အခန်း ၁၉၆၇
Vol. 132 Ch. 1967
အပိုင်း (၁၉၆၇)
ကျွင်းချောင်ရှောင်းအနေဖြင့် ဆံပင်အနီရောင်နှင့် လူကို သတ်ဖြတ်ပစ်ခဲ့၏။ ကုန်းစွန်းရော့လီ၏ ခံစားချက်များသည် အလွန်ပင် ရှုပ်ထွေးလျက် ရှိနေ၏။ ပထမတုန်းက သူမနှင့် သူမ၏ မွေးကာစ ကလေးလေးကို စွန့်ပစ်ခဲ့သည့်အတွက် ဤနှလုံးသားကင်းမဲ့လှသော သူကို အမှန်ပင် မုန်းတီးခဲ့၏။ သို့ပေမဲ့ ဤအမုန်းတရားသည် သေဆုံးသည်အထိ ဖြစ်စေသည်လား။ အချိန်ကြာပြီးသည့်နောက် တစ်ဖက်လူကို တွေ့နိုင်လိမ့်မည် ကုန်းစွန်းရော့လီက တွေးထားခဲ့၏။
သူမသည် ထိုသူကို သူမ၏လက်ဖြင့် သတ်ဖြတ်ပစ်မည်ဟု စဉ်းစားခဲ့သည် ဆိုလျှင်တောင်မှ ယခု သေဆုံးသွားသည့်အခါမှာတော့ နှလုံးသားထဲ၌ စူးရှသည့် နာကျင်မှုကို ခံစားနေရ၏။ သူမ သည် မည်သို့ပင် ဆိုစေကာမူ ဤလူအား ချစ်ခင်နှစ်သက်ခဲ့ဖူး၏။ ကျွင်းချောင်ရှောင်းသည် အကြင်နာတရား ကင်းမဲ့လှသည့်လူကို သတ်ဖြတ်ပြီးခဲ့ပြီဖြစ်သောကြောင့် သူမသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ သူမ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု တွေးတောလိုက်မိသည်။
အကြင်နာတရား ကင်းမဲ့လှသော တစ်ဖက်လူသည် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူမ၏သားမှာတော့ ဆက်လက်ကာ အသက်ရှင်နေထိုင်ရပေဦးမည်။ ကျွင်းချောင်ရှောင်းသည် သူသတ်ခဲ့သောသူမှာ အကြင်နာတရား ကင်းမဲ့သော သူ၏ အမေ ဖြစ်ကြောင်း မသိရှိချေ။ ရှောင်ကျီကို သတ်ဖြတ်သူအဖြစ်သာ သိရှိသည်။ ထို့ကြောင့် တစ်ဖက်လူသည် သေဆုံးရန် ထိုက်တန်လှချေသည်။ ကုန်းရှန့်အနေဖြင့် မည်သို့သော အားနာမှုကိုမှ မခံစားရချေ။
သို့ပေမဲ့ ကုန်းစွန်းရော့လီကရော သူမသည် အမှန်တရားကို သိရှိ၏။ အရာအားလုံးကို သိရှိပြီးနောက် သက်တောင့်သက်သာ ခံစားရပါမည်လား။
နာကျင်မှု ၊ ဆိုးရွားသော နာကျင်မှုကို ခံစားမည် ဆိုလျှင်တောင်မှ သူမသည် တစ်ယောက်တည်း ခံစားသွားမည်ဟု ကြိတ်ကာ ဆုံးဖြတ်လိုက်မိသည်။ သူမ၏သားသည် သူမအတွက် အရာအားလုံးထက် ပို၏။
ကျွင်းချောင်ရှောင်းသည်လည်း သူ၏ အဖေဆီမှ ချစ်ခြင်းမေတ္တာတရားကို ခံစားမိ၏။ ထို့ကြောင့်ပင်လျှင် သားတစ်ယောက်အဖြစ် ဝင်ရောက်ကာ သရုပ်ဆောင်နေခြင်း ဖြစ်သည်။
……….
စွန်းပုကုံးသည် အသာ လျှောက်ထွက်လာပြီးသည့်နောက် နှာခေါင်းစည်းကို ချွတ်လိုက်၏။ "ဂိုဏ်းချုပ် …… ဂျူနီယာညီလေးရီ အဆင်ပြေပါတယ်။ သူမောလွန်းလို့ သတိမေ့သွားတာ"
"ဟူး"
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသွားသလို သက်ပြင်းချလိုက်၏။ ရီရှင်းချန် အဆင်ပြေသည်ကို သိရှိပြီးနောက် သူသည် အဓိက ဟောခန်းဆီသို့ သွားလိုက်သည်။
"နှုတ်ဆက်ပါတယ် အမေ"
"ဒါက… "
ကျန်းစန်းသည် အံ့အားသင့်မိသွား၏။ ယောကျာ်းကြီးတစ်ယောက်ကို အမေလို့ခေါ်တာက ကြောင်တောင်တောင် နိုင်လွန်းသည်။
"ဒါက…. အဖေ ဖက်က မျိုးရိုးအစဉ်အလာပါပဲ။
"ဒါက ကျောက်ရုပ်ထုမျိူးနွယ် ကလန်ထဲမှာမှ မဟုတ်တာ သူတို့ရဲ့ ထုံးစံကို လိုက်နာဖို့ မလိုပါဘူး"
"ဒါကတော့ ဟုတ်တယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "အပြင်မှာဆိုတော့ အဖေလို့ပဲ ခေါ်ရမှာပေါ့။ အဖေ"
ထိုစကားကို ကြားလိုက်ရသည့် အချိန်မှတော့ ကျန်းစန်းသည် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်မိ၏။ မည်သို့ပင် ဆိုစေကာမူ ယောကျာ်းကြီးတစ်ယောက်ဖြစ်ပြီး အမေဟု အခေါ်ခံနေရခြင်းသည် အမှန်ပင် ကြောင်တောင်တောင် နိုင်လွန်းလှသည်။
"ရှင်းချန်က အနာဂတ်ကို တစ်ခါမြင်ခဲ့ဖူးတယ်။ သူက ရှောင်ကျီကိုလည်း မြင်ခဲ့တယ်။ ဆိုလိုတာက သူပြန်ပြီး ရှင်သန်နိုင်ဖို့ အခွင့်အရေးရှိသေးလား" ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။
သူ၏မိဘများ ပြန်လည် ပေါင်းဆုံခြင်းသည် ပျော်ရွှင်ရမည့် ကိစ္စပင် ဖြစ်၏။ သို့ပေမဲ့ သူသည် ရှောင်ကျီကို ကယ်တင်ရပေဦးမည်။ မျှော်လင့်ချက်သည် ၀.၀၁ ရာခိုင်နှုန်းသာ ရှိသည် ဆိုလျှင်တောင်မှ ကြိုးစားရမှာ ဖြစ်သည်။
"ဒါက"
ကျန်းစန်းသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။
"ဂိုဏ်း …. အဲ … သား ….. ဘယ်လိုပြောရမယ်ဆိုတာ ငါကောင်းကောင်းမသိဘူး။ ဒါပေမဲ့"
"အဖေ ပြောသာပြောပါ။ အနာဂတ်က အစောကြီးကတည်းက ဖြစ်တည်ခဲ့ပြီးသား ဆိုပေမဲ့ အခြေအနေ အမျိုးမျိုးကြောင့် လမ်းကြောင်း ပြောင်းသွားနိုင်သေးတယ်လေ” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်၏။
"ရီရှင်းချန်က အနာဂတ်မှာ ရှောင်ကျီကို မြင်ခဲ့တယ် ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျီက သေသွားပြီလေ။ ဖြစ်နိုင်စရာ တစ်ခုပဲရှိတယ်။ ဒါ က ….. "
ကျန်းစန်းသည် ဆက်ပြီး မပြောရဲတော့ချေ။
"အနာဂတ်က ထပ်ပြီးတော့ ပြောင်းလဲသွားမှာလား"
"အဲလိုဖြစ်လိမ့်မယ်"
ဝေါ့
ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်တော့ပဲ သွေးများပင် အန်ထွက်လာခဲ့၏။ သူသည် ရီရှင်းချန်မြင်ခဲ့သော အနာဂတ်ပေါ်တွင် မျှော်လင့်ချက်များ ပုံအောထားခဲ့၏။ အနာဂတ်သည် ပြောင်းလဲသွားနိုင်ကြောင်း သိရှိပြီးနောက် သူ၏ မျှော်လင့်ချက်များသည် ပျောက်ကွယ်သွားခဲ့ရ၏။
"အနာဂတ်က ပြောင်းလဲနိုင်တယ်ဆိုရင် ဆိုးရွားတဲ့အရာတွေ မဖြစ်နိုင်တော့ဘူးလေ"
စနစ်က ပြောလိုက်သည်။ "ဘာကိုဆိုလိုတာလဲ"
"ရီရှင်းချန် ဂိုဏ်းကနေ ထွက်သွားမဲ့ကိစ္စမျိုး မဖြစ်တော့ဘူးပေါ့"
ကျွင်းချောင်ရှောင်းသည် ပိုမိုကာ မျက်မှောင်ကုတ်သွားမိ၏။ စနစ်၏ ပြောပုံအရဆိုလျှင် ရှောင်ကျီသည် ရီရှင်းချန်ကို ကယ်တင်ရန် မိမိကိုယ်ကို စတေးခဲ့၏။ ထိုအရာသည် အနာဂတ်တွင် ဖြစ်လာနိုင်သော အကြောင်းအရာများကို ပြောင်းလဲပစ်ခြင်းနှင့်ပင် ဆင်တူလှ၏။
"တခြားနည်းလမ်းလည်း မရှိဘူး"
စနစ်က ပြောလိုက်သည်။ "ဒါက ရွေးချယ်ခွင့် တစ်ခုလိုပဲ"
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်မိ၏။ "ဘာပဲဖြစ်ဖြစ် ရှောင်ကျီ ပြန်ပြီး အသက်ရှင်လာရမယ်။ ကောင်းကင်ကြီးက လာပြီတားမယ် ဆိုရင်တောင်မှ ကောင်းကင်ကို ပုန်ကန်ပစ်မယ်"
ကောင်းကင်ကို ပုန်ကန်ရဦးမည်လား။ ကောင်းကင်၌ မည်သည့်အပြစ်များ တည်ရှိနေသနည်း။
"အရမ်း အားကောင်းတယ်"
ကျန်းစန်းသည် တုန်လှုပ်သွားမိ၏။ ကုန်းရှန့်သည် စနစ်နှင့် စကားပြောနေခြင်း ဖြစ်၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲတွင် ဖြစ်ပေါ်လာသော ပုန်ကန်လိုသည့် ဆန္ဒများသည် အရမ်းအားကောင်းလွန်းသောကြောင့် ကျန်းစန်းက အာရုံခံမိနေခြင်းပင်။
ကျွင်းချောင်ရှောင်းသည် လက်ရှိဖြစ်တည်နေသည့် ဖြစ်ချင်ဇော စိတ်အဟုန်တစ်ခုတည်းနှင့် ဘာမှလုပ်၍မရချေ။ ရှောင်ကျီ ပြန်လည်ရှင်သန်နိုင်ရန်အတွက် စနစ်၏ စတိုးပေါ်တွင် အမှီခိုပြုပေမည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် refresh လုပ်လိုက်၏။ ယနေ့မှာတော့ သူသည် စနစ်၏ စတိုးကို သက်သောင့်သက်သာဖြင့် refresh လုပ်လျက်ရှိ၏။ ရှောင်ကျီ ပြန်လည်ရှင်သန် မလာမချင်း ့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် စား၍ အိ်ပ၍ ပျော်နိုင်လိမ့်မည် မဟုတ်ချေ။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည်လည်း ထိုနည်းလည်းကောင်းပင်။ တိုက်ပွဲပြီးဆုံးသွားပြီး အောင်ပွဲခံရမည့်အချိန်တွင် အားလုံးတို့သည် ဂိုဏ်းဆီသို့ ပြန်ရောက်ပြီး အသက်ဝိညာဉ် မဲ့သလို ဖြစ်နေကြ၏။ လျိုဝမ်ရှစ်၊ ရောင်မုန့်ယဉ်ကဲ့သို့သော အမျိုးသမီး တပည့်များသည် အဆိုးဆုံးဖြစ်သည်။ မျက်ရည်များသည် အဆမတန် ပေါများလျက် ရှိနေပြီး သံမဏိအရိုးတောင်ကြီးတစ်ခုလုံးသည် မျက်ရည်များဖြင့် ရစ်သိုင်းလျက် ရှိနေလေ၏။
လိပ်နက်ကလန်သည်လည်း နာကျင်မှုကို ခံစားရ၏။ ရှောင်ကျီသည် သေဆုံးသွားပြီးသည့်နောက် ၎င်းတို့ကလန်၏ မျှော်လင့်ချက်များ အားလုံးသည်လည်း ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။ သူတို့ကလန်ဆီမှ သားရဲသည် ရှောင်ကျီနှင့် ပဋိညာဉ်ရေးထိုးထားသည် ဖြစ်သောကြောင့် ရှောင်ကျီ သေဆုံးသွားသည်နှင့် တပြိုင်နှက် သူတို့၏ သားရဲသည်လည်း သေဆုံးသွားခဲ့သည်။
နောက်တစ်ရက်မှာတော့ ယွမ်သခင်လေးသည် စာကြည့်ခန်းဆီသို့ ရောက်ရှိလာပြီးသည့်နောက် ကျွင်းချောင်ရှောင်း ကို ကြည့်ရှုလိုက်၏။ ပြီးနောက် ခက်ခက်ခဲခဲပြောလိုက်၏။ "ရှောင်ကျီအတွက် အသုဘအခန်းအနားကို ဘယ်တော့လုပ်မှာလဲ"
"အခု"
ကျွင်းချောင်ရှောင်း၏ အသံသည် ခြောက်ကပ်လျက် ရှိနေသည်။ "အခုလုပ်လိုက်မယ်"
ယွမ်ဖန်သည် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ မထွက်သွားခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုမော့ကာ သတိပေးလိုက်၏။
"တကယ့် ရတနာတည်နေရာတစ်ခုကို ရွေးချယ်ပြီး အုတ်ဂူလုပ်ရအောင်"
"ကောင်းပြီ"
မကြာခင်မှာပဲ လီထျန်းထျန်းသည် စာကြည့်ခန်းထဲသို့ လျှောက်ဝင်လာခဲ့၏။ သူ၏ မျက်လုံးများသည် မို့ဖောင်းလျက်ရှိနေသည်။ ပြောရမည်ဆိုလျှင် စီနီယာအစ်ကိုရှောင် သေဆုံးသွားခြင်းအတွက် သူသည် နာနာကျင်ကျင်ဖြင့် ငိုယိုခဲ့ပုံပေါ်သည်။
"ရှောင်ကျီရဲ့ ပုံတွေအကုန်လုံးကို ထုတ်" ကျွင်းချောင်ရှောင်းသည် အမိန့်ပေးလိုက်၏။
အလောင်းမကျန်ခဲ့သော်လည်း ဓာတ်ပုံတော့ တည်ရှိရပေဦးမည်။ လီထျန်းထျန်းသည် မြန်မြန်ဆန်ဆန်ပဲ သိုလှောင်လက်စွပ်ထဲသို့ ဝင်ပြီးသည့်နောက် သူနှစ်ပေါင်းများစွာ ရိုက်ကူးခဲ့သည့် စီနီယာအစ်ကိုရှောင်၏ ဓာတ်ပုံများကို ထုတ်ယူလိုက်၏။ အနည်းဆုံး ရာကျော်ပင် တည်ရှိလို့နေသည်။
"မဟုတ်သေးဘူး"
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ "ဒါတွေအားလုံး မဟုတ်သေးဘူး"
သူ့အနေဖြင့် အားလုံးတို့၏ လေးစားမှုကို ရရှိစေနိုင်သည့် ဓာတ်ပုံမျိုးကို လိုချင်မိသည်။
"ဂိုဏ်းချုပ် … တပည့်ဆီမှာ မရှိတော့ဘူး" လီထျန်းထျန်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ ဓာတ်ပုံများ၏ အရည်အသွေးသည် အကောင်းဆုံး ထိပ်တန်းအဆင့် ဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ထိုအရာများကို မနှစ်သက်ချေ။
ဘုတ်
ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပုတ်ကာပြောလိုက်၏။ "ငါမေ့တော့မလို့ပဲ"
သူသည် စနစ်၏ စတိုးကို ဖွင့်ပြီးနောက် လင်းယွမ်ခန်းမဆောင်ကို ဝင်ကြည့်လိုက်၏။ လီထျန်းထျန်း၏ ဓာတ်ပုံများသည် အမှန်ပင် ကောင်းမွန်လှသော အရာဖြစ်၏။ သို့ပေမဲ့ လင်းယွမ်ခန်းမဆောင်တွင် ရှိနေသည့် ပန်းချီသည် ပိုမိုကာ လှပလွန်းနေသည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းသည် သူ၏တုန်ယင်နေသည့် လက်နှင့်အတူ ရှောင်ကျီ၏ နာမည်ကို အသာနှိပ်ကြည့်လိုက်၏။ သို့ပေမဲ့ ဗလာကြီး ဖြစ်လို့နေခဲ့တော့၏။ ထိုဓာတ်ပုံ၏ အောက်တွင် စာတမ်းတစ်ခုက တည်ရှိလို့နေ၏။ “အသက်ပြန်ရှင်ရန် နှိပ်ပ"
"……….."