သူမတစ်ယောက်တည်းပဲမြင်တယ်
Vol. 133 Ch. 1861
ရှီမာယူယူသည် တစ်ရက်ကြာအောင်စောင့်ပြီးမှ မိုကျိသည် သူမကို မြစ်ဘေးသို့ခေါ်သွားရန် သဘောတူလေသည်။
“ရေထဲမှာ မရဏာသားရဲတွေ အများကြီးပဲ အရမ်းကြီးကပ်မသွားနဲ့” မိုကျိ ပြောလိုက်သည်။
“ကျွန်မ သိပါတယ်” ရှီမာယူယူသည် ခပ်တည်တည်ပင် ခေါင်းညိတ်လိုက် သည်။ သူသည် ပူညံပူညံပြောတတ်သော အဒေါ်ကြီးနှင့်တူသည်ဟု သူမ စိတ် ထဲမှ ရေရွတ်လိုက်သည်။
သူတို့သုံးယောက်သည် မြစ်ဘေးသို့ သွားလိုက်ကြသည်။ သို့သော် ရေထဲ သို့မဆင်းခင်တွင် အဝေးရှိ စခန်းချရာနေရာမှ လှုပ်လှုပ်ရှားရှားအသံများ ကြား လိုက်ရသည်။
“ဘာဖြစ်တာလဲ” ရှီမာယူယူသည် ထိုဦးတည်ဘက်သို့ ကြည့်ပြီး မေးလိုက် သည်။
“တစ်ခုခုဖြစ်နေတဲ့ပုံပဲ” မိုကျိ ပြန်ဖြေသည်။
ရှီမာယူယူသည် နီရဲပျားများကို ဆက်သွယ်လိုက်ရာ နီရဲပျားများ ပို့လိုက် သည့် သတင်းများကို ကြားရသည်နှင့် လေးနက်စွာ ပြောလေသည် “ကြည့်ရ တာ ဒီနေ့ စခန်းကထွက်သွားလို့မရဘူးထင်တယ်”
“ဘာဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်” မိုကျိ ပြောလိုက်သည်။
“သွားဖို့မလိုဘူး” ရှီမာယူယူ သူ့ကိုတားလိုက်သည် “လူတစ်ယောက် ထပ်ပျောက်သွားတာကို သိလိုက်ရလို့ပါ”
“နောက်ထပ် လူတစ်ယောက်လား” မိုကျိ မျက်မှောင်ကြုတ်လိုက်သည် “ခုနလေးကတင် ဘာမှမဖြစ်ပါဘူး”
“ကျွန်မတို့ သတိမထားမိတာဖြစ်နိုင်တယ်… ဒီနေ့ တစ်ယောက် ထပ် အဖမ်းခံလိုက်ရမဘ်လို့ ထင်မထားဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မတို့ က အဲလူတွေနဲ့ သိပ်မဝေးဘူး နောက်တစ်ယောက်က မိုမျိုးနွယ်က ဖြစ်နိုင်မယ် ထင်တယ်”
“ပြန်သွားပြီးကြည့်ကြတာပေါ့” မိုကျိသည် မျိုးနွယ်၏ သခင်လေးဖြစ် သဖြင့် မျိုးနွယ် ဘေးကင်းရန်မှာ သူ့အတွက် ဦးစားပေးဖြစ်သည်။
“ဟုတ်ကဲ့ပါ” သူမ သတင်းရလိုက်ချိန်တွင် ထွက်သွား၍မရတော့သည်ကို ရှီမာယူယူ သိသဖြင့် နာခံစွာပင် သူ့နောက်လိုက်ခဲ့လိုက်သည်။
မိုကျိတို့ပြန်လာသည်ကို မိုကျန့်မြင်သောအခါ အမြန်ပင် ရောက်လာသည် “သခင်လေး ကိစ္စတွေက အခုပိုပြင်းထန်လာပြီ… ဒီတစ်ခါ လူသုံးယောက် ပျောက်သွားတယ်”
“လူသုံးယောက် ပျောက်သွားတာတောင် ဘယ်သူမှ သတိမထားမိဘူး လား”
မိုကျိသည် ခေါင်းခါလိုက်သည်။ တစ်ဖက်လူမှာ ခြေသံလုံလွန်းသည်။
“မိုကျန့် လူဦးရေသွား ရေပြီး ပျောက်တဲ့လူရှိလား သွားကြည့်လိုက်” မိုကျိ အမိန့်ပေးလိုက်သည်။
ရှီမာယူယူသည် သူ့အနောက်တွင်ရပ်နေပြီး မိုမျိုးနွယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။
“သတိထား” သူမသည် ဝိညာဉ်စွမ်းအင်စုည်းပြီး လူအုပ်နောက်မှ လူကို ပစ်လွှတ်လိုက်သည်။
ထိုလူသည် အစတွင် မှင်တက်နေသည်။ သို့သော် တိုက်ကွက်ကို မသိစိတ် မှ ရှောင်လိုက်နိုင်သညသ်။ သို့သော် သူမ၏ ဝိညာဉ်စွမ်းအင်သည် ပျံ့လွင့်သွား ခြင်းမရှိဘဲ ဆန်းကြယ်စွာပင် ပျောက်ကွယ်သွားလေသည်။
“ယူယူ ဘာဖြစ်တာလဲ” မိုကျိနှင့် တခြားသူများသည် မူမမှန်သည်ကို သတိမထားမိပေ။ သို့သော် ရှီမာယူယူ၏ တိုက်ကွက်မှာ ပျောက်ကွယ်သွား သည်ကိုမြင်သောအခါ ပုံမှန်မဟုတ်သည်ကို သိလိုက်သည်။
“သူတို့အနောက်မှာ အရိပ်ဖျော့ဖျော့တွေ့လိုက်လို့” ရှီမာယူယူသည် သူမ တိုက်ခိုက်ခဲ့သည့် နေရာဘက်သို့ ညွှန်ပြသည်။
“ဒါပေမဲ့ ကျွန်တော်တို့ ဘယ်အရိပ်ကိုမှမမြင်လိုက်ရပါဘူး” တခြားသူများ သည် ထိုနေရာကို မသင်္ကာစွာဖြင့် ကြည့်လိုက်သော်လည်း မူမမှန်သည့်အရာကို မတွေ့ရပေ။
“အရိပ်က အရမ်းကို မှိန်လွန်းလို့မမြင်ရတာ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် မိန်းကလေးက ဘယ်လိုလုပ် သတိထားမိတာလဲ” မိုကျန့် မေး လိုက်သည်။
“ကျွန်မ မြင်လိုက်တာ” ရှီမာယူယူ ပြောလိုက်သည် “အဲဒီအရိပ်က အရမ်း ဖျော့နေပေမဲ့ ကျွန်မမြင်ရတယ်”
“မိန်းကလေးက မြင်ရတယ်လား” အားလုံးသည် သူမအား မသင်္ကာစွာ ဖြင့် ကြည့်လေသည် “ကျွန်တော်တို့မမြင်ရတာကို မိန်းကလေးက ဘယ်လို မြင်ရတာလဲ”
“ဒီအတိုင်းပဲ မြင်ရတာ” ရှီမာယူယူလည်း အကြောင်းအရင်းကို မသိပေ “ကျွန်မ မျက်လုံးက သူများတွေနဲ့မတူလို့နေမှာပေါ့”
မျက်လုံးတွေ မတူဘူးလား။
အားလုံးသည် သူမကို စိုက်ကြည့်လေသည်။ သူတို့သည် ကွာခြားချက် မရှိပေ။
မိုကျိလည်း သူမကို စိုက်ကြည့်လေသည်။ သို့သော် အမြန်ပင် အကြည့်ကို ပြန်ရုတ်ကာ သူမ ညွှန်ပြသော နေရာကို အကြည့်ပြန်ပို့လိုက်သည် “ဒါဆိုရင် အဲဒီအရိပ်က အခုဘယ်မှာလဲ”
“မြစ်ထဲကို ပြေးသွားတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မြစ်ထဲက ဟာများလား”
“ဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါဘာလဲဆိုတာတော့ မသေချာဘူး… အဲဒါက ရေမျက်နှာပြင်အထက်မှာ လွှင့်သွားတာကို မြင်လိုက်ရ တယ်”
“အဲဒါဘာလဲဆိုတာ မြင်လိုက်ရလား” မိုကျိ မေးလေသည်။
ရှီမာယူယူသည် ခေါင်းခါလိုက်သည် “အဲဒါက ဒီအတိုင်း မှုန်ဝါးဝါး အရိပ် တစ်ခုပဲ”
“ကြည့်ရတာ ပျောက်သွားတဲ့လူတွေကို အဲဒီအရိပ်က ဖမ်းသွားတာဖြစ်ရ မယ်” မိုကျန့် ပြောလေသည်။
“သူတို့က အဖမ်းခံရတာမဟုတ်ဘူး အစားခံလိုက်ရတာ” ရှီမာယူယူ ပြော လိုက်သည် “ကျွန်မ မြင်လိုက်ရတဲ့ အရိပ်က သူ့ကိုတစ်ကိုယ်လုံး ဝါးမျိုချင်နေ တာ”
“အစားခံရတယ်ဟုတ်လား”
“ဟုတ်တယ် ကျွန်မမြင်လိုက်ရတဲ့ အရိပ်က လူစားနေတာထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ပျောက်သွားတဲ့လူတွေလည်း အစားခံလိုက်ရတာ ပဲ”
မိုမျိုးနွယ်မှလူများသည် ထိုသတင်းကို မယုံနိုင်ဖြစ်နေကြသည်။ မျိုးနွယ် ဝင်အများစုသည် အသက်ကျောက်စိမ်းများကို ယူမလာသဖြင့် လူပျောက်သွား ချိန်တွင် သေသည်မသေသည်ကို မသိကြပေ။ အကယ်၍ ထိုလူများ ပျောက်ဆုံး ရုံသာဖြစ်ပါက အနည်းဆုံးတော့ သူတို့ ပြန်ရှာနိုင်သေးသည်။ အခု သူမ ထိုသို့ ပြောလိုက်သောအခါ သူတို့၏ မျှော်လင့်ချက်များမှာ ကြေမွသွားလေသည်။
“မိန်းကလေး သတိထားမိသွားတော့ အဲဒီအရိပ်က ပြန်လာပါ့မလား မသိ ဘူး” ထိုမမြင်ရသောအရာကြီးမှာ သူတို့ကို ချောင်းမြောင်းနေသည်ဆိုသည့် အတွေးနှင့် မိုမျိုးနွယ်မှလူများသည် အနည်းငယ်ထိတ်တလန့်လန့်ဖြစ်သွား သည်။
လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
“အဲဒီအရိပ်ကို မောင်းထုတ်လိုက်ပြီဆိုတော့ အချိန်တစ်ခုထိကို ပြန်မလာ လောက်ဘူး… အဲဒါဘာလဲဆိုတာ ငါတို့သိအောင်လုပ်ရမယ်… ဒီအချိန်အတွင်း ကို အကုန်လုံး သတိထားကြမယ်… တစ်ယောက်တည်းလုံးဝမလှုပ်ရှားနဲ့” မိုကျိ သည် အားလုံးကို နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် သူသည် ရှီမာယူယူကို ပြောလိုက်သည် “ယူယူ ဒီကိုလာခဲ့”
ရှီမာယူယူနှင့် ဟွမ်တို့သည် သူ့နောက်လိုက်ကာ စခန်းမှထွက်ခဲ့လိုက် သည်။
“ယူယူ မင်းက ဘယ်လိုလုပ် အဲဒီအရိပ်ကိုမြင်ရတာလဲ” မိုကျိ မေးလိုက် သည် “မင်းရဲ့ မျက်လုံးက ထူးခြားတယ်လို့ မပြောနဲ့ မင်းကိုယ်တိုင်တောင် အဲဒါကို မယုံဘူးမလား”
“ဟီးဟီး ရှင့် ဘိုးဘေးကြီးက မပြောဘူးလား” ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်မမြင်ရတာက… ကျွန်မရဲ့ဝိညာဉ်ခန္ဓာကိုယ်ကြောင့်ဖြစ်ရမယ်”
“မင်းက ဝိညာဉ်ခန္ဓာကိုယ်လား” မိုကျိသည် ထိုသတင်းကြောင့် အံ့ဩ သွားပြီး မယုံနိုင်စွာ ပြောလေသည် “မင်းက ဝိညာဉ်ခန္ဓာကိုယ်လား ဒါဆိုရင် လူသားလောကမှာ…”
“ကျွန်မက အစကတည်းက သေပြီးသားပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ လူသားလောကမှာ တစ်ယောက်ယောက်က ကျွန်မခန္ဓာကိုယ်ကို ကယ်လိုက်လို့ အသက်မှီသွားတယ်နဲ့တူတယ်… အဲဒါကြောင့် မှတ်ဉာဏ်တွေ ပျောက်မသွားတာ”
“ဒါက… မင်း…” မိုကျိသည် သူမကို ကြည့်လေသည် “မင်းက တကယ်ပဲ ဝိညာဉ်ခန္ဓာကိုယ်လား”
ရှီမာယူယူ ခေါင်းညိတ်လေသည်။
“ဒါဆိုရင် မင်းဘယ်လိုလုပ်…” သူသည် သူမနှင့် ပထမဆုံးတွေ့စဉ်က သူမ၏အားမှာ အားနည်းနေသေးသည်ကို ပြန်တွေးမိသည်။ သူမက ဘယ်လို လုပ် ခန္ဓာကိုယ်ကို ပုံဖော်လိုက်တာလဲ။
“ခန္ဓာကိုယ်ကို စုစည်းလိုက်တာလား တစ်ယောက်ကလုပ်ပေးတာ” ရှီမာယူယူသည် မတင်မကျပြောလိုက်သည်။
“မင်းရဲ့ ဝိညာဉ်ခန္ဓာကိုယ်နဲ့မှမြင်ရတယ်ဆိုတော့ အဲဒီအရိပ်ကလည်း ဝိညာဉ်ခန္ဓာကိုယ်နဲ့ မရဏသားရဲဖြစ်မလား.. မေ့ပျောက်ခြင်းမြစ်ကလေ” မိုကျိ ခန့်မှန်းလေသည်။
“ကျွန်မမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မက မြစ်ထဲက မရဏာသားရဲတွေအကြောင်း သိပ်မသိဘူး”
“အဲဒါက မေ့ပျောက်ခြင်းမြစ်နဲ့ နိဗ္ဗာန်မြစ်တို့ဆုံရာမှာနေတဲ့ အငွေ့သားရဲ ပဲ… တစ်ကောင်တည်းနေတယ်.. သူ့ကိုမမြင်ရသလို ကြိုက်တဲ့ပုံစံကိုလည်း ပြောင်းလို့ရတယ်… သူ့အားကတော့ အရမ်းအားကြီးတယ်လို့ ပြောလို့မရဘူး သူ့ကိုထိခိုက်အောင်လုပ်ရင်တော့ အရမ်းရန်ငြိုးထားတတ်တယ်… သူ ပြန် နလန်ထူဖို့က သုံးရက်ကနေ ငါးရက်ကြာတတ်တယ်… အဲဒါကြောင့် အချိန် တစ်ခုအထိတော့ ဘာပြဿနာမှမဖြစ်ဘူး” ဟွမ်သည် အေးအေးဆေးဆေးပင် ပြောလေသည်။
“အိုး ဟွမ် အဲလိုမရဏာသားရဲအကြောင်းကို ဘယ်လိုလုပ် အဲလောက် သိ နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“နည်းနည်းပဲသိတာပါ” ဟွမ် ပြန်ဖြေသည်။ ထိုသတင်းသည် အစောက အရိပ်မည်းနှင့် ဆက်သွယ်၍ ရလာခြင်းဖြစ်ကြောင်းကိုတော့ ထည့်မပြောပေ။
အရိပ်မည်းသည် ဤနေရာတွင်နှစ်ပေါင်းများစွာ နေလာခဲ့ရာ ဤနေရာရှိ အခြေအနေများအားလုံးကို သိသည်။ သူတို့ သိချင်တာရှိလျှင် သူ့ကိုမေးလိုက်ရုံ သာဖြစ်သည်။
“အဲတော့ နောက်သုံးရက်ကနေ ငါးရက်အတွင်းတော့ ဘေးကင်းမယ်ဆို တဲ့သဘောပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒီအခွင့်အရေးကိုယူပြီး ဒီကိစ္စကို ရှင်းဖို့ နည်းလမ်းရှာကြတာပေါ့”
***