← Chapters

အခန်း ၁၉၆၄

Vol. 132 Ch. 1964

အခန်း ၁၉၆၄

Vol. 132 Ch. 1964

အပိုင်း (၁၉၆၄)

ရူးသွပ်လျက် ရှိနေသည့် ရီရှင်းချန်သည် နတ်ဆိုးစစ်သည်များ အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။ တချို့တလေသော ရွက်သင်္ဘောများကိုပင် မချန်ခဲ့ချေ။ ကောင်းကင်တွင် ရှိနေသည့် စီနီယာအစ်ကိုရှောင် ကျေနပ်နိုင်စေရန် အတွက် သူသည် ရှိရှိသမျှသော စွမ်းအင်များကို ထုတ်ဖော်ကာ သတ်ဖြတ်နေခြင်းပင်ဖြစ်သည်။

သို့ပေမဲ့ အနိုင်ရရှိနေသည်ဆိုလျှင်တောင်မှ ညအင်ပါယာက မပျော်ရွှင်ခဲ့ချေ။ သူ့၌ ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် ဤခွင့်လွှတ်ပေး၍ မရသော မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်တော်များအစား ရှောင်ကျီကိုသာ ပြန်လိုချင်မိ၏။ သို့မဟုတ် မိမိကိုယ်တိုင် သေဆုံးရမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ ရှောင်ကျီ အသက်ပြန်လည် ရှင်သန်လာခြင်းကိုသာ လိုချင်မိ၏။

အချက်အလက်အားဖြင့် မည်ကဲ့သို့သော အခြေအနေမျိုးတွင် ဖြစ်ခဲ့သည်မဆို ရှောင်ကျီသည် သူ၏ရှေ့တွင် မားမား မတ်မတ်ရပ်တည်ကာ ကာကွယ်ပေးခဲ့ဖူး၏။ သူတို့၏ ချစ်ခင်ရင်းနှီးမှုသည် ညီအစ်ကိုအရင်း ပမာပင်။ ရှောင်ကျီသည် ရီရှင်းချန်ကို လာရောက်ခေါ်ယူစဉ်က ကျဲ့လင်းရောင်၏ စကားသံကို ကြားခဲ့ရသည်။

“ကလေး မမွေးရသေးခင် ကလေးကို အဖေ ဆုံးရှုံးရတာမျိုး မဖြစ်စေချင်ဘူး”

“စိတ်မပူနဲ့။ ကျုပ် အသက်ရှင်ရက် ပြန်လာခဲ့မယ်”

ဂိုဏ်းထဲတွင် ရှိနေသော တပည့်တော်တော်များများတို့သည် တစ်ဦးတည်း မဟုတ်ကြပေ။ ချစ်သူရည်းစားများ ရှိကြ၏။ သို့ပေမဲ့ ရှောင်ကျီမှာတော့ တစ်ယောက်တည်းသာ ဖြစ်၏။ ဂျူနီယာညီလေးနှင့် မရီးတို့ ပြောဆိုနေသည့် စကားများကို ကြားခဲ့ပြီးသည့်နောက် သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့၏။ မည်သည့် အန္တရာယ်ပဲဖြစ်ဖြစ် သူသည် ရီရှင်းချန်ကို ကာကွယ်ပေးပြီး အသက်ရှင်လျက် ပြန်သွားစေရမည်။

ထို့ကြောင့်ပင်လျှင် ၎င်းတို့နှစ်ယောက်သည် အတူတူ နီးကပ်နေသည့် အခြေအနေမျိုး အမြဲတမ်း တည်ရှိနေခြင်း ပင်။ အစကတည်းမှ အဆုံးထိ ရှောင်ကျီသည် ကလေး၏ အဖေအား မသိမသာနှင့် ကာကွယ်နေခဲ့ခြင်းပင်။ ထိုအခြင်းအရာ အားလုံးကို နားလည်လိုက်ချိန်မှာတော့ ရီရှင်းချန်သည် အမှန်ပင် စိတ်လှုပ်ရှားပြီး မျက်ရည်များ တတောက်တောက် ကျဆင်းနေမိ၏။

အား….

သူသည် ရန်သူပေါင်း သန်းချီကို သတ်ဖြတ်ပစ်သည် ဆိုလျှင်တောင်မှ နှလုံးသားထဲတွင် ဖြစ်နေသည့် နာကျင်မှုကို မဖိနှိပ်နိုင်ခဲ့သေးချေ။ ထို့ကြောင့် ဆိုးရွားစွာ အော်ဟစ်ငိုယိုလျက် ရှိနေ၏။

အီး .... ဝူး ...။

လျှိုဝမ်ရှစ်သည် မျက်ရည်များ မိုးလိုပင် ကျဆင်းလျက် ရှိနေ၏။ သူမသည် လီလိုရှု၏ ပခုံးကို အသာမှီကာ ငိုယိုနေမိ သည်။ သူမသည် တစ်ခါတစ်လေ မင်္ဂလာမရှိသော စကားလုံးများကို ပြောဆိုတတ်သော်လည်း သူမ၏ စီနီယာအစ်ကိုနှင့် ဂျူနီယာမောင်လေးများကို အလွန်ပင် ဂရုစိုက်တတ်သူဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ ရီရှင်းချန်၏ ဆိုးရွားစွာ အော်ဟစ်ငိုယိုနေမှုကို ကြားရသည့် ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသည့် လူများအားလုံးသည် ဝမ်းနည်းဆွေးမြေ့စွာဖြင့် ဦးခေါင်းကို ငုံ့ထားမိ၏။ ရန်သူများကို သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်သည်။ သို့ပေမဲ့ သူတို့ဘက်မှ လူတစ်ယောက်သာ သေဆုံးခဲ့၏။ မည်သို့ပဲကြည့်ကြည့် ဤအရာသည် အလုံးစုံသော အောင်မြင်မှုသာလျှင်ဖြစ်၏။ သို့ပေမဲ့ အားလုံးသော သူတို့သည် နာကျင်မှုများကို ကျိန်းသေပေါက် ခံစားနေရ၏။

မဟုတ်သေးဘူး။ သူတို့ အနိုင်မယူနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျီအား သတ်ဖြတ်သူသည် မသေသေးသောကြောင့်ပင်။ အားလုံးသော သူတို့သည် ခေါင်းလှည့်ပြီးသည့်နောက် အဝေးတစ်နေရာတွင် ရှိနေသည့် ကွဲအက်လျက်ရှိနေသည့် လေဟာနယ်ကြီးကို ဒေါသတကြီးဖြင့် ကြည့်ရှုလိုက်ကြသည်။

............

ကျွင်းချောင်ရှောင်းတစ်ယောက် အနီရောင်ဆံပင်နှင့်လူကို တောက်လျှောက် တိုက်ခိုက်နေသည့်အချိန်မှာတော့ တစ်ဖက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သူကြီးသည် နားလည်မှုရှိရှိဖြင့် အနောက်ဘက်သို့ ဆုတ်ခွာရန် ရွေးချယ်ခဲ့ပြီးပြီဖြစ်၏။ သူ့အနေနှင့် ရူးသွပ်နေပြီဖြစ်သည့် ရီရှင်းချန်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆန္ဒမရှိချေ။ ပြောရမည်ဆိုလျှင် လက်ရှိအခြေအနေမှာတော့ အနီရောင်ဆံပင်နှင့်လူသည် ကျွင်းချောင်ရှောင်း၏ နှိပ်စက် ရိုက်နှက်ခြင်းကို ခံနေရ၏။

ဘုန်း

ကောင်းကင်ယံတွင် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်တည်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အားလုံးသည် လှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အဝေးသို့ လွင့်စင်သွားခဲ့ပြီဖြစ်သော အနီရောင်ဆံပင်နှင့်လူကို မြင်လိုက်ရ၏။ တစ်ဖက်လူသည် ဆိုးဆိုးရွားရွား အခြေအနေမျိုးဖြင့် ရပ်တန့်သွားခဲ့၏။ မျက်နှာပေါ်တွင် ကြီးမားလှသည့် ဒဏ်ရာကြီးတစ်ခုက ပေါ်ပေါက်လာသည်။ မျက်နှာကို တည့်တည့် ရိုက်နှက်ခံရခြင်းပင်။

“ချီးတဲ့မှ”

၎င်းသည် ဒေါသတကြီးဖြင့် လက်သီးကိုဆုပ်ပြီး တောက်ပပူလောင်လွန်းသည့် မီးတောက်များကို ထုတ်ဖော်လိုက်၏။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင် အလင်းတန်းတစ်ခုက ဖြတ်သန်းရောက်ရှိ လာခဲ့ပြီးသည့်နောက် သူ၏ နဖူးရှေ့တွင် လှံတစ်စင်း၏ ထိပ်က ရောက်ရှိနေသောကြောင့်ပင်။

အနီရောင်ဆံပင်နှင့်လူ၏ မျက်လုံးများသည် အာရုံပျောက်သွားခဲ့၏။ တစ်ဖက်လူသည် သူ၏ရှေ့တွင် ရောက်ရှိလာ ခဲ့၏။ ထိုသူသည် ငယ်ရွယ်လွန်းလှသော ပုံပန်းသွင်ပြင်ဖြင့် လူငယ်လေးဖြစ်ပြီး မီးများ တောက်လောင်လျက် ရှိနေသည့် ကွင်းတစ်ခုပေါ်တွင် မတ်တပ်ရပ်လျက်ရှိ၏။ အနီရောင်ခြုံလွှာတစ်ခုသည် ပခုံးထက်တွင် လွင့်မျောလျက် ရှိနေပြီး လက်ထဲတွင် မီးတောက်လျက် ရှိနေသော လှံတစ်စင်းကို ကိုင်ဆောင်ထား၏။ အထူးသဖြင့် အင်္ကျီပေါ်တွင် အနီရောင်ကြာပန်းတစ်ခု၏ပုံကို ရေးထိုးထားခဲ့ခြင်းပင်။

ဤလူ၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် စာဖတ်သူများ အားလုံးသည် အကောင်းမွန်ဆုံး နားလည်နိုင်ပေလိမ့်မည်။ ဤလူသည် နီကျားပင် ဖြစ်လေ၏။

“SSS အဆင့် သူရဲကောင်းဝိညာဉ်လား”

လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ သူတို့သည် ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ သွားရောက်ပြီးသည့်နောက် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူး၏။ သူတို့အနေနှင့် ထိပ်တန်းသူရဲကောင်းဝိညာဉ်မျိုးကို အနိုင်ယူတိုက်ခိုက်နိုင်ခြင်း မရှိဘူး ဆိုလျှင်တောင်မှ နံရံပေါ်တွင် ရှိနေသည့် ပုံရိပ်ယောင်များကို ကြည့်ရှုရင်း တစ်ဖက်လူ မည်သူဖြစ်သည်ကို ကောင်းကောင်း နားလည်နိုင်သည်။

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာရှိ မီးတောက်များ ပြည့်နှက်လျက်ရှိနေသည့် နေရာထဲမှ ထွက်လျှောက်လာခဲ့တော့၏။ သူ၏ခန္ဓာကိုယ်တွင် မီးတောက်များ လွှမ်းခြုံလျက် ရှိနေပြီး သူသည် နီကျားနှင့် ချိတ်ဆက်လျက် ရှိနေ၏။ ဆိုလိုသည်မှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် နီကျားသည် သူ၏ ထိန်းချုပ်မှုကို ခံနေရခြင်းပင်။

ပထမဦးဆုံး မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ကိုယ်ပွားနှင့် တိုက်ခိုက်သည့်အချိန်တွင် မျောက်ဘုရင် သူရဲကောင်းဝိညာဉ်သည် ပေါ်ပေါက်လာခဲ့တော့၏။ ယခု အနီရောင်ဆံပင်နှင့်လူနှင့် တိုက်ခိုက်သည့်အချိန်တွင် နီကျား ထွက်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်းအနေဖြင့် ကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်မရဘူး ဆိုလျှင်တောင်မှာ နတ်ဘုရားများသည် ထွက်ကာ သူ့ကို လိုလိုချင်ချင်နှင့် ကူညီလျက်ရှိနေလေသည်လား။ အဘယ်ကြောင့်နည်း။ သေသေချာချာ မသိရှိပေ။

ဂလု

အနီရောင်ဆံပင်နှင့်လူသည် တံတွေး မျိုချလိုက်၏။ သူ၏ ရှေ့တွင်ရှိနေသည့် လှံသည် မီးတောက်များနှင့် ပေါက်ကွဲလျက် ရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ချွေးစေးများ ပျံလာစေခဲ့၏။ လက်ရှိ အချိန်မှာတော့ သေခြင်းတရားသည် သူနှင့်အလွန် နီးစပ်နေသည်ဟု ခံစားနေမိ၏။ သူသည် လွတ်မြောက်မှုကို မရရှိသေးချေ။ အဘယ်ကြောင့် ဤနေရာတွင် သေဆုံးရမည်နည်း။ “မဖြစ်သေးဘူး။ ငါ ဒီကိစ္စကို လက်မခံနိုင်ဘူး”

နီကျား သူရဲကောင်းဝိညာဉ်သည် အနီရောင်ဆံပင်နှင့် လူ၏ ရင်ဘတ်ပေါ်တွင် ရှိနေသည့် ဆေးမင်ကြောင်ကို လှမ်းကြည့်ကာဖြင့် အထင်အမြင်သေးစွာ ပြောလိုက်သည်။ “မင်းက ကြာပန်းကို အသုံးပြုဖို့ ထိုက်တန်တဲ့ လူတစ်ယောက် ဟုတ်လို့လား”

ကြာပန်းဆိုသည်မှာ နီကျားကို ကိုယ်စားပြုသည့်အရာဖြစ်၏။ နီကျားသည် မီးများနှင့် ဆော့ကစားရသည်ကို နှစ်သက်၏။ ဆိုလိုသည်မှာ ဤအနီရောင်ဆံပင်နှင့်လူကို တိုက်ခိုက်ရန်အတွက် နီကျားသည် ရည်ရွယ်ချက်ရှိရှိ ပေါ်ပေါက်လာသည့်ပုံပင်။

“ဟေး”

နီကျားသည် တည်ငြိမ်စွာ ပြောလိုက်၏။ “သူ့ကို သေစေချင်လား”

လေသံကို ကြည့်ရှုရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် ချိတ်ဆက်မှု ရှိသည်ဆိုသော်လည်း အလုံးစုံ ထိန်းချုပ်နိုင်စွမ်းရှိသည့်ပုံ မပေါ်ချေ။ ကြည့်ရသည်မှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေး ကဲ့သို့ပင်။

“သူ့ကို သေတဲ့အထိ နှိပ်စက်လိုက်”

ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျား ကျုပ်တပည့်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ခွင့်လွှတ်ပေးလို့ မရဘူး”

ဝှစ်

ပြောပြောပြီးချင်းမှာပဲ နီကျားသည် အနီရောင်ဆံပင်နှင့်လူ၏ ဘယ်ဘက် ပခုံးထိပ်ကို လှံဦးနှင့် ထိုးလိုက်၏။ အနီရောင်ဆံပင်နှင့်လူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့တော့၏။ သူသည် ဤကဲ့သို့ လှံနှင့် ထိုးသွင်းခံရမှုကို ကျိန်းသေပေါက် တောင့်ခံနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ထိုလှံထဲတွင် ပါဝင်လျက်ရှိသည့် သန့်စင်လွန်း လှသည့် မီးတောက်ဓာတ်သဘာဝများသည် သူ၏အသားအရေတစ်ခုလုံးကို ကျွမ်းလောင်လျက် ရှိနေပြီး သွေးများကိုပါ ကျွမ်းလောင်စေခဲ့သည်။ နာကျင်လွန်း၏။ ရိုးတွင်းခြင်ဆီထဲအထိ နာကျင်လွန်းလှ၏။

ဇွိ

နီကျားသည် သူ၏လှံကို ဆွဲထုတ်ပြီးနောက် ညာဘက်ပခုံးကို ထပ်မံကာ ထိုးနှက်လိုက်၏။ သေဆုံးသည်အထိ နှိပ်စက်ရန် ရည်ရွယ်ထားသည် ဖြစ်သောကြောင့် သူသည် ချက်ချင်း မသတ်ဖြတ်ပစ်ခဲ့ချေ။ တစ်ဖက်လူ သေဆုံး သွားမည်ကို ရှောင်ရှားနိုင်ရန်အတွက် အန္တရာယ်မရှိသည့် နေရာများကို လှံဖြင့်ထိုးကာ နှိပ်စက်နေခြင်းပင်။

ဇွိ ဇွိ ဇွိ

အသားထဲသို့ လှံသွားဝင်ရောက်သံသည် စကြဝဠာ ကောင်းကင်ယံထက်တွင် ပျံ့နှံ့လျက် ရှိနေ၏။ ပြိုင်စံရှားဂိုဏ်း တပည့်များသည် ထိုအသံကို ကြားရသည့်အချိန်မှာတော့ အလွန်ပဲ နားဝင်ပီယံ ဖြစ်လို့နေခဲ့သည်။

........

ထာဝရလောကကြီး၊ ကျောက်ရုပ်ထုမျိုးနွယ်

ကျွင်းချောင်ရှောင်း၏ အမှတ်မထင် ကယ်တင်ခြင်းကို ခံရပြီးသည့်နောက် ကုန်းစွန်းရော့လီသည် အဓိကမြို့ထဲတွင် နေထိုင်ပြီး သူမ၏ ကလန်သားများကို တိုးတက်လာအောင် ပြုမူဆောင်ရွက်လျက် ရှိနေတော့၏။ သူမသည် အကြင်နာကင်းမဲ့လှသည့် လူတစ်ယောက်ကို ရှာဖွေချင်သည်ဆိုသော်လည်း သူမ၏ သားအတွက် အချိန်အတိုင်း အတာတစ်ခုအတွင်း သူမ၏ ဆန္ဒများကို ဖိနှိပ်ထားရပေမည်။

ကျွင်းချောင်ရှောင်းသည်လည်း သူ၏အဖေကို တွေ့ချင်မိ၏။ ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ခိုင်းပြီး ပိုမိုကောင်းမွန်လှ သည့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို ရရှိစေချင်၏။

လက်ရှိအခြေအနေမှာတော့ ကုန်းစွန်းရော့လီသည် တည်ငြိမ်အောင် ကြိုးစားပြီး ကျောက်ရုပ်ထု မျိုးနွယ်ကလန်အား ပိုမို တိုးတက်လာစေရန် ဦးဆောင်လျက်ရှိသည်။

ဝှစ်

လျှို့ဝှက်ခန်း တစ်ခုအတွင်းမှာတော့ .....

ကျင့်ကြံလျက်ရှိသည့် ကုန်းစွန်းရော့လီသည် ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။ သူမအနေနှင့် သိုင်းကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို အလုံးစုံ နားလည်သွားခဲ့ သောကြောင့် မဟုတ်ချေ။ ထာဝရလောကကြီး တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် လှို်ငးအဟုန်များကို သူမ မခံစားမိချေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် နိုးထလာရသနည်း။

ကုန်းစွန်းရော့လီသည် သူမ၏ ရင်ဘတ်ကို အသာ ဖိလိုက်မိသည်။ သူမ၏ လှပသည့် မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့၏။ “မဟုတ်ဘူး။ တစ်ခုခုတော့ ဖြစ်ပြီပဲ”

ကုန်းစွန်းရော့လီသည် ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်ပြီးသည့်နောက် လျှို့ဝှက်ကျောက်ခန်းထဲမှ ထွက်လျှောက် လိုက်၏။ ထာဝရလောကကြီး တည်ရှိနေသည့် ကောင်းကင်ယံတစ်ခုလုံး ရှုပ်ထွေးလျက် ရှိနေသည်ကို မြင်ရပြီး သည့်နောက် သူမ၏ အလိုလို သိစိတ်သည် မှန်ကန်သည်ဟု သုံးသပ်လိုက်မိသည်။

“ခေါင်းဆောင်... ဘယ်လိုဖြစ်ပြီး ထွက်လာရတာလဲ” ကလန်၏ တာဝန်ရှိသူများသည် အံ့အားသင့်သွား၏။

“ဘာတွေဖြစ်နေတာလဲ” ကုန်းစွန်းရော့လီသည် မျက်မှောင်ကုတ်လိုက်မိသည်။

ထာဝရ လောကကြီးမှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးဖြင့် တိုက်ခိုက်ခံနေရသည်ဖြစ်ကြောင်း အားလုံး ရှင်းပြလိုက်ကြ၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ် များနှင့် တိုက်ခိုက်နေရသည်ဖြစ်ကြောင်း သိရှိပြီးသည့်နောက် သူမသည် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ အပြင်ဘက်သို့ ပျံသန်းသွားသည်။

“သူ့ကိုသတ်လိုက်တော့” ထိုအချိန်မှာပဲ ကောင်းကင်ယံထက်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်၏။

တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် လှံနှင့်ထိုးထားသည့် အပေါက်ပေါင်းများစွာ တည်ရှိ နေပြီဖြစ်၏။ ဆိုးရွားသည့် ပုံပန်းသွင်ပြင်မျိုး ပေါက်နေသည်။

“ကောင်းပြီ” နီကျားသည် သူ၏ မီးများတောက်လောင်လျက် ရှိနေသည့် လှံကြီးကို အသာမြှောက်ကိုင်လိုက်၏။

ဝှစ်

ဇွိ

ကုန်းစွန်းရော့လီသည် ထာဝရလောကကြီးဆီမှ ပျံသန်းထွက်ခွာလာခဲ့၏။ မီးများတောက်လောင်လျက် ရှိနေသည့် လှံကြီးသည် အလွန်အားကောင်းလှသော စွမ်းအင်များကို စုစည်းကာဖြင့် အနီရောင်ဆံပင်နှင့်လူ၏ လည်မျိုထဲသို့ ဝင်ရောက်သွားခဲ့သည်။

လက်ရှိ အခြေအနေမှာတော့ ရှောင်ကျီအား သတ်ဖြတ်ခဲ့သူသည် ကျွင်းချောင်ရှောင်း၏ လက်ထဲ၌ သေဆုံးသွား ခဲ့ပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည် လက်စားချေနိုင်ခဲ့ပြီဖြစ်၏။

အတိတ်တုန်းက အလွန်အားကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများအား ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်ကာ အားရာနှင့် ရင်ဆိုင်စေခဲ့သော်လည်း ရှောင်ကျီ သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် သူသည် ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိတော့ချေ။

ရှောင်ကျီကို သတ်ဖြတ်ပြီးသည့်နောက် ထိုသူသည် ကောင်းကင်ပေါ်မှ နတ်ဘုရားတစ်ပါး ဖြစ်သည် ဆိုလျှင်တောင်မှ သေဆုံးရပေမည်။

All Chapters