နိဗ္ဗာန်မြစ်
Vol. 133 Ch. 1859
သားရဲပျံများဖြင့် ရက်အနည်းငယ် ခရီးနှင်ပြီးနောက် နိဗ္ဗာန်မြစ်ကို ရောက် လေသည်။
ကျယ်ပြန့်သော ရေမျက်နှာပြင်မှအပ နိဗ္ဗာန်မြစ်သည် တခြားသောမြစ် များနှင့် ကွာခြားခြင်းမရှိပေ။
“နိဗ္ဗာန်မြစ်က တကယ်ပဲ မေ့ပျောက်ခြင်းမြစ်နဲ့ဆက်နေတာလား ကွာခြားချက်ကို မမြင်မိပါဘူး” ရှီမာယူယူသည် မိုကျိကို မေးလိုက်သည်။
“အခုတော့ ဘာကွာခြားချက်ကိုမှ မြင်ရမှာမဟုတ်ဘူး… ဒါပေမဲ့ ရေက သာမန်မြစ်တွေထက် ပိုပေါ့တယ်.. အဲဒီနေရာကို အနီးကပ်သွားလေလေ ရေက ပေါ့လွန်းလို့ ငှက်မွေးတောင်မှ ပေါ်လောမပေါ်နိုင်ဘူး” မိုကျိ ပြောလိုက်သည်။
“ကျွန်မတို့ အဲဒီအပိုင်းကိုသွားမှာလား”
“အဲဒီအပိုင်းနားကိုသွားမှာ” မိုကျိ ပြောလိုက်သည် “ဒီကနေ သိပ်မဝေးဘူး”
လမ်းတစ်လျှောက်တွင် စခန်းချနေသည့်နေရာများကို ရှီမာယူယူ မြင်ရ သည်။ သူတို့ စခန်းချသည့်နေရာမှားကို ဖြတ်သွားချိန်တိုင်းတွင် လူများသည် နိုးနိုးကြားကြားဖြင့် ကြည့်လေသည်။ သို့သော် မိုကျိ၏ သားရဲပျံကိုမှတ်မိကြ သဖြင့် တလေးတစားဆက်ဆံခံရသည်။
“တစ္ဆေလောကမှာ မိုမျိုးနွယ်က အခြေအနေတော့ တော်တော်မြင့်တာပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“မိုမျိုးနွယ်က တစ္ဆေလောကမှာ တော်ဝင်မျိုးနွယ် ၈ ခုရဲ့ခေါင်းဆောင်ပဲ သေချာပေါက် မြင့်တာပေါ့” မိုကျိသည် ဂုဏ်ယူစွာပင် ပြောလေသည်။
“တစ္ဆေလောကမှာ တော်ဝင်မျိုးနွယ် ၈ ခုရှိတာလား” ရှီမာယူယူ မေး လိုက်သည်။
“တစ္ဆေနယ်မြေမှာ ၄ ခု၊ ဝိညာဉ်နယ်မြေမှာ ၃ ခုနဲ့ အသူရာငရဲမှာ ၁ ခု ရှိတယ်” မိုကျိပြောလေသည်။
“ဝိညာဉ်နယ်မြေမှာက အဲလောက်တောင် မျိုးနွယ်တွေများတာလား” ရှီမာယူယူ သိချင်သွားသည်။ သူတို့တွေက ဝိညာဉ်သက်သက်ပဲမဟုတ်ဘူး လား။ အဲလိုလူမျိုးတွေလည်း လက်ထပ်ပြီးတော့ ကလေးယူကြတာပဲလား။
“မင်း ဘာတွေတွေးနေတာလဲ” မိုကျိသည် သူမ မျက်လုံးထဲတွင် အလင်း တောက်ပသွားသည်ကို မြင်လိုက်သည်။
ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည် “ရှင်မသိချင်ဘူးလား”
မိုကျိ မျက်လုံးများကို လှိမ့်လိုက်သည် “တစ္ဆေမျိုးနွယ်ကလူတွေက ကလေးမွေးပြီး မျိုးဆက်မမွေးထုတ်နိုင်ဘူ.. ဒါပေမဲ့ သူတို့က မိသားစုမျိုးနွယ် တွေ တည်ထောင်နိုင်တယ် အင်အားစုတစ်ခုတည်ဆောက်သလိုမျိုးပဲပေါ့.. နာမည်မတူတာပဲရှိတယ်”
“ဒါဆိုရင် သူတို့ကို ဘာလို့ ဂိုဏ်းလို့မခေါ်ဘဲ မိသားစုမျိုးနွယ်တွေလို့ခေါ် တာလဲ” ရှီမာယူယူသည် နားမလည်ပေ။ အကုန်လုံးက အတူတူပဲလား။
“ပိုင်ဆိုင်မှုမှာကွာသွားလို့ဖြစ်မှာပေါ့” မိုကျိပြောလေသည် “ဝိညာဉ်တစ် ယောက်က ဝိညာဉ်နယ်မြေကိုရောက်သွားရင် အရင်ဘဝက မှတ်ဉာဏ်တွေ ပြတ်တောက်သွားတယ်… အဲလိုဆိုရင် မိသားစုရဲ့ အတွေးတွေကို သူတို့ကို ပေး ဖို့ပိုလွယ်သွားပီဲလေ”
“ဟုတ်တယ် အများစုက မှတ်ဉာဏ်တွေမရှိကြတော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “တော်ဝင်မျိုးနွယ် ၈ ခုရဲ့ခေါင်းဆောင်ဆိုတော့ ရှင်တို့ မိုမျိုးနွယ်က တော်တော်မိုက်တာပဲ”
“အဲလိုဆိုရင်တောင် ဘုရင့်လက်အောက်မှာပဲရှိတာ မဟုတ်ဘူးလား” မိုကျိသည် သူ့မိသားစု၏ အဆင့်အတန်းကို နှစ်မြို့လှခြင်းမရှိပေ။ “ပြီးတော့ တစ္ဆေနယ်မြေမှာက လျှို့ဝှက်အင်အားစုတွေအများကြီးရှီတယ် သူတို့ကသာ တကယ့်ကို အားကောင်းကြတဲ့လူတွေပဲ”
“ရှင် သူတို့ကိုအရမ်း လေးစားတာလား”
“လေးစားတာတော့မဟုတ်ဘူး ဒါပေမဲ့ ငါ့ကိုယ်ငါအတွက် ရအောင်ယူရ မယ့် အရာရှိတယ်” မိုကျိ ပြောလိုက်သည် “အရင်တစ်ခေါက် မင်းပြောခဲ့တဲ့ ကိုးခုမြောက်မရဏာမျိုးနွယ်ကမှ မရဏာလောကရဲ့ တကယ့်အစစ်အမှန် ဧကရာဇ်ပဲ”
“ကိုးခုမြောက်မရဏာမျိုးနွယ်က အရမ်းအားကောင်းခဲ့တယ်… ဒါပေမဲ့ အခု အားပျော့သွားပြီမဟုတ်ဘူးလား… သူတို့က ကမ္ဘာပေါ်ကို နှစ်တွေအများ ကြီးတောင် ပေါ်မလာခဲ့ဘူး… မရှိတော့တာလည်း ဖြစ်နိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့တွေက မရှိတော့ရင်တောင် လူတွေက သူတို့ကို မျှော်လင့်နေတုန်း ပဲ သူတို့ကသာ လူတွေရဲ့စိတ်ထဲက ကိုးကွယ်ရာပဲ” မိုကျိသည် ပြောပြီးနောက် သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ ကိုးခုမြောက်မရဏာမျိုးနွယ် ပျက်သုဉ်းသွားသည့်အပေါ် ဝမ်းနည်းနေသလိုပင်။
ရှီမာယူယူသည် ကိုးခုမြောက်မရဏာမျိုးနွယ်အကြောင်းကို ထပ်သိချင် သေးသည်။ သို့သော် ဤအခိုက်တွင် သူ့ကို ပြောချင်တိုင်းပြောမရသဖြင့် သူမ မေးလိုက်သည် “အဲဒီနေရာကို ကျွန်မတို့ သွားကြည့်လို့ရမလား”
“ဘယ်နေရာလဲ” မိုကျိသည် ခေါင်းခါလိုက်သည် “အဲဒီနေရာက အရမ်းကို အန္တရာယ်များတယ် အနားကပ်မသွားတာကောင်းမယ်… ငါတို့ ရေထဲကို မတော်တဆ ကျသွားရင် ပြန်ထွက်လာနိုင်မှာမဟုတ်ဘူး”
“အိုး” ရှီမာယူယူ၏ မူလခန္ဓာကိုယ်သည် ဝိညာဉ်ခန္ဓာကိုယ်ဖြစ်သည်။ သူမ ရေထဲကျသွားလျှင်တောင် မကြောက်ပေ။ သို့သော် သူ့ကို မစိုးရိမ်လိုသဖြင့် ဘာမှမပြောတော့ပေ။
ရက်အနည်းငယ် ပျံသန်းပြီးနောက် သူတို့သည် မိုကျိ၏မျိုးနွယ်ဝင်များ စခန်းချသည့်နေရာသို့ ရောက်လာကြသည်။ မိုမျိုးနွယ်ဝင်များသည် မိုကျိကို မြင်သောအခါ အထောက်အပံ့ကောင်းကောင်း ရသွားသည့်အလား စိတ်ဓာတ် ကျနေခြင်းများ ပျောက်သွားတော့သည်။
“သခင်လေး နောက်ဆုံးတော့ ရောက်လာပြီပဲ” သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် လူအုပ်ရှေ့သို့ထွက်လာပြီး မိုကျိကို အရိုအသေပြုသည်။
“ဒါကမိုကျန့်ပဲ မိုမျိုးနွယ်ရဲ့ဘဏ္ဍာထိန်းပေါ့.. ဒါက ဘိုးဘေးကြီးရဲ့ တပည့် ရှီမာယူယူနဲ့ သူမသူငယ်ချင်း ဟွမ်ပါ” မိုကျိသည် သူတို့နှစ်ယောက်ကို မိတ်ဆက်ပြီးနောက် မေးလိုက်သည် “အခုအခြေအနေက ဘယ်လိုနေလဲ”
မိုကျိ ရှီမာယူယူကို ဘိုးဘေးကြီး၏ တပည့်ဟု မိတ်ဆက်ပေးလိုက်သဖြင့် မိုကျန့် အံ့ဩနေသည်။ ဘိုးဘေးကြီးက တပည့်လက်ခံတယ်လို့ ဘာလို့အရင်က မကြားဖူးတာပါလိမ့်။
မိုကျိ၏ မေးခွန်းကိုကြားသောအခါ မိုကျိန့်သည် စိတ်ကို အမြန်ပင် တည် ငြိမ်အောင်လုပ်ပြီး ပြန်ဖြေသည် “အရင်က ၇ ရက် ၈ ရက်တစ်ခါလောက် လူ တစ်ယောက်ပျောက်တယ်.. အခုက ၅ ရက်တစ်ခါ လူတစ်ယောက်ပျောက်နေ တယ်… နောက်ဆုံးလူပျောက်သွားတာ ၃ ရက်ရှိပြီ”
“နောက်တစ်မျိုးပြောရရင် ၂ ရက်အတွင်းကို နောက်တစ်ယောက် ပျောက်လိမ့်မယ်ပေါ့” မိုကျိ ပြောလိုက်သည် “အရင်က မူမမျန်တာတွေကို သတိထားမိတာရှိလား”
“ရှက်ရွံ့စွာနဲ့ပဲ ကျွန်တော် မသိပါဘူး” မိုကျန့် ပြောလေသည်။
“၂ ရက်ပဲအချိန်ရတော့တာဆိုတော့ ဒီမှာပဲစောင့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲအချိန်ကျရင် တစ်ခုခုတော့ ရှာတွေ့မှာပါ”
သူမသည် ဟွမ်၏စွမ်းအားကို အလွန်ယုံကြည်ချက်ရှိသည်။ အကယ်၍ တစ်ခုခုသာရှိလျှင် သူသည် သေချာပေါက် ရှာတွေ့နိုင်သည်။
မိုကျိသည် သူမ ဆိုလိုရင်းကိုနားလည်သည်။ ဟွမ် ဘာမှမပြောသည်ကို သူ မြင်သောအခါ သဘောတူလိုက်သည် “ဒါဆိုလည်း ၂ ရက်စောင့်ပြီးတော့ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့”
“ဟုတ်ကဲ့ပါ” မိုကျန့် ပြန်ဖြေလေသည်။
“ဒါနဲ့ ကျွန်မတို့ စခန်းမှာပဲ ဘာလို့ဖြစ်တာလဲ တခြားဂိုဏ်းတွေကရော” ရှီမာယူယူ မေးလိုက်သည်။
“ဂိုဏ်းအကုန်လုံးနီးပါး လူပျောက်ကြတာချည်းပဲ… လူပျောက်တဲ့အချိန် မတူကြတာပဲရှိတယ်” မိုကျန့် ပြန်ဖြေသည်။
“လာရင်းနဲ့လူတွေကို တွေ့ခဲ့တယ် သူတို့က ထွက်သွားဖို့ စိတ်ကူးမရှိကြ ဘူးလား”
“လတ်တလော နိဗ္ဗာန်မြစ်မှာ လှုပ်ရှားမှုတွေများလာတယ်… ထူးဆန်းတဲ့ ရတနာပေါ်ထွက်လာမယ်ဆိုတဲ့ ကောလာဟလလည်းရှိတယ်… ထူးဆန်းတဲ့ ရတနာကို ဘယ်လိုလုပ်ပြိုင်ဘက်ကို ပေးနိုင်မှာလဲ” မိုကျန့် ပြန်ဖြေလေသည် “တစ္ဆေလောကမှာ မရှိမဖြစ်အလိုအပ်ဆုံးက လူပဲ”
ရှီမာယူယူ နားလည်သည်။ ထူးဆန်းသည့်ရတနာ ရရှိရန်အတွက် လူတချို့သေဆုံးခြင်းသည် သက်ရှိလူ၏နှလုံးသားနှင့် မယှဉ်နိုင်ပေ။
“ယူယူ ငါတို့တွေ အကြာကြီးခရီးနှင်လာခဲ့ကြတာ ပင်ပန်းနေရောပေါ့ ဒီနေ့တော့ ကောင်းကောင်းအနားယူလိုက်ဦး မနက်ဖြန်ကျမှ ဒီနားဟိုနား လျှောက်ကြည့်ကြတာပေါ့” မိုကျိ ပြောလိုက်သည်။
ရှီမာယူယူသည် အမှန်တကယ်ပင် ပင်ပန်းနေလေပြီ။ သူမသည် မြစ်ဘေး ကို သွားကြည့်ချင်သော်လည်း မိုကျိမှာ မိုကျန့်တို့နှင့် ကိစ္စများဆွေးနွေးရန်ရှိနေ သည်ကိုမြင်သောအခါ သူမဘာသာ သွားမည်ကို သဘောမတူနိုင်သည်ကို လည်း သိသည်။ ထို့ကြောင့် ဟွမ်နှင့် သူမသည် စခန်းချရာ၏ နေရာလွတ်ကို လာကာ တဲဆောက်လိုက်သည်။ မိုမျိုးနွယ်ဝင်များသည် သူမတို့တဲဆောက်မည် ကိုမြင်သည်နှင့် လာကူညီကြရာ သူမ လုပ်ရန်ပင်မလိုလိုက်ပေ။
မိုကျန့်သည် ရှီမာယူယူရှိရာဘက်သို့ မေးလေသည် “သခင်လေး ရှီမာယူယူက ဘယ်ကလာတာလဲ… သူမက ဘယ်လိုလုပ် ဘိုးဘေးကြီးရဲ့ တပည့်ဖြစ်သွားတာလဲ”
“သူမက အမှောင်မင်းသမီးနဲ့ လူသားလောကက လူသားတို့ရဲ့ သမီးပဲ… သူမက ဘိုးဘေးကြီးရဲ့ တပည့်လို့ပြောဖို့တော့ သိပ်မသင့်တော်လှဘူး.. သူတို့က သူငယ်ချင်းတွေဖြစ်ပြီး အပြန်အလှန်ဆရာဖြစ်နေကြတယ်… သူမက ဘိုးဘေး ကြီးရဲ့ လက်ဖက်ရည်ပညာဆရာပဲ… ဘိုးဘေးကြီးက သူမကို မရဏာသိုင်းတွေ ကိုပြန်သင်ပေးခဲ့တယ်” မိုကျိသည် ထိုကိစ္စကို လက်မှိုင်ချတုန်းပင်ဖြစ်သည်။
မိုကျန့် အံ့ဩသွားသည် “ဘိုးဘေးကြီးက သခင်လေးကို ကာကွယ်ခိုင်းတဲ့ လူတစ်ယောက်ရှိတယ်လို့ မျိုးနွယ်ထဲမှာ သတင်းပျံ့နေတာ အဲဒါကသူမလား”
“ဟုတ်တယ်၊ ခဏနေကျ သူမ လုံခြုံရေးကို အကုန်လုံး ဂရုစိုက်ပေးကြဖို့ အမိန့်ပေးလိုက်ဦး… သူမသာ တစ်ခုခုဖြစ်သွားရင် ဘိုးဘေးကြီးက ငါတို့ကို အရေခွံစုတ်လိမ့်မယ်” မိုကျိ အမိန့်ပေးလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ ခဏနေကျ အမိန့်ပေးလိုက်ပါမယ်”
“အခု ဒီအတောအတွင်း ဘာတွေဖြစ်ခဲ့လဲ ပြောပြဦး”
“ဟုတ်ကဲ့…”
ရှီမာယူယူ၏ တဲဆောက်ပြီးမကြာမီတွင် နိဗ္ဗာန်မြစ်မှာ မငြိမ်မသက်ဖြစ် လာသည်။ မြစ်ရေများသည် အရင်ကထက် ပို၍တင်းမာလာသည်။
***