ဘာမှလည်းလုပ်စရာမရှိဘူး
Vol. 134 Ch. 1868
အခုအချိန်တွင် ရှီမာယူယူသည် နဂါးမျက်လုံးအကြောင်းကို ပိုသိချင်လာ သည် “အစ်ကိုက အဲဒါနဲ့ပေါင်းစည်းနိုင်တာကို ဘာလို့ အဲဒါကိုမကိုင်တွယ်နိုင် တာလဲ”
“ကိုယ်လည်း မသိဘူးလေ” ဝူလင်းယူသည်လည်း တစ္ဆေလောကမှ ကိစ္စ များကို မသိပေ အရင်က သူသည် မေ့ပျောက်ခြင်းမြစ်နှင့် နဂါးမျက်လုံးကိုပင် မသိခဲ့ပေ။
“အဲဒီလူအိုကြီး ဟေးဒီးစ်တော့ သိမှာပဲ” ရှီမာယူယူ နှာမှုတ်လိုက်သည် “ညီမ သူ့ကိုမေးလိုက်မယ်”
သူမ ထတော့မည်အပြုတွင် ဝူလင်းယူသည် တားလိုက်ပြီး သူ့ပေါင်ပေါ် ပြန်ထိုင်ခိုင်းသည်။
“သူ့ကို သွားမရှာခင် ကိုယ့်ကိုအရင်ပြော… သူနဲ့ ဘယ်လိုသိတာလဲ ပြီးတော့ မင်းတို့ ဆက်ဆံရေးကလည်း ကောင်းတဲ့ပုံပဲ” ဝူလင်းယူသည် သူမကို ဖက်ထားပြီး လှုပ်ခွင့်မပေးပေ။
လေထဲတွင် ရှာလကာရည်အနံ့ထွက်နေသည်။
တကယ်တော့ ဝူလင်းယူ မပျော်မရွှင်ဖြစ်သည်ကို အပြစ်တင်၍မရပေ။ ရှီမာယူယူ မရဏာလောကသို့ ရောက်ပြီး နှစ်အနည်းငယ်သာရှိသေးသည် ဟေးဒီးစ်နှင့် မည်သို့များ ဆက်ဆံရေးကောင်းခဲ့သနည်း။ ထိုအရာများကိုကြည့် လျှင် သာမန် ဆက်ဆံရေးကောင်းရုံတင်မဟုတ်ပေ။ မဟုတ်လျှင် ဟေးဒီးစ် သည် သူမ၏ စွပ်စွဲမှုများနှင့် စောဒကတက်မှုများကို နားထောင်ပေးပြီး သူမကို စနိုးစနောင့်နှင့် ဝန်ခံမည်မဟုတ်သလို အားလုံးသည် သူမကို ‘သခင်မလေး’ ဟု ခေါ်မည်လည်းမဟုတ်ပေ။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး… ညီမ တစ္ဆေလောကကို ရောက်လာ ရမှာ ဒါပေမဲ့ ညီမဝိညာဉ်က အရင်က ကစဥ့်ကလျားကမ္ဘာကို ရောက်ခဲ့တာဆို တော့ မရဏာလောကကိုရောက်သွားတာ… ဟေးဒီးစ်က ပျင်းနေတာနဲ့ ညီမကို စိတ်ဝင်စားစရာကောင်းတယ်ဆိုပြီးတော့ ညီမကို မရဏာလောကမှာ ထားချင် တာ.. ညီမ အဲဒီမှာ နှစ်နည်းနည်းလောက်နေပြီးတော့ သူတို့နဲ့ သိလာတာပဲ… နောက်တော့ သူက ညီမကို မရဏာလောကရဲ့ သခင်မလေးအဖြစ် ကြေညာ လိုက်တာပါ” ရှီမာယူယူ ရှင်းပြလေသည်။
“မင်းကို မရဏာလောကရဲ့ မင်းသမီးလို့ခေါ်မယ့်အစား သခင်မလေးလို့ ခေါ်ကြတယ်… သူဘာတွေ လျှို့ဝှက်တွေးနေတာလဲ” ဝူလင်းယူသည် နှုတ်ခမ်း ကို တွန့်လိုက်သည်။ သို့သော် ထိုကလေးဆန်သော အပြုအမူသည် ချောမောလှ သော မျက်နှာတွင် ထင်ပေါ်ခြင်းမရှိသည့်ပုံပင်။
ရှီမာယူယူသည် ပြုံးကာ သူ့မျက်နှာကို ဖျစ်ပြီး ပြောလေသည် “ညီမက သူအသိအမှတ်ပြုထားတဲ့ သမီးမဟုတ်သလို ညီမလည်းမဟုတ်ဘူးလေ အဲဒါ ကြောင့် ဘယ်လိုလုပ် မင်းသမီးလို့ သတ်မှတ်မှာလဲ”
သူမသည် မရဏာလောကတွင် ထူးခြားသည့် သရုပ်မှန်ရှိရုံသာဖြစ်သည်။
“အဲဒါကြောင့်လေ… သူ့စိတ်ရင်းက မမှန်ဘူးလို့ ခံစားရတယ်” ဝူလင်းယူ သည် အေးစက်စွာ နှာမှုတ်လေသည် “ပြောဦး အဲလိုမဟုတ်ရင် သူက ဘာလို့ မင်းကို သခင်မလေးလို့ ခေါ်ခိုင်းတာလဲ”
“သူ့လို မကောင်းဆိုးဝါးအိုကြီးက ညီမကို ဘယ်လိုလုပ် ညီမလိုသမီးလို သတ်မှတ်မှာလဲ… သခင်မလေးလို့ခေါ်တာ ပုံမှန်ပဲမဟုတ်ဘူးလား” ရှီမာယူယူ သည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။ သူ့အတွက်တော့ အလွန်လေးနက် သည့် အကြောင်းအရာဖြစ်နေသည်။ သူမသည် အမှန်တကယ်ပင် ပြောစရာမရှိ တော့ပေ။
ဝူလင်းယူသည် မကောင်းဆိုးဝါးအိုကြီးဟု သူမ အခေါ်ကိုကြားလိုက် သည်နှင့် အရင်ကခံစားရသော ချဉ်စူးနေသမျှသည် ချက်ချင်းပင် ပျောက်သွား လေသည်။ သူသည် သူမ၏ ပါးကိုဖျစ်လိုက်ပြီး တောက်ပစွာ ပြုံးပြလေသည် “ယူယူ ပြောတာမှန်တယ် ယူယူပြောသမျှမှန်တယ်”
ရှီမာယူယူသည် သူမ၏ နှာခေါင်းကို ရှုံ့မဲ့လိုက်ပြီး သူ့ကို မျက်နှာချင်းဆိုင် ကာ သူ့ခန္ဓာကိုယ်မှ ဆင်းပြီး အတားအဆီးကို ပြန်ရုတ်သိမ်းကာ ပြောလိုက် သည် “ဟေးဒီးစ်ဆီကိုသွားပြီး နဂါးမျက်လုံးအကြောင်းကို အရင်မေးကြတာ ပေါ့”
သို့သော် သူတို့ ထွက်သွားချိန်တွင် ဟေးဒီးစ်ကို မမြင်ရဘဲ အရိပ်မည်းနှင့် ဟွမ်တို့ကိုသာ တွေ့ရလေသည်။
သူ့မှာ တကယ်ပဲ ဘာမှလုပ်စရာမရှိတော့ဘူးပဲ။
သူတို့ ထွက်လာသည်ကိုမြင်သည်နှင့် အရိပ်မည်းနှင့် ဟွမ်တို့သည် အနည်းငယ် အံ့ဩသွားသည်။ ပြီးနောက် သူတို့ ရုတ်တရက်ပြောလေသည် “မြန်လိုက်တာ”
ရှီမာယူယူသည် သူတို့ အံ့ဩနေသည့် တုံ့ပြန်ချက်ကို မြင်သောအခါ မျက်လုံးကို လှိမ့်လိုက်သည်။
“ဟေးဒီးစ်ရော” ရှီမာယူယူသည် ဟွမ်ကို မေးလိုက်သည်။ အနည်းဆုံး တော့ သူသည် ပို၍တည်ငြိမ်သည်။
“သခင်မလေး ခံစားရမှာစိုးလို့ အရှင်က တစ်လမ်းလုံးလာခဲ့ရတာ… ဒါပေမဲ့ သခင်မလေးအော်တာခံလိုက်ရပြီး မွန်းကြပ်သွားလို့ စိတ်ပြေလက် ပျောက် အပြင်ထွက်သွားတယ်” ဟွမ်သည် ပြုံးပြီး ပြောလေသည်။
ရှီမာယူယူသည် ဟွမ်၏ ပြုံးနေသော မျက်လုံးများကိုမြင်သောအခါ အဖြစ်အပျက်ကို သိသွားပြီးနောက် လေသံဖြင့် ပြောလိုက်သည် “သူက အသက်ဘယ်လောက်တောင်ရှိနေပြီလဲ… ဒီလောက်တောင် ကလေးဆန်တာ လား.. ဟေး ဒီမှာ ကျွန်မ စိတ်တိုနေတုန်းပဲ သူ အပြင်သွားချင်လည်း သွားပါစေ”
အားလုံးမှာ “…”
ရှီမာယူယူသည် ဝူလင်းယူ၏ လက်ကိုဆွဲပြီး ပြောလိုက်သည် “လင်းယူ ညီမလက်ရာကို မစားရတာ ကြာပြီမလား မဟုတ်ရင်လည်း မြစ်ကမ်းစပ်ကို သွားမယ် ညီမချက်ပေးမယ်”
ဝူလင်းယူသည် သူမ၏ အတွေးကိုသိသဖြင့် သူမ၏ ပြုံးနေသော မျက်လုံး များကိုကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပြီလေ ကိုယ် မင်းရဲ့ အရသာရှိတဲ့ အစားအသောက်တွေ မစားရတာကြာပြီ စားချင်နေပြီ”
“ဒါဆိုလည်းကမ်းစပ်ကို သွားကြတာပေါ့” ရှီမာယူယူသည် သူ့လက်ကို ယူပြီး ရေဆန်သို့သွားလိုက်သည်။
“အိုး အိုး သခင်မလေး ကျွန်တော်တို့ ကူညီပေးပါမယ်” အရိပ်မည်းသည် စကားဆုံးသည်နှင့် နောက်မှလိုက်ကာ ကူးခတ်သွားလိုက်သည်။ ဟွမ်ကတော့ ပြောစရာမလိုအောင်ပင် အရိပ်မည်းရှေ့သို့ ရောက်နေပြီဖြစ်သည်။
သူတို့ သွားသောနေရာမှာ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်ကာ ထိုနေရာသို့ မည်သူမှ မလာရဲကြပေ။ သို့သော် ရှီမာယူယူနှင့် အပေါင်းအပါများ အတွက်ကတော့ ထိုနေရာသည် တခြားနေရာများနှင့် ကွာခြားလှသည်မဟုတ် ပေ။
ရှီမာယူယူ ချက်ပြုတ်နေစဉ်တွင် ရှီမာယူယူသည် အရင်ကလိုပင် ဘေးမှ စောင့်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်သည် စကားပြောရင်းနှင့် တစ်ခါ တစ်ခါ ရယ်မောကြလေသည်။ သူတို့၏ စိတ်ပါလက်ပါအပြုံးများကြောင့် ဟွမ် နှင့် အရိပ်မည်းတို့သည် ခံစားချက်ပါပါ သက်ပြင်းချမိသည်။
“သခင်မလေး စိတ်ပါလက်ပါ ပြုံးရင် ဒီလိုမျိုးကိုး” အရိပ်မည်းသည် ရှီမာယူယူကို ကြည့်ပြီး သက်ပြင်းချလေသည် “ပြောရင်းနဲ့ သခင်မလေးက ဒီနှစ်တွေမှာ မပျော်မရွှင်ဖြစ်ခဲ့တာပဲ”
ဟွမ်သည် သူ့ကို ခပ်သဲ့သဲ့ကြည့်လိုက်သည်။ ဒီလူ အခုမှ ဒါကို သတိထား မိလိမ့်မယ်လို့ ထင်မထားဘူး။
“အင်း ပြီးခဲ့တဲ့နှစ်တွေမှာ သခင်မလေး မပျော်မရွှင်ဖြစ်လည်း ဖြစ်ချင်စရာ ပဲလေ.. သူမ အမေကိုလည်း မကယ်ရသေးဘူး တစ္ဆေလောကမှာ သူမဘာသာ ပဲ ကြိုးစားနေရတယ်… သူမ ဘေးမှာ ဆွေမျိုးနွယ် သူငယ်ချင်းတွေလည်းမရှိ ဘူး.. နောက်ဆုံးတော့ တစ်ယောက်နှစ်ယောက်လောက်တော့ တွေ့လာပါရဲ့ ဒီလိုကိစ္စတွေဖြစ်သွားတယ်… ဒီနှစ်တွေမှာ သခင်မလေးနဲ့ အတူနေလာတော့ သခင်မလေး ဘယ်လောက်တောင် စိတ်ဆင်းရဲလဲဆိုတာ ငါ သိလာခဲ့တယ်” ဟွမ်သည် ရှီမာယူယူအတွက် စိတ်မကောင်းဖြစ်မိသည်။ သို့သော် သူမ၏ လုံခြုံ ရေးကို ကာကွယ်ရုံအပြင် တခြားတတ်နိုင်သည့်အရာမရှိပေ။ သူမကို စိတ်ထဲမှ အမှန်တကယ် ပျော်ရွှင်အောင် လုပ်ပေးရန် နည်းလမ်းမရှိခဲ့ပေ။
ထိုအကြောင်းကို တွေးမိပြီး သူသည် ဝူလင်းယူကို ပို၍သဘောတွေ့စွာ ဖြင့် ကြည့်လိုက်သည်။ အနည်းဆုံးတော့ သူ၏ တည်ရှိမှုသည် သူမကို စိတ်ထဲ မှပါ ပျော်ရွှင်စေသည်။
“ဟေး သခင်မလေးကို စိတ်ထဲမှာနေရာပေးထားတဲ့လူက ငါပါနော်” အရိပ်မည်းသည် ဝူလင်းယူကို အားကျစွာဖြင့် ကြည့်ကာ အနည်းငယ် စိတ်ဓာတ်ကျနေသည်။
“ကဲပါ ငါတို့က သူနဲ့မတူဘူး အရမ်းကြီးတွေးမနေနဲ့” ဟွမ်သည် သူ့ပခုံးကို ပုတ်လိုက်သည်။
“ငါက သခင်မလေးအတွက် စိတ်မကောင်းလို့ပါ” အရိပ်မည်းပြောလေ သည် “သခင်မလေး သူမအမေကို ကယ်တဲ့ကိစ္စကို ကူညီမယ်လို့ ငါတို့အရှင်က ဘာလို့မပြောတာလဲ”
“မင်းက မရဏာလောကရဲ့ စည်းမျဉ်းကိုမေ့သွားပြီလား မရဏာလောက က တစ္ဆေလောကရဲ့ ကိစ္စတွေကို ဝင်ပါလို့မရဘူး” ဟွမ် ဆူငေါက်လိုက်သည်။
“အဲဒါတောင် မင်းက သုန်းမျိုးနွယ်ကို ဖျက်ဆီးလိုက်တယ်ပေါ့” အရိပ် မည်းသည် အသံတိုးတိုးဖြင့် ပြန်ပက်သည်။
“အဲဒါတူပါ့မလား.. အဲဒါက ငါတို့သခင်မလေးကို လာအနိုင်ကျင့်နေတာ လေ… ငါက မရဏာလောကရဲ့ သခင်မလေးကို ကာကွယ်နေတာ” ဟွမ်သည် မောက်မာသည်။
“ဒါဆို ဒါလည်းအတူတူပဲလေ” အရိပ်မည်းသည် ကွာခြားသည်ဟု မထင် ပေ။
“သခင်မလေးရဲ့အမေကို ဖိနှိပ်တဲ့ကိစ္စက တစ္ဆေလောကမှာ အများကြီး ပတ်သက်နေတယ်ဆိုတာကို အရှင် စစ်ဆေးခဲ့တာတာပဲ… ငါတို့သာ အစက တည်းက ရှေ့ထွက်လိုက်ရင် ပြဿနာတွေ အများကြီးဖြစ်သွားလိမ့်မယ်” ဟွမ် ပြောလေသည်။
“ဒါဆိုရင် အရှင်က သခင်မလေး သူမအမေကို သွားကယ်တဲ့အထိ စောင့် ပြီးမှ လှုပ်ရှားမှာလား” အမြဲနှေးကွေးတတ်သော အရိပ်မည်းသည် ဤတစ်ကြိမ် တွင် ဟွမ်၏ လေးစားမှုကိုဖြစ်စေသည့် အဓိကအချက်ကို ပြောခဲ့လေသည်။
“ဒါကို တွေးဖို့က မင်းအတွက် ခက်သေးတယ်” ဟွမ် ပြောလိုက်သည် “တစ္ဆေလောကကို ဝင်ပါဖို့က ငါတို့ရဲ့ပထမဆုံးအလုပ်ပဲ သူတို့က သခင်မလေး ကို အနိုင်ကျင့်ရဲရင် မရဏာလောကရဲ့ မျက်နှာကိုဖြတ်ရိုက်လိုက်တာပဲ.. အဲလို ဆိုရင် ငါတို့က သခင်မလေးကို ကာကွယ်ရမှာပဲ”
“ဟားဟား အဲဒါကောင်းတယ်” အရိပ်မည်းသည် ရုတ်တရက် ရယ်မော လိုက်ရာ ရှီမာယူယူနှင့် ဝူလင်းယူတို့လှမ်းကြည့်သဖြင့် သူ အမြန်ပင် မျက်နှာပိုး သတ်လိုက်သည်။
“ပြီးတော့ အရှင်က ဘာမှလုပ်စရာမရှိလို့ ပျင်းနေတာလေ၊ သခင်မလေး ကြီးပြင်းတာကို သူ ကြည့်နေရရင် လုပ်စရာတစ်ခုခုတွေ့သွားတာပေါ့၊ သခင်မ လေးရဲ့ အမေကို တိုက်ရိုက်ကြီးသွားကယ်လိုက်ရင် အရှင်က ထပ်ပြီး ပျင်းစရာ ကောင်းသွားမှာပေါ့” ဟွမ် ထပ်ပြောလေသည်။
အရိပ်မည်း၏ နှုတ်ခမ်းထောင့်မှာ တွန့်တက်သွားသည်။ အဲဒါကမှ တကယ့်အကြောင်းအရင်းပါလို့ သူဘာလို့ခံစားမိနေတာလဲ။
***