နေရခက်ခြင်း
Vol. 134 Ch. 1869
ဟေးဒီးစ်ရောက်လာချိန်တွင် ရှီမာယူယူ ချက်ပြုတ်ပြီးစီးကာ အားလုံးမှာ စတင်စားသောက်နေပြီဖြစ်သည်။
ဟွမ်နှင့် အရိပ်မည်းတို့သည် သူ့ကိုမြင်သောအခါ ချက်ချင်းပင် မတ်တတ် ထပြီး အရိုအသေပြုလေသည်။ ဆန့်ကျင်ဘက်အနေနှင့် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် မလှုပ်မယှက်ဆက်ထိုင်နေသည်။
ဟေးဒီးစ်သည် သူမ၏ အပြုအမူကိုမြင်သောအခါ ဒေါသထွက်သွား သော်လည်း သူမ သူ့ကိုစိုက်ကြည့်သည်ကို မြင်သည်နှင့် ချက်ချင်းဆိုသလိုပင် အပြစ်ကိုခံစားရသဖြင့် တုန်လှုပ်သွားပြန်သည်။
ဒီကိစ္စက… သူ အမှားလုပ်မိတာ မှန်ပေမဲ့ အခုလိုမျိုးကြီး စိုက်ကြည့်နေဖို့ မလိုပါဘူး။
ရှီမာယူယူသည် စကားမပြောပေ။ ဟေးဒီးစ်သည် ထိုနေရာတွင်ရပ်နေပြီး ဆက်မသွားပေ။ ထို့နေကြာင့် အရိပ်မည်းနှင့် ဟွမ်တို့သည် ထိုင်ပြီးမစားရဲကြ ပေ။ အားလုံးသည် တောင့်တင်းနေကြသည်။
ဝူလင်းယူသည် သက်ပြင်းချပြီး ပြောလိုက်သည် “ယူယူက ဟင်းတွေ ချက်ထားတာ ဟေးဒီးစ်လည်း အတူသုံးဆောင်ဦးမလား… ယူယူက အများကြီး ပြင်ပေးထားတယ်… ဝိုင်ကောင်းကောင်းတောင် ရှိသေးတယ်”
ရှီမာယူယူ ဘာမှမပြောသည်ကို ဟေးဒီးစ် မြင်သောအခါ ခေါင်းညိတ်ပြီး နောက် ရှီမာယူယူနှင့် မျက်နှာချင်းဆိုင်ထိုင်သည်နှင့် အရိပ်မည်းသည် ချက်ချင်း ပင် သူ့ကို ဝိုင်ထည့်ပေးလေသည်။
“အရှင် ဒီဝိုင်က သခင်မလေးအရင်က ပြောဖူးတဲ့ဟာလေ အရသာက တကယ်ကောင်းတယ် သောက်ကြည့်ပါဦး” အရိပ်မည်းသည် စိတ်ထက်သန်စွာ ဖြင့် ပြောလေသည်။
“အရသာကောင်းတယ်ဆိုတာ မင်းသိတယ်ပေါ့… ဒါဆို ဆိုလိုတာက မင်း သောက်ပြီးသွားပြီပေါ့” ဟေးဒီးစ်သည်သူ့ကို စိုက်ကြည့်လိုက်ရာ သူသည် ချက်ချင်းပင် အေးခဲသွားလေသည်။
သူ၏ နှုတ်ခမ်းမှာတွန့်တက်သွားပြီး အားကျသော မျက်နှာထားဖြင့် “ကျွန်တော်က သောက်ချင်တာပေါ့ဗျာ… ဒါပေမဲ့ ကျွန်တော်က သခင်မလေး နောက်မှမလိုက်ရတာ… ဘယ်သူသောက်ရလဲလို့ မေးရင်တော့ ဟွမ်ပဲဖြစ်မှာပဲ ကျွန်တော်က ဝိုင်ကရားဖွင့်တော့ အနံ့ရလိုက်ရုံတင်ပါ”
“မင်းတော့ တဲပုတ်ကို စောင့်ကြပ်ချင်နေတယ်လို့ ငါထင်နေတာ” ဟေးဒီးစ်သည် အေးစက်စွာ နှာမှုတ်လေသည်။
အရိပ်မည်း၏ ခန္ဓာကိုယ်သည် တစ်ခဏအတွင်း တောင့်တင်းသွားသည်။ အရှင်က အဲဒီအကြောင်းကို သိနေတာပဲ။ အိုး မဖြစ်ဘူး ငါတော့ အဆုံးသတ်ပြီ။ အရှင့်ရဲ့ ပုံစံကိုကြည့်ရတာတော့ သူ ဒီစာရင်းကို နောက်ကျရှင်းမယ့်ပုံပဲ။
ဟေးဒီးစ်ပြောပြီးနောက် သူ့ကိုလျစ်လျူရှုကာ ဝိုင်ခွက်ကို ကောက်ကိုင် ပြီးနောက် အရသာခံလိုက်သည်။ သူပြောသလိုပင် အမှန်တကယ် အရသာ ကောင်းသည်။
ရှီမာယူယူသည် သူ့ကို ဂရုမစိုက်ဘဲ ဝူလင်းယူနှင့်အတူ စားနေလိုက်၏။
နှစ်ဖက်လုံး စတင်စားနေသည်ကို အရိပ်မည်းနှင့် ဟွမ်တို့မြင်သောအခါ သူတို့ရှေ့မှ အစားအသောက်များကို စတင်နှိုက်တော့သည်။
ဟေးဒီးစ်သည် အစားအသောက်များကို နှစ်ခြိုက်စွာစားလေသည်။ ဝူလင်းယူကို ပြုံးပြီး အစားအသောက်များထည့်ပေးနေသော လူတစ်ယောက်ကို သူ ခါးသီးစွာကြည့်လိုက်သည်။ သူ အကြိုက်ဆုံး ပုစွန်မှာ အရသာမရှိတော့ပေ။
ဒီကောင်မလေးက ဆက်စားနေတာပဲ။ သူ တကယ်ဒေါသထွက်ပြီး ဒီကမ္ဘာမှာ သူမကို ကာကွယ်မယ့်သူမရှိမှာကို မကြောက်ဘူးလား။
သို့သော် သူမသည် မကြောက်ပေ။
သူ သူမကို ဘာမှလုပ်မှာမဟုတ်ဘူးဆိုသည်ကို သိသည်။
သို့သော်… သူသည် သူမကို အပြစ်မပေးပေ။ သူမသည် သူမ၏ အမှားကို နည်းနည်းမှမမြင်ပေ။ ဝူလင်းယူနှင့် ပတ်သက်သည့်ကိစ္စမှာတော့ သူသည် ဝူလင်းယူနှင့် သူမကို မတွေ့စေလိုသဖြင့် ပိတ်ပင်မှုများပြုလုပ်ခဲ့ခြင်းမှာလည်း သူ့အကြောင်းနှင့်သူရှိသည်။ သို့သော် တကယ်တော့ တကယ့်အကြောင်းအရင်း မှာလည်း သူ သူမကိုကာကွယ်ရန်အတွက် အားကောင်းလာစေခြင်းသာဖြစ် သည်။
ဒီလောက် ကြင်နာတတ်တဲ့ နှလုံးသားရှိတာ… သူမက သူ့ကို ဒေါသထွက် နေသေးတယ်… ဟင်း သူ ခံပြင်းတယ်… သူမက ဒီလောက် အကျိုးသင့် အကြောင်းသင့်မရှိဘဲ သူ့အသည်းကိုခွဲသွားပြီ။
ဒါပေမဲ့ ဘာလို့လဲ… သူက သူမကို ဘာလို့အပြစ်မပေးနိုင်တာလဲ။
ထိုမေးခွန်းကို တစ်ခါမက စဉ်းစားခဲ့သည်။ သို့သော် အဖြေကိုတော့ မတွေ့ပေ။
သူသည် သူမကို ချစ်နေပြီဟု တစ်ခါက တွေးလိုက်မိသည်။ သို့သော် ထပ်ခါထပ်ခါ အတည်ပြုပြီးနောက် ထိုအရာသည် အချစ်ဆိုသည့် ခံစားချက် မဟုတ်ပေ။
သူမအပေါ်တွင် ဆွေမျိုးတစ်ယောက်ကဲ့သို့ သံယောဇဉ်ရှိခြင်းဟု တွေးခဲ့ သေးသည်။ သို့သော် သူ့တွင် ဆွေမျိုးမရှိခဲ့ရာ ထိုသို့ခံစားချက်လည်း မရှိနိုင်ပေ။
သူသည် သူမကို အလွန်နှစ်သက်ပုံပေါ်သည်။ သူ့အတွက် အရေးမပါသည့် ကိစ္စကိုပင် သူမအတွက် လုပ်ပေးရသည်ကို သဘောကျသည်။ ယခုလိုပုံစံဖြင့် သူမနောက်လိုက်ရသည်ကို ပျော်သည့်ပုံပင်။
ဟိုးအရင်က သူထိုအတိုင်း ခံစားဖူးသည်ထင်သည်။ သို့သော် ကြာလှပြီ ဖြစ်သဖြင့် သူသည် ထိုအရာကိုမေ့နေခဲ့သည်။
အဲဒါတော့မဟုတ်သေးဘူး။ သူက ငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့ ဘောင်းဘီ အရောင်ကိုတောင် မှတ်မိသေးတာ။ အဲဒါဘာလဲဆိုတာကို ဘာလို့မမှတ်မိရတာ လဲ။ သူက လူလား တစ္ဆေလားဆိုတာကို လုံးဝမမှတ်မိဘူး။
အဲဒါဘာလဲ။ ဘာလို့ သူက မမှတ်မိရတာလဲ။
သူ အတွေးတွင်နစ်မြောပြီး အစားအသောက်များကို ငေးငိုင်စွာကြည့်နေ သည်ကို ရှီမာယူယူမြင်လိုက်ရသည်။ သူမသည် စိတ်ထဲမှ သက်ပြင်းချပြီ နောက် ပြောလိုက်သည် “ဒါနဲ့ ဟွမ် အရိပ်မည်း မင်းတို့တွေက မရဏာလောက မှာ အကြာကြီးနေလာတာဆိုတော့ မေ့ပျောက်ခြင်းမြစ်ကို ကောင်းကောင်းကြီး နားလည်ကြမှာပေါ့ ဟုတ်လား”
သူတို့၏ အရှင်မှာ အတွေးတွင် နစ်မြောနေသည်ကို ဟွမ်နှင့် အရိပ်မည်း တို့နှစ်ယောက်လုံး သတိထားမိသဖြင့် ဤနေရခက်သော အခြေအနေကြီးကို မည်သို့ လိုက်ညှိရမည်ကို စဉ်းစားနေစဉ်မှာပင် ရှီမာယူယူ၏ မေးခွန်းကို ကြား လိုက်ရသည်။
“မေ့ပျောက်ခြင်းမြစ်… ဟုတ်တယ် သိတာပေါ့ ဘာလို့မေးတာလဲ” အရိပ်မည်းသည် ပြန်ဖြေလေသည်။
“နဂါးမျက်လုံးကို သိကြလား” ရှီမာယူယူ ထပ်မေးပြန်သည်။
သူမည် အရိပ်မည်းကို မေးလိုက်သော်လည်း အာရုံမှာတော့ ဟေးဒီးစ် အပေါ်တွင်ရှိနေသည်။ ထို့ကြောင့် သူ လှမ်းကြည့်သည်ကို သူမ မြင်သောအခါ ချက်ချင်းပင် တစ်ဖက်သို့ ကြည့်ချင်ယောင်ဆောင်ရင်းနှင့် သူမ၏ နှုတ်ခမ်းမှာ တွန့်တက်သွားလေသည်။
အရိပ်မည်းနှင့် ဟွမ်တို့နှစ်ယောက်လုံးသည် သူမ၏ မေးခွန်းကြောင့် မှင်တက်သွားကြသည်။ သူတို့သည် ဝူလင်းယူနှင့် မေ့ပျောက်ခြင်းမြစ်တို့၏ ပေါင်းစပ်ခြင်းကို ရှင်းလင်းစွာသိထားရာ ထိုမေးခွန်း၏ ရည်ရွယ်ချက်ကိုလည်း သိသည်။ သို့သော် သူတို့နှင့် အဆက်အစပ်မရှိဖူးသည့် အရာတစ်ခုကို မည်သို့ နားလည်နိုင်မည်နည်း။ မဟုတ်လျှင် ဝူလင်းယူနှင့် နဂါးမျက်လုံးတို့ ပေါင်းစပ် သွားသည်ကို အရိပ်မည်းသည် မတတ်သာဘဲ ဘာလို့ကြည့်နေဦးမည်နည်း။
“နဂါးမျက်လုံး… သခင်မလေး အဲအကြောင်းကိုတော့ ကျွန်တော်တို့ တကယ်မသိဘူး.. ဒီအကြောင်းကိုတော့ အရှင့်ကိုမေးကြည့်လိုက်ပါ” ဟွမ်သည် ဟေးဒီးစ်နှင့် သူမတို့ ပြန်ပြေလည်စေရန် နည်းလမ်းရှာနေသည်။
ဟွမ် ပြောလိုက်သည့်စကားကို ဟေးဒီးစ်ကြားသောအခါ ‘ဒီကောင်က တော့ အားကိုးလို့ရသေးတာပဲ အရိပ်မည်းကိုတော့ သူ့တဲပုတ်ကို ပြန်ပြီး စောင့် ကြပ်ခိုင်းရမယ်’ ဟု စိတ်ထဲမှရေရွတ်မိလေသည်။
သူသည် ရှီမာယူယူကို စိုက်ကြည့်လိုက်သည်။ သူမ စကားစမပြောခင် သူ ဘာမှမပြောပေ။
ရှီမာယူယူနှင့် ဟေးဒီးစ်တို့သည် နှစ်အနည်းငယ်သာ အတူနေခဲ့ သော်လည်း သူ၏ ဒေါသကို သူမနားလည်သည်။ အေးစက်စွာဖြင့် နှာမှုတ် ပြီးနောက် သူမ ပြောလိုက်သည် “ဟေးဒီးစ် ရှင်က မရဏာလောကရဲ့ ဘုရင်ပဲ ရှင်အကုန်လုံးကိုသိမှာပေါ့ နဂါးမျက်လုံးရဲ့ ဇစ်မြစ်ကဘာလဲ၊ လင်းယူက အဲဒါနဲ့ မိုင်ထောင်ချီခွာပြီး နေလို့မရဘူး”
သူမ အရင်ပြောလာသည်ကို ဟေးဒီးစ်မြင်သောအခါ မှုန်သုန်မနေတော့ ဘဲ သူမနောက်လိုက်ပြီး အေးစက်စွာ နှာမှုတ်ပြီး ပြောလိုက်သည် “မင်းက မရဏာလောကမှာ ဒီလောက်နှစ်တွေ အကြာကြီးနေလာတာ မရဏာလောက အကြောင်းကို ဘာမှမသိသေးဘူးပဲ နောက်ဆုံးတော့ မင်းကို နေရာတွေ အများ ကြီးခေါ်သွားပေးတာ အသုံးမဝင်တော့ဘူး”
သူသည် မေ့ပျောက်ခြင်းမြစ်ကမ်းဘေးသို့ ခေါ်မလာဘဲနဲ့ နဂါးမျက်လုံး အကြောင်းကို ဘယ်လိုသိမလဲဟု ရှီမာယူယူ ပြောချင်မိသည်။ သို့သော် သူ နဂါး မျက်လုံးအကြောင်း သိနေသည်ကို တွေးမိပြီး ပြောမည့်စကားများကို နှုတ်ဖျား ထိပ်ရောက်ပြီးမှ ပြန်မျိုချလိုက်ရသည်။
“နဂါးမျက်လုံးက အရှုပ်အထွေးတွေကြားထဲက ကောင်းကင်နဲ့မြေကြီး စဖြစ်ပေါ်လာတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ပစ္စည်းပဲ… အဲဒါက ကောင်းကင်နဲ့ မြေကြီးကနေ ခွဲထွက်လာတဲ့အခါမှာ မေ့ပျောက်ခြင်းမြစ်ရဲ့ အုတ်မြစ်ဖြစ်လာ တယ်… အဲဒါက သူ့ဝိညာဉ်နဲ့ ပေါင်းစပ်လိက်ပြီဆိုတော့ ဝေးဝေးမသွားနိုင်တာ သဘာဝပဲ” ဟေးဒီးစ် ပြောလိုက်သည်။ စကားများထဲတွင် ဝင့်ကြွားမှုများ ရှိမနေပေ။
ဟင်း… ဘယ်သူက ငါ့ကို ဒေါသထွက်ခိုင်းလို့လဲ။ ယောက်ျားတစ်ယောက် အတွက်နဲ့ ဘယ်သူက ငါ့ကိုစိတ်ကောက်ခိုင်းလဲ။ ဟားဟား အခုတော့ မင်း စိတ်ပူနေရပြီ။
ရှီမာယူယူသည် သူပြောသည့်စကားကို ကြားလိုက်သည်နှင့် သူအတွေး ကိုသိလိုက်သဖြင့် မျက်လုံးလှိမ့်လိုက်သည်။
“ဒါဆိုလည်း ကောင်းပြီလေ လင်းယူ ရှင်က နဂါးမျက်လုံးကနေ ခွာမရမှ တော့ နဂါးမျက်လုံးကိုယူလာလိုက်တော့… ဒါဆိုရင် ခွဲမနေရတော့ဘူး” ရှီမာယူယူသည် ထိုအရာမှာ နည်းလမ်းကောင်းဟုတွေးပြီး နဂါးမျက်လုံးကို နောက်မှ ကြည့်ရန်စီစဉ်လိုက်သည်။
နဂါးမျက်လုံးသည် ကောက်ယူ၍မရနိုင်ကြောင်းကို ဝူလင်းယူသည် သူမ ကို သတိပေးချင်သည်။ သို့သော် သူမ ပုံစံကိုကြည့်ရသည်မှာ တခြားရည်ရွယ် ချက်ကြောင့် ပြောခြင်းဖြစ်မည်ဟု တွေးလိုက်သည်။
“ဝူလင်းယူ စမ်းကြည့်ပြီးသား မဟုတ်လား… ဒီနဂါးမျက်လုံးကို ကောက် သွားလို့မရဘူး… လုပ်ကြည့်လည်း ဘာအသုံးဝင်မှာလဲ” ဟေးဒီးစ်သည် သူမကို စိုက်ကြည့်ပြီး သူမ၏ စိတ်ပျက်သွားသော မျက်လုံးများကို ကြည့်ရန်ကြိုးစား သည်။ သို့သော် သူမ၏ မျက်လုံးများမှ စူးစူးရှရှစိုက်ကြည့်နေသည်နှင့်သာ သွားဆုံလေသည်။
***