နောက်ဆုံးတော့ တွေ့ရပြီ
Vol. 134 Ch. 1864
“ဝူး…”
သူမ မေ့ပျောက်ခြင်းမြစ်သို့ ဝင်လိုက်သည်နှင့် စိမ်းသက်သက်ဖြစ် သလိုလို ရင်းနှီးသောခံစားချက်နှင့် နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရ၏။
ရေအောက်နန်းတော်တွင် ဝူလင်းယူ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာသည်။ ပြီးနောက် မျက်လုံးများမှာ အရောင်တောက်လာသည်။
“ယူယူ နောက်ဆုံးတော့ရောက်လာပြီပဲ” သူ ရေရွတ်လိုက်သည်။ ပြီးနောက် သလ္လင်ပေါ်မှ ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူသည် မေ့ပျောက်ခြင်းမြစ်အောက်ခြေသို့ အတင်းဖိခံလိုက်ရ သည်ဟု ခံစားလိုက်ရသည်။ သူမသည် အမြန်ပင် ခန္ဓာကိုယ်မှ ပစ္စည်းများကို ဖယ်ရှားလိုက်ပြီး မူလအလေးချိန်ဖြစ်အောင်ပြုလုပလိုက်မှပင် တစ်ခါတည်း သက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ရသည်။
“ဟင်း မင်းကများ ငါ့ကို ဘယ်လိုတောင် ရန်စရဲတာလဲ” သူမအနောက်မှ အသံတစ်သံထွက်လာသည်။ သူမ ဖြည်းဖြည်းချင်းလှည့်လိုက်သည်နှင့် ရေထဲတွင် အငွေ့သားရဲပေါ်လာသည်ကို မြင်လိုက်ရသည်။
အငွေ့သားရဲသည် ကြီးမားသောပူဖောင်းနှင့် တူသည်။ မီးပုံးနှင့်တူသော မျက်လုံးနှစ်လုံးရှိသော သူ၏ စက်ဝိုင်းခြမ်းပုံစံဦးခေါင်းသည် ပူဖောင်းအထက် တွင်ဖောင်းနေသည်။ ထိုသားရဲသည် ရှီမာယူယူအား စိုက်ကြည့်သေနည်။
“မင်းက ဘယ်လိုလုပ် ငါ့ကိုမြင်ရတာလဲ” အငွေ့သားရဲ မေးလိုက်သည်။
“ဒီအတိုင်းပဲမြင်ရတာပဲ” ရှီမာယူယူ၏ ခန္ဓာကိုယ်သည် ပိုးမျှင်ကဲ့သို့ အရာ များနှင့် ငြိတွယ်နေကာ အချုပ်ခံနေရသည်။ သူမသည် အရိပ်မည်းနှင့် ဟွမ်တို့ ၏ အခြေအနေကို သိချင်သဖြင့် နိဗ္ဗာန်မြစ်ဘက်သို့ ကြည့်လိုက်သည်။
“ကြည့်နေဖို့မလိုဘူး အခု သူတို့မှာ မင်းကိုလာကယ်ဖို့ စွမ်းအင်မရှိဘူး” အငွေ့သားရဲသည် ရွှင်လန်းအားရစွာ ပြောလေသည်။
ရှီမာယူယူသည် ငါးများ၏ ထိုင်းမှိုင်းနေသော မျက်လုံးများကို သတိရသွား ကာ ရုတ်တရက် ပြောလိုက်သည် “မင်းက အဲဒီငါးတွေရဲ့ စိတ်ကို ထိန်းချုပ်ထား တာပဲ”
“ဟုတ်တယ်” အငွေ့သားရဲသည် ပိုးမျှင်၏ အဆုံးတစ်ဖက်ကိုဆွဲလိုက်ရာ ရှီမာယူယူသည် ပိုတင်းကြပ်သွားလေသည်။ “တစ္ဆေမျိုးနွယ်… ငါ မင်းကို လက်စားမချေရသေးဘူး မင်းက ဒီမှာပေါ်လာတာပဲ”
ရှီမာယူယူ၏ လက်မောင်းကို ရစ်ပတ်ထားသော ပိုးမျှင်မှာ တင်းသွား သောကြောင့် နာကျင်လာသည်။ သူမသည် ခေတ္တမျှ ရုန်းကန်သေးသည်။ သို့သော် ပိုတင်းကြပ်ရုံသာရှိသည်။
“ဒါက အံ့ဖွယ်ရှေးဟောင်းပစ္စည်းပဲ မင်းရုန်းလေလေ ပိုတင်းလေလေပဲ” အငွေ့သားရဲသည် တဖြည်းဖြည်းချဉ်းကပ်လာသည် “ဟင်း မင်းက ငါ့ကို ထိခိုက်အောင်လုပ်ရဲသေးတယ်… ဒီနေ့ ငါမင်းကို စားပြီး ဒဏ်ရာတွေကို ကုစား ရမယ်”
အငွေ့သားရဲသည် ပြောပြီးသည်နှင့် ပါးစပ်ဟလာသည်။ ထိုစက်ဝိုင်းခြမ်း ပုံစံပါးစပ်သည် ဝမ်းဗိုက်အထိဆင်းသွားကာ ရှီမာယူယူ၏ အရပ်နီးပါးအတိုင်း ပွင့်သွားသည်။
ရှီမာယူယူသည် သူ့ပါးစပ်အတွင်းမှ စူးရှသောသွားများကို မြင်နေရပြီး ပါးစပ်အတွင်းမှ ထွက်လာသော ညှီစို့စို့အနံ့ကို ရလိုက်သည်။ သူမသည် မီအာကို ခေါ်ထုတ်မည်အပြုတွင် လူတစ်ယောက်သည် သူမ၏ပခုံးကိုကိုင်သည်ကို ခံစား မိလိုက်ပြီး အဆွဲခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်လုံးကြီး သည် အငွေ့သားရဲကိုမှန်သွားပြီး အငွေ့သားရဲ၏ ပါးစပ်အောက်ပိုင်းတစ်ဝက် မှာ ပျက်စီးသွားလေသည်။
“မင်း.. မင်းပဲ” အငွေ့သားရဲသည် ဝူလင်းယူကိုမြင်သောအခါ အော်လေ သည်။ သူသည် ထိုလူကိုရန်မစဖူးသော်လည်း သူ၏ ဂုဏ်သတင်းကိုသိထား သည်။ သူလာသည်ကိုမြင်သည်နှင့် အငွေ့သားရဲသည် နိဗ္ဗာန်မြစ်ဆီသို့ ပျံပြေး လေသည်။
“မင်းက ပြေးချင်တာလား” အငွေ့သားရဲ ရှီမာယူယူကို စားတော့မည်ကို အဝေးမှမြင်လိုက်ရသော အရိပ်မည်းနှင့် ဟွမ်တို့သည် ကူးလာကြသည်။ သူတို့ သည် အငွေ့သားရဲကို ဖမ်းမိလုဆဲဆဲဖြစ်ပင်။
ရှီမာယူယူသည် ပျံသွားသော အငွေ့သားရဲကို လျစ်လျူရှုလိုက်သည်။ သူမသည် ရင်းနှီးသော အငွေ့အသက်ကို ခံစားမိသဖြင့် ငိုမိသည်။
သူမ ဝူလင်းယူကို ကြည့်လိုက်ချိန်တွင် နှုတ်ခမ်းထောင့်များမှာ အပြုံး အဖြစ် ကွေးတက်သွားသည်။ သူမသည် ထင်ယောင်ထင်မှားဖြစ်မည်စိုးသဖြင့် မျက်တောင်ပင် မခတ်ရဲပေ။
သူမ၏ မျက်လုံးမှ မျက်ရည်များကျလာချိန်တွင် မြစ်ရေထဲမျောသွားရာ ဝူလင်းယူ ခံစားမိလိုက်သည်။
“မငိုနဲ့လေ” သူ၏ ဒေါသသည် တစ်ခဏအတွင်း ပျောက်သွားကာ သူမ မျက်နှာနှင့် မျက်လုံးများကို ထိတွေ့ပွတ်သပ်လိုက်သည်။
“လင်းယူ ညီမ အိပ်မက်မက်နေတာလား” သူမသည် သူ့ကိုကြည့်ပြီး အစစ်အမှန်မဟုတ်သလို မယုံနိုင်ပေ။
ဝူလင်းယူသည် သူမကို ဖက်ပြီး သူမ၏ ခန္ဓာကိုယ်သည် သူ့ဆီသို့ ပျော်ကျ လာစေရန် မျှော်လင့်မိသည်။
“ယူယူ နောက်ဆုံးတော့ ရောက်လာပြီပဲ” သူသည် သူမကို ရင်ခွင်ထဲဆွဲ သွင်းထားပြီး အသံမှာလည်း တုန်ယင်သေနည်။
ရှီမာယူယူ၏ လက်များသည် လှုပ်မရသော်လည်း လက်ဖျံတော့ လှုပ်၍ရ သေးသည်။ သူမသည် သူ၏ခါးကိုဖက်ပြီး ခေါင်းကို သူ့ရင်ဘတ်နှင့် အပ်လိုက် သည်။ ထိုအချိန်တွင် သူမ ဘာမှမတွေးမိတော့ဘဲ စိတ်ကိုလွှတ်ချလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် သူတစ်ယောက်သာ ရှိတော့သည်။ ကောင်းကင်နှင့် မြေ ကြီးတွင် သူတို့နှစ်ယောက်သာ ရှိတော့သည်။
ဟွမ်နှင့် အရိပ်မည်းတို့သည် အငွေ့သားရဲကို ဖမ်းပြီးပြန်ခေါ်လာသည်။ သူတို့နှစ်ယောက် ဖက်နေကြသည်၊ အတိအကျပြောရလျှင် ဝူလင်းယူမှ ရှီမာယူယူကို ဖက်နေသည်ကိုမြင်သောအခါ သူတို့၏ နှလုံးသားများ အရည် ပျော်ကျသွားလေသည်။
ထိုအခြေအနေမျိုးတွင် သူတို့သည် မနှောင့်ယှက်သင့်ပေ။ သို့သော် ထို မြင်ကွင်းသည် သူတို့ကို မပျော်ရွှင်စေပေ။ ထို့ကြောင့် တခြားသူ ပျော်ရွှင်မည်ကို ခွင့်ပြုမည်မဟုတ်ပေ။
“ငါပြောတာက သခင်မလေးကို အရင်ကူညီသင့်တာမဟုတ်ဘူးလား” အရိပ်မည်းသည် ပြောလိုက်ပြီး သူတို့ပြန်ဆုံမှုကို နှောင့်ယှက်လိုက်သည်။
“သခင်မလေးရဲ့ လက်က သွေးထွက်တော့မယ်” ဟွမ် ထပ်ပြောလိုက် သည်။
ဝူလင်းယူသည် သူတို့နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသဖြင့် သူတို့ကို စိုက် ကြည့်ပြီး ရှီမာယူယူကို လွှတ်ပေးလိုက်သည်။ သူမ လက်မောင်းမှာ အံ့ဖွယ် ပစ္စည်းကြောင့် သွေးစစထွက်နေသည်ကို မြင်သောအခါ သူ၏မျက်လုံးများ မည်းနက်သွားတော့သည်။
“ညီမ အဆင်ပြေပါတယ်” ရှီမာယူယူသည် လက်ကိုကိုင်ပြီး နူးညံ့စွာ ပြောလေသည်။
“မင်းကို ဖြည်ပေးမယ်” သူသည် မရဏာရှေးဟောင်းပစ္စည်းကို ဆွဲပြီး လုံးဝ ဖျက်ဆီးလိုက်ချင်သည်။
“နေဦး မဖျက်ဆီးလိုက်နဲ့” ရှီမာယူယူသည် သူ့အတွေးကိုသိသဖြင့် အမြန် ပင်တားလိုက်သည်။
“ဘာလို့လဲ လိုချင်လို့လား” ဝူလင်းယူ မေးလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်သည် “ဒီမရဏာရှေးပစ္စည်းက စိတ်ဝင်စားဖို့ ကောင်းတယ်”
သူမ ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။ အငွေ့သားရဲကို သူမ သတ်လိုက် သည်နှင့် ဤမရဏာရှေးပစ္စည်းမှာ ပိုင်ရှင်မဲ့ဖြစ်သွားမည်ဖြစ်သဖြင့် သူမ သိမ်း မည်။
“မင်း လိုချင်မှတော့ ယူလိုက်ပါ” ဝူလင်းယူသည် မရဏာရှေးပစ္စည်းကို ချပြီး အငွေ့သားရဲဆီသို့ အာရုံပြန်ရောက်သွားသည်။
အငွေ့သားရဲသည် သူနှင့် အကြည့်ချင်းဆုံသည်နှင့် ချက်ချင်းပင် အလန့် တကြားဒူးထောက်ကာ ငိုကြွေးလေသည် “ကိုယ့်သခင် သခင်ကြီး အသက်ကို ချမ်းသာပေးပါ အသက်ကိုချမ်းသာပေးပါသခင်ကြီး ကျွန်တော့် အသက်ကို ချမ်းသာပေးပါ သခင်ကြီး”
ဝူလင်းယူသည် ရှီမာယူယူ၏ ရှေ့တွင်ရပ်ပြီး အေးစက်စွာ ပြောလေသည် “မင်းရဲ့ ပြစ်မှုက သာမန်သာဆိုရင် မင်းအသက်ကို ချမ်းသာပေးနိုင်တယ်… ဒါပေမဲ့ မင်းက ယူယူ့ကို သတ်ဖို့လုပ်ခဲ့တယ် သူမကိုထိခိုက်အောင်လုပ်ရဲတယ် မင်းအသက်ကို ကိုယ့်ဘာသာပဲ အဆုံးသတ်မလား မဟုတ်ရင် ငါပဲသတ်ပေးရ မလား”
အငွေ့သားရဲ၏ စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့သွားသည်။ သူသည် ယနေ့လို အခြေအနေကို တစ်ခါမှမမျှော်လင့်ဖူးပေ။ မြစ်အောက်ခြေတွင် ထိုလူ ရုတ်တရက် ပေါ်လာခြင်းကပင် အတော်ဆိုးနေပြီဖြစ်သည်။ အခု ထိုလူသည် သူ့အသက်ကို နှုတ်တော့မည်။ သေမယ့်လမ်းပဲရှိမှတော့ ဘာလို့…
“ဖူး…”
အငွေ့သားရဲ၏ ခန္ဓာကိုယ် ထမလာခင်တွင် သူ့ခန္ဓာကိုယ်မှာ ရေမျှား ထိုးဖောက်ဝင်သွားပြီး လဲကျသွားလေသည်။
ရှီမာယူယူအား ရစ်ပတ်ထားသော မရဏာရှေးပစ္စည်းသည် ပိုင်ရှင် သေသွားသောကြောင့် ပြေလျော့သွားသည်။ ဝူလင်းယူသည် သူမကို ဖြုတ်ပေး လိုက်ပြီး ထိုပစ္စည်းကို လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှီမာယူယူသည် သူမ၏ ထုံကျဉ်နေသော လက်မောင်းကိုပွတ်ကာ မရဏာရှေးပစ္စည်းကို သိမ်းလိုက်သည်။ သူမသည် ပြုံးပြီး ပြောလေသည် “ကမ်းပါးပေါ်ရောက်ရင်တော့ ဒီပစ္စည်းကို သခင်အဖြစ် အသိအမှတ်ပြုခိုင်းရ မယ်”
“ကိုယ် ဒဏ်ရာကိုကြည့်ဦးမယ်” ဝူလင်းယူ ပြောလိုက်သည်။
“ညီမ အဆင်ပြေပါတယ် လင်းယူ သူတို့နဲ့ မိတ်ဆက်ပေးရဦးမယ် သူတို့က…” သူမ စကားမဆုံးခင်မှာပင် ဝူလင်းယူ၏ ဆွဲယူခြင်းကိုခံလိုက်ရ သည်။
“မင်းနဲ့လာတဲ့လူကိုတော့ ကိုယ်မသိဘူး ဒါပေမဲ့ အရိပ်မည်းကိုသိတယ်… သူတို့ကို ဂရုစိုက်မနေနဲ့တော့ စကားပြောဖို့နေရာတစ်နေရာရှာရအောင်” ဝူလင်းယူ၏ အသံသည် နူးညံ့စွာထွက်လာသည် “မင်းတို့နှစ်ယောက်လုံး ငါတို့ နောက်ကို လိုက်ဖို့မလိုဘူး”
သေချာသည်မှာ အရိပ်မည်းနှင့် ဟွမ်တို့သည် သူ့စကားကို နားမထောင် ပေ။ သူတို့ လှုပ်ရှားမည်အပြုတွင် ရေတွင်ပိတ်မိနေသည်ကို သတိထားမိလိုက် သည်။ ထို့ကြောင့် သူ ရှီမာယူယူကို ခေါ်သွားသည်ကိုသာ ကြည့်နေရတော့ သည်။
“ကျွတ်… ခုနက သူတို့ကိုနှောင့်ယှက်မိလို့ ငါတို့ကို လက်စားချေနေတာပဲ” အရိပ်မည်း အော်လေသည်။
မေ့ပျောက်ခြင်းမြစ်ရေသည် သူတို့ကို ထိခိုက်အောင် မလုပ်နိုင်သော် လည်း ယာယီပိတ်လှောင်ထားရန်တော့ ဖြစ်နိုင်သည်။
ဟွမ်သည် သူ့ကိုတစ်ချက်ကြည့ပြေီး ဘေးမှ ရေများကိုလေ့လာရင်းနှင့် ပြောလေသည် “သူ ဒီလောက် အားကောင်းလာလိမ့်မယ်လို့ထင်မထားဘူး… သူက မေ့ပျောက်ခြင်းမြစ်ရေနဲ့တောင် တစ်သားတည်းဖြစ်နေပြီပဲ… အရှင်သာ ဒီအကြောင်းကိုသိရင် အော်တော့မယ်”
***