← Chapters

သူတို့နှစ်ယောက်တည်းရဲ့အချိန် ၁

Vol. 134 Ch. 1865

သူတို့နှစ်ယောက်တည်းရဲ့အချိန် ၁

Vol. 134 Ch. 1865

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အရိပ်မည်းနှင့် ဟွမ်တို့ကိုထားခဲ့ပြီး ရေအောက်နန်းတော်ဆီသို့ သွားလိုက်ကြသည်။

သူမသည် ဖြစ်ပျက်ခဲ့သမျှကိုတော့ မသိပေ။ သို့သော် ဝူလင်းယူသည် အရိပ်မည်းကို သိနေသည်မှာ ဟွမ်နှင့်အရိပ်မည်းတို့သည် သူမကို တစ်စုံတစ်ရာ ဖုံးကွယ်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူတို့သည် ဝူလင်းယူ တစ္ဆေလောကသို့ ရောက်လာသည့် သတင်းကြီးကို သူမကို မပြောခဲ့ကြပေ။ ထုံစံအတိုင်း သူမသည် သူတို့ကို အပြစ်ပေးချင်သည်။

သူမနှင့် ဝူလင်းယူတို့ မရဏာနန်းတော်သို့ရောက်သောအခါ ခမ်းနားလှ သော နန်းတော်ကို မြင်ပြီး မေးစရာမေးခွန်းများစွာ ရှိလာသည်။

ဝူလင်းယူသည် သူမကို ဖက်ပြီး သလ္လင်ပေါ်သို့ထိုင်လိုက်သည်နှင့် သူမ သည် လက်များကိုဆန့်ထုတ်ကာ သူ့လည်ပင်းကို ဖက်လိုက်သည်။

“လင်းယူ…”

“ရှုး… စကားမပြောနဲ့” ဝူလင်းယူသည် သူမ၏ နီရဲနေသော နှုတ်ခမ်းများ ကို ငုံ့နမ်းလိုက်သည်။ သူသည် လက်တစ်ဖက်ဖြင့် သူမ၏ ခါးကိုဖက်ပြီး နောက် တစ်ဖက်ဖြင့် သူမ၏လက်အောက်မှလျှိုကာ သူ့ဘက်သို့ ဆွဲယူလိုက်သည်…

ရှီမာယူယူသည် သူ၏ စိတ်အားထက်သန်မှုကို ခံစားမိသည်။ သူ၏ ရှည်လျားပြီး အဆုံးမရှိသောအတွေးများသည် သူမ သူ့ကိုမည်မျှ လွမ်းဆွတ်နေ ကြောင်းကို ရောင်ပြန်ဟပ်နေသည်။

သူမ သူ့အကြောင်းကို တွေးမိသည်နှင့် ကျင့်ကြံခြင်းတွင် အာရုံမစူးစိုက် နိုင်ခဲ့သည်မှာ အကြိမ်မနည်းပေ။ သူမ သူ့နာမည်ကိုရေရွတ်ပြီး အချစ်နာကျ သည်မှာ မည်မျှဖြစ်ခဲ့သနည်း။ သို့သော် သူမ၏ အနာဂတ်ကို သူမကိုယ်တိုင် ရင်ဆိုင်ရမည်။

သူမသည် ကျင့်စဉ်များကို အောင်မြင်အောင် ကျင့်ကြံပြီးမှ လူသား လောကကို ပြန်သွားမှသာ သူ့ကိုတွေ့နိုင်မည်ဟု ထင်ထားခဲ့သည်။ ထိုအချိန်မှာ လည်း ကြာမြင့်ဦးမည်ဖြစ်ရာ သူ သူမကို မစောင့်နိုင်မည်ကိုလည်း စိုးရိမ်ခဲ့သေး သည်။

သူ့ကို တစ္ဆေလောကတွင် တွေ့ရလိမ့်မည်ဟု ထင်မထားပေ။ သူ၏ ပေါ် ထွက်လာမှုသည် သူမ၏လွမ်းဆွတ်မှုကြောင့် ထင်ယောင်ထင်မှားမြင်ရသည်ဟု ထင်ဖွယ်ရာရှိသည်။

ဝူလင်းယူသည် သူမ၏ နှုတ်ခမ်းများကိုလွှတ်ပေးလိုက်ပြီး လက်နှင့် သူမ ၏ မျက်နှာကိုပွတ်သပ်နေလိုက်သည်။ သူသည် နဖူးချင်းတိုက်ကာ သူမ၏ နှာခေါင်းဖျားနှင့် အသာပွတ်တိုက်လိုက်သည်။“”

“ယူယူ…”

“အင်း…”

“ယူယူ….”

“အင်း…”

“ယူယူ”

သည်တစ်ကြိမ်တွင် ယူယူသည် ပြန်မဖြေဘဲ သူ၏မျက်နှာကိုကိုင်ကာ နှုတ်ခမ်းများဖြင့် ပြန်ဖြေလိုက်သည်။

အရိပ်မည်းနှင့် ဟွမ်တို့သည် ရေချိပ်ပိတ်မှုမှ ထွက်လာပြီးနောက် နန်းတော်သို့ လာလိုက်ကြသည်။ သူတို့သည် နန်းတော်၏ တခြားနေရာများကို ဝင်နိုင်ကြသော်လည်း ယူယူတို့ရှိနေသည့် ပင်မခန်းမကိုတော့ ဝင်မရပေ။

“ဒီလူရဲ့ ဝိညာဉ်အတားအဆီးက အရမ်းအားကောင်းတာပဲ” ရှီမာယူယူ၏ ဝိညာဉ်အတားအဆီးမှာ ကောင်းလှသည်ဟု ဟွမ် အမြဲတစေထင်ခဲ့သည်။ သို့သော် ဝူလင်းယူ၏ အတားအဆီးများသည် သူမထက်ပင် ပိုကောင်းလိမ့်မည် ဟု ထင်မထားပေ။

“အိုး မဖြစ်တော့ဘူး သခင်မလေးတော့ ဒီတစ်ခါ စိတ်ဆိုးတော့မယ်” အရိပ်မည်းသည် သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည် “ငါတို့ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ”

“သခင်မလေးက ခဏနဲ့ အဆင်ပြေသွားမှာပါ ငါ စိတ်ပူတာက အဲလူပဲ” ဟွမ်သည် လေးနက်စွာ ပြောလေသည်။

သူသည် ဝူလင်းယူဘက်တွင် မနေသော်လည်း သူ့ကိစ္စများကို ကြားဖူး သည်ဖြစ်ရာ ထိုလူ၏ ဒေါသကိုလည်း အနည်းငယ်နားလည်သည်။ အခု သူတို့ သည် ရှီမာယူယူကို ဤနေရာသို့ ခေါ်လာပြီး သူတို့ကို တွေ့ခွင့်မပေးသည်ကို သိပါက ဤကိစ္စကို အလွယ်တကူ ကျော်မသွားမည်ကို ကြောက်ရသည်။

တစ်ဖက်တွင် အရိပ်မည်းသည် စိတ်အေးလက်အေးဖြစ်ကာ ရယ်မောနေ သည် “သခင်မလေး စိတ်မဆိုးရင် ဘာမှမဖြစ်ဘူး.. ဝူလင်းယူက သခင်မလေး ကို ရင်နဲ့ရင်းပြီးချစ်တာ သူမကို ဒီလောက်တောင် အလိုလိုက်တာ… သခင်မလေးသာ ငါတို့ကိုယ်စားပြောပေးရင် သူ ဒီကိစ္စကို ထပ်မပြောလောက်ပါ ဘူး”

“ဒါဆိုရင် အခုတော့ အလိုက်တသိနဲ့ သူတို့ကို မနှောင့်ယှက်နဲ့ မဟုတ်ရင်..” မဟုတ်ရင် ရှီမာယူယူပါ ဒေါသထွက်သွားနိုင်သည်။

“ဒါဆိုလည်း မင်းကို နန်းတော်ကို ပတ်ပြပေးမယ်… ဒီရေအောက် နန်းတော်က မိုက်တယ်… အရှင့်ရဲ့ တဲပုတ်လေးထက် အများကြီးကောင်းတယ်”

“အရှင်သာ ကြားရင် မင်းကိုရိုက်မှာ မကြောက်ဘူးလား”

“အရှင်က အခုဒီမှာမှ မရှိတာ”

“….”

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အတန်ကြာသည်အထိ ဖက်ထားပြီး နောက် လွှတ်လိုက်ကြသည်။ ဝူလင်းယူသည် သူမ၏ နီရဲနေသော ပါးပြင်အား ထိတွေ့ပြီး နူးညံ့စွာ ပြောလိုက်သည် “ယူယူ ကိုယ်လွမ်းနေတာ”

“ညီမလည်း လွမ်းတာပဲ” ရှီမာယူယူသည် သူ၏ လက်ဖဝါးကိုပွတ်ပြီး သူ၏ခါးကို လက်ဖြင့်သိုင်းဖက်ကာ သူ၏ပခုံးပေါ်သို့ ခေါင်းမှီလိုက်သည် “လင်းယူ ညီမ အိပ်မက်မက်နေတာမဟုတ်ပါဘူးနော်.. အစ်ကိုက တကယ်ပဲ တစ္ဆေလောကကိုလာတာလား ညီမ စိတ်အထင်တော့မဟုတ်ပါဘူးနော်”

ဝူလင်းယူသည် သူမ မှီလာသည်ကိုခံစားရပြီး ပျော်ရွှင်မှုနှင့် နာကျင်မှုကို တစ်ပြိုင်နက်ခံစားရသည်။ သူသည် ခေါင်းကိုငုံ့ပြီး သူမ၏ ပါးပြင်ကို အနမ်းခြွေ ကာ ပြောလိုက်သည် “ကိုယ်ရောက်နေပြီလေ ယူယူ ကိုယ် မင်းနဲ့အတူရှိဖို့ လာခဲ့တာ”

ရှီမာယူယူသည် သူ့ကို ပိုတင်းကြပ်စွာ ဖက်လိုက်သည်။ သူမ စိတ်ထဲမှ လွမ်းဆွတ်သလောက် တင်းကြပ်စွာ ဖက်လိုက်သည်။

ရုတ်တရက်ဆိုသလို သူမ ထလိုက်သည်။ သူမသည် သူ့အား ကြောက် လန့်တကြားကြည့်ကာ အော်လေသည် “ဒါက မေ့ပျောက်ခြင်းမြစ်လေ ဒီကို ဝိညာဉ်တွေပဲလာလို့ရတာ… အစ်ကိုသေသွားပြီလား ဘယ်သူလဲ… ဘယ်သူ သတ်လိုက်တာလဲ”

“စိတ်မပူနဲ့ ယူယူ ကိုယ်အဆင်ပြေပါတယ်” ဝူလင်းယူသည် သူမလက်ကို ဆုပ်ကိုင်ထားပြီး စိတ်ငြိမ်အောင်လုပ်ပေးသည်။

“ဒါက မဖြစ်နိုင်ဘူးလေ” ရှီမာယူယူသည် သူ့ကိုမယုံပေ။‌ “အစ်ကိုလည်း ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေတာ… ဘယ်လိုလုပ်…”

“ကိုယ့်ဘာသာလာခဲ့တာ” ဝူလင်းယူ ပြောလိုက်သည် “ကိုယ် သေသွား တာမဟုတ်ဘူး ကိုယ့်ခန္ဓာကိုယ်က နတ်ဆိုးလောကမှာ ရှိတယ်”

“ဘာလို့…” ရှီမာယူယူသည် နားမလည်ပေ “ဒီကိုဘာလို့ တိုက်ရိုက်မလာ တာလဲ”

လောကသုံးခုကို ခရီးသွားရန်မှာ သူ့အတွက် ခက်ခဲလှသည်မဟုတ်ပေ။

“ကိုယ်မင်းကို ဒီမှာစောင့်မှ မင်းကိုတွေ့ရမယ်လို့ ရင်လင်းပြောတယ်… ကိုယ်တို့က မေ့ပျောက်ခြင်းမြစ်မှာတွေ့မယ်တဲ့.. အဲဒါကြောင့် မင်းကို ဒီမှာ စောင့်နေတာ” ဝူလင်းယူ ရှင်းပြလေသည်။

“ရင်လင်း ဘယ်လိုနေလဲ” ရှီမာယူယူသည် သူ့နာမည်ကို ကြားလိုက် သည်နှင့် မိတ်ဆွေဟောင်းကို သတိရသွားသည်။

“မင်းထွက်သွားပြီးတော့ ရင်လင်းဆုံးသွားတာပဲ”

“ရင်လင်း…” ရှီမာယူယူသည် ထိုသတင်းကိုကြားပြီးနောက် အနည်းငယ် ဝမ်းနည်းသွားကာ သက်ပြင်းချလိုက်သည် “ညီမ သူ့ကိုပထမဆုံးတွေ့တုန်းက သူ့ကျန်းမာရေးက သိပ်မကောင်းဘူး ဒီလောက်မြန်မြန်နဲ့ ဖြစ်သွားမယ်လို့ ထင်မထားဘူး… လက်ထောက်လေးရော ဘယ်လိုနေလဲ”

“လက်ထောက်လေးက သူတော်စင်ဂိုဏ်းရဲ့ သခင်နေရာကိုယူလိုက် တယ် ဂိုဏ်းကလူတွေလည်း မငြင်းကြဘူး… ကိုယ် တစ္ဆေလောကကို မလာခင် သူ့ရဲ့ ဟောကိန်းစွမ်းရည်က အမြန်တက်လာပြီးတော့ သူ့ကိုယ်ပိုင်အားနဲ့ပဲ အကုန်လုံးရဲ့ အသိအမှတ်ပြုခံရတယ်လို့ ကြားခဲ့တယ်” ဝူလင်းယူ ပြောလိုက် သည်။

“လက်ထောက်လေးက ရင်လင်းကို အရမ်းသံယောဇဉ်တွယ်တာ… ရင်လင်းဆုံးသွားတော့ သူလည်း ခက်ခဲမှာပဲ” ရှီမာယူယူသည် လက်ထောက် လေးအတွက် စိတ်မကောင်းဖြစ်မသိသည်။ သို့သော် သူမလည်း မတတ်နိုင်ပေ။

“ကိုယ်လည်း မင်းကိုအရမ်းတယ်တာတာလေ… မင်းရဲ့ခန္ဓာကိုယ် အစိတ် စိတ်ဖြစ်သွားတာကိုမြင်ရတာကို မင်းကိုယ့်အတွက် စိတ်မကောင်းဖြစ်သင့် တယ်” ဝူလင်းယူ ပြောလိုက်သည်။

“တောင်းပန်ပါတယ် ဒီလိုဖြစ်မယ်လို့ ညီမလည်းထင်မထားဘူး… ယုံကြည်မှုစွမ်းအားကို သုံးလိုက်တော့ အဲလိုဖြစ်သွားတာပဲ”

“မင်း တကယ်ပဲမသိဘူးလား” ဝူလင်းယူသည် သူမကို မေးလေသည်။

ရှီမာယူယူသည် နှုတ်ခမ်းဆူကာ သူ၏ နားကိုဆိတ်ပြီး ချွဲပြောလေသည် “ညီမလည်း အဲတုန်းက မတတ်သာလို့လေ… အဲဒီအဘိုးကြီးရဲ့ အကာအကွယ် က ယုံကြည်မှုစွမ်းအားနဲ့မှ ဖျက်လို့ရမှာ… ညီမသာ အဲလိုမလုပ်ရင် ကြီးမြတ် သော ဝူလင်း ဒုဥက္ကဌတို့ အကုန်သေသွားကြမှာလေ”

“ဟင်း” ဝူလင်းယူသည် အေးစက်စွာ နှာမှုတ်လိုက်သည်။

“လင်းယူ စိတ်မဆိုးပါနဲ့” ရှီမာယူယူသည် သူ၏ နားရွက်ကိုဆိတ်ကာ လေးပင်းသော ခံစားချက်ဖြင့် ပြောလိုက်သည် “အစ်ကို့ကို ထပ်ပြီးထိလို့ရလို့ ကောင်းလိုက်တာ… တကယ်ကို ဒီခံစားချက်က ကောင်းတယ်”

သူမ၏ စကားများကြောင့် ဝူလင်းယူ၏ ဒေါသများ အရည်ပျော်ကာ ရင်နာမိသည်။

သူမသည် စဉ်းစားချင့်ချိန်ပြီးမှ လုပ်ခဲ့သည်ကို သူ သိသည်။ သို့သော် သူမ ၏ လှည့်ကွက်ထဲသို့ သူရောက်သွားသည်ပင်။ သူသည် သူမ၏ မျက်နှာကို ဖျစ် လိုက်ပြီး ပြောလေသည် “မင်းကို အမြန်ပြေးလာကြည့်ပေမဲ့ မင်းက အဲလိုဖြစ် သွားတော့ ကိုယ်ဘယ်လိုခံစားရလဲသိရဲ့လား… မိုးပြိုသွားသလိုကို ခံစားရတာ.. ဒီကမ္ဘာမှာ အသက်ရှင်ဖို့ အကြောင်းအရင်းမရှိတော့သလိုပဲ”

ရှီမာယူယူသည် သူ့ကို ဖက်လိုက်သည် “တောင်းပန်ပါတယ် လင်းယူ တောင်းပန်ပါတယ်”

ဝူလင်းယူသည် သူမကို ပြန်ဖက်ကာ နှုတ်ခမ်းများကိုကိုက်ပြီး အပြစ်ပေး လိုက်သည်။ သူ ရေရွတ်လိုက်သည် “နောက်ဆိုရင် ဒီလိုထပ်မလုပ်နဲ့ ယူယူ ကိုယ် မင်းကို ဒုတိယအကြိမ် အဆုံးရှုံးမခံနိုင်ဘူး….”

***

All Chapters