မြစ်ထဲသို့ဆင်းခြင်း
Vol. 133 Ch. 1862
“မင်းက အငွေ့သားရဲကို သတ်ချင်လို့လား”
“အဲဒါတော့ အခြေအနေအရပဲ… အငွေ့သားရဲက ရန်ငြိုးကြိးတယ်လို့ မပြောခဲ့ဘူးလား… ဒီနေ့ ကျွန်မက သူ့ကိုထိခိုက်အောင်လုပ်လိုက်ပြီဆိုတော့ လက်စားချေဖို့ သေချာပေါက်လာရှာမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ကိုလာရှာတဲ့အထိ စောင့်တာထက် ကျွန်မကပဲ အရင်သွားရှာတာကောင်းတာ ပေါ့… ပြောသလိုဆိုရင် ဒဏ်ရာရနေတုန်း အသက်နှုတ်လိုက်တာ မကောင်းဘူး လား”
“ဟုတ်တယ်” ဟွမ် သဘောတူလေသည် “သူ ဒဏ်ရာသက်သာလာပြီး သခင်မလေးကို လက်စားလာချေတာကို စောင့်တာထက် အခုပဲသွားရှာလိုက် တာ ပိုကောင်းတယ်”
“ဒါပေမဲ့ ငါတို့က မြစ်အောက်ခြေက အခြေအနေကို မရင်းနှီးဘူးလေ… ဒီအတိုင်းဆင်းသွားလိုက်ရင် အန္တရာယ်ဖြစ်နိုင်တယ်” မိုကျိသည် အနည်းငယ် စိတ်ပူနေသည် “မိုကျန့်ကို လူလွှတ်ဆင်းခိုင်းပြီး အရင်စစ်ဆေးကြည့်ခိုင်းရင် ရော”
“သူတို့က အငွေ့သားရဲကို မမြင်ရဘူးလေ… ပြီးတော့ သူတို့အကုန်လုံး ပေါင်းရင်တောင် ဟွမ်တစ်ယောက်ကို မယှဉ်နိုင်ဘူး သူတို့ကိုဘာလို့ စွန့်စားခိုင်း ရမှာလဲ” ရှီမာယူယူ ပြောလေသည်။
“အဲဒါက… ဟုတ်ပါတယ်” မိုကျိ သဘောတူလေသည်။ သူမ ဒီလောက် ကြီး တည့်တိုးပြောဖို့မလိုပါဘူး။
“ဒါဆို ဒီလိုပဲကိစ္စပြတ်ပြီ.. ဟွမ်နဲ့ ကျွန်မဆင်းသွားမယ်” ရှီမာယူယူသည် ဟွမ်အားကြည့်ပြီးနောက် ပြုံးကာပြောလိုကသည် “ဟွမ်ရော ဘာငြင်းစရာရှိလဲ”
“ဘာမှငြင်းစရာမရှိပါဘူး ဒါပေမဲ့ လူတစ်ယောက်ကို စောင့်ဖို့လိုသေး တယ်… ကျွန်တော်တို့ ဆင်းသွားတာနဲ့ သူရောက်လာလိမ့်မယ်” ဟွမ်သည် သူမ အား ကာကွယ်ရန် နောက်မှလိုက်ရမည်ဖြစ်သဖြင့် ငြင်းဆန်စရာအကြောင်းမရှိ ပေ။
“ဘယ်သူ့ကို စောင့်နေတာလဲ”
“အရိပ်မည်း”
“အရိပ်မည်းလည်း လာမှာလား”
“သူက နောက်ပိုင်း ဒီမှာနေတာပဲ” ဟွမ် ပြောလေသည် “သူက ဒီနေရာနဲ့ တရင်းတနှီးရှိမယ်လို့ထင်တယ်… ဆင်းသွားရင်လည်း လမ်းပြရတာပေါ့”
“နောက်ထပ် လူမိုက်တစ်ယောက်လား” ရှီမာယူယူ ပြောလိုက်သည် “အရင်တုန်းက မင်းတစ်ယောက်တည်းမလုပ်ချင်ရင် သူ့ကိုပဲ အမြဲလွှတ်တာ လေ ဟန်ဆောင်ဖို့ကို မင်းပဲ သူ့ကိုလေ့ကျင့်ပေးခဲ့တာလေ”
“သူက အဲလိုမျိုး သင်ခန်းစာတွေကို ကြိုက်တာ” ဟွမ်သည် အရှက်မဲ့စွာ ပင် ပြန်ဖြေလေသည်။ သူ အရိပ်မည်းနှင့် ဆက်သွယ်ပြီးနောက် မကြာခင်တွင် ပေါ်လာသည်။
အရိပ်မည်းသည် ရှီမာယူယူကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် ပြေးလာပြီး သူမကို ဖက်လေသည်။ သူသည် တမ်းတလေသည် “သခင်မလေး.. အိုး အရိပ် မည်းက သခင်မလေးကို ပြန်တွေ့ရပြီပဲ”
ဟွမ်သည် သူ့ကို ရှီမာယူယူနှင့် ဆွဲခွာပြီး ရွံရှာစွာဖြင့် ပြောလိုက်သည် “အရှက်မရှိလိုက်တာ”
“ဘာကို အရှက်မရှိတာလဲ” အရိပ်မည်းသည် သူ့ကို ညည်းတွားပြလေ သည် “မင်းသာ သခင်မလေးနောက်မလိုက်ရရင် မင်းလည်း အခုငါ့လိုပဲ ခံစားရ မှာပဲ… မဟုတ်ဘူး မင်း ပိုပြီးတော့တောင် စိတ်လှုပ်ရှားလောက်တယ်”
“ငါက မင်းလောက်တော့ အရှက်မမဲ့ဘူး” ဟွမ် ပြောလိုက်သည်။
“ဟင်း မင်းသာ ဒီအခွင့်အရေး မရရင် သခင်မလေးကို ကာကွယ်မယ်သူ က ငါပဲဖြစ်မှာ” အရိပ်မည်းသည် ထိုအရာကို ဝမ်းနည်းမိသည် “အဲတုန်းက မင်း သာ မညစ်ရင် ငါရှုံးမှာမဟုတ်ဘူး”
“အဲဒါက ပါးနပ်တာလို့ခေါ်တယ်” ဟွမ်သည် သူ့ကို သိသာလွန်းသည်ဆို သည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ ကိုယ် တုံးတာကို ဘာလို့ ငါ့ကိုလာအပြစ် တင်နေတာလဲ။
ရှီမာယူယူသည် အရိပ်မည်းကို အပြင်းအထန် ပြန်ပက်နေသော ဟွမ်ကို ကြည့်ပြီး အမြန်ပင်တားလိုက်သည်။ သူမ ပြောလိုက်သည် “ကဲပါ ကဲပါ မင်းတို့ နှစ်ယောက်ကလည်း အမြဲရန်ဖြစ်နေကြတာပဲ” သူသည် အမြဲတစေ ဟွမ် အနိုင် ကျင့်သည်ကိုခံခဲ့ရသည်။
“သခင်မလေးက တားမှတော့ ကျွန်တော်ရပ်လိုက်ပါမယ်” အရိပ်မည်း သည် ရှီမာယူယူစကားကိုနားထောင်ကာ နှုတ်ဆိတ်သွားသည်။
“အရိပ်မည်း မေ့ပျောက်ခြင်းမြစ်ကို ဘာလို့လာတာလဲ” ရှီမာယူယူ မေး လိုက်သည်။
“အင်း အဲဒါက…” အရိပ်မည်းသည် ဟွမ်ကိုကြည့်လိုက်သည်။ သူ ခေါင်းခါပြသည်ကို မြင်သောအခါ ပြောလိုက်သည် “အင်း အရှင်က ကျွန်တော့် ကို တာဝန်ပေးထားလို့ ရောက်နေတာ”
“မရဏာဘုရင်က မင်းကို မေ့ပျောက်ခြင်းမြစ်ကို လွှတ်ထားတယ်ဟုတ် လား ဒီမှာဘာလုပ်နေတာလဲ” ရှီမာယူယူသည် သိချင်သွားသည်။ မရဏာဘုရင် က တစ္ဆေလောကက ကိစ္စတွေကို ဝင်မပါတာ အတော်ကြာပြီလို့ မပြောခဲ့ဘူး လား။
“အင်း… နောက်ကျရင် သိပါလိမ့်မယ် အခုတော့ မပြောနိုင်သေးဘူး” အရိပ်မည်းသည် ရှီမာယူယူကို အသနားခံသလိုကြည့်ကာ သူ့ကို မေးခွန်းအမေး ရပ်ရန် မျှော်လင့်နေမိသည်။ သူမသာ ဆက်ပြီးမေးခွန်းများမေးနေလျှင် မတတ် သာတော့ဘဲ မေးသမျှ ပြန်ဖြေမိမည်ဖြစ်သည်။ ထိုသို့ဖြစ်သွားပါက သူတို့ ဘာသာတွေ့စေချင်သည့် မရဏာဘုရင်၏ ဆန္ဒကို ဆန့်ကျင်နေသဖြင့် သူတို့ အပြစ်ပေးခံရမည်မှာ အသေအချာပင်ဖြစ်သည်။
သူ အခက်တွေ့နေသည်ကို ရှီမာယူယူ မြင်သောအခါ ပိုသိချင်မိသည်။ သူ ရှက်စရာကောင်းတာ တစ်ခုခုကိုများ ဖုံးကွယ်ထားတာလား။ မရဏာဘုရင်က အဲလိုကိစ္စတွေလုပ်လို့လား။
ထိုအချိန်တွင် သူမသည် ထိုကိစ္စ၏အဆက်အစပ်ကို နားမလည်တော့ပေ။
အရိပ်မည်းနှင့် ဟွမ်တို့သည် သူမ၏ သိချင်စိတ်ပြင်းပြနေသော မျက်လုံး များကိုကြည့်ပြီး နှုတ်ခမ်းများတွန့်မိကြသည်။ သူမသည် အတင်းပြောရသည်ကို နှစ်သက်သည်ကို သူတို့ မသိခဲ့ပေ။ ဤကိစ္စသည် သူမနှင့် ပတ်သက်နေသည်ကို သိပါက အရှင့်ကို ဒေါသထွက်လွန်း၍ သွေးတက်သွားနိုင်သည်။
ကံကောင်းစွာပင် သူမသည် သူတို့ကိုသနားသဖြင့် ဆက်မမေးတော့ပေ။
“အရိပ်မည်း… မြစ်အောက်ခြေက အခြေအနေကို မင်း ဘယ်လောက်သိ လဲ”
“ကောင်းကောင်းကြီးသိတာပေါ့… နိဗ္ဗာန်မြစ်နဲ့ မေ့ပျောက်ခြင်းမြစ် နှစ်ခု လုံးပဲ… သခင်မလေး ဘယ်ကိုသွားချင်လဲ” အရိပ်မည်းသည် စိတ်သက်သာရာ ရစွာ သက်ပြင်းချကာ ပြုံးပြီးမေးလိုက်သည်။
“အငွေ့သားရဲက ဘယ်မှာလဲဆိုတာသိလား”
“အငွေ့သားရဲလား သိတယ်လေ… အဲဒီသားရဲရဲ့ အားက မသန်မာပေမဲ့ အရမ်းကောက်ကျစ်ပြီး ဖမ်းရခက်တယ်… အဲဒီသားရဲက သခင်မလေးကို ရန်စ လို့လား” အရိပ်မည်းမေးလိုက်သည်။
“ကိစ္စတစ်ခုဖြစ်ခဲ့တာ” အငွေ့သားရဲသည် လူများကိုစားနေပြီး သူမ ကြောင့် ဒဏ်ရာရသွားသည့်အကြောင်းကို ရှီမာယူယူ ပြန်ပြောင်းပြောပြလိုက် သည်။
“အဲဒီသားရဲမှာ အသက်ဆယ်ချောင်းရှိရင်တောင် သခင်မလေးကို ရန်မစ ရဲစေရဘူး မဟုတ်ရင် ကျွန်တော် အသက်နှုတ်ပစ်မယ်” အရိပ်မည်းသည် အငွေ့ သားရဲကို တရင်းတနှီးရှိသည်။ သားရဲသာ သူမကို ရန်စလာပါက သူ အလွတ် ပေးမည်မဟုတ်ပေ။
ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည် “အဲဒီမရဏာသားရဲအကြောင်း ကို ဘယ်လိုလုပ် အဲလောက်သိနေတာလဲ”
“အဟမ်း.. ကျွန်တော်က ဒီမှာနေတာကြာပြီလေ.. သူတို့ကို နားလည်သွား တာသဘာဝပါပဲ” အရိပ်မည်းသည် ဝိုးတိုးဝါးတားပြောလေသည်။ အကျင့်ဆိုး တဲ့လူတစ်ယောက်က သူ့ရဲ့မွန်းကြပ်မှုကို ထွက်ပေါက်ရှာဖို့ မရဏာဘုရင်ကို သွားရှာလို့မရလို့ မြစ်အောက်ခြေက မရဏာသားရဲတွေကို လိုက်နှောင့်ယှက်ဖို့ ဆုံးဖြတ်ပြီး သူမကို လက်ဆောင်ပေးဖို့ သူတို့ဝိညာဉ်စွမ်းအားတွေကိုစုနေတယ် လို့ပြောရမှာလား။ အဲလူရဲ့ ကာကွယ်သူအနေနဲ့ သူလည်း မြစ်အောက်ခြေကို ပတ်သွားနေရပြီး မြစ်အောက်ခြေအကြောင်းကို မသိတာမရှိဘူးဖြစ်သွားတာ လေ။
“မင်းက အကုန်လုံးသိမှတော့ မြစ်အောက်ခြေကိုသွားပြီး ဒီပြဿနာကို ရှင်းကြတာပေါ့… ဒါဆို ထူးဆန်းတဲ့ရတနာကိုလည်း သွားရှာလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ထူးဆန်းတဲ့ရတနာ ဟုတ်လား ဘာထူးဆန်းတဲ့ ရတနာလဲ” အရိပ်မည်း သည် အလန့်တကြားမေးလေသည်။
“မြစ်အောက်က ထူးဆန်းတဲ့ရတနာပေါ့… လတ်တလောမှာ လူတွေ ပိုပို များလာတာကို သတိမထားမိဘူးလား… သူတို့က မြစ်အောက်ခြေက ထူးဆန်း တဲ့ ရတနာကိုလာရှာတာမဟုတ်ဘူးလား” ရှီမာယူယူသည် သူ့ကို ပိုအံ့ဩမိ သည်။ သူမသည် တစ်စုံတစ်ရာကို စဉ်းစားမိပြီး အရိပ်မည်း၏လက်ကို ဆုပ် ကိုင်လိုက်သည် “ထူးဆန်းတဲ့ရတနာဆိုတာ ဘာလဲ မင်းမသိဘူးလား မင်းက မြစ်အောက်ခြေက အခြေအနေကို ဒီလောက်ရင်းနှီးနေတာကို အဲဒီအကြောင်း ကို မသိဘူးလား… ထူးဆန်းတဲ့ရတနာသတင်းက အတုကြီးလား”
အရိပ်မည်း၏ နှုတ်ခမ်းမှာ တွန့်သွားသည်။ သူ သူမကို အမှန်မည်မျှ ပြော နိုင်မည်ကို သိချင်မိသည်။
ထူးဆန်းတဲ့ ရတနာပေါ်လာတယ်ဆိုတာ မရှိဘူး။ အဲဒီလှုပ်ရှားမှုတွေက သူတို့ မိသားစုထဲက တစ်ယောက်ကြောင့်ဖြစ်လာတာ။ ဘာထူးဆန်းတဲ့ ရတနာ မှမရှိဘူး။
ဟွမ်သည် သူ၏ အမူအရာကိုမြင်သောအခါ အဖြစ်အပျက်ကို မှန်းမိလိုက် သည်။ သူသည်ရှေ့တိုးကာ ပြောလိုက်သည် “သခင်မလေး အငွေ့သားရဲကိစ္စကို အရင်ဖြေရှင်းကြတာပေါ့ ထူးဆန်းတဲ့ရတနာအကြောင်းကို နောက်မှပြောကြ မယ်”
“ဟုတ်ပြီ မိုကျိကို ပြောလိုက်ဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။
အရိပ်မည်းစောင့်နေစဉ်တွင် မိုကျိကို မိုကျန့်မှခေါ်သွားသည်။ အခု သူမ သည် ရေထဲသို့ ဆင်းရန် အသင့်ဖြစ်နေရာ သူ့ကို သတင်းပေးရန်လိုသည်။
မိုကျိသည် သူမ ဆင်းသွားမည်ဟု ကြားချိန်တွင် သူပါလိုက်မည်ဟု ပြော သည်။ သို့သော် သူမ ပြောသည်ကို ကြားသည်နှင့် မငြင်းနိုင်တော့ပေ။
“အန္တရာယ်တစ်ခုခုဖြစ်ရင် မင်း ငါ့ကိုပြောရမယ်နော်” သူ ညွှန်ကြားလိုက် သည်။
“အင်းပါ” ရှီမာယူယူသည် သာမန်ကာလျှံကာပင် ပြောလိုက်သည်။ သူမ အန္တရာယ်တစ်စုံတစ်ရာ ကျလျှင်တောင် သူအချိန်မှီရောက်နိုင်မည်မဟုတ်ပေ။
သူတို့သည် မြစ်ဘေးသို့လာကာ လှိုင်းထန်နေသော မြစ်ကို ကြည့်နေခဲ့ သည်။ ဟွမ်နှင့် အရိပ်မည်းတို့သည် ကာကွယ်ရေးအတားအဆီးစီမံလိုက်သည်။ ရှီမာယူယူသည် ဝိညာဉ်ခန္ဓာကိုယ်ဖြစ်သဖြင့် အသက်ရှုရန်မလိုသောကြောင့် မလိုပေ။
သူတို့ အရာအားလုံး ပြင်ဆင်ပြီးချိန်တွင် အတူခုန်ဆင်းလိုက်ကြသည်။ ရေမျက်နှာပြင်သည် လှိုင်းဂယက်ငယ်များထလာပြီးနောက် ပြန်ငြိမ်သက်သွား တော့သည်။
***