သူတို့နှစ်ယောက်တည်းရဲ့အချိန် ၂
Vol. 134 Ch. 1866
ရှီမာယူယူ၏ နှလုံးသားမှာ အပ်များဖြင့် ထိုးစိုက်ထားသလို နာကျင်မိ သည်။ သူမသည် သူ့ကိုမှီကာ ခေါင်းခါပြီး ပြောလိုက်သည် “မလုပ်တော့ပါဘူး နောက်ဆိုရင် အစ်ကို ဝမ်းနည်းအောင်ထပ်မလုပ်တော့ပါဘူး”
“ကတိမတည်ရင်တော့ ကိုယ်….” ဝူလင်းယူသည် ဘာဆက်ပြောရမည် ကို မသိတော့ပေ။
“ဘာလုပ်မှာလဲ” ရှီမာယူယူသည် သူ့ကိုကြည်လိုက်သည် “ညီမကို လျစ်လျူရှုလိုက်တော့မှာလား ညီမကိုမလိုချင်တော့ဘူးလား”
“ကိုယ်ခံနိုင်မယ်လို့ မင်းထင်နေလား” ဝူလင်းယူသည် သူမ၏ ခေါင်းကို ပွတ်လိုက်သည် “မင်းကို လျစ်လျူရှုရမယ်၊ မင်းကို မလိုချင်ဘူးဟုတ်လား ကိုယ် လည်း အဲဒါကိုခံနိုင်ရည်မရှိဘူး… ကိုယ်က ကိုယ့်ကိုယ်ကိုယ်မုန်းနတာပါ အဲတုန်းက မင်းဘေးမှာသာရှိလိုက်ရင် မင်း… မင်းရဲ့ခန္ဓာကိုယ်က အန္တရာယ် များတာကို ကိုယ်သိတယ်.. ဒါပေမဲ့ မင်းကိုလူသားလောကမှာပဲ ထားခဲ့မိတယ် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘူး”
“အစ်ကို အပြစ်တင်နေဖို့မလိုပါဘူး” ရှီမာယူယူသည် သူ့ကိုယ်သူ အပြစ် တင်ခွင့်မပြုပေ “အစ်ကိုက ညီမရဲ့အားကို သိတာပဲ ညီမသာ ယုံကြည်မှု စွမ်းအားကိုမသုံးသရွေ့ ထိန်းချုပ်နိုင်ခဲ့တာပါ… ညီမက ယုံကြည်မှုစွမ်းအားကို သုံးမယ်လို့ အစ်ကိုမှမသိခဲ့တာ.. ပြောရင်းနဲ့ ညီမရဲ့အံ့ဖွယ်အာရုံ အမှောင်ထဲကို ရောက်သွားတုန်းက ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာဖြစ်သွားတာကို မြင်မိတယ် ထင်တာပဲ… ဒါပေမဲ့ ညီမခန္ဓာကိုယ်ကို တစ်ယောက်ယောက်က ကယ်ခဲ့တယ် လို့ဘိုးဘေးကြီးပြောတယ်… အဲလိုနဲ့ မှတ်ဉာဏ်တွေ ပြန်ရလာတာပဲ.. ညီမ သတိလွတ်သွားတော့ ဘာတွေဖြစ်ခဲ့တာလဲ”
ဝူလင်းယူသည် ထိုစဉ်က အဖြစ်အပျက်များကို ပြန်မတွေးချင်ပေ။ သူ ထို အကြောင်းကို ပြန်တွေးတိုင်း သူ့နှလုံးသား သေဆုံးသွားသလိုပင်။ သို့သော် အခု သူမ မေးလာသဖြင့် သူ ပြောပြရဦးမည်။
“အဲနေ့က ကိုယ်ရောက်သွားတာနဲ့ မင်းက ခြေလက်တွေကျိုးနေပြီ… ကိုယ် အချိန်ကိုနောက်ပြန်ဆုတ်ပြီး မင်းရဲ့ခန္ဓာကိုယ်ပုံမပျက်တဲ့ အချိန်ကို ပြန် သွားခဲ့တာ.. ဒါပေမဲ့ ဝိညာဉ်ကတော့ ခန္ဓာကိုယ်ကနေ ထွက်သွားလိုက်ပြီ… မင်း ရဲ့ခန္ဓာကိုယ်က ပြန်ကောင်းသွားပေမဲ့ အသက်မရှိတဲ့ခန္ဓာကိုယ်ဖြစ်သွားတာပေါ့” ဝူလင်းယူသည် သူမကို ပြောပြချိန်တွင် သူ၏ခန္ဓာကိုယ်မှာ အထိန်းအကွပ်မဲ့ တုန်ယင်နေသည်။
ရှီမာယူယူသည် သူ့ကိုဖက်ပြီး သူ၏ပါးပြင်ကိုနမ်းပြီး နူးညံ့စွာ ပြောလိုက် သည်။ “လင်းယူ ညီမဒီမှာရှိတယ် အဲဒါက ပြီးခဲ့ပါပြီ… အစ်ကိုမတွေးချင်ရင် ပြန် မတွေးပါနဲ့တော့”
ဝူလင်းယူသည် သူမလက်ကိုပုတ်ပြီး ပြောလိုက်သည် “အဲဒီအဖြစ်တွေက ကိုယ့်ကို ခြောက်လှန့်နေတယ်” သူသည် ရပ်သွားပြီးမှ ဆက်ပြောလေသည် “နောက်ကျတော့ ရင်လင်းက သခင်ဖန်းကိုခေါ်လာတယ် သူမက တန်ဖိုးအကြီး ဆုံးရတနာနဲ့ မင်းရဲ့အသက်ကို လုပေးခဲ့တယ်”
“အဒေါ်ဖန်… သူမ… ညီမ အဒေါ်ဖန်ကို ထပ်ပြီးအကြွေးတင်သွားပြန်ပြီ” ရှီမာယူယူ ရေရွတ်လိုက်သည် “အဘိုးတို့ရော ညီမအကြောင်းသိကြလား”
“သိတယ် ဘာလို့လဲဆိုတော့ အဲတုန်းက မင်းရဲ့ခန္ဓာကိုယ်ကို ရှီမာမိသားစု ကိုပြန်ခေါ်သွားလိုက်တာ”
“သူတို့တွေ လန့်သွားကြလား”
“တကယ် လန့်သွားကြတာပေါ့ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ကို အာဟာရ ပြည့်အောင်လုပ်ထားရင် ပြန်ရှင်လာမှာလို့ ရင်လင်းပြောတော့ ခံစားရသက်သာ သွားကြတယ်.. မင်းအတွက်လိုတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကိုတော့ ရှီမာ မျိုးနွယ်ကို တခြားလူတွေ အကုန်ပို့ပေးကြတယ်.. ရှီမာမျိုးနွယ်က အခုဆို ပထမတန်းစား ဂိုဏ်းတွေကိုတောင်မှ ဖိနှိပ်နိုင်လို့ နာမည်ကြီးဂိုဏ်းဖြစ်နေပြီ”
“ဖန်အာတို့ရော သိကြလား”
“သိတယ် တောင်ကြားသခင်သာ တားမထားရင် ထိပ်တန်းတောင်ကြား ကလူအများစုက ရှီမာမျိုးနွယ်ကိုသွားပြီး မင်းရဲ့ခန္ဓာကိုယ်ကို သွားစောင့်ရှောက် နေမှာပဲ.. ဖန်အာတို့လည်း အရမ်းဝမ်းနည်းနေကြပေမဲ့ အဆင်ပြေပါသေးတယ် ပြောင်းလဲမှုအများဆုံးက လီအာပဲ… ဒီအဖြစ်အပျက်က သူမကို ဟန့်တားသလို ဖြစ်သွားစေတာ.. သူမကိုယ်သူမ အပြစ်တင်ပြီးတော့ သူမသာ သန်မာရင် ဒီလို ကိစ္စတွေဖြစ်လာမှာမဟုတ်ဘူးလို့ ပြောတယ်… သူမ အကြောင်း နောက်ဆုံး သတင်းရတာတော့ ထိပ်တန်းတောင်ကြားကထွက်ပြီး အပြင်မှာ အတွေ့အကြုံ သွားယူတယ်တဲ့” ဝူလင်းယူသည် လူသားလောကမှ ကိစ္စများကို ဖြည်းဖြည်း ချင်း ပြန်ပြောင်းပြောပြသည်။
ရှီမာယူယူသည် သူတို့၏တုံ့ပြန်ချက်ကို တွေးကြည့်မိသည်။ ရှီမန်လီ အကြောင်းကို ကြားပြီးနောက် သူမ သက်ပြင်းချကာ ပြောလိုက်သည် “လီအာ က အမြဲတမ်း ပါးနပ်ပြီးအလေးထားတတ်တဲ့ ကလေးပဲ… ဒီကိစ္စက သူမကို ရိုက်ခတ်မှုကြီးမှာကိုပဲ ကြောက်ရတယ်”
“ဒါက အကုန်လုံးအတွက် ရိုက်ခတ်မှုကြီးတယ်” ဝူလင်းယူသည် ခံစား ချက်ပါပါ ပြောသည်။
“အစ်ကိုကရော” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည် “ဘယ်လိုလုပ် တစ္ဆေလောကကို ရောက်လာတာလဲ ညီမကို အရူးလုပ်ဖို့တော့ မကြိုးစားနဲ့ ညီမ အကြောင်းသိတယ်နော်”
ထိုစကားကြားပြီးနောက် ဝူလင်းယူသည် ပြောရန်ပြင်ထားသည့် စကား များကို မပြောနိုင်တော့ပေ။ သူသည် အကူအညီမဲ့စွာဖြင့် ပြုံးပြီး ပြောလိုက် သည် “တကယ်တော့ ဘာမှမဟုတ်ပါဘူး လျှို့ဝှက်နည်းကိုသုံးပြီး ခန္ဓာကိုယ်က ဝိညာဉ်ကိုဆွဲထုတ်လိုက်တာ မင်းလိုပါပဲ... မင်းလောက် မခံစားရတာပဲရှိတာ”
ရှီမာယူယူ၏ မျက်လုံးများမှာ နီရဲလာသည်။ သူ မည်သည့် လျှို့ဝှက်နည်း ကို သုံးလိုက်သည်မသိသော်လည်း ခန္ဓာကိုယ်ကို ထိခိုက်စေပြီး လုပ်ငန်းစဉ်မှာ လည်း အလွန်နာကျင်မည်ကိုတော့ သိသည်။ အနာဂတ်တွင် သူ့အပေါ် မည်သို့ သက်ရောက်မှုရှိမည်ကိုလည်း သူမ မသိပေ။ သို့သော် သူသည် သူမဆီသို့ လာခဲ့ သည်။
ဝူလင်းယူသည် သူမ၏ အမူအရာကိုမြင်သောအခါ ဝမ်းနည်းသွားကာ နှစ်သိမ့်ပေးလေသည် “တကယ်ကို ဘာမှမဟုတ်ပါဘူး ခဏနဲ့ပြီးသွားတာရယ်”
ရှီမာယူယူ၏ မျက်လုံးများမှာ နီရဲဆဲဖြစ်ကာ အဆက်မပြတ်ခေါင်းခါမိ သည်။ သူမသည် သူပြောသည့်စကားကို မယုံပေ။ သူ ဒုက္ခကြီးစွာ ခံစားခဲ့ရ သည်မှာ သေချာသည်။
“လင်းယူ ညီမအတွက် လုပ်ပေးတာတွေကို ကျေးဇူးတင်ပါတယ်”
“ငအမလေး မင်းနဲ့ကိုယ်ကြားမှာ ကျေးဇူးတင်စကားပြောဖို့မလိုဘူး ကိုယ့် ကိုတကယ်ကျေးဇူးတင်ရင် အရင်ကကိစ္စတွေ ပြန်မတွေးတော့ဘဲ ပျော်ပျော် သာနေပေး… မင်းကို ဒီလိုမျိုးပုံစံနဲ့တွေ့ရင် ရင်နာတယ်” သူသည် ပြောပြီး နောက် သူ့ရင်ဘက်ကိုလက်နှစ်ဖက်ဖြင့် အုပ်ကာ နာကျင်သလိုဟန်ပြုလေ သည်။
“ဖူး… အစ်ကိုက ရှီရှီမှ မဟုတ်တာ ဘာလို့ နှလုံးပေါ်လက်တင်နေတာလဲ” ရှီမာယူယူသည် သဘောကျသွားကာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်များ ပျောက်သွားလေသည်။
ဝူလင်းယူသည် သူ့နှုတ်ခမ်းကို အနားကပ်လိုက်သည် “ယူယူ ကိုယ်တော့ မင်းအပြုံးမြင်ရတာ ပိုသဘောကျတယ်”
ထိုသို့ပြောပြီးနောက် သူမ၏ နူးညံ့သော နှုတ်ခမ်းများကို အနမ်းများခြွေ လိုက်တော့သည်…
ဟွမ်နှင့် အရိပ်မည်းတို့သည် ရေအောက်နန်းတော်ကို အကြိမ်ပေါင်း ဒါဇင် ထက်မက လျှောက်နေရသည်။ သူတို့ ပင်မခန်းမကို ပြန်လာချိန်တွင် ဝိညာဉ် အတားအဆီးရှိနေတုန်းပင်ဖြစ်သည်။
“သခင်မလေးက ဆိုးလိုက်တာ ငါတို့တောင် ရေအောက်နန်းတော်ကို ပတ်နေတာ အကြိမ်ပေါင်းဒါဇင်မကတော့ဘူး… ငါတို့ နင်းလိုက်လို့ ပုရွက်ဆိတ် ဘယ်နကောင် သေသွားပြီလဲမသိဘူး သူမက အခုထိထွက်မလာသေးဘူး” အရိပ်မည်းသည် ဝိညာဉ်အတားအဆီးကို ထိပြီးစောဒကတက်သည်။
“ရေအောက်နန်းတော်မှာ ပုရွက်ဆိတ်တွေရှိလို့လား”
“ငါက စကားအဖြစ်ပြောတာလေ” အရိပ်မည်းသည်ဟွမ်အား မကျေမနပ် ကြည့်လေသည်။ ဒီလူက အမြဲတမ်း ကန့်လန့်ပြောဖို့ချည်းပဲ “ငါတို့ အပြင်မှာပဲ စောင့်ရမလား”
“စိတ်မပူနဲ့ သူတို့ခဏနေထွက်လာလိမ့်မယ်” ဟွမ်သည် အသေအချာပင် ပြောလေသည်။
“မင်း ဘယ်လိုသိတာလဲ”
“အရှင်လာနေပြီလေ”
“အရှင်လာနေပြီဟုတ်လား မင်း ဘယ်လိုသိတာလဲ”
“အရှင်က သခင်မလေးကိစ္စကို တစ်ချိန်လုံး စောင့်ကြည့်နေတာ အခု သူမ က ဖြားယောင်းခံလိုက်ရပြီဆိုတော့ ရောက်လာမှာပေါ့” ဟွမ် ရှင်းပြလေသည်။
“မင်းပြောတာက အရှင်က ဒီကဖြစ်ပျက်သမျှတွေကို စောင့်ကြည့်နေ တယ်ပေါ့” အရိပ်မည်းသည် အံ့အားသင့်သွားသည်။
“ဟုတ်တယ်လေ အရှင့်ရဲ့နန်းတော်က တဲပုတ်လို့ မင်းပြောတဲ့စကားကို တောင် သူ သိချင်သိနေမှာ” ဟွမ်သည် သူ့ကို သနားစဖွယ်ကြည့်ကာ ပြောလေသည်။
သူက အရှင့်ရဲ့နန်းတော်ကို တဲပုတ်လေးလို့ ပြောရဲသေးတယ်။ အဲဒီ တဲပုတ်နှစ်လုံးကို သွားစောင့်ကြပ်ရမလားဆိုတာ ကြည့်ကြတာပေါ့။
“မင်း ဘာလို့ စောစောကမပြောတာလဲ” အရိပ်မည်းသည် ငိုတော့မည့် အတိုင်းဖြစ်ကော သူ့ကို အပြစ်တင်သလို ကြည့်လေသည်။
“မင်းမှ ငါ့ကိုမမေးတာ” ဟွမ်၏ မထီသလိုအမူအရာသည် သူ့ကို နှစ်ချက် လောက် ဆင့်ထိုးချင်စိတ်ဖြစ်စေသည်။
သို့သော် အကြိမ်ပေါင်းများစွာ အရိုက်ခံရသည့် အတွေ့အကြုံများရှိပြီး သည့်နောက်တွင် အတွေးသည် အတွေးမျှသာဖြစ်သည်။
သူသည် သူ့ကံကြမ္မာကိုတွေးမိချိန်တွင် စိတ်ထဲမှငိုကြွေးမိသည်။ ကျေးဇူး ပြု၍ ဧကရာဇ်အရှင်ကြီး မသိပါစေနဲ့… သူ အဲဒီတဲပုတ်နှစ်ခုကို ပြန်ပြီး မစောင့် ရှောက်ချင်ဘူး…
ခဏအကြာတွင် ဟွမ်ပြောသလိုပင် ပင်မခန်းမှကို ဝန်းရံထားသော အတားအဆီးမှာ ပျောက်ကွယ်သွားသည်။ ဆိုလိုသည်မှာ အထဲမှလူများသည် သူတို့ကို ဝင်ခွင့်ပေးလိုက်ပြီဖြစ်သည်။
သို့သော် သူတို့ ရှီမာယူယူကို မြင်ပြီးစကားမပြောခင်မှာပင် ပုံမှန်မဟုတ် သော လှုပ်ရှားမှုဖြစ်လာသည်။ တံခါးပွင့်လာပြီး ဟေးဒီးစ် ထွက်လာသည်။ သို့သော် သူ့ခန္ဓာကိုယ်မှ အပူချိန်သည် နိမ့်လွန်းသဖြင့် မြစ်ရေပင် ခဲမတတ်ဖြစ် သွားလေသည်။
***