← Chapters

အခန်း ၁၉၆၅

Vol. 132 Ch. 1965

အခန်း ၁၉၆၅

Vol. 132 Ch. 1965

အပိုင်း (၁၉၆၅)

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် သုတ်သင်ခြင်းကိုခံခဲ့ရ၏။ ရှောင်ကျီကိုသတ်ဖြတ် ခဲ့သည့် အနီရောင်ဆံပင်နှင့်လူသည်လည်း သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။ ဤအရာသည် ခေတ်သစ် တိုက်ပွဲကြီး တစ်ခုကို အစပျိုးခဲ့ခြင်းပင်။ ကျွင်းချောင်ရှောင်းနှင့် သူ၏ ပြိုင်စံရှားဂိုဏ်းသားတို့သည် အနိုင်ရခဲ့၏။ သို့ပေမဲ့ ပေးဆပ်ရသည့်တန်ဖိုးသည် ရှောင်ကျီ ဟူသော တပည့်တစ်ယောက် သေဆုံးသွားခြင်းပင်။

“စနစ် .... အတိတ်ကို ပြန်သွားလို့ရတဲ့ နည်းလမ်းရှိလား” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ မေးမြန်းလိုက်မိ၏။

“မရှိဘူး” စနစ်သည် အစစ်အမှန်ပင် ‌ဖြေဆိုလိုက်သည်။ လက်ခံသူ၏ နှလုံးသားသည် လက်ရှိ အခြေအနေ၌ အလွန်တရာနာကျင်နေကြောင်း သူကနားလည်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ဖြစ်ပြီးခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောင်းလဲ၍ မဖြစ်နိုင်ချေ.....

ကျွင်းချောင်ရှောင်းသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်၏။ “ငါ ထာဝရလောကကြီးကို လူသိရှင်ကြား ထုတ်ဖော်မပြသခဲ့သင့်ဘူး။ ဒါဆိုလရင် ရှောင်ကျီက သေမှာမဟုတ်ဘူး၊ ဒီကိစ္စတွေ အကုန်လုံးက ငါ့ရဲ့အပြစ်ပဲ”

“လက်ခံသူအနေနဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် မနှေးနဲ့မမြန်ဆိုသလိုပဲ တိုက်ခိုက်ရမှာပဲလေ။ စတေးခြင်း ကိစ္စရပ်တွေက ရှောင်လွဲလို့မရဘဲ ဖြစ်တည်လာမှာ။ အချိန်ကာလပဲ ကွာခြားတာမဟုတ်လား” စနစ်က ပြောလိုက်သည်။

သူသည် ကျွင်းချောင်ရှောင်းအား ရင်နာအောင်ပြောဆိုရသည်ကို နှစ်သက်သူတစ်ယောက် ဖြစ်သော်လည်း ရံဖန်ရံခါမှသာ ပြုလုပ်တတ်သူတစ်ယောက်ဖြစ်၏။ ဤကဲ့သို့ ဆိုးရွားလှသည့် အခြေအနေမျိုးတွင် အကောင်းမွန်ဆုံး နှစ်သိမ့်ပေးတတ်သူတစ်ယောက် ဖြစ်လို့နေခဲ့၏။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာ ပြောလိုက်မိသည်။ “ရှောင်ကျီက ရှင်းချန်ကိုခေါ်ပြီးတော့ စကြဝဠာနတ်တိုက်ပွဲမှာ သွားပြီးပြိုင်ကြမယ်လို့ သွားခေါ်ခဲ့ဖူးတယ်လေ၊ ဒီတော့ သူပြန်ပြီး ရှင်သန်နိုင်ဖို့ နည်းလမ်း ရှိကိုရှိရလိမ့်မယ်”

“ဒါက”

စနစ်သည် ခဏလောက်တွေးတောကာပြောလိုက်မိ၏။ “ဒါ အဓိပ္ပာယ်ရှိတယ်”

“စတိုး .... စတိုးထဲမှာရှိရမယ်”

ကျွင်းချောင်ရှောင်းသည် မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။ “ပြန်ပြီးရှင်သန်နိုင်တဲ့ ပစ္စည်းတစ်ခုခုပေါ့”

စနစ်သည် မည်သည့်စကားမှမဆိုချေ။ ထိုကဲ့သို့သောအရာမျိုးရှိသည်ဆိုလျှင်တောင်မှ လက်ခံသူအနေနှင့် ဝယ်ယူ၍ ရနိုင်သည့်အရာမျိုးမဟုတ်နိုင်ပေ။ မိမိ၏ကိုယ်ပိုင်စွမ်းအင်ဖြင့် ရှာဖွေမည်ဆိုလျှင်တော့ .......

သူသည် လက်ခံသူကို ရင်နာအောင် လက်ရှိအခြေအနေ၌ မလုပ်ချင်သေးချေ။ ရီရှင်းချန်တစ်ယောက် ရူးသွပ်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်တည်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အနှိုင်းမဲ့စနစ်၏ စတိုးအပေါ် ယုံကြည်ချင်စိတ်များ ပြန်လည် ဖြစ်တည်လာခဲ့၏။

“ဟူး”

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ စနစ် ရှိလျှင် မျှော်လင့်ချက်လည်း ရှိနိုင်သည်။

“ဟေး”

နီကျားသည် အနီရောင်ဆံပင်နှင့်လူ၏ ခန္ဓာကိုယ်ကို အသာကောက်ယူကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “သူ့ကို အပိုင်းပိုင်းခုတ်ပစ်ချင်သေးလား”

ကျွင်းချောင်ရှောင်းသည် ပြန်ဖြေရန် ပါးစပ်ဟလိုက်သည်။ သို့ပေမဲ့ သူ၏မြင်ကွင်းထဲသို့ ကုန်းစွန်းရော့လီ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ သူသည် အံ့အားတသင့်နှင့်လှမ်းကာ မေးလိုက်သည်။ “အဖေ.. ဘယ်လိုဖြစ်ပြီး ထွက်လာလဲ”

မဟုတ်သေးဘူး။ သူ့အဖေ၏ ပုံစံသည် အဘယ့်ကြောင့် ဤကဲ့သို့ဖြစ်နေရသနည်း။ အဘယ့်ကြောင့် သူမ၏ မျက်လုံးထောင့်တွင် မျက်ရည်များစီးကျနေရသနည်း။ အဘယ့်ကြောင့် အလွန်နာကျင်သည့် ခံစားချက်များကို ခံစားနေရပုံပေါ်သနည်း။

ကျွင်းချောင်ရှောင်းသည် အမြဲတမ်းသတိအပြည့်ရှိတတ်သူ တစ်ယောက်ဖြစ်၏။ ကုန်းစွန်းရော့လီ ၏ အသွင်အပြင်နှင့် သူမမျက်နှာပေါ်တွင်ရှိနေသည့် ရှုပ်ထွေးလွန်းလှသော ခံစားချက်များကို မြင်ရသည့် အချိန်မှာတော့ သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ကြွက်သားများသည် တင်းကြပ်သွားခဲ့တော့၏။ သူသည် သေဆုံးသွားခဲ့ပြီဖြစ်သော အနီရောင်ဆံပင်နှင့်လူဘက်သို့ အသာအကြည့်လှည့်လိုက်၏။

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး”

“သွားပြီ”

စနစ်က ဝင်ပြောလိုက်သည်။ “ဒါအရမ်းကို လေးနက်သွားပြီ”

ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးတို့သည်လည်း ဆွံ့အသွားခဲ့ကြ၏။

ကုန်းစွန်းရော့လီသည် အကြင်နာကင်းမဲ့လှသည့်လူကို ရှာဖွေနေသည်ဖြစ်ကြောင်း အားလုံးသောသူတို့က သိရှိကြသည်။ လက်ရှိအခြေအနေမှာတော့ သူမသည် အဝေးတစ်နေရာတွင်ရှိနေသော ဆံပင်အနီရောင်နှင့် လူ၏ အလောင်းကို စူးစိုက်ကြည့်ရှုလျက်ရှိနေ၏။ ဆိုလိုသည်မှာ ဤအနီရောင်ဆံပင်နှင့်လူသည် မည်သူ ဖြစ်ကြောင်း သေသေချာချာ ခန့်မှန်းတွေးတောနေစရာပင် မလိုအပ်တော့ချေ။ ဤလူသည် ဂိုဏ်းချုပ်၏ အမေ သာလျှင် ဖြစ်ပေလိမ့်မည်။

ဖူး ...။

ကျွင်းချောင်ရှောင်းသည် သွေးတစ်လုတ်အန်ထုတ်လိုက်မိ၏။ အကယ်၍ အနီရောင်ဆံပင်နှင့်လူသည် သူ၏ အဖေ ရှာဖွေလျက်ရှိနေသည့် အကြင်အနာကင်းမဲ့လှသည့် လူတစ်ယောက်ဖြစ်သည်ဆိုပါက သူ မသတ်ပစ်ပဲ နေမည်လား။ ခွင့်လွှတ်လို့မရနိုင်သည့် ပြစ်မှုကြီးကို ကျူးလွန်ထားသည့်လူတစ်ယောက်ကို ဤအတိုင်းပဲ လွှတ်ပေးရမည်လား။

စနစ်သည် အလောတကြီးဖြင့် နှစ်သိမ့်လိုက်မိ၏။ “ဒါ မင်းရဲ့အပြစ်မဟုတ်ဘူး”

“ဒါပေမဲ့ ငါ အဖေ့ကို ဘယ်လို ရှင်းပြရတော့မှာလဲ” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ အော်ဟစ်လျက်ရှိသည်။

ဟုတ်ပေသည်။ အနီရောင်ဆံပင်နှင့်လူ မည်သူဖြစ်မည်ကို မသိရှိခင်က တစ်ဖက်လူသည် ရှောင်ကျီကို သတ်ဖြတ်ပစ်ခဲ့၏။ ထို့ကြောင့် တစ်ဖက်လူအား ပြန်လည် သတ်ဖြတ်ခြင်းဆိုသည်မှာ မှားယွင်းသည့် ကိစ္စရပ် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် မည်သူဖြစ်သည်ကို သိရှိပြီးသည့်နောက် အနာဂတ်တွင် သူ၏ အဖေကို မည်ကဲ့သို့ မျက်နှာချင်းဆိုင်ရတော့မည်နည်း။

“မင်း”

တစ်ချိန်လုံးတိတ်ဆိတ်လျက်ရှိနေသည့် ကုန်းစွန်းရော့လီသည် နောက်ဆုံးတော့ ပါးစပ်ကိုဟလိုက်၏။ သို့ပေမဲ့ သူမ၏မျက်လုံးမှတဆင့် မျက်ရည်များသည် အဆမတန် ကျဆင်းလာခဲ့၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက် တည်ရှိနေသည် ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် သူ၏ နှလုံးသားအား ဓားနှင့်ထိုးစိုက်သလိုခံစားမိလေ၏။

“အဖေ... ကျုပ်တောင်းပန်ပါတယ် ..... ကျုပ်”

“ဟင်း”

သက်ပြင်းချသံတစ်ခုက ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာ‌တော့ သူ၏မြင်ကွင်းထဲတွင် ကျန်းစန်းက ပေါ်ပေါက်လာ၏။ တစ်ဖက်လူသည် လက်နှစ်ဖက်ကို အနောက်ပစ်ကာဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။ ပြီးနောက် နာနာကျင်ကျင် နှင့်ပြုံးကာ ပြောလိုက်သည်။ “ငါ့ကို ရှာတွေ့သေးတာလား”

ပြိုင်စံရှားဂိုဏ်းမှလူများအားလုံးသည် ဆွံ့အသွားခဲ့၏။

ကုန်းစွန်းရော့လီသည် နှုတ်ခမ်းကိုကိုက်ထား၏။ ပြီးနောက် ကျန်းစန်း၏ အရှေ့သို့ ရောက်ရှိသွား၏။ သူမသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ လက်ကို မြှောက်ကာဖြင့် ပါးပိတ်ရိုက်လေသည်။

ကျန်းစန်းသည် တစ်ချက်ကလေးမှ မရှောင်သလို ဒေါသတရား ဖြစ်ပေါ်လာသည့် ပုံရိပ်မျိုးလည်း မရှိချေ။ လိုလိုချင်ချင်ဖြင့် ပါးပိတ်ရိုက်ခံလျက်ရှိနေ၏။

ဖောင်း

ကျယ်လောင်လှသည့် အသံကြီးထွက်ပေါ်လာခဲ့၏။ ကုန်းစွန်းရော့လီသည် သူမ၏ဘယ်ဘက်လက်ကို မြှောက်ပြီး ကျန်းစန်း၏မျက်နှာကို ထပ်မံကာ ရိုက်နှက်ပြန်၏။ သူမ၏မျက်လုံးများတွင် ဒေါသတရားများ၊ အငြိုးအတေးများနှင့် ပြည့်နှက်လျက် ရှိနေ၏။

“ရည်ရွယ်ချက်ရှိရှိနဲ့ ရှင် ကျွန်မဆီကနေ ပုန်းနေတာပေါ့”

“ငါ့ဆီမှာ ရည်ရွယ်ချက်ရှိတယ်”

ဖောင်း

နောက်ထပ်လက်ဝါးရိုက်ချက်သည် မျက်နှာပေါ်သို့ ကျဆင်းလာခဲ့၏။ ကျန်းစန်းသည် မည်သို့မှ သဘော မထားချေ။ ဆက်ကာပြောလိုက်သည်။

“ကောင်းကင်ရဲ့ကြီးမားလှတဲ့ လျှို့ဝှက်ချက်ကြီးကို တွက်ချက်နေတဲ့ လူတစ်ယောက်အနောက်ကို လိုက်ရင် မင်း မနှေးနဲ့မမြန်ဆိုသလို ဒုက္ခရောက်မှာပေါ့ .... ဒါ့ကြောင့်”

ဖောင်း - လေးချက်မြောက်ရိုက်ချက်

“ဒါကြောင့် ငါထွက်သွားခဲ့ရတာ”

ဖောင်း - ငါးချက်မြောက်ရိုက်ချက်

ကုန်းစွန်းရော့လီသည် သူမ၏လက်ကိုထပ်မံကာမြှောက်လိုက်၏။ သို့ပေမဲ့ ထပ်မံကာမရိုက်ခဲ့ချေ။ သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်လျက်ရှိနေ၏။

“ရှင် ကျွန်မကို စွန့်ပစ်ရုံတင်မကဘူး။ ရှင့်ရဲ့သား ကိုလည်း စွန့်ပစ်ခဲ့တယ်လေ”

“သား... ဟုတ်လား” ကျန်းစန်းသည် ပြန်လည်ကာ ခွန်းတုံ့ပြန်လိုက်သည်။

ဖောင်း - ခြောက်ချက်မြောက်ရိုက်ချက်

ကုန်းစွန်းရော့လီသည် ခုနှစ်ကြိမ်မြောက်ရိုက်ချက်ကို ထပ်မံရိုက်သည့်အချိန်မှာတော့ ကျန်းစန်းသည် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ အလောတကြီးဖြင့် ပြောလိုက်၏။ “ငါထွက်မသွားခင် မင်းကိုယ်ဝန် ရှိခဲ့တာလား”

တစ်ဖက်လူကိုယ်ဝန်ရှိခဲ့သည်ဖြစ်ကြောင်းကို သူသိပင် မသိရှိခဲ့ချေ။ မည်ကဲ့သို့သော အဖေနည်း။

“အမှန်ပဲ”

ကုန်းစွန်းရော့လီသည် မုန်းတီးစွာဖြင့် ပြောလိုက်၏။ သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ တော့ချေ။ ထို့ကြောင့် အလောတကြီးဖြင့် မေးမြန်းလိုက်၏။ “သူ ဘယ်မှာလဲ။ သူဘယ်မှာလဲ”

ကုန်းစွန်းရော့လီက မဖြေချေ။ ထိုအစား သူမ၏အကြည့်များသည် ရွှေ့လျားသွားသည်။

ဘုတ်

ကျန်းစန်းသည် ခေါင်းကိုခက်ခက်ခဲခဲဖြင့်လှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။ သူသည်မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “သူက ငါ့ရဲ့သားလား”

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုဆုပ်ကိုင်ကာဖြင့် အော်ဟစ်လျက်ရှိ၏။ “သူက ကျုပ်ရဲ့အမေလား”

ရွှီး ...။

လက်ရှိအခြေအနေမှာတော့ ကုန်းစွန်းရော့လီသည် သူမ၏ဓားကို ဆွဲထုတ်လိုက်၏။ ပြီးနောက် ကျန်းစန်း၏ လည်ဂုတ်ပေါ်သို့ တင်ကာ အံကိုကြိတ်ကာပြောလိုက်သည်။

“ကိုယ့်ရဲ့ယောကျ်ား၊ ပြီးတော့ သားကိုစွန့်ခွာသွားခဲ့တဲ့လူ ..... သေဖို့ထိုက်တန်တယ်”

“အဖေ”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် လှမ်းကာအကြံပြုလိုက်၏။ “စိတ်ကိုထိန်းပါအုံး”

ကျန်းစန်းသည် သူ့အဖေရှာဖွေလျက်ရှိနေသည့် အကြင်နာကင်းမဲ့လှသည့် လူတစ်ယောက်ဖြစ်ကြောင်းကို သူလက်မခံနိုင်သော်လည်း အစစ်အမှန်သည် အစစ်အမှန်သာဖြစ်၏။ ထိုအရာကို ပြောင်းလဲ၍ မရနိုင်ချေ။ လက်ရှိအခြေအနေမှာတော့ ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်သည့်အရာများကို ကာကွယ်ရပေလိမ့်မည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ကျန်းစန်းဆီ အသံပို့လွှတ်လိုက်သည် “နောင်တရကြောင်း ပြော ... နောင်တရကြောင်း ... မှားယွင်းမိကြောင်း ပြော ......”

ကျန်းစန်းသည် ခေါင်းကိုအသာလှည့်ပြီးသည့်နောက် ဝမ်းနည်းစွာဖြင့်ပြောလိုက်၏။ “ငါ့ဆီမှာ အရမ်းကို လေးနက်သည့်ချစ်ခြင်းတရားရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ငါအဲဒါကို ဆုံးရှုံးခဲ့ရတယ်။ နောင်တရဖို့ အချိန်က အရမ်းကို နောက်ကျသွားခဲ့ပြီ။ လောကကြီးက အရမ်းကိုနာကျင်စရာကောင်းတာပဲ။”

ကျွင်းချောင်ရှောင်း သင်ကြားပေးသည့်အတိုင်း ပြောဆိုပြီးပြီးချင်းမှာပဲ သူသည် မျက်ရည်များ ကျဆင်းလာခဲ့ တော့၏။ တကယ့်ကို သရုပ်ဆောင်ကောင်း တစ်ယောက်ကဲ့သို့ပင်။

ထင်မှတ်ထားသည့်အတိုင်းပင်။ ကျွင်းချောင်ရှောင်းသင်ပေးသည့်အတိုင်း စကားအတိုင်း ပြောဆိုပြီးနောက် ကုန်းစွန်းရော့လီ၏ ဒေါသများသည် လျော့ကျသွားခဲ့၏။ သူမသည် ဓားကိုပြန်လည် သိမ်းဆည်းပြီး ထာဝရလောကကြီး ဆီသို့ ပြန်လှည့်သွားခဲ့၏။

“အဲမှာရပ်မနေနဲ့”

ကျွင်းချောင်ရှောင်းက ဆော်ဩလိုက်သည်။ “မြန်မြန် အနောက်ကိုလိုက်လေ”

“ရော့လီ”

ကျန်းစန်းသည် ချက်ချင်းပဲ သူမ၏နောက်ဆီသို့လိုက်သွား၏။ “နားထောင်ပါအုံး .....”

ဤနှစ်ယောက် ထာဝရလောကကြီးထဲသို့ ပျံသန်းဝင်ရောက်သွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ စိတ်ဓာတ်ကျမှုများသည် ပျောက်ကွယ်သွားခဲ့၏။ သူသည် စိတ်သက်သာရသလို သက်ပြင်းပင် ချလိုက်မိသည်။

“တကယ့်ကို အလှည့်အပြောင်းတွေများခဲ့တာပဲ”

စနစ်ကပြောလိုက်သည်။ “ဒါပေမဲ့ တော်သေးတယ်”

ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည်လည်း စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ဂိုဏ်းချုပ်၏အမေမှာ အနီရောင်ဆံပင်နှင့်လူဖြစ်မည်ဟု သူတို့က တွေးထင်ထားခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ .....။

ဝေါ့

စကြဝဠာ၏အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိနေသည့် ရီရှင်းချန်သည် သူ၏ ဦးခေါင်းငုံ့က သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူ၏ဒန်ထျန်ထဲတွင်ရှိနေသော စိတ်ဝိညာဉ်မျိုးစေ့ဆယ်ခုတို့သည့် ပျံသန်းထွက်ခွာပြီး ကျွင်းချောင်ရှောင်းနှင့် အခြားသောသူများဆီသို့ ပြန်ရောက်သွား၏။

“အိုး မဟုတ်ဘူး။ ဂျူနီယာညီလေးရီ မေ့သွားပြီ။ မြန်မြန် မြန်မြန်.. သူ့ကိုသယ်ခဲ့တော့”

All Chapters