← Chapters

အခန်း ၁၉၆၁

Vol. 132 Ch. 1961

အခန်း ၁၉၆၁

Vol. 132 Ch. 1961

အပိုင်း (၁၉၆၁)

ဘုန်း ဘုန်း ဘုန်း

ထာဝရလောကကြီး၏ အပြင်ဘက်တွင်တော့ များပြားလွန်းလှသည့် အမြှောက်ဆံများသည် ရပ်နားရန် ရည်ရွယ်ချက် မရှိဘဲ ဆက်တိုက်ဆိုသလိုပဲ ပစ်ခတ်လျက်ရှိ၏။ ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ် တိုက်ခိုက်ခြင်း ဆိုသည်မှာ ပိုက်ဆံကို အလွန်အမင်း ဖြုန်းတီးနေသည်နှင့် ဆင်တူလှ၏။

“ချီးတဲ့မှ..”

ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေသည့် စစ်သူကြီးသည် အလင်းအကာရံကြီး မကျိုးမပျက်ဘဲ တည်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဒါ ဘယ်လို အစီအရင်မျိုးလဲ”

သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏နောက်သို့ လိုက်ပါ၍ လောကကြီးတစ်ခုလုံးအား တိုက်ခိုက်သည်ကို မြင်ခဲ့ရပြီးပြီဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့ ဘေးကြပ်၊ နံကြပ် အခြေအနေမျိုးကို ကြုံရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်လေ၏။

သူဒေါသထွက်နေသည်မှာ တခြားသော အကြောင်းကလည်း ရှိသေး၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် ပစ်ခတ်ထားသည့် အမြှောက်ဆံ၏ အရေအတွက်သည် ဂြိုဟ်တော်တော်များများကိုပင် ဖျက်ဆီးနိုင်သည့် အရေ အတွက် သို့ ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။

“စစ်သူကြီး”

နောက်လိုက်များထဲမှ တစ်ယောက်က ပြောလိုက်သည်။ “ဆက်ပစ်ရမှာလား”

ဘုန်း ဘုန်း

“ဆက်ပစ်”

များပြားလွန်းလှသော အမြှောက်ဆံများကို ပစ်ခတ်ပြီးပြီဖြစ်၏။ ရပ်တန့်လိုက်မည်ဆိုလျှင် ဘာ အကျိုးသက်ရောက်မှုမှ ရှိတော့မည် မဟုတ်ချေ။ ပစ်ခတ်ထားသမျှအားလုံး အလဟသ ဖြစ်ကုန်ပေမည်။

“စစ်သူကြီး”

ရွက်သင်္ဘောတစ်စင်းသည် စွမ်းအင်ဖြည့်သွင်းသည့် အခြေအနေကို ရောက်ရှိနေသည်။ အနားတွင် ရှိနေသည့် ဗျူဟာမှူး တစ်ယောက်သည် ပြတင်းပေါက်တံခါးကို လှမ်းကြည့်ကာဖြင့် အံ့အားတသင့် ပြောလိုက်သည်။ “အစီအရင်ကြီးက ပျောက်ကွယ်သွားပြီ”

ထိုအရာကို မြင်သည့်အချိန်မှာတော့ စစ်သူကြီးသည် ပျော်ရွှင်သွားမိ၏။ သူက ပြောလိုက်၏။ “နောက်ဆုံးတော့ ပျက်စီးသွားပြီပဲ”

အတွေးလွန်သွားခဲ့ခြင်းဖြစ်၏။ တော်ဝင်အစီအရင်ကြီး ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည် အထဲမှ ပိတ်လိုက် သောကြောင့်ပင်။ သူတို့အနေနှင့် လက်နက်စွမ်းအားများနှင့် ဆက်လက်ကာ ဖျက်ဆီးချင်သည် ဆိုပါက ပိုမို များပြားသော အရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံရန် လိုအပ်ပေလိမ့်မည်။

“အထဲကိုဝင်ကြ”

စစ်သူကြီးက အော်ဟစ်လိုက်၏။ ထာဝရလောကကြီးအား နောက်ထပ် အစီအရင်တစ်ခု ဖန်တီး အသက်သွင်းရန် သူတို့ ခွင့်ပြုပေး၍ မဖြစ်နိုင်ချေ။ လက်ရှိ အစီအရင်ကြီး ပိတ်ပင်သွားသည်ကို အခွင့်အရေးယူ၍ အထဲသို့ ဝင်ရောက်ကာ ရှိရှိသမျှ သတ္တဝါများကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်ရပေလိမ့်မည်။

ဝှစ် ဝှစ် ဝှစ်

ချက်ချင်းပဲ ရွက်သင်္ဘောတစ်သောင်းကျော်တို့သည် မီးတောက်များထဲမှ ပျံသန်းလာခဲ့ပြီးသည့်နောက် အထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်ကြ၏။ အထဲတွင် အလင်းတန်းများနှင့် ပြည့်နှက်နေသည့် ဂြိုဟ်ကြီးတစ်ခုကို ၎င်းတို့ ရုတ်တရက် မြင်လိုက်ရ၏။ ပထမတုန်းက သူတို့သည် ကြောက်လန့်သွားခဲ့တော့၏။

“ဟမ်” စစ်သူကြီးသည် အနည်းငယ် မျက်မှောင်ကုတ်လိုက်မိသည်။

နောက်လိုက်များထဲမှ တစ်ယောက်သည် အလင်းစက်များထဲမှ အစစ်အမှန်ပုံရိပ်ကို မြင်ရသည့်အချိန်မှာတော့ ထကာ အော်လိုက်၏။ “ထာဝရလောကကြီးရဲ့ ကျင့်ကြံသူတွေ ထွက်လာပြီ”

“ဟမ့်” စစ်သူကြီးသည် အေးစက်စက် ပြောလိုက်သည်။ “သူတို့က သေလမ်းရှာနေတာပဲ”

ဝှစ် ဝှစ် ဝှစ်

ထာဝရလောကကြီးနှင့် စကြဝဠာ၏ လေဟာနယ်တည်နေရာ အတားအဆီး၏ ဆုံချက်တွင်တော့ ကုကျောင်းရှစ် ဦးဆောင်သော ပြိုင်စံရှားဂိုဏ်း၏ စီနီယာနှင့် တပည့်များ အားလုံးတို့သည် အရှိန်အဟုန်ပြင်းပြင်းနှင့် ထွက်ခွာ လာခဲ့ကြသည်။ ၎င်းတို့ အားလုံး၏ ခန္ဓာကိုယ်၌ သတ်ဖြတ်လိုခြင်း အော်ရာများ စိမ့်ထွက်လျက် ရှိနေ၏။

အတားအဆီးကြီးနှင့် နီးလာလေလေ ရန်သူများနှင့် ထိပ်တိုက်တွေ့ဆုံရတော့မည် ဆိုသည့် အဓိပ္ပာယ်ပင်။ အားလုံး သော သူတို့သည် သူတို့လောက၏ သက်ရှိသတ္တဝါများကို ကယ်တင်နိုင်ရန်အတွက် အသက်ကို စတေးကာဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ကြသည်။

“လူနည်းနည်းလေးလား”

စစ်သူကြီးသည် အထင်အမြင်သေးသလို ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် အထင်ကြီး နေကြတာပဲ”

ပြိုင်စံရှားဂိုဏ်းအနေဖြင့် စစ်တပ်ကြီးတစ်ခုလုံးကို လှုပ်ရှားနိုင်စွမ်းရှိသည်ဟု ပြောဆိုရမည်။ ၎င်းတို့တွင် နတ်ဆိုး စစ်သည်သန်းချီ တည်ရှိနေပြီး အရေအတွက် များပြားလှသည့် လူစွမ်းကောင်းများလည်း တည်ရှိနေသေး၏။ သို့ပေမဲ့ ၎င်းတို့၏ အလုံးစုံသော အရေအတွက်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်သေးချေ။

“အားလုံးကို သတ်လိုက်ကြတော့”

တိုက်ခိုက်မှုကို မြန်မြန်ဆန်ဆန် အဆုံးသတ်ပြီး တာဝန်ကို မြန်မြန်ဆန်ဆန် ပြီးမြောက်စေရန် အလို့ငှာ စစ်သူကြီးသည် တစ်ဖက်လူများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိချေ။ ထိုအစား သူ၏ အားကောင်းလှသော လက်နက်များကို အသုံးပြုကာဖြင့် တစ်ဖက်လူများအား ဖိနှိပ်ပစ်ရန် စဉ်းစား ထားခဲ့သည်။

ဖြောင်း ဖြောင်း ဖြောင်း

ရွက်သင်္ဘောများဆီမှ ပြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ပျံသန်းပြီး ရောက်ရှိလာခဲ့သည့် လူများကို ပစ်ခတ်လျက် ရှိနေကြ၏။ သူတို့သည် စောဏတုန်းက အကာအကွယ် အစီအရင်ကြီးကို ပစ်ခတ်လျက်ရှိသည့် အမြှောက်ဆံများကို သုံးနှုန်းထားခြင်း မဟုတ်ချေ။ အနည်းငယ် သေးငယ်လှသည့် အမြှောက်ဆံများကို သုံးပြီး ပစ်ခတ်နေခြင်းသာဖြစ်၏။ ထိုမှသာလျှင် အရင်းအမြစ်များကို ချွေတာသလို ဖြစ်ပေလိမ့်မည်။

ဆွစ် ဆွစ် ဆွစ်

ကောင်းကင်ယံဆီမှ များပြားလှသော ကျည်ဆံကဲ့သို့အရာများ ကျဆင်းလာခဲ့ပြီး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့၏။ ပြိုင်စံရှားဂိုဏ်းတပည့်များသည် ထိုအရာကို ရှောင်တိမ်းရန်အတွက် အလွန်တရာ ခက်ခဲလာချေ၏။

ရှောင်တိမ်းပုန်းကွယ်နေရမည်လား။ အဓိပ္ပာယ်မရှိချေ။ ထိပ်တိုက် တိုက်ခိုက်ရန် ရွေးချယ်ပြီးပြီဆိုမှတော့ သူတို့သည် အဆုံးထိ တိုက်ခိုက်ရပေမည်။

“ဒိုင်းကာ”

ကျုံးရီက အော်ဟစ်လိုက်၏။ သားရဲစီးဟောခန်းဆီမှ အဖွဲ့ဝင်များ အားလုံးတို့သည် ထူးခြားလှသည့် သတ္တုပစ္စည်းများကို အသုံးပြုထားသော ဒိုင်းကာများကို ထုတ်ယူကာ ၎င်းတို့ရှေ့တွင် ကာရံထားခဲ့ကြ၏။ ၎င်းတို့သည် စတုဂံပုံစံရှိသော အကာအကွယ် အဖွဲ့များကို ဖွဲ့စည်းကာဖြင့် ကာကွယ်ထားကြ၏။

ဘန်း ဘန်း ဘန်း ဘန်း

ခဏလောက် ကြာပြီးသည့်နောက်မှာတော့ တစ်ဖက်လူများ၏ အမြှောက်ဆံများသည် ဒိုင်းကာများဆီသို့ ကျဆင်း လာခဲ့၏။ ထိုအရာများသည် အားကောင်းလှသည် ဆိုလျှင်တောင်မှ အကာအကွယ် ဒိုင်းကာများအား တုန်ခါမှုတစ်ခုတောင်မှ မဖြစ်စေခဲ့ချေ။

“လူဖြန့်ကြ”

ကျုံးရီသည် လက်နှစ်ဖက်ကို အသာဖြန့်ကာဖြင့် အချက်ပြလိုက်သည်။ အကာအကွယ် ယူလျက် ရှိနေသည့် သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များသည် ၎င်းတို့၏ ဒိုင်းကာများကို မြှောက်ကာဖြင့် ပျံသန်းထွက်ခွာလာခဲ့ကြပြန်၏။ ၎င်းတို့သည် ဘယ်ညာ တည်နေရာများကို ဖြန့်ပြီးသည့်နောက် တစ်ဖက်ဆီမှ ပစ်ခတ်လိုက်သည့် အရာများကို ကာကွယ်ပေးရန် အဆင်သင့် ပြင်လို့ထား၏။

သို့ပေမဲ့ သူတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ဘက်မှ ပစ်ခတ်မှုကို အထင်အမြင်သေးခဲ့မိသည်။ သူတို့ အကာအကွယ်လှိုင်းကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် တစ်ဖက်လူများသည် ထပ်မံကာ ပစ်ခတ်လျက်ရှိသည်။ သူတို့ မည်မျှ တည်နေရာဖြန့်ကာ တစ်ဖက်လူကို ဆွဲဆောင်သည်မဆို တစ်ဖက်လူသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ပစ်အားကို အသုံးပြုကာဖြင့် တောက်လျှောက် ပစ်ခတ်နေခြင်းပင်။

ဘန်း ဘန်း ဘန်း

ဆက်တိုက် ပစ်ခတ်မှု၏ အောက်မှာတော့ သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များသည် မည်သို့မှ မခံစားနိုင်တော့ဘဲ အနောက်ဘက်သို့သာ ဆုတ်ခွာခဲ့ရတော့၏။ ၎င်းတို့၏ အရှေ့တွင် ရှိနေသည့် ဒိုင်းကာများ၌ အက်ကွဲသည့် လက္ခဏာများ ပေါ်ပေါက်လာခဲ့၏။

ဘုန်း ဘုန်း ဘုန်း

ခဏလောက် ကြာပြီးသည့်နောက် ဒိုင်းကာ တစ်ဒါဇင်ကျော်တို့သည် တည်နေရာမှာတင် ပေါက်ကွဲထွက်သွားပြီး အကာအကွယ် ဆုံးရှုံးသွားပြီဖြစ်သော သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များဆီသို့ ကျည်ဆန်မိုးများ ကျဆင်းလာသည်။

“ဒုက္ခပဲ”

ကျုံးရီ၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ကျွဲရိုင်း စက်ရုပ်များသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ ကြီးမားလွန်းလှသော ခန္ဓာကိုယ်ကြီးကို အသုံးပြုကာ ဂိုဏ်းတူရောင်းရင်းများ၏ရှေ့တွင် အကာအကွယ်အဖြစ် ခုခံပေးခဲ့၏။

ဘန်း ဘန်း ဘန်း ဘန်း .....။

မိုးကဲ့သို့ ကျဆင်းလာခဲ့သော ကျည်ဆန်များသည် ကျွဲရိုင်းစက်ရုပ်များ၏ အတားအဆီးကို ထိမှန်ခဲ့၏။ ကျွဲရိုင်း စက်ရုပ်များသည် တစ်ချက်ကလေးမှ မလှုပ်ခါခဲ့ချေ။ သို့ပေမဲ့ ဤကဲ့သို့သော ပြုမူတိုက်ခိုက်မှုသည် ကောင်းမွန်လှ သည့်အရာမျိုး မဟုတ်ချေ။ ဆက်တိုက် ပစ်ခတ်မှု၏အောက်တွင် ကျိန်းသေပေါက် ဒုက္ခရောက်သွားနိုင်သည်။

ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အဓိက စက်ရုပ်မောင်းနှင်သူဖြစ်သော ကျင်းဟီသည် ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။ သူမသည် ရှောင်ထျန်းစက်ရုပ်ကြီးကို ထိန်းချုပ်ကာဖြင့် လေဟာနယ်ထဲသို့ ထိုးတက်သွားခဲ့တော့ သည်။ လမ်းတလျှောက်တွင် များပြားလွန်းလှသည့် ကျည်ဆန်များကို ရှောင်ရှားပြီးသည့်နောက် ရှေ့ဆီသို့ လှမ်းတက်ကာ ရွက်သင်္ဘောကြီးတစ်ခုဆီသို့ ချဉ်းကပ်သွား၏။ ပြီးနောက် နောက်ကျောဘက်တွင် ရှိနေသော ဓားကြီးကို ဆွဲထုတ်ကာ ပိုင်းဖြတ်လိုက်လေ၏။

ဆွစ် ဆွစ်

လေဟာနယ်ထဲတွင် Z ပုံသဏ္ဍာန် ဓားရာကြီး တစ်ခု ပေါ်ပေါက်လာသည်။

ဆွစ်

ရှောင်ထျန်းစက်ရုပ်ကြီးသည် ထိုမျှလောက်နှင့် မရပ်တန့်ခဲ့ချေ။ တောက်လျှောက်ဆိုသလိုပဲ ရန်သူရွက်သင်္ဘောများ ဆီသို့ ဝင်ရောက်ကာ ခုတ်ပိုင်းလျက် ရှိနေ၏။

ဘုန်း ဘုန်း ဘုန်း

ဘန်း

သူမ ဖြတ်သန်းသွားသည့် တည်နေရာ၌ ရှိနေသော ရွက်သင်္ဘောများသည် ပေါက်ကွဲကုန်ကြ၏။ အထဲတွင် ရှိနေသည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များသည် သေဆုံးကုန်ကြသည်။

ဆွစ် ဆွစ် ဆွစ်

ရှောင်ထျန်းစက်ရုပ်ကြီး၏ ပြုမူဆောင်ရွက်မှုသည် အလွန်အားကောင်းလွန်းလှ၏။ အလွန်တရာလည်း မြန်ဆန်လွန်းလှပြီး ရန်သူများကြားထဲသို့ ဝင်ရောက်သွားခဲ့သည်မှာ ဝိညာဉ်တစ်ပါးကဲ့သို့ပင်။ ချွင်းချက် မရှိလှချေ။ သူရောက်ရှိသွားခဲ့သည့် တည်နေရာရှိ ရွက်သင်္ဘောများနှင့် လူများအားလုံးတို့သည် သေဆုံးကုန်၏။ သူသည် ရန်သူကို တစ်ချက်ကလေးမှ မညှာတာခဲ့ချေ။

“သူ့ကိုပစ်”

စစ်သူကြီးသည် ရှောင်ထန်းစက်ရုပ်ကြီးကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

ဖြောက် ဖြောက် ဖြောက်

အနီးအနားတွင် ရှိသော ရွက်သင်္ဘောများသည် ရှောင်ထျန်းစက်ရုပ်ကြီးကို ချိန်တွယ်ကာဖြင့် ပစ်ခတ်လျက် ရှိနေ၏။ ရှောင်ထျန်းစက်ရုပ်ကြီးသည် ရန်သူများအား တစ်ယောက်တည်း ဝင်ရောက်ကာ တိုက်ခိုက်လျက်ရှိ၏။ သူသည် တစ်ဖက်လူများ၏ အရင်းအမြစ်ကုန်ဆုံးသွားစေရန် ပြုမူဆောင်ရွက်ခြင်းပင်။

တစ်ချိန်တည်းမှာပဲ အခြားသော ရွက်သင်္ဘောများဆီမှ အမြှောက်ဆန်များသည် ပြိုင်စံရှားဂိုဏ်းသားများဆီသို့ ထပ်မံကာ ကျဆင်းလာခဲ့ပြန်၏။ ထိုကျည်ဆံများသည် ၎င်းတို့ကို ကျော်လွန်ပြီး ထာဝရလောကကြီးထဲသို့ ကျဆင်း သွားမှာသေချာ၏။ ရန်သူ၏ စစ်စခန်းတစ်ခုလုံးကို ဖျက်ဆီးခြင်းသည် အကောင်းမွန်ဆုံးသော နည်းဗျူဟာပင် ဖြစ်ပေလိမ့်မည်။

“လောကကြီးကို ကာကွယ်ကြ”

ထာဝရလောကကြီး၏ အရှေ့တွင် အမိန့်ပေးလျက်ရှိနေသည့် ရွှဲရမ်ကွေ့သည် ချက်ချင်းပဲ အော်ဟစ်လိုက်၏။ ကျွဲရိုင်းစက်ရုပ်ပေါင်း တစ်သောင်းကျော်တို့သည် ချက်ချင်းရောက်ရှိလာခဲ့ပြီး တည်နေရာ အတားအဆီးတစ်ခုကို ဖန်တီးကာဖြင့် ကြီးမားလှသည့် အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီးလေ၏။ သူတို့သည် ချက်ချင်းဆိုသလို ရောက်ရှိလာကာ ကာကွယ်လိုက်ခြင်းပင်။

ဘန်း ဘန်း ဘန်း

တည်နေရာမျိုးစုံဆီမှ ကျဆင်းလာခဲ့သည် အမြှောက်ဆံများသည် အကာအကွယ် အတားအဆီးနှင့် ထိမှန်ကာ ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ လက်ရွေးစင်တပည့်နှင့် အကြီးအကဲများ အားလုံး သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီ ဖြစ်၏။ ၎င်းတို့သည် အားကောင်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာဖြင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများကို ဝင်ရောက်ကာ ဖျက်ဆီးလျက် ရှိနေ၏။ ထို့အပြင် အထဲမှ ထွက်ပေါ်လာသည့် စစ်သည်များ အားလုံးကိုလည်း တစ်ခါတည်း သတ်ဖြတ်လျက် ရှိနေ၏။

“ရွက်သင်္ဘောတွေ အကုန်လုံး နောက်ဆုတ်ကြ”

စစ်သူကြီးသည် ရွက်သင်္ဘောများသာ ပြန်လည်၍ နောက်မဆုတ်ပါက တောက်လျှောက်ဆိုသလို ပစ်မှတ်ထား တိုက်ခိုက်ခံရတော့မည်မှန်း နားလည်လိုက်မိ၏။ ထို့ကြောင့် နောက်သို့ဆုတ်ရန် အမိန့်ပေးလိုက်သည်။

ဆွစ် ဆွစ်

ခဏလောက် ကြာပြီးသည့်နောက် ရွက်သင်္ဘောများသည် နောက်ဘက်သို့ ပြန်လည်ဆုတ်ခွာလိုက်ကြ၏။

လက်ရှိအချိန်တွင် ပြောရမည်ဆိုလျှင် အားကောင်းသူသည် အားကောင်းသူနှင့် တိုက်ခိုက်ပြီး အားနည်းသူသည် အားနည်းသူနှင့် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်သည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ဘက်တွင် လူအရေအတွက်အရ တစ်ပန်းသာလျက် ရှိနေ၏။ သို့ပေမဲ့ ရီရှင်းချန်ကို ဥပမာ ပြုရပေလိမ့်မည်။ သူသည် လူတစ်ယောက်တည်းနှင့် လူပေါင်းထောင်ကျော်တို့ကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအရာကို သူနှင့်အဆင့်တူ နတ်ဘုရားလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးသော ကျင့်ကြံသူများ ပင်လျှင် လိုက်လံတုပ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“သေစမ်း”

ညအင်ပါယာသည် သူ၏ ပုဆိန်ကြီးကို ဝှေ့ယမ်းကာဖြင့် တည်နေရာအသီးသီးတွင် တည်ရှိနေသည့် စစ်သည်ပေါင်းများစွာကို သတ်ဖြတ်ပစ်လျက် ရှိနေ၏။ လူများကို သတ်ဖြတ်သည့်အချိန်မျိုးတွင် ရီရှင်းချန်သည် တစ်ချက်ကလေးမှ သနားညှာတာမှုမျိုးကို မပြသခဲ့ချေ။ ထိုအစား သူ့အား ရန်သူများသည် ပိုမိုကာ ဝိုင်းလာလေ သူသည် ဂိုဏ်းတူရောင်းရင်းများအားလုံးကို အန္တရာယ်ကို မျှဝေကာယူခြင်းဖြစ်သည်ဟု သတ်မှတ် ထားခဲ့၏။

ဘုန်း ဘုန်း

ညအင်ပါယာသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် အားကောင်းလွန်းသည့် စွမ်းအင်လှိုင်းများကို သူ၏ပုဆိန်ကြီး တွင် ထည့်သွင်းပြီးနောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ကြမ်းတမ်းလှပါသည်ဆိုသော စစ်သည်များကို အရက်စက်ဆုံးသော နည်းလမ်းများနှင့် သတ်ဖြတ်နေ၏။ သူ၏ချပ်ဝတ်တစ်ခုလုံးသည် ရန်သူ့သွေးများနှင့် ရဲရဲနီ နေသည်။

ဝှစ်

ထိုအချိန်မှာတော့ အနီရောင်ဆံပင်နှင့်လူသည် ကျွင်းချောင်ရှောင်းကို အသာချုပ်နှောင်ထားသည့် တည်နေရာဆီမှ လှမ်းထွက်လာခဲ့၏။ “ဒီကောင်လေးက ရင်ဆိုင်ရ နည်းနည်းခက်တာပဲ”

တစ်ဖက်လူကို ချုပ်နှောင်ထားပြီး လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်မည်ဟု တွေးထင်ထားခဲ့သည်။ သို့ပေမဲ့ အရာအားလုံးသည် သူထင်မှတ်ထား သကဲ့သို့ မချောမွေ့ခဲ့ချေ။

“ဟမ်”

အနီရောင်ဆံပင်နှင့်လူသည် နတ်မီးလှောင်ချိုင့်ကို တည်ငြိမ်အောင် ဆက်လက်ကာ ထိန်းချုပ်ထားခဲ့၏။ အမှတ်မထင်ဖြင့် အဝေးတွင် တိုက်ခိုက်လျက် ရှိနေသည့် ရီရှင်းချန်ကို မြင်လိုက်ရသည်။ သူက တီးတိုးရေရွတ်လိုက် သည်။ “ဒီကောင်က နည်းနည်းကြမ်းတယ်”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များနှင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များ တိုက်ခိုက်နေသည်ကို သူက လှမ်းကြည့်လိုက်သည်။ အခြေအနေသည် သူထိန်းချုပ်နိုင်သည့်အပြင်ဘက်သို့ ရောက်ရှိနေသည်ကို သိရှိပြီးသည့် နောက် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။ “ငါ့ရဲ့ လွတ်မြောက်မှုကို ပြန်ရဖို့အချိန်ပဲ။ ငါ အချိန်ဖြုန်းလို့ မဖြစ်ဘူး”

ဝှစ်

ပြောပြီးသည့်နောက် သူသည် လက်နှစ်ချောင်းကို အသာဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ တောက်ပလွန်းလှသော စွမ်းအင်လှိုင်းများသည် သူ၏လက်ချောင်းထိပ်တွင် စုဝေးလာ၏။ ထိုအရာသည် ကြီးမားလှသည့် မီးတောက်ကြီး အဖြစ်သို့ ဖြစ်တည်သွားခဲ့ပြီး အကန့်အသတ်သို့ ရောက်ရှိသွားသည့်အချိန်မှာတော့ ၎င်းအရာကြီးသည် ပက်ပက် စက်စက် သတ်ဖြတ်လျက်ရှိနေသည့် ရီရှင်းချန်ဆီသို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ရောက်ရှိသွားခဲ့သည်။

သူသည် တစ်ဖက်၏ အားအင်ကောင်းလှပါသည်ဆိုသော ရန်သူကို သတ်ဖြတ်ချင်မိသည်။ ထိုမှသာ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ စစ်သည်များကိုအကူအညီ ပေသလို ဖြစ်ပေလိမ့်မည်။ ပြီးသည့်နောက် သူ၏ အဓိကတာဝန်မှာတော့ ဖမ်းချုပ် ထားခြင်းခံရသော ဆံပင်အစိမ်းရောင်နှင့်လူကို ရင်ဆိုင်ရန်ပင်။

“ငါ တကယ့်အန္တရာယ်အများဆုံးကောင်ကို ရှင်းမယ်။ ဒါကိုမှ ထာဝရလောကကြီးကို မဖြေရှင်းနိုင်ဘူးဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ မွေးထားတဲ့ မင်းတို့အားလုံးက အမှိုက်လို ကောင်တွေပဲ”

ဝှစ်

မီးတောက်များသည် ကောင်းကင်ယံဆီမှ ကျဆင်းလာ၏။ အပူနှင့် အော်ရာများသည် တည်နေရာကို ထိုးခွင်းလာ ခဲ့၏။

“အိုး.. မဟုတ်တော့ဘူး”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ဗျူဟာမှုးတစ်ယောက်ကို သတ်ဖြတ်ပြီးသည့်နောက် ရီရှင်းချန်သည် အလွန် အားကောင်းလှသည့် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ မျက်နှာသည် ဖြူလျော်သွားခဲ့၏။ သူ့အနေနှင့် နှလုံးသားတစ်ခုလုံးတွင် စိတ်ပျက်မှုများ၊ အားငယ်မှုများဖြင့် ပြည့်နှက်သွား ခဲ့သည်။

အနီရောင်ဆံပင်နှင့်လူသည် မီးတောက်စွမ်းအင်များကို အမှတ်မထင် စုစည်းလိုက်ပုံပေါ်သည်ဆိုသော်လည်း အချက်အလက်အားဖြင့် မီးတောက်များအားလုံးသည် တော်ဝင်အစီအရင်ကြီးကို တိုက်ခိုက်လိုက်သည့် မီးတောက် များထက် ဘယ်လိုမှ အားမနည်းချေ။

ရှီရှင်းချန်ကဲ့သို့ နတ်ဘုရားလျှို့ဝှက်အထက်အဆင့်သို့ မရောက်ရှိသေးသော ကျင့်ကြံသူတစ်ယောက်အနေနှင့် ထိုအရာကို ရင်ဆိုင်နိုင်ရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

“ဂျူနီယာညီလေးရီ... မြန်မြန်ရှောင်တော့”

လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ အဝေးမှ လှမ်းကာ အော်ဟစ်လိုက်ကြ၏။ “ရှောင်”

မြန်လွန်းလှ၏။ အနီရောင်ဆံပင်နှင့်လူဆီမှ ထုတ်ဖော်လိုက်သည့် မီးတောက်စွမ်းအင်များသည် အလွန် အားကောင်းလွန်းလှ၏။ ရီရှင်းချန်ကို စည်းခတ်ပြီးသား ဖြစ်လို့နေခဲ့၏။ တစ်ချက်ကလေးမှ မလှုပ်ရှားနိုင်ဘဲ စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

အား....

ထိုကဲ့သို့သော သေခြင်းရှင်ခြင်းမျိုးတွင် ရီရှင်းချန်သည် နဖူးကြောများ ထောင်ထလာသည်အထိ အော်ဟစ်လိုက်မိ၏။

All Chapters