သိသိသာသာစိတ်လှုပ်ရှားလာခြင်း
Vol. 133 Ch. 1858
ရှီမာယူယူသည် မင်းသား၏ ကြင်နာမှုကိုလက်ခံပြီး အချိန်မှီပြန်ရောက်ပါ က သွားပါမည်ဟု ပြောလိုက်သည်။ သို့သော် သူမ အချိန်မှီပြန်မရောက်ပါက သူမအတွက် နေရာချန်ထားပေးရန်မလိုပေ။
ခဏအကြာတွင် သူမသည် မုရုန်ဟွေ့ကိုနှုတ်ဆက်ကာ မိုကျိနှင့်အတူ ပြိုင်ပွဲကွင်းမှထွက်ခဲ့လိုက်သည်။ သူမ ထွက်သွားမည်ဟု လျောင်ပြည်နယ်မှ လူ များသိသောအခါ စကားများပျောက်ဆုံးကာ အချိန်ကြာသည်အထိ ထိုသတင်း ကို လက်မခံနိုင်ပေ။
“သူမက ဘယ်လိုလုပ် ထွက်သွားနိုင်ရတာလဲ”
“သခင်မလေးက ငါတို့လိုမဟုတ်ဘူး တစ်နေရာတည်းမှာ တစ်သက်လုံး နေလို့မရဘူး”
“အိုး သခင်မလေး… ငါ သူမကို လွမ်းတော့မှာပဲ”
မုရုန်ဟွေ့သည် သူတို့၏ စကားများကို ကြားသောအခါ ဝမ်းနည်းမိသည်။ သူသည် သူမ တစ္ဆေလောကသို့ ရောက်ကတည်းကပင် သူ၏အသိုက်တွင် အပျံသင်ခဲ့သည်။ ယခု သူမသည် အသိုက်မှ ပျံတော့မည်ဖြစ်သည်။
ပြိုင်ပွဲပြီးသွားသည့်နောက်တွင် တယွိမင်းသားသည် ထိုသတင်းကို ကြေညာလိုက်သည်။
“ပြည်နယ်တွင်း ထိပ်တန်း ၁၀ စာရင်းထွက်လာပြီ… အဆင့်တက်သူတွေ အကုန်လုံးကို ဂုဏ်ပြုပါတယ်… နောက်ထပ်ကြေညာစရာ သတင်းတစ်ခုရှိသေး တယ်… မုရုန်ရှီက ကိစ္စတချို့ကြောင့် ပြိုင်ပွဲကထွက်တော့ မှာ… အဲဒါကြောင့် နောက်တစ်ပွဲကို ထိပ်တန်းအဆင့် ၉ နေရာအတွက် ပြိုင်ပွဲ ဝင် ၉ ယောက်ပဲပြိုင်ရလိမ့်မယ်”
ထိုသတင်းသည် ကွင်းတစ်ခုလုံးကို အံ့ဩသွားစေသည်။ သူမက ဒီအတိုင်း ထွက်သွားလိုက်ပြီလား။ သူမ ပြိုင်ပွဲကိုဆက်မပြိုင်တော့ဘူးလား။ သူမ အားနဲ့ဆိုရင် ထိပ်တန်းအဆင့် ၁၀ အတွင်းထက်တောင် ကျော်လွန်အောင် သွားလို့ရတယ်လေ။
သူမ ပြိုင်ပွဲကိုလက်လျော့ရသည့် အကြောင်းအရင်းကို အားလုံးသိချင်နေ ကြသည်။
တခြား ပွဲကြည့်ပရိတ်သတ်များနှင့်အတူ ထိုင်နေသော ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် ထိုသတင်းကြောင့် အံ့ဩသွားကြသည်။
“သူမက ဒီအတိုင်းထွက်သွားမှာပဲ…” ရှောင်ရော့ပိုင်သည် အနည်းငယ် စိတ်ပျက်သွားသည်။ ဒီနေ့ သူမ ထွက်သွားရင် သူတို့က တစ်ယောက်နဲ့ တစ် ယောက် ပြန်တွေ့နိုင်ဦးမှာလား။
“သူမ ထွက်သွားမယ်လို့ ရှီအာက ငါတို့ကို ပြောတောင်မပြောဘူး” ကုန်းဇီယွမ်သည် ဝမ်းနည်းမှုကို ဖုံးကွယ်ရင်း တိုးညင်းသောအသံဖြင့် စောဒက တက်သည်။
သူမ ထွက်သွားသည်မှာ ရုတ်တရက်ဆန်လွန်းသဖြင့် သူတို့အားလုံး စိတ် မပြင်ဆင်ရသေးပေ။
ထိုသတင်းမှာ မထင်မှတ်ထားသဖြင့် သူတို့သည် ကြေညက်ရန် အချိန်လို သေးသည်။
ထိုအချိန်တွင် ရှီမာယူယူသည် မိုကျိနှင့်အတူ တယွိမြို့မှ ထွက်သွားပြီ ဖြစ်သည်။ သူတို့သည် မိုကျိ၏ သားရဲပျံကိုစီးကာ နိဗ္ဗာန်မြစ်ဆီသို့ ပျံသွားလိုက် ကြသည်။
“မိုကျိ ကျွန်မတို့ ဘာလို့ဖြတ်လမ်းတည်ဆောက်မှု မသုံးတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဒီလောက် လူအများကြီးနဲ့ ငါ ဖြတ်လမ်းတည်ဆောက်မှုမသုံးတတ်ဘူး” မိုကျိ ပြန်ဖြေလေသည်။
ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဒါက ရောဂါမဟုတ်ဘူးလား။ အရမ်း ကို စွဲလမ်းတတ်တဲ့ ရောဂါ။
“ဒါဆိုရင် ဘာလို့ ကိုယ့်ဘာသာ မဆောက်တာလဲ… ရှင့်ဝင်္ကပါတွေက အားကောင်းတယ်လို့ ယွမ်ယွမ်ပြောတာ ကြားတယ်”
“ခရီးရှည်တဲ့ဝင်္ကပါတွေအတွက် တည်ဆောက်မှုကျောက်တုံးတွေကို သုံး ပြီးသွားပြီ… ငါက သူတို့ထပ်ပို့လာမှာကိုစောင့်နေတာ”
ရှီမာယူယူမှာ “….”
တကယ်ကြီးပြောနေတာလား။
သူသည် မိုမျိုးနွယ်၏ သခင်လေးတစ်ယောက်အနေနှင့် တော်သည်ဟု သူမ ထင်ထားခဲ့သည်။ အခုကြည့်ရသည်မှာ အထင်နှင့်တခြားစီပင်။
“အဲဒီကို ဘယ်လောက်ကြာအောင် ပျံရဦးမှာလဲ” ရှီမာယူယူ မေးလိုက် သည်။
“နှစ်နည်းနည်းပေါ့… သူတို့တွေ ပစ္စည်းပို့လာရင်တော့ ပိုမြန်မယ်” မိုကျိ ပြန်ဖြေလိုက်သည်။
ရှီမာယူယူ မျက်လုံးလှိမ့်လိုက်သည် “အချိန်ကုန်လိုက်တာ… ဘာလို့ ကျွန်မက ရှင့်ကိုမကူညီရမှာလဲ ဖြတ်လမ်းဝင်္ကပါကိုအတူဆောက်ရအောင် ကျွန်မမှာ တည်ဆောက်မှုကျောက်တုံးတွေအများကြီးပဲ”
မိုကျိသည် စက္ကန့်ပိုင်းမျှစဉ်းစားနေသည်။ ပြီးနောက် သဘောတူလိုက် သည်။ အချိန်ကုန်သည်မှာတော့ မှန်သည်။
သူတို့ လေဟာပြင်ကိုဖွင့်ရန်အတွက် ရှီမာယူယူသည် ကျောက်တုံးပုံကို ထုတ်ပြီး မိုကျိသည် သူမ တည်ဆောက်သည်ကို ကူညီပေးသည်။
ရှီမာယူယူသည် တည်ဆောက်မှုကိုကြည့်ပြီး ပြုံးလိုက်သည် “ကျွန်မ ရှင့် နည်းလမ်းတွေကို သင်လိုက်မှာကို မကြောက်ဘူးလား”
မိုကျိသည် သူမအား ဝမ်းနည်းပက်လက်ကြည့်လေသည် “ဘိုးဘေးကြီး က သူ့မရဏာသိုင်းကိုတောင် မင်းကိုသင်ပေးထားတာ… ဒီလိုပညာကို ငါ့ဆီက ကပ်သင်မှာကို ဘာလို့ကြောက်နေရမှာလဲ”
ရှီမာယူယူသည် နှာခေါင်းကိုထိလိုက်သည်။ သူမ ဘာလို့ အနာပေါ် တုတ် ကျသလိုဖြစ်သွားတာလဲ။
“ငါပြောတာက” မိုကျိသည် လုပ်လက်စကိုရပ်ပြီး သူမကို ကြည့်လေ သည် “မင်း ဘိုးဘေးကြီးကို ဘာလုပ်လိုက်တာလဲ”
“ဘာကိုလဲ” ရှီမာယူယူသည် သူဆိုလိုချင်သည်ကို နားမလည်ပေ။
“မင်းကို ကာကွယ်ဖို့ ငါ့ကိုခိုင်းတယ်… သူကိုယ်တိုင် မင်းကို မရဏာသိုင်း တွေသင်ပေးတယ်… သူက မင်းအတွက် အကုန်လုပ်ပေးနေတာ… မင်းက မိုမျိုးနွယ်ဝင်များဖြစ်နေတာလား မဟုတ်ရင် တစ်ခုခုပေါ့” မိုကျိသည် ဝမ်းနည်း စွာမေးလေသည်။
“မဟုတ်ဘူး” ရှီမာယူယူသည် သူ၏ ဝမ်းနည်းမှုကိုနားလည်သည် “ကျွန်မ တို့အတူကုန်ဆုံးခဲ့တဲ့ အချိန်ကအဲလောက် မကြာဘူး အဲဒါကြောင့် သူက အများ ကြီးတော့ မသင်ပေးနိုင်ဘူး… ကျွန်မကို ကာကွယ်ဖို့ကတော့ ရှင်တို့နှစ်ယောက် ဆွေးနွေးပြီးပြီမလား.. ရှင် ဆန္ဒမရှိရင် သူက မကာကွယ်ခိုင်းပါဘူး”
“သူက ငါ့ကိုဖိအားမပေးပါဘူး ဒါပေမဲ့ တခြားသူတွေကို ပြောမှာပဲလေ” ပြောရင်းနှင့် သူ သက်ပြင်းချလိုက်သည် “ဘိုးဘေးကြီးက အရမ်းကိုလွယ်လွန်း တယ် ဘာလို့များအရင်က နားမလည်ခဲ့ကြတာပါလိမ့်”
“လွယ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ… ရှင့်တို့ဘိုးဘေးကြီးက ကျွန်မနဲ့ ပထမဆုံးတွေ့တုန်းက ကျွန်မကိုသတ်ဖို့ကြိုးစားတာ သိရဲ့လား” ရှီမာယူယူ စောဒကတက်သည်။
“တကယ်ကြီးလား”
“ဒါပေါ့… သူက တစ္ဆေကြင်ယာတော်အတွက် ကျွန်မကိုသတ်မှာလို့ ပြော တယ်… ရှင်တို့ ဘိုးဘေးကြီးရဲ့အားက ကျွန်မခံနိုင်တဲ့အားမဟုတ်ဘူး… ကံကောင်းလို့ ကျွန်မက လက်ဖက်ရည်နှပ်တဲ့ပညာကိုသိပြီး လက်ဖက်ခြောက် တွေလည်းရှိနေလို့ အသက်ရှင်သွားတာ” မိုကျိ ခံစားရသက်သာစေရန် ရှီမာယူယူသည် သနားစဖွယ်ဖြစ်အောင် ပြောလိုက်သည်။
“အစက အဲလောက်မကောင်းပေမဲ့ ကံကောင်းတော့ နောက်ဆုံးကျ အဆင်ပြေသွားတာပဲ” မိုကျိ ပြောလိုက်သည် “မင်းကို ဘိုးဘေးကြီးက မရဏာ သိုင်းလက်ဆင့်ကမ်းပေးတယ်ဆိုတော့ သူ့တပည့်အဖြစ် သတ်မှတ်လို့ရတာပေါ့ မိုမျိုးနွယ်မှာတောင် မင်းရဲ့ ရာထူးက တော်တော်မြင့်နေပြီပဲ”
“ကျွန်မက သူ့ဆရာဆိုလည်းဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည်။
မိုကျိမှာ “….”
မိုမျိုးနွယ် ဘိုးဘေးကြီးရဲ့ တပည့်ဖြစ်ရတာကိုက ဂုဏ်ယူစရာကောင်း နေပြီ။ ဆရာကဖြစ်ချင်သေးတာလား။
သို့သော် သူ၏ ဘိုးဘေးကြီးလည်း ထိုအရာကို ဝန်ခံထားသည်။
ပြီးတော့…
သူသည် ခေါင်းခါကာ တည်ဆောက်မှုကို ဆက်လုပ်သည်။
“ဒါနဲ့ နိဗ္ဗာန်မြစ်က ဘာဖြစ်တာလဲ” ရှီမာယူယူသည် သူ့နောက်သို့ လိုက် လာသော်လည်း အဖြစ်အပျက်ကိုမမေးရသေးပေ “ကျွန်မရဲ့ရတနာက ဒီလောက် အစောကြီးထွက်လာပြီလား”
မိုကျိသည် သူမကို ကြည့်လိုက်သည်။ ဘာရတနာလဲ။
“အဲဒီမှာ ထားထားတဲ့ မျိုးနွယ်ဝင်တွေ ပြဿနာဖြစ်နေလို့” မိုကျိ ပြော လိုက်သည် “ဒါပေမဲ့ တလောက နိဗ္ဗာန်မြစ်မှာ လှုပ်ရှားမှဒတွေများလာတယ်လို့ လည်း ပြောတယ်”
“အိုး ရတနာ ပေါ်လာတာလား”
“မသိဘူးလေ”
“ဒါဆိုရင် ရှင့်မျိုးနွယ်ဝင်တွေက ဘာဖြစ်တာလဲ” ရှီမာယူယူ မေးလိုက် သည်။
“သုံးလေးရက်တစ်ခါလောက် လူတစ်ယောက်ပျောက်သွားတာ သူတို့ အရိုးတောင်မကျန်ခဲ့ဘူးတဲ့… သူတို့တွေ ဘယ်လောက်ပဲဂရုစိုက်စိုက် အဲလိုတွေ ဖြစ်နေတုန်းပဲ” မိုကျိသည် ထိုအကြောင်းပြောနေချိန်တွင် မျက်မှောင်ကြုတ် လိုက်သည်။ ထိုအရာသည် သာမန်လူလုပ်နိုင်သည့် အရာမဟုတ်သည်ဟု သူ ခံစားရဿည်။
“သူတို့ကို နတ်မြစ်က စားသွားတာလား” ရှီမာယူယူမေးလိုက်သည်။
“နိဗ္ဗာန်မြစ်မှာ ဘယ်နတ်မြစ်မှမရှိဘူး” မိုကျိ ငြင်းဆန်လေသည်။ “အဲဒီကို ရောက်ရင်တော့သိရမှာပဲ”
“ဟုတ်တယ် ဒါဆို ကျွန်မတို့ အမြန်သွားကြတာပေါ့” ရှီမာယူယူသည် ခြေလှမ်းသွက်လိုက်ပြီး သူတို့နှစ်ယောက်သည် တည်ဆောက်မှုကို အမြန်ပင် အတူ စီမံလိုက်ကြသည်။
“ဟွမ် ဒီကိုလာခဲ့” သူမသည် ဟွမ်ကို လက်ယက်ခေါ်လိုက်သည်။ ဘေး တွင် တိတ်ဆိတ်စွာရပ်နေသော ဟွမ်သည် လျှောက်လာသည်။ သူတို့သုံး ယောက်သည် ဖြတ်လမ်းဝင်္ကပါပေါ်သို့တက်ပြီး ပျောက်ကွယ်သွားလေသည်။
ခရီးမှာအတော်ကွာဝေးသေဖြင့် သူတို့သည် ဖြတ်လမ်းဝင်္ကပါပေါင်းများ စွာ ပြောင်းရသည်။ နောက်ဆုံး တစ်လကြာအောင် ခရီးသွားပြီးနောက် မြစ် တစ်ဖက်ကမ်းသို့ ရောက်လေသည်။
“နိဗ္ဗာန်မြစ်နားက လေဟာပြင်က မတည်ငြိမ်ဘူး… ကျန်တဲ့ခရီးကို ဖြတ်လမ်းဝင်္ကပါကိုသုံးလို့မရဘူး” မိုကျိ ပြောလိုက်သည်။
“အင်း.. ဒါဆိုလည်း သားရဲပျံစီးကြတာပေါ့” ရှီမာယူယူသည် လမ်းဆုံး ဘက်ကို ကြည့်လိုက်သည်။
ဘာကြောင့်လဲတော့ သူမ မသိပေ။ သို့သော် ထိုနေရာသို့ရောက်ချိန်တွင် သူမ စိတ်ထဲမှ ထကြွမှုသည် သိသာလာသည်။
“ရတနာတွေက ငါ့ကိုခေါ်နေတာများလား….”
***