← Chapters

ပြိုင်ပွဲမှနှုတ်ထွက်ခြင်း

Vol. 133 Ch. 1857

ပြိုင်ပွဲမှနှုတ်ထွက်ခြင်း

Vol. 133 Ch. 1857

ယှဉ်ပြိုင်နေစဉ်အတွင်းတွင် ရှီမာယူယူသည် ချုပ်တည်းထားသည်ကို ယိုထျန်ရန်ခံစားမိသည်။

ရှီမာယူယူသည် သူ့ကိုပြုံးပြပြီး ပြောလိုက်သည် “ဒါကလျှို့ဝှက်ချက်ပါ”

ထိုသို့ပြောရင်းနှင့် သူမသည် အဆောင်ကိုထုတ်ကာ ချေပြီး နယ်မြေ အတွင်းမှထွက်သွားလေသည်။

ယိုထျန်ရန်သည် သူမ၏ အပြုံးကြောင့် ညှို့ယူခံလိုက်ရသည်။ သူမ ထွက် သွားသည်နှင့် သူသည်လည်း အဆောင်ထုတ်ကာ ထွက်လာခဲ့လိုက်သည်။

သူတို့နှစ်ယောက်သည် ဒိုင်လူကြီးဆီ စာရင်းသွင်းပြီးနောက် အသီးသီး ပြန်လာခဲ့လိုက်ကြသည်။

“သခင်မလေးမုရုန်” ယိုထျန်ရန်သည် သူမကို ခေါ်လာသည်။

ရှီမာယူယူသည် သူ့ကိုပြန်လှည့်ကြည့်ပြီး ပြောလိုက်သည် “တခြားကိစ္စရှိ သေးလို့လား”

“ကျန်းယွိဝမ်နဲ့ လျူလျန်းချန်ဆိုတဲ့ လူနှစ်ယောက်ရှိတယ်… သူတို့က သူတို့ရဲ့အားတွေကို ဖုံးထားမှာကြောက်ရတယ်… သူတို့နဲ့တွေ့ရင်တော့ သတိ ထားပါ” ယိုထျန်ရန် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူ၏ ကြင်နာမှု အတွက် ကျေးဇူးတင်စကားပြောကာ ထွက်လာခဲ့လိုက်သည်။

သူ ပြောလိုက်သည့် လူနှစ်ယောက်ကို သူမ သတိထားမိသည်။ ထိုအချိန် ကတည်းကပင် သူတို့၏ အားများကိုဖုံးကွယ်ထားသည်ကို သူမ ခံစားမိသည်။

ဒါပေမဲ့ ဘာဖြစ်လဲ။ သူတို့ အားကိုဖုံးထားလိုက်တာနဲ့ သူမကို နိုင်သွားမှာ တဲ့လား။

နောက်ဆုံးအသုတ်တွင် ကုန်းဇီယွမ်သည် ကပ်သီးလေး အနိုင်ရကာ နောက်တစ်ဆင့်သို့တက်သည်။

နောက်နှစ်ပွဲတွင် ပြိုင်ပွဲဝင်များသည် ၇၂ ယောက်မှ ၃၈ ယောက်၊ ပြီးနောက်  ၃၈ ယောက်မှ ၁၉ ယောက်အဖြစ် လျော့သွားကြသည်။ ရှီမာယူယူ သည် နှစ်ပွဲလုံးကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ တက်သွားသည်။ နောက်ဆုံးပွဲ တွင် မဂဏန်းဖြစ်နေသဖြင့် ပြိုင်ပွဲဝင် ၁၉ ယောက်ထဲမှ တစ်ယောက်သည် တိုက်ရိုက် အဆင့်တက်မည်ဖြစ်သည်။

သူမ နံပါတ်ဆွဲရန်မသွားခင်တွင် ရှီမာယူယူသည် ဘေးတွင်ထိုင်နေသော မိုကျိကိုပြောလိုက်သည် “ဒီတစ်ခေါက် ငါ သုညကိုဆွဲမိရင် ငါ ထိပ်တန်း ၁၀ ထဲဝင်သွားပြီဆိုတော့ ငါတို့သဘောတူညီချက် ပြည့်သွားပြီပဲ”

“တကယ်လို့မရရင်ရော” မိုကျိ ပေးလိုက်သည်။

“ဒါဆိုလည်း ထိပ်တန်း ၁၀ အထိရောက်အောင် တိုက်ခိုက်မှာပေါ့ ဘယ် လိုပဲဖြစ်ဖြစ် အဆုံးသတ်ကအတူတူပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုလည်း စောင့်ကြည့်တာပေါ့” မိုကျိ ပြုံးလိုက်သည်။ သူသည် အမှန် တကယ်ပင် သူမကို မျှော်လင့်ထားသည်။

ပြီးနောက် ရှီမာယူယူသည် နံပါတ်သွားဆွဲသည်။ သူမ ဆွဲလိုက်သော နံပါတ်ကိုမြင်သောအခါ စိတ်ပျက်သွားခြင်းမရှိပေ။ အမှန်တကယ်ပင် သုည ဂဏန်းမှာ ဆွဲမိရန်မလွယ်ပေ။

“ပထမဆုံးအဖွဲ့က ဗလာနယ်မြေကိုဝင်မယ်” ဒိုင်လူကြီး ပြောလိုက် သည်။

ရှီမာယူယူသည် ပထမဆုံးစာရင်းတွင်မပါဝင်သဖြင့် နားနေသည့်နေရာ တွင်ပင် နားနေလိုက်သည်။ သူမ ပြိုင်ပွဲကိုကြည့်နေစဉ်တွင် အပြင်မှ အလော တကြီးဝင်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။

ပြိုင်ပွဲကွင်းပိတ်ထားပြီးသည့်တိုင်အောင် ဝင်လာနိုင်သူသည် သာမန်လူ မဟုတ်နိုင်ပေ။

ထိုလူသည် မင်းသားဆီသွားရှာလိမ့်မည်ဟု သူမ ထင်ထားသည်။ သို့သော် ထိုလူသည် လျောင်ပြည်နယ်မှလူများ ထိုင်နေသည့်နေရာသို့ တည့်တည့် မတ်မတ်ရောက်လာလိမ့်မည်ဟု ထင်မထားပေ။ သူသည် မိုကျိ၏ ဘေးသို့လာ ပြီး အရိုအသေပြုပြီးသည်နှင့် တီးတိုးပြောလိုက်သည်။ ထိုလူဆီမှ စကားများကို ကြားသောအခါ မိုကျိ၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားကာ ခေါင်း ညိတ်ပြီးနောက် ‘သိပြီ’ ဟုပြောပြီး သူ့ကိုပြန်လွှတ်လိုက်သည်။

သူ ဂရုစိုက်လှသည့် အရာကို ရှီမာယူယူ သိချင်မိသည်။ သို့သော် သူမ မမေးခင်မှာပင် ပြိုင်ပွဲဝင်ဒုတိယအဖွဲ့ကို ဗလာနယ်မြေသို့ဝင်ရန် ဒိုင်လူကြီး ကြေညာလိုက်သည်ကို ကြားလိုက်ရသည်။

ရှီမာယူယူသည် အဆောင်ယူပြီးနောက် ဝင်သွားလိုက်သည်။ သူမ၏ ပြိုင်ဘက်မှာ ယိုထျန်ရန်ပြောသွားသော ကျန်းယွိဝမ်ပင်ဖြစ်သည်။

ကျန်းယွိဝမ်သည် ရှီမာယူယူကို ကြည့်ပြီးပြောလေသည် “မင်းနဲ့တွေ့ရ လိမ့်မယ်လို့ ထင်မထားဘူး ကြည့်ရတာ ငါ့ကံက တကယ်ဆိုးနေတာပဲ”

ရှီမာယူယူ ပြုံးလိုက်သည်။

“ရှင်လည်း ရှင့်အားကိုဖုံးထားတာပဲမလား… ကျွန်မအားက ရှင့်လောက် ကောင်းပါ့မလားတော့မသိဘူး… ဘယ်လိုပဲဖြစ်ဖြစ် စမ်းကြည့်ကြတာပေါ့” ကျန်းယွိဝမ်သည် ရှီမာယူယူ၏ အားကိုသတိထားမိသည်မှာ ကြာပြီဖြစ်ကာ သေချာပေါက် ယခုကဲ့သို့မဟုတ်သည်ကို သိသည်။ သူ၏ ကံမှာအလွန်ဆိုးပြီး ရှီမာယူယူကို ပြိုင်ဘက်အနေနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားပေ။

သို့သော် မကြိုးစားကြည့်ဘဲ လက်လျော့လိုက်ခြင်းသည် သူ့ပုံစံမဟုတ် ပေ။ သူသည် အကောင်းဆုံးကြိုးစားရန် စိတ်ကူးရှိသည်။

“ကျေးဇူးပြုပြီး” ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းလိုက်သည်။ သူမ၏ ပြိုင်ဘက်သည် စာချုပ်သားရဲကို မခေါ်ထုတ်သဖြင့် သူမလည်း မဟူရာကို မခေါ်တော့ပေ။ ပြီးခဲ့သည့် နှစ်ပွဲတုန်းကလိုပင် သူတို့သည် ကိုယ်ပိုင် ဝိညာဉ် စွမ်းအားကိုအသုံးပြုသည်။

ကျန်းယွိဝမ်၏ အင်အားသည် ယိုထျန်ရန်ထက် ပိုသန်မာသည်။ သူတို့၏ အားသည် တူသယောင်ရှိသော်လည်း သူ၏တိုက်ပွဲသက်ရောက်မှုသည် အဆင့် နှစ်ဆင့်ပိုမြင့်သည်။

ရှီမာယူယူသည် သူမ၏ မရဏာစံတင်အဆင့်ရှိသော အားကို ပြရန်မလို ဘဲ အလွယ်တကူရင်ဆိုင်နိုင်သောကြောင့် ကွာခြားမှုတော့မရှိခဲ့ပေ။

ကျန်းယွိဝမ်သည် တိုက်ခိုက်ချိန် ကြာလေလေ ပို၍ကြောက်လာလေ ဖြစ် သည်။ သူသည် သူမ၏ အားကို လျော့တွက်မိခဲ့သည်။ သူတို့ အမှန်တကယ် တိုက်ခိုက်ချိန်တွင် သူမ၏ အားသည် သူထင်ထားသည်ထက် မြင့်နေလိမ့်မည် ဟုထင်မထားပေ။ သူသာ တိုက်ပွဲစွမ်းရည်ကို သေချာအာရုံစိုက်ထားခြင်း ကြောင့်သာမဟုတ်လျှင် သူမ ရိုက်ခြင်းကိုခံရမည်မှာကြာပြီဖြစ်သည်။

ရှီမာယူယူသည် အပြင်သို့ တစ်ချက်ကြည့်လိုက်ရာ မိုကျိ အနည်းငယ် စိတ်မအေးဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ပြိုင်ပွဲကို အမြန်ပင် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် မရဏာသိုင်းကို ပြောင်းပစ် လိုက်ပြီး အရင်ကသုံးခဲ့သည့် ကောင်းကင်နှင့်မြေကြီးပိုက်ကွန်ကို အသုံးပြု လိုက်သည်။

ကောင်းကင်နှင့်မြေကြီး ပိုက်ကွန်ကြီးသည် ကျန်းယွိဝမ်ကို ပိတ်ထားပြီး ရှီမာယူယူ၏ ထိန်းချုပ်မှုအောက်သို့ တဖြည်းဖြည်းရောက်သွားလေသည်။ သူ အရင်လုပ်ထားသည့် ကာကွယ်အရေးအလွှာကို ဖျက်ဆီးပစ်ပြီး ကြုံ့ခြင်းကို ရပ်တန့်လိုက်သည်။

ကျန်းယွိဝမ်သည် ပိုက်ကွန်ထဲတွင် ပါဝင်နေသော စွမ်းအားကို ခံစားမိ သည်။ ထိုပိုက်ကွန်သာ  ဆက်ကြုံ့နေပါက သူသည် အပြင်းအထန် ဒဏ်ရာရ သွားနိုင်သည်။ သူသည် ပိုက်ကွန်အပြင်သို့ ထွက်ရန် ကြိုးစားသော်လည်း သူမ လေဟာာပြင်ကို ခဲအောင်လုပ်လိုက်သဖြင့် ထွက်မရနိုင်တော့ပေ။

နောက်ဆုံးတွင် သူသည် အရှုံးကိုဝန်ခံရတော့သည်။

ရှီမာယူယူသည် ကောင်းကင်နှင့်မြေကြီး ပိုက်ကွန်ကို ရုတ်သိမ်းလိုက်ပြီး ‘ပြစ်မှားမိလို့ တောင်းပန်ပါတယ်’ ဟု ပြောကာ အဆောင်ကိုချေပြီး ဗလာ နယ်မြေမှထွက်ခဲ့လိုက်သည်။

ရှီမာယူယူ ကောင်းကင်နှင့်မြေကြီး ပိုက်ကွန်အသုံးပြုသည်ကို မိုကျိမြင် သောအခါ သူမသည် ဘိုးဘေးကြီး၏ မရဏာသိုင်းကို ဆက်ခံလိုက်သည်ကို တစ်ခါတည်း သိသွားသည်။ ဘိုးဘေးကြီးသည် သူ့ကိုသင်မပေးဘဲ သူမကို သင် ပေးခဲ့သည်။

ထို့ကြောင့် ရှီမာယူယူ စာရင်းသွင်းပြီး ပြန်လာချိန်တွင် မိုကျိ၏ ဝမ်းနည်း နေသော မျက်လုံးများနှင့်ဆုံလေသည်။

“ဘာတွေဖြစ်နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဘိုးဘေးကြီးက သူ့ရဲ့မရဏာသိုင်းကို မင်းကိုပေးခဲ့တာပဲ” မိုကျိ ပြော လေသည်။

“ဟုတ်တယ်လေ ကျွန်မ လူသားလောကမှာရှိတုန်းက ကျွန်မ သူ့ကို လက်ဖက်ရည်နှပ်နည်းသင်ပေးလို့ အပြန်အလှန်အနေနဲ့ သူ ဒါကိုသင်ပေးတာ ပဲ… အဲဒါကြောင့် သူ ကျွန်မကို မရဏာသိုင်းတွေ အများကြီးသင်ပေးခဲ့တယ်”

“အများကြီး ဟုတ်လား” မိုကျိသည် မတည်ငြိမ်နိုင်တော့ပေ။

“အဟမ်း အင်း… ခုနက အဲလူက ရှင့်ကိုဘာပြောသွားတာလဲ” ရှီမာယူယူ သည် စကားလမ်းကြောင်းလွှဲလိုက်သည်။ သူသည် မိုကျိကို ထိုအရာများ မသင် ပေးခဲ့သည်ကို သူမ သိလိုက်လေပြီ။

သူမသည် ကလေးတစ်ယောက်၏ သကြားလုံးကိုလုယူမိသလို ခံစားရ သည်။

“အင်း မင်းရဲ့ပြိုင်ပွဲပြီးတဲ့အထိ စောင့်နိုင်တော့မယ်မထင်ဘူး” မိုကျိ ထို ကိစ္စကိုပြောနေချိန်တွင် မျက်နှာထားမှာ လေးနက်နေသည် “နိဗ္ဗာန်မြစ်ဘက် က အခြေအနေက မငြိမ်တော့ဘူး ငါ ချက်ချင်းပဲ အမြန်သွားမှဖြစ်မယ်”

သူမ ပြိုင်ပွဲမပြီးခင် နောက်ထပ်ပြိုင်ပွဲများစွာရှိသေးသည်။

“ကျွန်မ ရှင်နဲ့လိုက်မယ်” ရှီမာယူယူသည် မစဉ်းစားဘဲ ပြောချလိုက် သည်။

“ဒါပေမဲ့ ပြိုင်ပွဲကို ဘယ်လိုလုပ်မလဲ”

“ကျွန်မ အဖေနဲ့ ဆွေးနွေးလိုက်ပါမယ်… နောက်ပြိုင်ပွဲတစ်ဆင့်ကို ဝင် မပြိုင်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “အခု ကျွန်မက ထိပ်တန်းအဆင့် ၁၀ အတွင်းဝင်ပြီဆိုတော့ လျောင်ပြည်နယ်အတွက် ကြီးကြီးမားမားတစ်ခု တော့ရသွားပြီပဲ… နောက်ဆုံးအဆင့်ကတော့ သိပ်ကွာမှာလည်းမဟုတ်ဘူး”

သူမ ရှင်းမပြတတ်ပေ။ ဤတစ်ကြိမ်တွင် နိဗ္ဗာန်မြစ်ဆီသို့ သူမ မသွား လိုက်ပါက နောင်တရမည်ဟု ခံစားနေရသည်။

မည်သို့ပင်ဖြစ်စေကာမူ ဤပြိုင်ပွဲသည် အဓိပ္ပာယ်မဲ့သည်ဟု မိုကျိ ခံစား ရသည်။ ထို့ကြောင့် သူ သဘောတူလိုက်သည် “ဒါဆိုရင် မင်းသားနဲ့ တိုင်ပင် ကြည့်ပြီးတော့ သူ ဘာပြောမလဲကြည့်ကြတာပေါ့”

ရှီမာယူယူသည် မုရုန်ဟွေ့ဆီသို့သွားကာ ထိုကိစ္စနှင့် သူမ၏ အစီအစဉ်ကို ပြောပြလိုက်သည်။

မုရုန်ဟွေ့သည် တစ်ခဏတော့ တွေဝေသွားသည်။ သို့သော် သူ သဘော တူသည်။ သူသည် သူမလုပ်ချင်သည့်အရာကို ဘယ်သောအခါမှ တားမြစ်မည် မဟုတ်ပေ။

သူသည် သူမကို တယွိမင်းသားဆီသို့ ခေါ်သွားပြီး သူမ ထွက်သွားမည့် အကြောင်းကို ပြောပြလိုက်သည်။

“မင်းက သွားတော့မလို့လား” တယွိမင်းသား မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် စိတ်ဆုံးဖြတ်ပြီးသား ဖြစ် သည်။

“မင်းလည်း သိပါတယ် ပြိုင်ပွဲပြီးတာနဲ့ ငါတို့ကထိပ်တန်းအဆင့် ပြိုင်ပွဲဝင် တွေကို အင်ပါယာမြို့တော်ကို လွှတ်ပြီး တိုင်းပြည်တွင်း ပြိုင်ပွဲပြိုင်ခိုင်းမှာ… မင်း အချိန်မှီပြန်လာနိုင်ရင် ပြိုင်ပွဲဝင်နိုင်ဖို့ မျှော်လင့်ပါတယ်” တယွိမင်းသား ပြောလိုက်သည် “မင်းအတွက် ငါနေရာတစ်နေရာ ချန်ထားပေးမယ်”

ရှီမာယူယူသည် ငြင်းချင်သော်လည်း မင်းသား၏ နောက်ဆုံးစကားသည် သူမ၏ စိတ်ကိုပြောင်းစေသည်။

“အင်ပါယာမြို့တော်ကိုသွားရင်တော့ မင်းမှာ သရုပ်မှန်တစ်ခုခုရှိထား တာကောင်းလိမ့်မယ်”

***

All Chapters