← Chapters

အခန်း ၁၉၆၀

Vol. 132 Ch. 1960

အခန်း ၁၉၆၀

Vol. 132 Ch. 1960

အပိုင်း (၁၉၆၀)

ကျွင်းချောင်ရှောင်းသည် နတ်မီးလောင်ချိုင့်ထဲတွင် ပိတ်လှောင်ခြင်းကို ခံခဲ့ရ၏။ ပြိုင်စံရှားဂိုဏ်းသည် လက်ရှိ အခြေအနေတွင် ဦးဆောင်သူမရှိသလို ဖြစ်လို့နေ၏။ နှင်းဆီဧကရီသည် တိုက်ပွဲကို ဦးဆောင်ရမှာဖြစ်သည်။ သို့ပေမဲ့ သူမသည် သူမယောက်ျားနှင့် ပေါင်းစပ်ထားခဲ့သည်ဖြစ်သောကြောင့် တခြားသောဂိုဏ်းသားများကို အမိန့် ပေးရန် မတတ်နိုင်ချေ။

လက်ရှိအခြေအနေမှာတော့ ယွမ်ဖန်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီ;နောက် သူ၏ ဒုဂိုဏ်းချုပ် ဟူသော ကျောက်စိမ်းပြားကို ထုတ်ယူကာဖြင့် ပထမဦးဆုံးသော အမိန့်အာဏာကို ထုတ်ဖော်ပြသခဲ့၏။ မှန်ပေသည်။ ၎င်းသည် ပြိုင်စံရှားဂိုဏ်း၏ ဒုဂိုဏ်းချုပ်တစ်ယောက် ဖြစ်လေ၏။

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် ဤကြီးလေးလွန်းလှသော တာဝန်များကို သူ့အပေါ် ပေးအပ်ထားခဲ့ ပြီးသား ဖြစ်၏။ ဒုတိယဂိုဏ်းချုပ်တစ်ယောက်၏ တာဝန်ဝတ္တရားသည် ပေါ့သေးသေး မဟုတ်ချေ။ ဂိုဏ်းချုပ် ကဲ့သို့ အလုံးစုံသော အခွင့်အာဏာကို မပိုင်ဆိုင်ဘူး ဆိုလျှင်တောင်မှ ဂိုဏ်း၏ အတွင်းရေးကိစ္စ တော်တော်များများ နှင့် အခြေအနေ တော်တော်များများ တို့ကို ရင်ဆိုင်ဖြေရှင်းခဲ့ရ၏။ ထို့ကြောင့် ဂိုဏ်းအတွက် လိုအပ်သည့် နံပါတ်တစ် တောက်တိုမယ်ရဟူပင် သတ်မှတ်နိုင်သည်။

ကံကောင်းစွာဖြင့် ယွမ်သခင်လေးသည် ဤနှစ်ပိုင်းအတွင်း သူ၏တာဝန်များကို အလုံးစုံ ပြည့်စုံအောင် ဖန်တီး နိုင်ခဲ့သည်။ သူ၏ လုပ်ဆောင်နိုင်မှု စွမ်းအင်သည် အများ လက်သင့်ခံနိုင်လောက်သည့်အရာပင်။

ဟုတ်ပေ၏။ ဒုဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာပြီးသည့်နောက် သူသည် ဂိုဏ်း၏ အတွင်းရေးကိစ္စရပ်များနှင့် ငွေကြေးပိုင်းဆိုင်ရာ အသုံးပြုပုံမျိုးတွင် စီးစီးကပ်ကပ်ဖြင့် အမိန့်ချမှတ်ခြင်းကို ပြုမူခဲ့၏။ အထူးသဖြင့် စိတ်ဝိညာဉ်သားရဲဟောခန်းနှင့် ဟောခန်းသခင်ကျိတို့ပင်။

အားလုံးသောသူတို့သည် စည်းကမ်းတကျဖြင့် ပြုမူဆောင်ရွက်တတ်သည့် လူသားများကဲ့သို့ပင် ပြောင်းလဲ လာခဲ့ကြသည်။

ယွမ်သခင်လေးကိုလည်း တခြားသောသူများကို အနိုင်ကျင့်သည်ဟု အပြစ်တင်၍ မရချေ။ အဓိကအားဖြင့် သားရဲမျိုးနွယ်ဆိုသည်မှာ လူသားမျိုးနွယ်များနှင့် ကွာခြားလွန်းလှ၏။ ထို့ကြောင့် ၎င်းတို့၏ တွေးပုံတွေးနည်းနှင့် လုပ်ဆောင်နိုင်မှုများသည် ထိုကဲ့သို့ ကြပ်မတ်ထားမှသာလျှင် တာဝန်ဝတ္တရားဆိုသည့် သဘောတရားကို နားလည် လာမှာဖြစ်၏။

ဟောခန်းသခင်ကျိသည် တစ်ဖက်လူ၏ ကြိုးစားပေးမှုကို နားလည်နိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် နှလုံးသားထဲတွင် ကြိတ်ကာ ဒေါသတရားများ ဖြစ်ပွားခဲ့၏။ အထူးသဖြင့် အားလုံးသောသူများ ခွက်ကို ရိုက်ခွဲနေသည့်အချိန်တွင် ဘာတစ်ခုမှ မပြောခဲ့သော်လည်း စိတ်ဝိညာဉ်သားရဲဟောခန်း ခွက်ကို ရိုက်ခွဲချိန်မှာတော့ စာအုပ်ကို ထုတ်ကာ မှတ်သားခြင်းကို ပြုလုပ်ခဲ့သည်။ ဤအရာမှာ လွန်လွန်းလှသည်။ ထို့ကြောင့် ခရမ်းရောင်သခင်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။

ကံကောင်းစွာဖြင့် ဂိုဏ်းချုပ်သည် ဂိုဏ်းထဲ၌ မရှိချေ။ အားလုံးသော သူတို့သည် ကောင်းကင်ယံ၌ တုန်ခါလျက် ရှိနေသည့် တော်ဝင်အစီအရင်ကြီးကို ကြည့်ရှုနေသည်။

ခရမ်းရောင်ဘုရင်သည် ချက်ချင်းပဲ မြေပေါ်တွင်ရှိနေသည့် အုတ်ခဲတစ်ခုကို ကောက်ယူလိုက်၏။ အသာ ခြေဖျား ထောက်ကာလှမ်းသွား၏။

ဟူး ဟူး

ခြေလှမ်း လှမ်းလိုက်သည့်အချိန်တွင် များပြားလွန်းလှသည့် နာကျည်းမှုနှင့် ဒေါသတရားများသည် သူ၏ နှလုံးသား ထဲတွင် ဖြစ်တည်နေ၏။ သူသည် အားအင်မျာကို ကျောက်ခဲထဲသို့ ထည့်သွင်းထားခဲ့သည်။

တစ်လှမ်း၊ ဆယ်လှမ်း.. ယွမ်သခင်လေးနှင့် တဖြည်းဖြည်း နီးကပ်လာ၏။

ဆွစ်

ဟောခန်းသခင်ကျိသည် အသာခုန်ပြီးသည့်နောက် လက်ထဲတွင် ရှိနေသည့် ကျောက်တုံးကို အသာလွှဲယမ်း လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် တင်းမာခက်ထန်သည့် အမူအရာများ ပြည့်လျက်ရှိ၏။ “ခွေးယွမ်ဖန်... ဒီဟောခန်းသခင်ဆီက အုတ်ခဲကို ယူစမ်း”

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ခရမ်းရောင်ဘုရင် အနေနှင့် ဤကဲ့သို့ ပြုလုပ်လိုက်သည့်အချိန်တွင် ဖြစ်ပေါ် လာမည့် အကျိုးဆက်များကို အစောကြီးကတည်းက တွေးတောထားပြီးဖြစ်၏။ အဆိုးဆုံးအနေနှင့် သူသည် ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်ခြင်းကို ခံရပေမည်။ သို့ပေမဲ့ လက်ရှိအချိန်တွင် တစ်ဖက်လူကို အုတ်ခဲဖြင့် မထုနှက်ဘူးဆိုပါက သူ၏ ဒေါသတရားများကို မည်ကဲ့သို့ ဖိနှိပ်ထားရတော့မည်နည်း။

ရွှီး

ဟောခန်းသခင်ကျိသည် အသာခုန်ပြီး အုတ်ခဲကို လွှဲယမ်းလိုက်သည့်အချိန်မှာတော့ ယွမ်သခင်လေးသည် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ဂိုဏ်း၏ဝတ်စုံသစ်ကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီဖြစ်ပြီး ဒုဂိုဏ်းချုပ်ဆိုသည့် ကျောက်စိမ်းပြားကို ထုတ်ယူခဲ့ပြီးပြီ ဖြစ်၏။

ဟောခန်းသခင်ကျိသည် ကျောက်စိမ်းပြားကို မြင်၏။ ထိုအပေါ်တွင် ပြိုင်စံရှား ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဆိုသည့် စာသားကိုလည်း မြင်လိုက်ရသည်။

“ချီးတဲ့မှ... ဒီကောင် ဒုဂိုဏ်းချုပ် ပါလား။” ခရမ်းရောင် ဘုရင်သည် ဂိုဏ်းထဲတွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့သည်ဆိုသော်လည်း တစ်ဖက်လူမှာ ဒုဂိုဏ်းချုပ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဂရုစိုက်လှသူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ယွမ်ဖန်မှာ ဒုဂိုဏ်းချုပ် ဖြစ်သည်ကိုပင် သူ မေ့နေပြီဖြစ်၏။

ဘာလုပ်ရမလဲ။ ဆက်ပြီးတော့ ထုရမလား၊ မထုရဘူးလား။ ခန်းမသခင်ကျိတစ်ယောက် တွေဝေလျက် ရှိနေတုန်း မှာပဲ ယွမ်သခင်လေးသည် တစ်စုံတစ်ခုကို အာရုံခံမိပုံပေါ်၏။ အသာလှည့်ပြီးသည့်နောက် လေထဲတွင် လွင့်လာသော ခရမ်းရောင်ဘုရင်ကို ကြည့်ရှုကာ မေးလိုက်သည်။ “ခင်ဗျား ဘာလုပ်ချင်တာလဲ”

“ဟမ်” ဟောခန်းသခင်ကျိသည် လေထဲတွင် အေးခဲသွားခဲ့၏။

“ဟင်း”

သူ၏ တင်းမာခက်ထန်နေသည့် မျက်နှာသည် ပြေလျော့သွားခဲ့၏။ ပြီးနောက် တဆတ်ဆတ် တုန်ယင် နေသည့် အပြုံးဖြင့် ပြောလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး”

သူသည် ကြောက်လန့်သွားခဲ့၏။ ဆက်လက် ရိုက်နှက်ရန် မရဲတော့ချေ။

“အုတ်ခဲကြီးနဲ့ ဘာလုပ်နေတာလဲ”

ယွမ်သခင်လေးသည် သံသယအပြည့်နှင့် မေးလိုက်၏။ သူ၏ ခါးတွင် ချိတ်ထားသော တလက်လက် တောက်ပနေသည့် ဒုဂိုဏ်းချုပ်ဆိုသည့် စာတမ်းသာ မရှိပါက ဟောခန်းသခင်ကျိ သည် သူ့ကို တစ်ခုခု လုပ်တော့မည့်ပုံပင်။

တခြားနည်းလမ်းလည်း မရှိချေ။ ဤလူသည် ဒုဂိုဏ်းချုပ် ဖြစ်လို့နေခဲ့၏။ အုတ်ခဲနှင့်သာ သွားရောက်ကာ ထုမည် ဆိုပါက ဂိုဏ်း၏ သစ္စာဖောက်အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်၏။ ထျန်းယွမ်အကျဉ်းထောင် စေတီနှင့် ပြီးမည့်ပုံမပေါ်ချေ။

ယွမ်သခင်လေးသည် များများစားစား ဆက်၍ မစဉ်းစားတော့ချေ။ လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ကျုပ်ပြောသလိုပဲ လုပ်ကြမယ်”

“သေချာလား”

ထိုက်ရွှမ်အဘိုးအိုက ထပ်မေးလိုက်၏။ ဂိုဏ်းအကာအကွယ်အစီအရင်သည် ထာဝရလောကကြီး၏ ထောက်ပံ့မှုကို ခံထားရသည်ဖြစ်၏။ သို့ပေမဲ့ ထိုအရာကြီးကြောင့် အားလုံးသော သူတို့သည် စွမ်းအင်များ ကုန်ဆုံးလျက် ရှိနေသည်။ သို့ပေမဲ့ ဤအရာကို ပိတ်လိုက်သည်ဆိုသည်နှင့် ပြိုင်စံရှားဂိုဏ်း၏ စွမ်းရည်အဆင့်ကို အမှီအခိုပြုရန်သာ ကျန်တော့၏။

“သေချာတယ်” ယွမ်သခင်လေးက အတည်ပြုလိုက်၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ပြုလုပ်ရသည့်အတွက် သူသည် ဖိအားဒဏ်ကို ခံစားလျက်ရှိနေ၏။ ဂိုဏ်း၏ အကာအကွယ် အစီအရင်ကြီးသည် ထိခိုက်မှုကို ခုခံနိုင်သေးသည် ဆိုသည်မှာ မငြင်းပယ်နိုင်ပေ။ သို့ပေမဲ့ ထိုအရာကို တည်ရှိခြင်း အားဖြင့် များပြားလှသော ကလန်အသီးသီးမှ ကျင့်ကြံသူများ၏ အသက်ကို ထိခိုက်စေခဲ့သည်။ ထိုအရာကိုသာ မဖျက်ဆီးဘူးဆိုပါက လောကကြီးတစ်ခုလုံး ဖျက်ဆီးခံရသည်နှင့် ဘာမှထူးလိမ့်မည် မဟုတ်ချေ။

“ကောင်းပြီ” ထိုက်ရွှမ်အဘိုးအိုသည် ဒုဂိုဏ်းချုပ်၏ အမိန့်ကို နာခံလိုက်တော့၏။

“ဂိုဏ်းချုပ်”

ယွမ်သခင်လေးသည် ကောင်းကင်ပေါ်သို့ ကြည့်ကာ တွေးလိုက်သည်။ “ကျုပ်တွေးတာ မှန်ရဲ့လား”

မှန်ခြင်း၊ မှားခြင်းသည် အရေးမကြီးချေ။ လက်ရှိအချိန်မှာတော့ လိုအပ်နေသည်မှာ ၎င်းတို့အား ဦးဆောင်ပြီး အခြေအနေ အရပ်ရပ်ကို ကျော်ဖြတ်ပြီး အမိန့်ပေးနိုင်မည့် လူတစ်ယောက်ပင် ဖြစ်လေ၏။

“ဟောခန်းသခင်ရွှဲ”

“ရောက်ပါပြီ”

“တိုက်ပွဲအတွက် အဆင်သင့်ပြင်”

“ကောင်းပါပြီ”

“အားလုံး... တိုက်ပွဲအတွက် အဆင်သင့်ပြင်”

“ကောင်းပါပြီ”

ယွမ်သခင်လေးသည် အမိန့်များကို ဆက်တိုက်ဆိုသလိုပဲ ထုတ်လျက် ရှိနေ၏။ အနီရောင်ဆံပင်နှင့်လူသည် တော်ဝင်အစီအရင်ကြီးကို တိုက်ခိုက်ရန် ပြင်နေသည့်အချိန်မှာတော့ သူတို့အားလုံးသည် အဆင်သင့် ဖြစ်လို့ နေခဲ့၏။

ရွှီး

တောင်ထွတ်ပေါ်မှာတော့ လီချင်းယန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏လက်သည် မိုးကြိုး နှင့် လျှပ်စီးတန်းများ တဖြတ်ဖြတ်နှင့် လင်းလက်လျက် ရှိနေ၏။ သူ၏ဘေးတစ်ဖက်တွင်တော့ မိုးကြိုးကြံ့ သားရဲ ကြီးသည် လိမ္မာစွာဖြင့် ထိုင်လျက်ရှိနေ၏။ ၎င်း၏ မျက်လုံးများသည်လည်း တောက်ပလျက် ရှိနေ၏။ သူ၏ သခင်ကဲ့သို့ပင် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည့်ပုံပင်။

စုရှောင်မို၊ ရှောင်ကျီနှင့် တခြားသောသူများသည်လည်း တူညီစွာပင်။ အားလုံးသောသူတို့သည် လက်နက်အပြည့် ဝတ်ဆင်ထားခဲ့ကြပြီး ၎င်းတို့၏ ဘေးတွင် အသက်သွေးပဋိညာဉ်သားရဲများက တည်ရှိလို့ နေခဲ့၏။

တိတိကျကျ ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံး တို့သည် အပြင်ဘက်သို့ထွက်ကာ တိုက်ခိုက်ချင်စိတ်ကို မတားဆီးနိုင်ခဲ့ကြတော့ချေ။

သူတို့သည် အစီအရင်ကြီးကို သန်မာအားကောင်းစေရန် အလို့ငှာ များပြားလှသော ကလန်အသီးသီးမှ ကျင့်ကြံသူ များ သေဆုံးနေသည်ကို ဆက်လက်ကာ မကြည့်ရှုနိုင်ကြပေ။ ထိုအခြင်းအရာကို သတိပြုမိပြီ ဖြစ်သောကြောင့် ယွမ်သခင်လေးကလည်း တော်ဝင်အစီအရင်ကြီးကို ပိတ်ပင်ရန် ပြောဆိုခဲ့ခြင်းဖြစ်၏။ ထိုအရာသည် အားလုံး လိုချင်တောင့်တနေသည့် အရာမျိုးပင်။

“ဟင်း”

ဟယ်ဝူတီသည် သစ်ပင်ပေါ်မှ ခုန်ချလိုက်ပြီးသည့်နောက် သူ၏ပခုံးကို လှုပ်ခါကာပြောလိုက်၏။ “ဒီ တိုက်ခိုက်ပွဲက တကယ့်ကို ကြီးကြီးကျယ်ကျယ် တိုက်ခိုက်ပွဲမျိုးပဲ”

ဤကိစ္စ မည်မျှလေးနက်သည်ဖြစ်ကြောင်းကို သူက သိရှိ၏။ အစီအရင်ပိတ်သွားသည်နှင့်တပြိုင်နက် ပြိုင်စံရှားဂိုဏ်းနှင့် ထာဝရလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ အပြင်ဘက်သို့ ထွက်ကာဖြင့် ရှိသမျှ ရန်သူ များကို တိုက်ခိုက်ရတော့မှာဖြစ်သည်။

ကျွီ

ရီရှင်းချန်သည် တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်ပြီးနောက် တံခါးကို အသာပြန်ပိတ်လိုက်၏။ သူသည် ငြိမ်ငြိမ်သက်သက်နှင့် ထွက်လျှောက်လာခဲ့သည်။ ကျဲ့လင်းရောင် အိပ်ယာက နိုးထသွားမည်ကို စိုးရိမ်မိ၏။ သို့ပေမဲ့ ဤအမျိုးသမီးသည် သူထွက်သွားသည်နှင့် နောက်ဘက်ဆီမှ လှမ်းကာအော်လိုက်၏။ “သတိထားအုံးနော်”

“.........”

ရီရှင်းချန်သည် ရပ်တန့်လိုက်၏။ ပြီးနောက် လှည့်မကြည့်ဘဲ ပြောလိုက်သည်။ “ကောင်းပြီ”

“မမွေးခင်မှာ ကျွန်မကလေးကို ဖခင်မဲ့တဲ့ ကလေးတစ်ယောက် မဖြစ်ချင်ဘူး” ကျဲ့လင်းရောင်သည် ဦးခေါင်းကို ငုံ့ကာ ပြောလိုက်၏။

“စိတ်မပူနဲ့”

ရီရှင်းချန်က ပြောလိုက်သည်။ “ကျုပ် အသက်ရှင်ရက် ပြန်လာခဲ့မယ်”

ဤနေရာ၌ ဆက်လက်ကာ ကြာကြာနေမည်ဆိုပါက သူ၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်တော့မှာဖြစ်၏။ ထို့ကြောင့် သူသည် ခြံဝန်းထဲမှ အလျင်အမြန်ပဲ ထွက်လျှောက်လိုက်၏။ ဤလောကကြီးထဲတွင် သူသည် ပြန်လည်မွေးဖွားခြင်းဆိုသည့် အဓိပ္ပာယ်ကို နားလည်ခဲ့၏။ ထို့အရာသည် ချစ်ခြင်းတစ်ခုတည်း မဟုတ်ပေ။ သန့်စင်လွန်းလှသည့် မေတ္တာတရားများလည်း ပါဝင်လျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်းအတွက် သူသည် နောက်ဆုတ်ရန် ရည်ရွယ်ချက် လုံးဝမရှိချေ။

ခြံဝန်း၏ အနောက်ဘက် တောင်တစ်ခုပေါ်မှာတော့ ရှောင်ကျီသည် သူ၏ အလင်းဒိုင်းကာကြီးကို အသာထုတ် လိုက်၏။ ရီရှင်းချန် ထွက်လျှောက်လာသည်ကို မြင်ရချိန်မှာတော့ တောင်ပေါ်မှ အသာခုန်ချကာ ပြုံးလိုက်သည်။ “ဂျူနီယာညီလေး... ငါတို့ ဒီနေ့ စိတ်လိုလက်ရ သတ်ဖြတ်ကြတာပေါ့”

“ကောင်းပြီ”

ရီရှင်းချန်ကလည်း ပြုံးလိုက်၏။ ၎င်းတို့နှစ်ယောက်သည် အဓိကတောင်ထွတ်ဆီသို့ ဘေးချင်း ယှဉ်ကာ လျှောက်လာခဲ့ကြတော့၏။ တစ်ယောက်သည် လွီပုနှင့် ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီးပြီဖြစ်ပြီး တစ်ယောက် သည် စက်ရုပ်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့၏။

ဝှစ် ဝှစ်

စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများ အားလုံးသည်လည်း တစ်ယောက်ပြီးတစ်ယောက် အဓိကတောင်ထွတ် ပေါ်သို့ ရောက်ရှိလာခဲ့ကြ၏။ ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံးတို့သည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်လို့ နေခဲ့၏။ သေဆုံးရမည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် တိုက်ခိုက်ရပေတော့မည်။

“ရှင်းရောင်”

အားလုံး အဆင်သင့်ဖြစ်လို့နေသည့်အချိန်မှာတော့ ထိုက်ရွှမ်အကြီးအကဲသည် လေးလေးနက်နက် ပြောလိုက်၏။ “တော်ဝင်အစီအရင်ကြီးနဲ့ ဂြိုဟ်ရဲ့ မူလအရင်းအမြစ် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်တော့”

“ကောင်းပါပြီ”

ရှန့်ကွမ်းရှင်းရောင်သည် သူမ၏လက်ကို မြှောက်လိုက်၏။ ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် အလင်း မျက်နှာပြင်ပေါ်တွင် ရှိနေသည့် ခလုတ်ကို အသာနှိပ်ကာ ရပ်တန့်လိုက်သည်။

ဒွီ

ချက်ချင်းပဲ ဂြိုဟ်၏ဗဟိုတည်နေရာနှင့် တော်ဝင်အစီအရင်၏ ဗဟိုတည်နေရာ ချိတ်ဆက်မှုသည် ပြတ်တောက် သွားခဲ့တော့၏။ ထာဝရလောကကြီးတစ်ခုလုံးသည် လျှပ်စစ်မီး ဆုံးရှုံးခဲ့သလိုပင် ခဏတာ မှောင်အတိ ကျသွား ခဲ့၏။

ဝှစ် ဝှစ် ဝှစ်

တစ်ချိန်တည်းမှာပဲ အဓိကမြို့အသီးသီးတွင် ရှိနေသော အစီအရင်ချိတ်ဆက်ထားမှု အားလုံးသည်လည်း အသက်မဲ့ကုန် ကြ၏။ ထို့ကြောင့် မိမိကိုယ်မိမိ စတေးကာဖြင့် အစီအရင်ကြီးကို ထောက်ပံ့ရန် ပြင်နေကြသည့် များပြားလှသော ကလန်အသီးသီးမှ ကျင့်ကြံသူများအားလုံးတို့သည် ဆွံ့အကုန်ကြသည်။

“အသက်ကိုစတေးပြီး ကူညီကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

ယွမ်သခင်လေးသည် ၎င်း၏ စပီကာကြီးကို ထုတ်ယူကာဖြင့် ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ်တို့တာဝန် ထားလိုက်တော့”

“သတ်မယ်” ကျုံးရီသည် သူ၏ဓားကို ဆွဲထုတ်ကာဖြင့် အော်ဟစ်လိုက်၏။

ဆွစ် ဆွစ် ဆွစ်

ချက်ချင်းပဲ ရေတွက်လို့မရအောင် များပြားလှသည့် အလင်းတန်းများသည် ပြိုင်စံရှားဂိုဏ်း၏ အထက်တွင် ရောက်ရှိလာခဲ့ကြ၏။ ရေတွက်လို့မရအောင် များပြားလှသော ရွက်သင်္ဘောများသည်လည်း တည်နေရာကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့၏။ ထို့အပြင် မီးတောက်များ ထွက်ပေါ်လျက်ရှိနေသည့် ကျွဲရိုင်းစက်ရုပ်များလည်း ပါဝင်လေသည်။

ဂြိုဟ်ကြီးတစ်ခုလုံးတွင် ရှိနေသည့် သက်ရှိသတ္တဝါများအားလုံးသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း အံ့ချီးနပမ်း ဖြစ်လို့နေခဲ့၏။ များပြားလွန်းလှသည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ တပ်ဖွဲများကို ရင်ဆိုင်ရန်အတွက် ပြိုင်စံရှားဂိုဏ်းသည် ခုခံစစ်ကို မသုံးတော့ဘဲ တိုက်ရိုက် တိုက်ခိုက်ရန် စဉ်းစားခဲ့ပြီဖြစ်သည်။

ဤအရာသည် ခေတ်သစ်ကြီးတစ်ခုကို အလှည့်အပြောင်း ဖြစ်စေနိုင်သည့် ပထမဦးဆုံး ခြေလှမ်းများ ဖြစ်နေမည်လား။ မည်သူကမှ မသိနိုင်ချေ။

All Chapters