉ်လည်း ပြီးသွားလေသည်။ ကျန် သည့် ၁၆ ဖွဲ့သည် အဆောင်များကိုယူပြီးသည်နှင့် ဗလာနယ်မြေအတွင်းသို့ ဝင် ကြသည်။

ပြိုင်ပွဲဝင်အရေအတွက်မှာ အရင်ကထက် တစ်ဝက်ခန့်လျော့ကျသွား သဖြင့် ကြည့်ရှုရသည်မှာ မြင်ကွင်းရှင်းနေသည်။

ယိုထျန်ရန်သည် ဗလာနယ်မြေသို့ဝင်ပြီးနောက် လေပေါ်သို့ပျံတက်ကာ ရှီမာယူယူအား စောင့်နေလေသည်။ ရှီမာယူယူ လျှောက်ဝင်လာသည်ကို မြင် သည်နှင့် သူသည်လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည် “မင်းပျံနိုင်တာကို ငါ သိတယ်”

ရှီမာယူယူသည် ပြုံးလိုက်ကာ သူမ၏ ခြေဖျားများကို ပင့်တင်ပြီး လေထဲ သို့ပျံတက်သွားကာ ယိုထျန်ရန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ငါမှန်းတာ မှန်သားပဲ” ယိုထျန်ရန် ပြောလေသည် “သခင်မလေးမုရုန် ကြွပါ”

သူသည် စာချုပ်သားရဲခေါ်မထုတ်သည်ကို ရှီမာယူယူ မြင်သောအခါ သူမ လည်း မဟူရာကိုမခေါ်တော့ပေ။ သူတို့နှစ်ယောက်သည် မရဏာသိုင်းများဖြင့် သာ တိုက်ခိုက်ကြသည်။

သူမ မဟူရာကိုခေါ်မထုတ်သဖြင့် ပွဲကြည့်ပရိသတ်များသည် အံ့ဩနေ ကာ နောက်ဆုံးတွင်တော့ မဟူရာကိုသုံးလိမ့်မည်ဟု ထင်နေကြသည်။

“သူမရဲ့ မရဏာသိုင်းအမြန်နှုန်းကို ကြည့်လိုက်ဦး… သူမရဲ့ မရဏာသိုင်း က တစ်ခုပြီးတစ်ခုထွက်လာနေသလိုပဲ” သူမ မရဏာသိုင်းများအသုံးပြုသည် ကို ပထမဆုံးမြင်ဖူးနေခြင်းဖြစ်ရာ အားလုံးမှာ သူမ၏ အမြန်နှုန်းကြောင့် ငေးနေမိကြသည်။

“သူမရဲ့ မရဏာသိုင်းကိုကြည့်လိုက်ဦး သာမာန်အဆင့်တော့မဟုတ်ဘူးပဲ”

“ယိုထျန်ရန်က မရဏာသူတော်စင်အလယ်အဆင့်ရောက်နေပြီ သူမက အလျော့ပေးမယ့်ပုံလည်းမရှိဘူး… ကြည့်ရတာ သူမက စာချုပ်သားရဲကိုပဲ မှီခို နေတာတင်မဟုတ်ဘဲ တကယ်ကိုအားရှိတာပဲ”

ရှီမာယူယူ ဗလာနယ်မြေသို့ရောက်သောအခါ အပြင်မှ ဆွေးနွေးမှုများကို မကြားရတော့ပေ။ သို့သော် သူမ မရဏာသိုင်းကိုသုံးသည်ကို သူတို့ မြင်ကြ သည်နှင့် မည်သို့မျက်နှာများဖြစ်သွားကြမည်ကို မှန်းမိပြီးသားဖြစ်သည်။

ယိုထျန်ရန်၏ အားသည်လည်း မနိမ့်လှပေ။ သူ၏ မရဏာသိုင်းသည် သာမန်လူများထက် ပိုမြန်သည်။ သူမသည် ထို့ထက်မသိသာအောင် ယှဉ်ပြိုင် နိုင်သည်။ သူတို့ကြားမှ ကွာခြားချက်မှာ မကြီးမားပေ။ နောက်ပိုင်းတွင် အပြန် အလှန်တိုက်ခိုက်မှုတွင် ကွာခြားချက်ရှိလာသည်။ သူမသည် လျှပ်တပြက်သွား ပြီး ယိုထျန်ရန်၏ အနောက်တွင် တိုက်ရိုက်ပေါ်လာသည်။ သူမသည် သူ၏ လည်ပင်းပေါ် ဓားရှည်တင်ပြီး ပွဲကိုအဆုံးသတ်လိုက်သည်။

ယိုထျန်ရန်သည် မရဏာသိုင်းအားလုံး မသုံးလိုက်ရသဖြင့် လက်မလျော့ ချင်သေးပေ။ သို့သော် သူသည် ဓားရှည်၏ အေးစက်မှုကိုခံစားလိုက်ရသဖြင့် သူ၏ ဝိညာဉ်စွမ်းအင်ကိုသိမ်းပြီး ပြောလိုက်သည် “ငါရှုံးပြီ”

ရှီမာယူယူသည် ဓားရှည်ကိုပြန်ရုတ်လိုက်ပြီး ပြောလေသည် “ရှင် ကျွန်မ ကိုအနိုင်ပေးလိုက်တာပဲ”

ယိုထျန်ရန်သည် လှည့်ပြီးနောက် ရှီမာယူယူကို အရိုအသေပေးသည် “မင်းရဲ့ အရည်အချင်းတွေကို ဖုံးကွယ်ထားတာပဲ… အမှန်အတိုင်းပြောရရင် မင်းရဲ့ အားက အဲထက်တောင်ပိုတယ်မလား”

***

All Chapters