← Chapters

သူတို့နှစ်ယောက်တည်းရဲ့အချိန် ၃

Vol. 134 Ch. 1867

သူတို့နှစ်ယောက်တည်းရဲ့အချိန် ၃

Vol. 134 Ch. 1867

ဟေးဒီးစ်သည် ဝူလင်းယူ၏ ခါးပေါ်တွင်ရောက်နေသော ရှီမာယူယူ၏ လက်ကို စိုက်ကြည့်နေသည်။ သူ၏ နိမ့်ကျနေသော အငွေ့အသက်သည် မပျော် ရွှင်နေသည်ကို ညွှန်ပြနေသည်။ တကယ် မပျော်ရွှင်ဘူး။

ရှီမာယူယူသည် သူ၏ သိသာလွန်းသော မပျော်ရွှင်မှုကို လျစ်လျူရှုထား သည်။ သူသည် ဝူလင်းယူ ဤနေရာသို့ ရောက်နေသည်ကို သိထားသော်လည်း သူမကိုမပြောခဲ့ပေ။ သူမသည် သူ့ကို စိတ်တိုနေဆဲပင်ဖြစ်သည်။

ထို့ကြောင့် သူမသည် ဝူလင်းယူ၏ ပခုံးတွင် ခေါင်းမှီကာ ဘာမှမပြောဘဲ ဟေးဒီးစ်ကို စိုက်ကြည့်နေလိုက်သည်။

ဟေးဒီးစ်သည် သွေးအန်လုနီးပါးပင် “ငါက မင်းကောင်းဖို့အတွက် လုပ် တာ.. ငါ့ကို စိတ်တိုရဲသေးတာလား”

“ကျွန်မကို အဲလိုအကြောင်းမပြနဲ့ ရှင့်ရဲ့ မကောင်းတဲ့တပ်မက်မှုကြောင့် လုပ်တယ်ဆိုတာ ကျွန်မမသိဘူးလို့ မထင်လိုက်နဲ့” ရှီမာယူယူသည် သူ၏ နိုးကြားသော အတွေးများကို ထိုးဖောက်မြင်နိုင်သည်။

ဝူလင်းယူသည် ဘာမှမပြောပေ။ သူသည် အရင်က ဟေးဒီးစ်နှင့် တိုက်ရိုက်ဆက်သွယ်ဖူးခြင်းမရှိပေ။ ထို့ကြောင့် အခုချိန်တွင် မပြောသည်က ပို ကောင်းသည်။

“ငါ မင်းကောင်းဖို့အတွက် လုပ်ခဲ့တာ မင်းက မရဏာလောကအကြောင်း မှ မသိသေးတာ.. ဟုတ်တယ်မလား မင်းကို ငါ ဘယ်လိုပြောရမှာလဲ… မင်းကို လွမ်းဆွတ်နေတဲ့ ယောက်ျားတစ်ယောက်က အားမရှိရင် မင်းကို ဘယ်လို ကာကွယ်တော့မှာလဲ… ငါ ဒီလိုလုပ်တယ်ဆိုတာက သူ အားကောင်းလာဖို့ပဲ ယောက်ျားတစ်ယောက်အနေနဲ့ သူ့ပြဿနာတွေကို မိန်းကလေးကို သွားပြီး စောဒကတက်လို့မရဘူးလေ” ဟေးဒီးစ်သည် အေးစက်စွာနှာမှုတ်လေသည်။ သူ့စိတ်မှာ သူမ၏ မသိတတ်မှုကြောင့် ဒေါသထွက်လျက်ရှိသည်။

ရှီမာယူယူသည် အမြန်ပင် မတ်တတ်ထလိုက်သည်။ သူမ၏ မျက်နှာမှာ မှောင်ရိပ်ကျနေပြီး ပြောလိုက်သည် “လင်းယူကို ဘာလုပ်ခဲ့တာလဲ”

“ဟင်” ဟေးဒီးစ်သည် ဝူလင်းယူကို စိုက်ကြည့်လိုက်သည်။ ဒီလူက ဘာမှ မပြောဘူးလား။

“အခုပြောပါ လင်းယူကို ဘာလုပ်လိုက်တာလဲ” သူ ပျင်းလာလျှင် ဝူလင်းယူကို မည်သို့လုပ်ထွက်မည်ကို ရှီမာယူယူ တွေးမရတော့ပေ။

“တကယ်တော့ ဘာမှမဟုတ်ပါဘူး” ဝူလင်းယူသည် ရှီမာယူယူကို ပြန်ဆွဲ ထိုင်ခိုင်းလိုက်သည် “သူက ကိုယ့်ကို အတွေ့အကြုံရအောင် လုပ်ပေးလိုက်တာ ပါပဲ”

“အတွေ့အကြုံမဟုတ်လား” ရှီမာယူယူသည် ဟေးဒီးစ်ကို သင်္ကာမကင်း ကြည့်လေသည် “အဲထက်ပိုဦးမယ်ထင်တယ်”

“တကယ်ပဲ အတွေ့အကြုံပေးတာပါပဲ အခု ကိုယ်အဆင်ပြေနေတာပဲလေ မဟုတ်ဘူးလား” ဝူလင်းယူသည် သူမ၏လက်ကို နူးညံ့စွာ ပုတ်လေသည်။

“ဟုတ်တယ် သူ အကျိုးအမြတ်တွေ အများကြီးရလိုက်တာ ကြည့်လေ မေ့ပျောက်ခြင်းမြစ်ထဲကရေက သူ့ခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်နေပြီ” ဟေးဒီးစ်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။

သူသည် ဝူလင်းယူကို စိုက်ကြည့်လိုက်သည်။ သူ့ဒေါသသည် အနည်းငယ် ပြေလျော့သွားသည်။ အနည်းဆုံးတော့ သူသည် ရှီမာယူယူကို မတိုင်တောပေ။

“တစ်သားတည်းဖြစ်တယ်ဟုတ်လား” ရှီမာယူယူသည် မျက်မှောင် အသာအယာကြုတ်လိုက်သည်။ သူမသည် သူတို့ထင်သလောက် ပျော်မသွား ပေ။

“ဘာဖြစ်လို့လဲ” ဝူလင်းယူသည် သူမ၏ ပူပန်သောအကြည့်ကို မြင် သောအခါ မေးလိုက်သည်။

“အစ်ကိုနဲ့ မြစ်ရေက တစ်သားတည်းဖြစ်သွားတယ်ဆိုရင် နောက်ဆိုရင် ဒီမှာပဲနေရပြီး ထွက်သွားလို့မရတော့ဘူးလို့ ဆိုလိုတာမလား.. အစ်ကို နတ်ဆိုး လောကကို ပြန်သွားလို့ရပါ့မလား” ရှီမာယူယူသည် သူ့အင်္ကျီကို ဆုပ်ကိုင်ထား ကာ စိုးရိမ်တကြီးမေးလိုက်သည်။

“ကိုယ်…” သူအဆင်ပြေသည်ဟု သူမကို ပြောချင်သည်။ သို့‌သော် မေ့ပျောက်ခြင်းမြစ်မှ ထွက်သွားရန်မဖြစ်နိုင်တော့သည်ကို တွေးမိလိုက်ချိန် တွင် သူ၏ အလိမ်အညာမှာပေါ်ပေါက်သွားမည်ကို သတိရသွားသည်။

သူသည် အတန်ကြာတွေဝေနေသဖြင့် ရှီမာယူယူ နားလည်သွားသည်။

“ဘာတွေဖြစ်နေတာလဲ… ဒီနှစ်ယောက်က ဘာတွေဖြစ်နေတာလဲ ညီမ ဒေါသမထွက်ခင် အကုန်ပြောလိုက်တာကောင်းမယ်နော်” အခန်းထဲမှ ယောက်ျားသားများအားလုံးသည် ရှီမာယူယူ၏ ဒေါသကြောင့် မှင်တက်နေရ တော့သည်။‌

ဟေးဒီးစ်သည် တစ်ခုခုလွဲနေသလိုခံစားရသည်။ ဒေါသထွက်ရမည်မှာ သူ ဖြစ်သည်။ ဘယ်လိုလုပ် သူက လက်အောက်ရောက်သွားပြီး တောင်းပန်ရမယ့် သူက သူဖြစ်သွားတာလဲ။

ထိုမျှသာ မကသေး… သူမသည် နောက်နှစ်ရက်ကြာသည်အထိ သူ့ကို ကြည့်ပင်မကြည့်ပေ။  ထိုအစား အရိပ်မည်းနှင့် ဟွမ်တို့သည် အမိန့်ကိုလက်ခံ သသည်။ သူမသည် သူတို့ကိုမှီခိုကာ ပြုလုပ်သည်။ နောက်ပိုင်းမှာ ထိုသို့သာ ဆက်သွားလေသည်။

“မင်းတို့ပြောတာတွေ တစ်ခုမှမယုံဘူး သွားကြတော့ ငါ လင်းယူနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်” ရှီမာယူယူသည် အရိပ်မည်းတို့ ပြော ပြီးသည်အထိစောင့်ကာ သူတို့သုံးယောက်ကို ခန်းမမှနှင်ထုတ်ပြီး ဝိညာဉ် အတားအဆီးစီမံလိုက်သည်။

သူမ အတားအဆီးစီမံချိန်တွင် အားစိုက်ထုတ်မှု မထည့်လိုက်ရသည်ကို ဝူလင်းယူ သတိထားမိသည်။  ဝိညာဉ်စွမ်းအင်အနည်းငယ်သုံးရသည်မှာ သူမ အတွက် လွယ်ကူနေသည်။

ရှီမာယူယူ လျှောက်လာပြီး ဘာမှမပြောဘဲ သူ့လက်ကို ကော်ယူလိုက် သည်။ သူမ၏ မျက်လုံးများသည် နီရဲနေသည်။

“မငိုပါနဲ့ ကိုယ် တကယ်အဆင်ပြေတယ်” သူမကို ထိုပုံစံအတိုင်း မြင် လိုက်ရသည်နှင့် ဝူလင်းယူ၏ နှလုံးသားများ အရည်ပျော်ကျသွားလေသည်။

သူမသည် စွမ်းအားကြီးပြီး လွှမ်းမိုးနိုင်ခဲ့သည်။ သူမသည် လူသားလောက တွင် အောင်မြင်ခဲ့သည်။ သူမ၏ အားမှာသန်မာခဲ့ပြီး တခြားမိန်းကလေးများနှင့် မတူခဲ့ပေ။ သို့သော် ယနေ့တွင် သူမသည် အူလှိုက်သည်းလှိုက်ငိုခဲ့သည်။

ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုက အမှန်အတိုင်းပြောမှာမဟုတ်ဘူးဆိုတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ညီမ မမေးပါဘူး… ဒါပေမဲ့ သက်ရောက်မှုတွေက ဘာတွေလဲဆိုတာကိုတော့ ပြောပြ ပေးပါ… အရင်ကဖြစ်ခဲ့တာတွေကို ညီမဂရုမစိုက်ဘူး ဒါပေမဲ့ ညီမတို့နှစ် ယောက်ရဲ့ အနာဂတ်ကိုတော့ စိတ်ပူတယ်”

သူမ စကားများကို ကြားလိုက်ရသောအခါ ဝူလင်းယူသည် အလွန် ဝမ်းမြောက်မိသည်။ သူ့နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားပြီး ဖမ်းစားနိုင်သော သူ၏ မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ ရှီမာယူယူသည် ခေတ္တမျှ ငေးငိုင် သွားကာ သူ့ကို ကြည့်မသိသည်။

သူမ၏ တုံ့ပြန်မှုများသည် သူ့ကို ပျော်ရွှင်စေသဖြင့် မတတ်သာတော့ဘဲ ထပ်နမ်းလိုက်ပြီးမှ သူမကို လွှတ်ပေးလိုက်သည်။

“အခုတော့ ကိုယ့်အခြေအနေက အရမ်းမကောင်းဘူး” ရှီမာယူယူသည် ထိုစကားကြားလိုက်ရချိန်တွင် နှလုံးများကဆုန်ပေါက်သွားတော့သည်။

သူညသ် သူမ၏ ရှိုက်နေသော ခန္ဓာကိုယ်ကို ပုတ်ပြီးပြောလေသည် “အဲဒါ က ကိုယ်တို့အနာဂတ်အတွက် နမိတ်မကောင်းဘူးလို့ပဲ ပြောချင်တာ ဒါပေမဲ့ တခြားသူအတွက်သာဆိုရင်တော့ ကောင်းတာပေါ့”

“ဘာအဓိပ္ပာယ်လဲ” ရှီမာယူယူ နားမလည်ပေ။ ကောင်းတယ်ဆိုပြီးတော့ သူ့အတွက်ကျ ဘာလို့မကောင်းတာလဲ။

ဝူလင်းယူသည် ‘စိတ်မပူနဲ့ဦး ပြောတာအရင်နားထောင်ဦး’ ဆိုသည့် အကြည့်နှင့် သူမကို ကြည့်ပြီးနောက် ရှင်းပြလေသည် “ကိုယ်က မင်းအတွက် တစ္ဆေလောကကို လာမှတော့ မင်းကို အဖော်ပြုပေးနိုင်ပြီလေ… ဒါပေမဲ့ အခုကျ မေ့ပျောက်ခြင်းမြစ်နဲ့ ကိုယ်က တစ်သားတည်းဖြစ်သွားပြီ”

“မေ့ပျောက်ခြင်းမြစ်နဲ့ ပေါင်းစည်းလိုက်တာ… အဲဒါကနေ ဘယ်လို သက်ရောက်မှုတွေ ရှိလာမှာလဲ” ရှီမာယူယူသည် သူ့ကို စိတ်လှုပ်ရှားစွာ ကြည့် လေသည်။

“ကိုယ် မြစ်ကိုစိတ်တိုင်းကျ ထိန်းချုပ်နိုင်တယ်… မေ့ပျောက်ခြင်းမြစ်က နေလည်း စွမ်းအားတွေရနိုင်တယ် ဒါပေမဲ့…” ဝူလင်းယူသည် သူမ၏ တောက်ပ နေသော မျက်လုံးများကိုကြည့်ပြီး သက်ပြင်းချသည်။ သူသည် သူမအား အမှန် အတိုင်း ပြောပြလိုက်သည် “ကိုယ် ဒီကနေ မိုင်တစ်ထောင်ကထက်ပိုပြီး သွား လို့မရဘူး မဟုတ်ရင် သူ့စွမ်းအားကို သုံးလို့မရတော့ဘူး… ကိုယ့်ခန္ဓာကိုယ်ထဲ ကစွမ်းအားမရှိတော့တာနဲ့ ကိုယ်က အမှုန်ဖြစ်သွားတော့မှာ”

“အဲတော့ အစ်ကိုက ညီမနဲ့အတူထွက်သွားလို့မရဘူးပေါ့” သူဆိုလိုသည့် သူတို့အတွက် နမိတ်မကောင်းပေဟူသော အဓိပ္ပာယ်ကို ရှီမာယူယူ နားလည် သွားလေပြီ။

“ကိုယ် အဖြေရှာနေတာပဲ” ဝူလင်းယူ ပြောလေသည်။

“အစ်ကိုက ဘယ်လိုလုပ် မြစ်နဲ့ပေါင်းစည်းသွားတာလဲ” ရှီမာယူယူသည် မပျော်ရွှင်ပေ။ ထိုအရာမှာ အဓိပ္ပာယ်မရှိလှပေ။

ဝူလင်းယူသည် အတန်ကြာ နှုတ်ဆိတ်သွားသည်။ ပြီးနောက် သူ ပြုံးပြီး ပြောလိုက်သည် “ဘာမှမဟုတ်ပါဘူး ကိုယ် မြစ်ဘေးမှာ လေ့ကျင့်နေတုန်း ဒဏ်ရာရသွားတယ် ကိုယ့်ဝိညာဉ်ကလည်း မတည်ငြိမ်ဘူး အဲဒါကြောင့် နေဖို့ နေရာရှာလိုက်တာ.. နောက်ဆုံးတော့ အဲဒီဟာနဲ့ ပေါင်းစည်းသွားလိမ့်မယ်လို့ ထင်မထားဘူး”

“အစ်ကိုက နဂါးမျက်လုံးနဲ့ ပေါင်းစည်းလိုက်တယ်လို့တော့ မပြောနဲ့နော်” ရှီမာယူယူသည် သူ့အား အလန့်တကြားကြည့်လေသည်။ သူ ခေါင်းညိတ်လိုက် ချိန်တွင် သူမ၏ နှုတ်ခမ်းမှာ ကွေးတက်သွားသည်။

သူမ မရဏာလောကတွင် ရှိစဉ်က နဂါးမျက်လုံးအကြောင်းကို ကြားဖူး သည်။ ထိုစဉ်က ဟေးဒီးစ်သည် အတွေ့အကြုံရရန် မေ့ပျောက်ခြင်းမြစ်ဆီသို့ ခေါ်လာခဲ့သည်။ မေ့ပျောက်ခြင်းမြစ်သည် ကောင်းကင်မှကျလာသည့်ရေ မဟုတ်ဘဲ နဂါးမျက်လုံးဆီမှ လာခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ နဂါး မျက်လုံးသည် ကောင်းကင်နှင့်မြေကြီး အစရှုပ်ထွေးမှုကြားထဲမှ ဖန်တီးထား သော ပစ္စည်းဖြစ်သည်။ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည်။ နဂါးမျက်လုံး ရှိ သရွေ့ မေ့ပျောက်ခြင်းမြစ်ရေသည် ခြောက်ခမ်းသွားခြင်းမရှိပေ။

သူ၏ခန္ဓာကိုယ်သည် နဂါးမျက်လုံးနှင့် ပေါင်းစည်းခဲ့သည်။ ထို့ကြောင့်ပင် သူ၏ ခန္ဓာကိုယ်သည် မေ့ပျောက်ခြင်းမြစ်နှင့် တစ်သားတည်းဖြစ်နေခြင်းဖြစ် သည်။

“ဒါဆိုရင် နဂါးမျက်လုံးကို မယူဘဲ အစ်ကိုပဲသွားရင်ရော”

ဝူလင်းယူ မျက်တောင်ခတ်လိုက်သည် “ကိုယ် အဲဒီ နည်းလမ်းကို အကြိမ် ပေါင်းများစွာ ကြိုးစားပြီးပြီ ဒါပေမဲ့ နဂါးမျက်လုံးကို လုံးဝထုတ်လို့မရဘူး.. အခု နောက်ပိုင်းကို နဂါးမျက်လုံးထုတ်ရမယ့် နည်းလမ်းတွေကိုစဉ်းစားနေခဲ့တာ”

***

All Chapters