လက်ဆောင်များစုစည်းခြင်း
Vol. 133 Ch. 1860
ရှီမာယူယူ တဲထဲမှထွက်လာသည်နှင့် မိုကျ၏ ဘေးသို့သွားကာ စိတ်လှုပ် ရှားစွာဖြင့် မေးလိုက်သည် “ထူးဆန်းတဲ့ ရတနာထွက်လာတော့မှာလား”
“မဟုတ်ဘူး ရတနာရဲ့ အရိပ်အယောင် ဘာမှမတွေ့ရဘူး” မိုကျိသည် သူမ၏ စိတ်အားထက်သန်မှုကို လျော့ကျသွားစေသည်။
“ဒါဆို ဘာဖြစ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ငါ့အထင်အရဆိုရင် နိဗ္ဗာန်မြစ်အောက်ခြေမှာ တစ်ခုခုဖြစ်လို့ ဒီလိုမျိုး မငြိမ်မသက်ဖြစ်တာပဲ” မိုကျိ ပြောလိုက်သည်။
ရတနာမရှိဟု ကြားလိုက်ချိန်တွင် ရှီမာယူယူ၏ စိတ်ဝင်စားမှုသည် တစ် ဝက်လျော့ကျသွားကာ ပြောလိုက်သည် “အစောက မြစ်အောက်ခြေမှာ တစ် ယောက်ယောက်က တိုက်ခိုက်နေတာများလား”
အကယ်၍ ထိုသို့သာဖြစ်ပါက သူမ လာခဲ့သောခရီးမှာ အလဟဿပင်။
“မဟုတ်ဘူး” မိုကျိသည် အခိုင်အမာပင် ပြောလေသည် “ငါ သေချာ ပေါက် တခြားသူတွေရဲ့ အသက်ရှုသံကို အာရုံခံမိတယ်”
“ဒါဆိုလည်း ဟုတ်ပါပြီ” ရှီမာယူယူသည် အဝေးမှ လှိုင်းထန်နေသော မြစ်ကိုကြည့်ပြီး အနည်းငယ်တုန်လှုပ်လာသလို ခံစားရသည်။ သူမသည် ထို နေရာသို့သွားကာ ကိုယ်တိုင်ကြည့်ချင်သည်။
သူမသည် အနောက်မှ ဟွမ်ကိုကြည့်လိုက်သည်။ သို့သော် ဟွမ်သည် ငေးငိုင်နေကာ အာရုံမှာတခြားသို့ရောက်နေသည်ကို မြင်လိုက်ရသည်။
“ဟွမ် ဘာတွေတွေးနေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
ဟွမ်သည် အရိပ်မည်းနှင့် ဆက်သွယ်ချက်ကို ဖြတ်ပြီး ပြောလိုက်သည် “ကျွန်တော် စဉ်းစားနေတာ ဘယ်လိုမရဏာသားရဲကများ နိဗ္ဗာမန်မြစ်အောက် ခြေမှာ တိုက်ခိုက်ရဲတာလဲလို့”
“ဘာလို့တိုက်ခိုက်လို့မရမှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“နိဗ္ဗာန်မြစ်က မေ့ပျောက်ခြင်းမြစ်နဲ့ ဆက်စပ်နေတာလေ… နိဗ္ဗာန်မြစ် ရေက အထိန်းချုပ်မဲ့သွားတာနဲ့ မေ့ပျောက်ခြင်းမြစ်က ရေလည်း ဘောင်ဘင် ခတ်နေမှာပဲ… အဲလိုအချိန်ဆို နိဗ္ဗာန်မြစ်ထဲက မရဏာသားရဲတွေအကုန် မျောပါသွားမှာပဲ” ဟွမ်ရှင်းပြလေသည်။
“မျောပါမယ်ဟုတ်လား” ရှီမာယူယူသည် ထိုအရာကိုတော့ အနည်းငယ် အံ့ဩမိသည် “ရေထဲက မရဏာသားရဲတွေက မျောပါနိုင်လို့လား”
“ဒီမျောပါတယ်ဆိုတာက သာမန်မျောပါတာနဲ့ မတူဘူး” ဟွမ် ပြောလိုက် သည် “မေ့ပျောက်ခြင်းမြစ်ကရေက နူးညံ့တယ်… နိဗ္ဗာန်မြစ်ထဲက မရဏာ သားရဲတွေက အဲဒီရေမှာ အသက်မရှင်နိုင်ဘူး”
“ဟုတ်ပြီ ဒါဆိုရင် နိဗ္ဗာန်မြစ်ထဲက ရေတွေက မေ့ပျောက်ခြင်းမြစ်ထဲကို စီးသွားရင်ရော ဘယ်လိုဖြစ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အဲဒါဆိုရင်တော့ မေ့ပျောက်ခြင်းမြစ်ထဲက မရဏာသားရဲတွေကို သက် ရောက်မှု ကြီးကြီးမားမားမဖြစ်နိုင်ဘူး… သူတို့က နေဖို့ မြစ်အောက်ခြေကို နစ် မသွားတာပဲရှိတာ” ဟွမ် ပြောလိုက်သည် “အဲဒါကြောင့် မြစ်နှစ်မြစ်ကို တည် ငြိမ်အောင်ထိန်းသိမ်းဖို့က အရေးကြီးတာ”
“အဲဒါကို တာဝန်ယူထားတဲ့လူရှိလား”
“အရင်ကတော့ မရှိဘူး ဒါပေမဲ့… ဒီအပိုင်းမှာနေတဲ့ သားရဲတွေက ဒါကို နားလည်ထားတယ်… အဲဒါကြောင့် ဘယ်သူကမှ မြစ်အောက်ခြေမှာ မတိုက်ခိုက်ကြဘူး” ဟွမ် ပြောသည်။
မိုကျိသည် ဟွမ်အား တအံ့တဩကြည့်လေသည်။ သူက ဘယ်သူမို့လို့ ဒီလောက်တောင် သိနေတာလဲ။
“အခု မြစ်အောက်ခြေက မရဏာသားရဲတွေက အန္တရာယ်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်နေကြတာ… ကြည့်ရတာ သူတို့တွေလည်း ဖိအားများပြီး စိုးရိမ်စိတ် တွေဖြစ်မှာပဲ” မိုကျိ ပြောလိုက်သည်။
သို့သော် ရှီမာယူယူ၏ အာရုံမှာ တခြားနေရာသို့ရောက်နေသည် “ဟွမ် အရင်က ဒီဟာကိုဘယ်သူမှ တာဝန်မယူခဲ့ဘူးလို့ပြောလိုက်တာမလား ဆိုလို တာက အခု တာဝန်ယူထားတဲ့လူရှိတယ်ပေါ့”
“မေ့ပျောက်ခြင်းမြစ်မှာ ပြဿနာရှိတဲ့ပုံပဲ” ဟွမ်သည် အဓိပ္ပာယ်မရှင်းဖြစ် သွားသည်။ ယခုအခြေအနေကို သူမကို မပြောရန် အရှင်မှ ပြောထားသည်ကို သူ စိတ်ထဲမှရေရွတ်လိုက်သည်။ ဝူလင်းယူသည် မေ့ပျောက်ခြင်းမြစ် တစ်ဖက်ကမ်းတွင် ရှိနေပြီး ယခုလိုဖြစ်သွားသည်ကို သူမ သိသွားပါက သေချာ ပေါက် ဒေါသထွက်မည်ဖြစ်သည်။
သူ အဲဒီဘက်ကိုသွားပြီး သူမနောက်ကို တခြားလူလိုက်ခိုင်းလိုက်ရမ လား။
ထားလိုက်ပါတော့… သူမ ဒေါသထွက်ရင်လည်း အရှင်ရဲ့အမိန့်ကြောင့် လုပ်ရတာပါလို့ ပြောပြီးတော့ အရှင့်ကိုပဲ အကုန်ပုံချလိုက်တော့မယ်။ ပြီးတော့ သူမက အရှင်ကို ဘာမှလည်းမလုပ်နိုင်ပါဘူး။
ရှီမာယူယူသည် နီရဲပျားများကို ခေါ်ထုတ်ပြီး အထဲသို့သွားရန်နှင့် သတင်း စုံစမ်းရန် ညွှန်ကြားလိုက်သည်။ တချို့မှာ သူတို့ ပတ်ပတ်လည်သို့ ပျံသန်းသွား ကြပြီး တချို့မှာ လျှို့ဝှက်ဆန်းကြယ်သော အပိုင်းသို့ ပျံသန်းသွားကြလေသည်။
သို့သော် ထိုဧရိယာပိုင်းသို့ ပျံသွားသည်နှင့် နီရဲပျားများနှင့် အဆက်အ သွယ်ပြတ်တောက်သွားရာ ရှီမာယူယူ မျက်မှောင်ကြုတ်မိသွားသည်။
“ဘာဖြစ်လို့လဲ” မိုကျိသည် စိုးရိမ်တကြီးမေးလေသည်။
“နီရဲပျားတွေနဲ့ အဆက်အသွယ်ပြတ်သွားပြီ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ မြစ်ကိုသွားကြည့်ချင်တယ်”
“ဒီနေ့က အရမ်းကိုယောက်ယက်ခတ်နေတာ မနက်ဖြန်မှသွားကြမယ် လေ” မိုကျိ ပြောလိုက်ပြီး ကတိပေးလိုက်သည် “စိတ်မပူပါနဲ့ ထူးဆန်းတဲ့ ရတနာက ဒီနေ့တော့ ပေါ်မလာပါဘူး”
ရှီမာယူယူသည် အခြေအနေကို သွားကြည့်ချင်သော်လည်း စောင့်ဆိုင်း ရန် မိုကျိ၏ မရမကတောင်းဆိုမှုကြောင့် သူမ မတတ်သာတော့ဘဲ စောင့်ရ တော့သည်။
တစ်ချိနတ်ည်းမှာပင် မေ့ပျောက်ခြင်းမြစ်နှင့် နိဗ္ဗာန်မြစ်အောက်ခြေတွင် ဝူလင်းယူသည် ကြီးမားသော မြွေတစ်ကောင်ဖြင့် တိုက်ခိုက်နေသည်။ ပွဲချီ အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင် မြွေကြီးမှာ ဒဏ်ရာအများအပြားရသွား သည်။ သူ ဝူလင်းယူကို ရှုံးတော့မည်ကို သိသောအခါ လှည့်ပြီး နိဗ္ဗာန်မြစ်ဆီသို့ ပျံပြေးသွားလေသည်။
ဝူလင်းယူသည် ပျံပြေးသွားသော ရေမြွေကိုစိုက်ကြည့်ပြီး နှုတ်ခမ်းကို သဲ့သဲ့တွန့်လိုက်သည်။
“ပြေးချင်တယ်ဟုလား… ဒီနေ့ ငါ မင်းရဲ့သည်းခြေကို လက်မလျော့ဘူး ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့”
ပြောပြီးနောက် သူသည် ညာလက်ကိုမြှောက်ကာ ရေထဲတွင် အကြိမ် အနည်းငယ် ဝှေ့ယမ်းလိုက်သည်။ ရေသည် ရေဂယက်များထသွားကာ မြွေကို ပြန်ဆွဲလာသည်။
“အာ အာ အာ… နိဗ္ဗာန်မြစ်က ရေကို မင်း ဘယ်လိုလုပ် ထိန်းချုပ်နိုင်တာ လဲ” ရေမြွေသည် မယုံနိုင်စရာ တစ်ခုခုကို သတိထားမိသွားပြီး အလွန် ကြောက် လန့်သွားပုံပေါ်သည်။
“နိဗ္ဗာန်မြစ်နဲ့ မေ့ပျောက်ခြင်းမြစ်တွေက အစကတည်းက ရေတစ်မျိုးတစ် စားတည်းပဲ… ငါက မေ့ပျောက်ခြင်းမြစ်ကရေကို ထိန်းချုပ်နိုင်မှတော့ နိဗ္ဗာန် မြစ်က ရေကိုထိန်းချုပ်နိုင်တာ ဘာအံ့ဩစရာရှိလို့လဲ” ဝူလင်းယူသည် အထင် သေးစွာ ပြောလေသည် “ရေမြွေလေး မင်းရဲ့သည်းခြေကို ကိုယ့်ဘာသာပဲ အန် ထုတ်မလား ငါကိုယ်တိုင်ပဲ ထုတ်ရမလား”
“ငါ ငါ.. ငါကိုယ်တိုင် လုပ်ပါမယ်” ရေမြွေလေသည် နောက်ဆုံးတွင် လက်လျော့ကာ သူ့ဘာသာပင် သည်းခြေကိုအန်ထုတ်လိုက်သည်။
မြွေတစ်ကောင်တွင် သည်းခြေအိတ်နှစ်ခုရှိရာ နှစ်ခုလုံးသည် သူ့အတွက် အားဖြစ်သည်။ သူအညံ့ခံပြီး တစ်ခုကို လိုလိုလားလားပေးပြီး နောက်တစ်ခုကို သိမ်းထားပါက အနည်းဆုံးတော့ အသက်ရှင်နိုင်သေးသည်။ အများဆုံးဆိုလျှင် သူသာ ကျင့်ကြံပါက အနာဂတ်တွင် သည်းခြေအိတ်အသစ်ရလာနိုင်သည်။ သို့သော် ယခုအညံ့မပေးပါက သေချာပေါက် တစ်စစီအဖြဲခံနိုင်ရကာ အသက် ပေးလိုက်ရမည်မှာ အသေအချာပင်။
စိမ်းပြာရောင်မြွေသည်းခြေအိတ်သည် သူ့ပါးစပ်မှထွက်လာရာ ဝူလင်းယူ သည် လက်ကိုဝေ့ပြီး သူ့ဆီသို့ဆွဲယူလိုက်သည်။
သူ သည်းခြေအိတ်ကို စားလိုက်မည်ဟု ရေမြွေထင်ထားသော်လည်း ထို သည်းခြေအိတ်ကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်လိုက်သည်ကို မြင်ရချိန် တွင် ရေမြွေမှာ အံ့ဩသွားလေသည်။
“ကိုယ့်.. ကိုယ့်သခင် မစားဘူးလား” ရေမြွေသည် စပ်စုချင်စိတ်ကို အောင့် မထားနိုင်ဘဲ မေးလိုက်သည်။
“သည်းခြေအိတ်ကို ငါစားဖို့ပါလို့ မင်းကို ဘယ်သူပြောလို့လဲ” ဝူလင်းယူ သည် သေတ္တာကိုသိမ်းကာ သူ့ကိုကြည်လိုက်သည် “ငါက ဒါကိုလက်ဆောင် ပေးမလို့”
ထိုသို့ပြောပြီးနောက် ဝူလင်းယူသည် မေ့ပျောက်ခြင်းမြစ်ဆီသို့ ပြန်လာ ခဲ့လိုက်သည်။
“ယူယူ ကိုယ် မင်းအတွက် ပစ္စည်းကောင်းစုခဲ့ပြီ လာယူလိုက်တော့”
ရေမြွေသည် ထိုစကားကိုကြားသောအခါ ကျောက်ရုပ်ဖြစ်သွားလေ သည်။ သူက မေ့ပျောက်ခြင်းမြစ်ကို မရောက်သေးတဲ့လူအတွက် သည်းခြေကို လာလုတာလား။ ဒီနတ်ဆိုးကြီးရဲ့ အချစ်ကိုရထားတာ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကံမို့လို့လဲ။
“ဘာလဲ… မင်းလည်း နတ်ဆိုးကြီးဖမ်းတာခံချင်လို့လား” ရေမြွေ၏ အိမ် နီးချင်းဖြစ်သော ငါးလေးသည် ရေကူးလာသည်။
“ဟုတ်တယ် ငါ မင်းပြောတာ နားထောင်ပြီး ဒီတစ်ခေါက်ကို ထွက်မလာ သင့်တာ” ရေမြွေသည် နောင်တကြီးစွာ ပြောလေသည်။
“နတ်ဆိုးကြီး မေ့ပျောက်ခြင်းမြစ်ကို ရောက်ကတည်းက ငါတို့တွေ နိဗ္ဗာန် မြစ်ရဲ့ ရိုက်ခတ်တာကို ဆိုးဆိုးဝါးဝါးခံစားရတယ်… သူ့အားက အရမ်းကောင်း တာပဲ.. အိုး… သူ့ကို ဘာလို့များ တစ်ယောက်ယောက်က လာမခေါ်တာလဲ” ငါးလေးသည် သူ၏ အားအင်ကို အလွန်ပင်မြတ်တိုးသည်။ ဝူလင်းယူနှင့် ယှဉ် လျှင်တော့ သူ့မှာ အင်အားမဲ့သွားသည်။
“သူက မေ့ပျောက်ခြင်းမြစ်ရေကို ထိန်းချုပ်နိုင်ရုံတင်မဟုတ်ဘူး နိဗ္ဗာန် မြစ်ရေကိုပါ ထိန်းချုပ်နိုင်တယ်… သူ့ကို ဘယ်သူနိုင်မှာလဲ” ရေမြွေသည် ဝူလင်းယူ၏ အားကိုစဉ်းစားလိုက်သည်နှင့် ရင်များတုန်ခါသွားသည်။
“ငါတို့နေ့ရက်တွေကလည်း နာကျင်လိုက်တာ အိုး…”
ငါးလေးတစ်ကောင်နှင့် ရေမြွေတစ်ကောင်တို့သည် တကူတကွ ငိုကြလေ သည်။ ဒီမြင်ကွင်းက ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။
ဝူလင်းယူသည် သူနေထိုင်သည့် မြေအောက်နေရာသို့ ပြန်လာပြီး ဘေးမှ မြင့်မားလှသော သေတ္တာပုံကြီးကိုကြည့်လိုက်သည်။ သူသည် သူ၏လွမ်းဆွတ်မှု များကို ထုတ်ဖော်ပြလိုက်ချင်သည်။ သို့သော် ကံမကောင်းစွာပင် အသုံးမဝင် ပေ။
“ယူယူ မင်းဘယ်တော့များမှ မေ့ပျောက်ခြင်းမြစ်ကိုလာမှာလဲ”
***