အခန်း ၁၉၆၂
Vol. 132 Ch. 1962
အပိုင်း (၁၉၆၂)
ဝှစ်
သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အင်မော်တယ်တေးသံ၏ နက်နဲလှသည့် စွမ်းအင်များ အားလုံးသည် မမြင်ရ သည့်ဖိအားကြီး၏ ထိန်းချုပ်မှုကို ချိုးဖြတ်နိုင်ရန် ကြိုးစားလျက်ရှိ၏။ သို့ပေမဲ့ သူသည် ထိုအရာကို နားလည်ထား သည်မှာ မကြာသေးချေ။ ထို့ကြောင့် အသုံးပြုနိုင်သည့်ပမာဏသည် နည်းပါးလျက် ရှိနေ၏။ ဤကဲ့သို့သော အလုံးစုံအားအင်နှင့် ကြုံတွေ့ရသည့်အချိန်တွင် သူသည် ခုခံရန် ခက်ခဲလို့ နေ၏။
“ဂျူနီယာညီလေးရီ”
လီချင်းယန်နှင့် တခြားသောသူများသည် ဒေါသထွက်လျက် ရှိ၏။ သို့ပေမဲ့ သွားရောက်ကာ ကူညီနိုင်စွမ်း မရှိကြချေ။ မဟုတ်ပေးပေ။ သူတို့ အချိန်မီ ဝင်ရောက်ကာ ကူညီနိုင်မည်ဆိုလျှင်လည်း သူတို့ပါ သေဆုံးမှာဖြစ်သည်။
ပြောရမည်ဆိုလျှင် အနီရောင်ဆံပင်နှင့်လူ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ် ကောင်းလှပြီး မိုးကောင်းကင် နတ်ဆိုးအင်ပါယာ နှင့်ပင် ထိပ်တိုက် တိုက်ခိုက်နိုင်စွမ်းရှိ၏။ ထိုကဲ့သို့လူမျိုး ပစ်မှတ်ထားကာ တိုက်ခိုက်လိုက်သည့် လူသည် ဘယ်လိုမှ ရှောင်ရှား၍ မရနိုင်ဘဲ ဆိုးရွားလှသည့် အဆုံးသတ်ကို ခံစားရမှာ သေချာ၏။
ဝှစ်
ညအင်ပါယာတစ်ယောက် မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားရမည့်အချိန်တွင် ဟယ်ဝူတီသည် အဝေးဆီမှ ပျံသန်းလာခဲ့၏။ ၎င်း၏လက်ဝါးဆီမှ အင်မော်တယ်တေးသံ၏ စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ထိုအရာများ သည် သူနားလည်သိရှိသည့် အကန့်အသတ်အဆင့် အမြင့်ဆုံးပင်။
အလွန်မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရှေ့ကို တိုးလာသည်မို့ သူ၏ မျက်နှာပြင်တစ်ခုလုံးသည် လေတိုက်နှုန်းကြောင့် ရွှဲ့စောင်းလျက်ရှိ၏။ သို့ပေမဲ့ သူသည် အကောင်းဆုံးကြိုးစားလျက်တော့ ရှိနေသေး၏။
သို့ပေမဲ့ သူနှင့် ရီရှင်းချန် ကြား အကွာအဝေးသည် အလွန်ပင် အလှမ်းကွာဝေးလျက်ရှိ၏။ အလျင်အမြန်ဖြင့် ရောက်ရှိလာခဲ့သည်ဆိုလျှင်တောင် တစ်ဖက်လူအား ကာကွယ်ပေးနိုင်မည်ဟု သူက ယုံကြည်ချက် မရှိခဲ့ချေ။ သူပင်လျှင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် မီးတောက်များ၏ လွှမ်းခြုံမှုကို ခံရကာ သေဆုံးသွားနိုင်သည်။
သို့ပေမဲ့ ဟယ်ဝူတီသည် လက်ရှိအခြေအနေတွင် များများစားစား တွေးတောမနေခဲ့ချေ။ သူ၏ စိတ်ထဲတွင် အတွေး တစ်ခုသာလျှင် ရှိ၏။ ထိုအရာမှာ သူ၏ ရှိရှိသမျှသော အားအင်ကို အသုံးပြု၍ ရီရှင်းချန်ကို ကယ်တင်ရန်ပင် ဖြစ်၏။ ထိုမှသာလျှင် ဂိုဏ်းချုပ်နှင့် ဂိုဏ်းတစ်ခုလုံး သောကမရောက်မှာပင်။
အမှန်တရားသည် ရက်စက်လွန်းလှ၏။ မီးတောက်များသည် အလွန်မြန်ဆန်သည့် အရှိန်ဖြင့် ကျဆင်းလာ၏။ လေပူများသည် လေဟာနယ်တစ်ခုလုံးကို ထိုးခွင်းလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ တည်နေရာကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။
အား....
ဟယ်ဝူတီသည် ရူးသွပ်သွားသူလို အော်ဟစ်လိုက်ချင်၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အင်မော်တယ်တေးသံ၏ စွမ်းအင်များကို အလုံးစုံ ကျွမ်းလောင်ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ရီရှင်းချန်ဆီသို့ ချဉ်းကပ်နေသည့် ပူလောင်လွန်းသော မီးတောက်များကို အတိုင်းသား ကြည့်ရှုရန်သာ တတ်နိုင်သည်။ သူ ဘာတစ်ခုမှ ထပ်၍ မလုပ်နိုင်ချေ။
ထိုသို့သော အချိန်မျိုးတွင် လူတစ်ယောက်သည် တစ်ဖက်လူ၏ရှေ့၌ ရောက်ရှိလာခဲ့၏။ လူတစ်ယောက် - သူ သေသေချာချာ မမြင်ရချေ။ မည်သို့သော လူမျိုးဖြစ်သနည်း။ ထိုလူသည် ရီရှင်းချန်ရှေ့တွင် ရောက်ရှိလာ၏။ အလွန် ထူထဲလှသော ဒိုင်းကြီးကိုကာကာ ရီရှင်းချန်၏ရှေ့တွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ့ကိုကြည့်ရသည်မှာ အလွန်ကြီးမားလှသည့် ဖိအားဒဏ်ကြီးကို တစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်တော့မည့်ပုံပင်။
ဝှစ်
ကြီးမားလွန်းလှသည့် ဖိအားဒဏ်ကြီး ကျဆင်းလာခဲ့ပြီးသည့်နောက် ၎င်းက အော်ဟစ်လိုက်၏။ “တောင်တွေကို ချိုးဖြတ်ပစ်မယ့် စွမ်းအင်မျိုးကို ငါပဲ ပိုင်ဆိုင်တယ်”
ဤအရာသည် ရှောင်ကျီပိုင်ဆိုင်သော သူရဲကောင်း ဝိညာဉ်၏ အသံပင် ဖြစ်လေသည်။
..........
ရီရှင်းချန်သည် ကြောင်အအဖြင့် ဖြစ်သွားမိ၏။ ပြီးနောက် ရုတ်တရက်ထကာ အော်ဟစ်လိုက်မိ၏။ “ဖယ်စမ်း”
ရှောင်ကျီသည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ့ဆီသို့ ကျဆင်းလာခဲ့သည့် မီးတောက်လှိုင်းများအား လက်နှစ်ဖက်ဖြင့် ဆီးကာ ကာကွယ်ထားခဲ့၏။ ဆက်တိုက်ပေါက်ကွဲမှု၏အောက်တွင်တော့ သူ၏လက်ပေါ်တွင် ရှိနေသည့် စက်ရုပ်ကဲ့သို့သော ချပ်ဝတ်သည် တဖြည်းဖြည်းနှင့် ကွဲကြေပြီး ပျောက်ကွယ်သွားခဲ့သည်။
ဝှစ် ဝှစ်
မီးတောက်များသည် ဆက်တိုက် ကျဆင်းလျက် ရှိနေ၏။ ဒိုင်းအကာအကွယ်ကြီး တစ်ခုလုံးကို ဝါးမြိုသွားလေ၏။
ဘုန်း
ထိုအချိန်မှာတော့ ရှောင်ကျီ၏ သူရဲကောင်းစိတ်ဝိညာဉ်သည် ရီရှင်းချန်အား လက်သီးဖြင့်ထိုးကာ အနောက်ခပ်လှမ်းလှမ်းဆီသို့ လွင့်စင်သွားအောင် ပြုလုပ်ခဲ့၏။ သူရဲကောင်းဝိညာဉ်၏ ထောက်ပံ့မှု မရှိသည့် အချိန်မှာတော့ ရှောင်ကျီ၏ အားအင်အဆင့်သည် ပိုမိုကာ ကျဆင်းသွားခဲ့သည်။
အဝေးသို့ လွင့်စင်သွားခဲ့သည်ဖြစ်သော ရီရှင်းချန်သည် ထိုအချင်းအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်၏။ ရှောင်ကျီသည် ခေါင်းကိုအသာလှည့်ကာဖြင့် သူ့အား ပြုံးပြလျက် ရှိနေသည်။ “ကျုပ် ဒီခန္ဓာကိုယ်ကို အသုံးပြုပြီး ခင်ဗျားအတွက် ကာကွယ်ပေးသွားမယ်”
“မဟုတ်ဘူး”
ညအင်ပါယာ၏ မျက်နှာပေါ်တွင် မျက်ရည်များ ကျဆင်းလာခဲ့၏။ သို့ပေမဲ့ သူသည် ရှောင်ကျီ၏ ကို ခဏသာ မြင်လိုက်ရ၏။ မီးတောက်တစ်ခုလုံးသည် သူ၏မြင်ကွင်းကို ဖုံးလွှမ်းသွားလေ၏။
“ဂျူနီယာညီလေးရှောင်”
“စီနီယာအစ်ကိုရှောင်”
အဆုံးအစမဲ့ မီးပင်လယ်ထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏စိတ်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားလု မတတ်ပင်။
“ဒင်... ဂိုဏ်းသား - ၁၄၉၉၉၉”
ပြိုင်စံရှားဂိုဏ်းသည် ရက်အနည်းငယ်အတွင်း အထူးလက်ရွေးစင်များကို ခေါ်ဆောင်ရင်း ဤမျှ များပြားသည့် ဂိုဏ်းသားများကို ရရှိခဲ့ကြ၏။ ယခု တစ်ယောက် လျော့နည်းသွားပြီဖြစ်၏။
စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်သည်။ “ရှောင်ကျီ သေသွားပြီ”
ထိုစကားသံကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မည်သို့မှ မခံစားနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ဆီမှ ဒေါသတရားနှင့် အဆုံးမဲ့ သတ်ဖြတ်လိုခြင်းများသည် ဖြစ်တည်လျက် ရှိ၏။ ခန္ဓာကိုယ်၏ သွေးကြောများ အားလုံးသည် ပေါက်ကွဲ ထွက်လုမတတ်ပင်။
ရီရှင်းချန်ကို ပစ်မှတ်ထားခဲ့သော အနီရောင်ဆံပင်နှင့်လူ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့်ရလဒ်သည် သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ အန္တရာယ် အရေးအကြောင်း ကျရောက်လာသည့်အချိန်တွင် ရှောင်ကျီ သည် ရုတ်တရက် သူ၏ရှေ့တွင် ရောက်ရှိလာခဲ့ပြီး စွမ်းအင်အားလုံးကို အသုံးပြုကာဖြင့် ကာကွယ်ပေးသွားခဲ့၏။ သို့ပေမဲ့ နှစ်ဖက်ကြား တိုက်ခိုက်နိုင်မှု စွမ်းအင်သည် အလွန်ကွာခြားလျက် ရှိသောကြောင့် ရှောင်ကျီသည် မည်သို့မှ မခံစားနိုင်ခဲ့ချေ။ သူသည် အဆုံးစွန်သော မီးတောက်များ၏ ဝါးမြိုမှုကို ခံလိုက်ရသည်။
ဘန်း
ရီရှင်းချန်သည် များများစားစား တွေးတောရန် မလိုအပ်ချေ။ သူရဲကောင်းဝိညာဉ်၏ လက်သီးဖြင့် ထိုးနှက်ခြင်းကို ခံရပြီးနောက် သူသည် အဝေးသို့ လွင့်စင်သွားသောကြောင့်ပင်။ အန္တရာယ်များလှသော အခြေအနေဆီမှ လွတ်မြောက်ပြီးသည့်နောက် ရှောင်ကျီ တစ်ယောက် မီးတောက်များ၏ ဝါးမြိုမှုကို သူ၏ မျက်လုံးဖြင့် ကြည့်ရှုနေ ရ၏။ အလွန်နာကျင်စရာ ကောင်းလှသည့် အခိုက်အတန့်ပင်။
“မဟုတ်ဘူး” ရီရှင်းချန်၏ နှလုံးသားထဲတွင် သွေးပွက်ပွက် အန်လျက်ရှိနေသည်။
ဤခန္ဓာကိုယ်ကြီးကို အသုံးပြုပြီး ကာကွယ်ပေးသွားမည်။ ဤအရာသည် ရှောင်ကျီ မသေဆုံးခင်က ပြောသွားသော စကားပင်ဖြစ်၏။ သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အာရုံစိုက်ကာ ကျင့်ကြံခဲ့သည့်နေ့မှစ၍ ပြိုင်စံရှားဂိုဏ်းထဲတွင် အဓိက ခုခံကာကွယ်သူတစ်ယောက်အဖြစ် ဖြစ်လာခဲ့၏။
မည်ကဲ့သို့သော အခြေအနေမျိုးဖြစ်စေ၊ မည်သည့် အန္တရာယ်များကို ကြုံရသည်ဖြစ်စေ သူသည် ဂိုဏ်းတူရောင်းရင်း များရှေ့တွင် တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ ကာကွယ်ပေးတတ်၏။ ထိုကဲ့သို့သော သူသည် တကယ့် အရေးအကြောင်း ရန်သူများနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ ချက်ချင်း သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
“ဂျူနီယာညီလေးရှောင်” စုရှောင်မိုနှင့် လီဖေးတို့သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ် ထဲတွင်ရှိသော ဒေါသတရားများသည် နာကျင်စွာဖြင့် ပေါက်ကွဲထွက်သွားခဲ့၏။ စွမ်းအင်များကို လက်နက်ထဲသို့ ထည့်သွင်းပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များ အားလုံးကို လိုက်လံကာ သတ်ဖြတ် လေတော့၏။
သူတို့၏ ဂိုဏ်းတူရောင်းရင်းတစ်ယောက် သေဆုံးသွားရသည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့၏ နှလုံးသား များသည် မည်သို့မှ မခံစားနိုင်ခဲ့ကြချေ။ လုပ်နိုင်သည့်အရာမှာ ရှိရှိသမျှသော ဒေါသများကို ထုတ်ဖော်ကာဖြင့် ဂျူနီယာ ညီလေးရှောင်၏ ဝိညာဉ် ကောင်းကင်ယံထက်မှ ပျော်ရွှင်နိုင်စေရန်အတွက် ရန်သူများ အားလုံးကို သတ်ဖြတ်ပစ်ရပေလိမ့်မည်။
ရွှီး
ထိုအချိန်မှာတော့ လုချင်းချင်းသည် တိုက်ခိုက်ရေး တည်နေရာတွင် ပေါ်ပေါက်လာခဲ့၏။ သူမသည် ကောင်းကင်ကို မော့ကြည့်ပြီးသည့်နောက် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်၏။ လေအေးများသည် တည်နေရာ တစ်ခုလုံး၌ ဖြစ်တည်လာပြီး ပတ်ဝန်းကျင်ရှိ ရှိရှိသမျှ လေဟာနယ် အားလုံးသည် နှင်းများ၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။
ဖြောက် ဖြောက် ဖြောက် ဖြောက်
လေဟာနယ်တည်နေရာတစ်ခုလုံးတွင် နှင်းမြူများ ဖုံးလွှမ်းလျက် ရှိနေပြီး အနီးအနားတွင် ရှိနေသည့် ရန်သူ့ စစ်သည်များ အားလုံးတို့သည် ရေခဲရုပ်ကဲ့သို့ ပြောင်းလဲကုန်သည်။
“သေစမ်း။ အားလုံးသေရမယ်”
ပန်းရောင်လက်အိတ်ကို ဝတ်ဆင်ထားပြီး အနီရောင်အတွင်းခံနှင့် ခရမ်းရောင် ဘုရင်သည် ဒေါသတကြီးဖြင့် သတ်ဖြတ်လျက် ရှိနေတော့၏။ ၎င်းသည် အဆုံးစွန်သော ဒေါသတရားများကို ထုတ်ဖော်ကာဖြင့် သတ်ဖြတ်နေခြင်းလည်း ဖြစ်၏။
ဘန်း ဘန်း
၎င်းတိုက်ခိုက်သတ်ဖြတ်လိုက်သည့် အလောင်းများအားလုံးသည် တစ်စစီ ဖြစ်ကုန်လေ၏။ ရှောင်ကျီ သေဆုံးပြီး သည့်နောက် ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများနှင့် တပည့်များ အားလုံးတို့သည် အလုံးစုံသော ဒေါသ တရားများကို လွှတ်ပေးကာဖြင့် ရှိရှိသမျှသော ရန်သူများကို ရူးရူးမူးမူး တိုက်ခိုက်လျက်ရှိ၏။
အထူးသဖြင့် ဟယ်ဝူတီပင်ဖြစ်သည်။ သူသည် အချိန်ကိုက် မရောက်ရှိနိုင်သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်လျက် ရှိသည်။
ဟူးဟူး
သူ၏လက်သီးတွင် အင်မော်တယ်တေးသံ၏ စွမ်းအင်များ ပါဝင်လျက်ရှိနေ၏။ သူ၏ မျက်လုံးထဲတွင် ဘဝ တစ်သက်တာလုံး မြင်ရခဲလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်နှက်လျက် ရှိနေ၏။
အန္တိမကုန်းမြေတိုက်ကြီးတွင် ဟယ်ဝူတီသည် အစစ်အမှန် သတိအပြည့်နှင့် သိုသိုသိပ်သိပ် နေထိုင်တတ်သည့် လူတစ်ယောက်ဖြစ်၏။ သူသည် လူများအားလုံး၏ အရှေ့မှ ပျောက်ကွယ်သည်အထိ အကောင်းမွန်ဆုံး ကြိုးစား နေထိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ယခု အချိန်မှာတော့ ရန်သူများ အားလုံးကို မဖြစ်မနေ ဝင်ရောက်ကာ တိုက်ခိုက် သတ်ဖြတ်လျက် ရှိနေသည်။
ယနေ့အချိန်တွင် အထွန်းတောက်ဆုံး လူတစ်ယောက် ဖြစ်ရမည်ဆိုလျှင်တောင် သူဂရုမစိုက်တော့ချေ။ ရှောင်ကျီ အတွက် သူသည် ကျိန်းသေပေါက် နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရန် လိုလိုချင်ချင်စိတ် ရှိနေလေ၏။
ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးသည် အရူးများကဲ့သို့ပင် ဖြစ်လို့သွားသည်။ ရန်သူများအားလုံးကို သူသေကိုယ်သေဟု သဘောထားကာဖြင့် ဝင်ရောက်ကာ တိုက်ခိုက်နေခဲ့ကြသည်။ အစောကြီးကတည်းက ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်သော တပည့်များ၏ တိုက်ခိုက်မှုစွမ်းရည်သည် ဒေါသတရားများကြောင့် ပိုမိုကာ တိုးတက် လာခဲ့သည်။
အနီရောင်ဆံပင်နှင့်လူက ပြုံးလိုက်၏။ “ဂိုဏ်းတူရောင်းရင်းတွေကြားမှာရှိတဲ့ နက်ရှိုင်းတဲ့ ခံစားမှုတွေလား။ ဒါပေမဲ့”
သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အလုံးစုံသော အားအင်တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မင်းတို့က ပုရွက်ဆိတ်လေးတွေလိုပဲ အားနည်းလွန်းတယ်”
ဟူး ဟူး
သူသည် လက်နှစ်ချောင်းကို အသာမြှောက်လိုက်၏။ တလက်လက် တောက်ပနေသည့် မီးတောက်များသည် ထပ်မံကာ စုစည်းလာခဲ့၏။ ထိုအရာကို ပစ်လွှတ်ရန် ပြင်လိုက်သည့်အချိန်မှာတော့ သူသည် ရုတ်တရက် ရပ်တန့် သွား၏။
ရှောင်ကျီ တစ်ယောက် သေဆုံးပြီးသည့်နောက် အားလုံးသော သူတို့သည် ဒေါသထွက်လျက် ရှိနေသည်။ ရီရှင်းချန် သည် အနောက်ဘက်သို့ လွင့်စင်လျက် ရှိနေတုန်းမှာပဲ မျက်လုံးအိမ်ထဲမှ မျက်ရည်များသည် တစစီ ကျဆင်းလျက် ရှိ၏။ သူ၏အနောက်ဘက်တွင် ကြီးမားလွန်းလှသည့် အမဲရောင်တွင်းကြီးက ပေါ်ပေါက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအထဲသို့ နစ်မြှုပ်သွားလေသည်။
မှောင်မဲမှု၊ အဆုံးစွန်သော တိတ်ဆိတ်မှု၊ ရီရှင်းချန်ကို ကြည့်ရသည်မှာ သူ၏အသက်တစ်ခုလုံး ဆုံးရှုံးသွားခဲ့ သလိုပင်။ ဘာမှန်းမသိသည့် အခြေအနေတွင် သူ၏ဘေးတွင် အလင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် အမှောင်များ အားလုံးကို ဖယ်ခွာလိုက်၏။ အပြာရောင်ကောင်းကင်ကြီးနှင့် နွေးထွေးလွန်းလှသော နေ့ အလင်းရောင် သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။
ဤအရာ - ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဖြစ်၏။ ရီရှင်းချန်သည် တောင်ပေါ်သို့ အသာဆင်းသက် လိုက်၏။ သူ၏ ရှေ့၌ အနီရောင်တံခါးတစ်ချပ်က တည်ရှိလို့နေသည်။ ထို အနီရောင်တံခါးပေါ်တွင် သံမဏိအရိုးဂိုဏ်း ဟူသော စာတမ်းက ရေးထိုးထားသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီး မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ သံမဏိအရိုးဂိုဏ်းသည်လည်း သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ရီရှင်းချန်သည် အမဲရောင်တွင်းကြီးမှတဆင့် အတိတ်သို့ ပြန်လည်ရောက်ရှိသွားသလိုပင်။
“ဂျူနီယာညီလေးရီ”
ရင်းနှီးနေသည့် အသံတစ်ခုသည် သံမဏိအရိုးဂိုဏ်းအတွင်းဘက်မှ ထွက်ပေါ်လာခဲ့၏။ ရှောင်ကျီသည် ပြုံးရွှင်စွာဖြင့် ထွက်လျှောက်လာခဲ့သည်။ မျက်လုံးများသည် အလွန် ရင့်ကျက်လှသည့်ပုံပန်းသွင်ပြင်မျိုး ထုတ်ဖော် နေသည်ဆိုသော်လည်း မျက်နှာသွင်ပြင်သည် ငယ်ရွယ်နုပျိုမှုကို ဖော်ညွှန်းပြသနေ၏။ ကြည့်ရသည်မှာ ပြိုင်စံရှား ဂိုဏ်း၏ စဦးပိုင်း အခြေအနေ ဖြစ်ပေလိမ့်မည်။
ရီရှင်းချန်သည် ပထမ ကြောင်အသွား၏။ ပြီးနောက် ပျော်ရွှင်သွားမိ၏။ မသေသေးချေ။ စီနီယာအစ်ကိုရှောင်သည် မသေသေးပေ။
ဝှစ်
ထိုအချိန်မှာပဲ ရှောင်ကျီသည် အနားသို့ ရောက်ရှိလာပြီးနောက် ရီရှင်းချန်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်ကာ ဖြတ်လျှောက်သွား၏။ ရီရှင်းချန်သည် ကြောင်အအဖြင့် မတ်တပ်ရပ်လျက်ရှိသည်။ လက်ကို မြှောက်ရန် ကြိုးစားပြီးသည့်နောက် သူ၏လက် တစ်ခုလုံးသည် ဝေဝါးလာလျက် ရှိသည်ကို မြင်လိုက်ရ၏။
“အိမ်မက် မက်နေတာလား”
ရီရှင်းချန်၏ မျက်နှာပေါ်တွင် ရှိနေသည့် ပျော်ရွှင်မှုများ နေရာတွင် နာကျင်မှုများက အစားထိုး ရောက်ရှိလာခဲ့၏။ သူသည် ဖြည်းညှင်းစွာ အသာလှည့်ပြီးသည့်နောက် ထွက်ခွာရန် ပြင်ဆင်လျက် ရှိနေသည့် ရှောင်ကျီကို ကြည့်ရှုလိုက်၏။ သူသည် ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ ပါးပြင်ထက် တွင် မျက်ရည်များ တပေါက်ပေါက်နှင့် ကျဆင်းလာခဲ့သည်။
“ဂျူနီယာညီလေးရီ... မြန်မြန်”
ရှောင်ကျီသည် လှေကား၏ရှေ့တွင် မတ်မတ်ရပ်ပြီးသည့်နောက် လှမ်းကာ အော်ဟစ်လျက်ရှိ၏။
ရီရှင်းချန်သည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် အတိတ်မှ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များကို ပြန်လည်ကာ စဉ်းစား နေမိသည်။ အဆုံးသတ်မှာတော့ သူသည် ဘာတွေဖြစ်နေသနည်းဆိုသည်ကို နားလည်သွားမိသည်။
ထင်မှတ်ထားသည့် အတိုင်းပင်။ အနီရောင်တံခါးဆီမှ လူတစ်ယောက် ထွက်လျှောက်လာခဲ့၏။ ထိုသူ၏ အသားအရေသည် ဖြူလျော်လွန်းလှပြီး မျက်နှာများ၌လည်း မောက်မာမှုများနှင့် ပြည့်နှက်နေ၏။ ရိုးရှင်းလှသည့် ပုံစံလည်း ပေါ်၏။
မည်သူဖြစ်သနည်း။ ဖေးအားညိုပင်ဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ဖေးအားညို၏ ခန္ဓာကိုယ်ကို ညအင်ပါယာက ထိန်းချုပ်ထားခြင်းပင်။
ရှောင်ကျီနှင့် ဖေးအားညို (ရီရှင်းချန်) ဆင်းလျှောက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ သူ၏ နှလုံးသားဆီမှ နာကျင်မှုသည် ပိုမိုကာ နက်ရှိုင်းလာခဲ့၏။