← Chapters

အခန်း ၁၉၆၈

Vol. 132 Ch. 1968

အခန်း ၁၉၆၈

Vol. 132 Ch. 1968

အပိုင်း (၁၉၆၈)

“ပြန်လည်ရှင်သန်နိုင်ရန်နှိပ်ပါ”

ဤစကားသည် ရိုးရှင်းပြီး တိုက်ရိုက်ကျလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် ခဏလောက် ကြောင်အသွား၏။ ပြီးသည့်နောက် သူ၏မျက်နှာပေါ်တွင် အလွန်တရာ ဝမ်းမြောက်သည့် အရိပ် အယောင်များ ပေါ်ပေါက်လာခဲ့သည်။ သူ၏ လက်များသည်ပင် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။

စောဏတုန်းက သူသည် ရှောင်ကျီတစ်ယောက် ပြန်လည်ရှင်သန်နိုင်ရန် အစွမ်းကုန် စဉ်းစားခဲ့မိသည်။ သို့ပေမဲ့ ဘယ်လောက်မှ မကြာသေးသည့် အချိန်အတောအတွင်းမှာပဲ သူ၏ရှေ့ဆီသို့ အခွင့်အရေးက ရောက်ရှိလာခဲ့သည်။ သူသည် တကယ်ပဲ ထကာ အော်ဟစ်မိ၏။ ကျွင်းချောင်ရှောင်းသည် သူ၏တပည့် ပြန်လည်ရှင်သန်လာနိုင်ခြင်း အခွင့်အရေးကို မြင်ရပြီးသည့်နောက် မျက်ရည် များပင် ဝိုင်းလာမိသည်။

“ဒါ သာမန်ပဲလေ”

စနစ်က ပြောလိုက်၏။ “စိတ်ကို အေးအေးထားပါအုံး”

တကယ်တမ်းမှာတော့ လင်းယွမ်ခန်းမဆောင်ထဲတွင် ပြန်လည်ရှင်သန်နိုင်သည့် လုပ်ဆောင်ချက် တည်ရှိလို့ နေခဲ့သည်ဆိုခြင်းမှာ အနည်းငယ် အံ့အားသင့်ဖို့ ကောင်း၏။ သို့ပေမဲ့ လျင်လျင်မြန်မြန်ပဲ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤအရာသည် စနစ်ပင်ဖြစ်၏။ အနှိုင်းမဲ့ဖြစ်ပြီး မိမိ လိုချင်ရာကို လုပ်နိုင်စွမ်း ရှိနေ၏။ ကောင်းကင်တာအိုသည်လား သို့မဟုတ် ပြန်လည်ဝင်စားနိုင်သည့် လမ်းခြောက်သွယ်သည်လား။ အားနာပါသည်။ စနစ်သည် အရာအားလုံးကို ပြုလုပ်၍ ရနိုင်၏။

ပြန်လည်ရှင်သန်နိုင်စွမ်းရှိသည် ဆိုမှတော့ ဘာကို စောင့်မျှော်နေရမည်နည်း။ ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်လှုပ်ရှားမှုများနှင့် သူ၏ နှလုံးသားထဲတွင် ရှိနေသည့် ဝမ်းမြောက်မှုများကို ခဏလောက် ဖိနှိပ်ထားခဲ့၏။ ချက်ချင်းပဲ တုန်ယင်နေသည့် လက်အစုံနှင့်အတူ ပြန်လည်ရှင်သန်မည် ဆိုသော စာလုံးကို နှိပ်လိုက်သည်။

“ဒင်... ပြန်လည်ရှင်သန်ခြင်းလမ်းစဉ် အသက်ဝင်သည်”

“ဒင်... တပည့်‌ ရှောင်ကျီ၏ ဝိညာဉ်သည် လင်းယွမ်ခန်းမဆောင်ထဲသို့ ထည့်သွင်းထားရှိကြောင်း ရှာဖွေတွေ့ရှိခဲ့၏။ အခြေအနေ အားလုံးသည် ပြည့်စုံသွားခဲ့၏။ ရှောင်ကျီ ပြန်လည်ရှင်သန်နိုင်ရန်အတွက် တခြားသော တပည့် ဂိုဏ်းသား အားလုံး၏ ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုချင်ပါသလား”

“ရှိပါသည်။ မရှိပါ”

“..........”

ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။ တခြားတပည့်များ၏ ဂိုဏ်းစုဆောင်းမှတ်များကိုပါ အသုံးပြုရသည် လား။

“အရမ်းကို ရိုးရှင်းတယ်”

စနစ်က ရှင်းပြလိုက်သည်။ “လီချင်းယန်၊ ရီရှင်းချန်နဲ့ တခြားသောသူတွေ အကုန်လုံးရဲ့ စုဆောင်းထားတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုပြီး ရှောင်ကျီ ပြန်လည်ရှင်သန်လာအောင် လုပ်ရမယ်”

“ဪ”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ပြုလုပ်မည် ဆိုသည်ကို နှိပ်လိုက်၏။ တခြားသော တပည့်များကို မမေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အားလုံးသောသူများသည် ထိုအရာကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း သူက ယုံကြည်မိနေ၏။

အရိုးသားဆုံး ပြောရမည်ဆိုလှျင် လက်ရှိအချိန်၌ ကုန်းရှန့်သည် ပြိုင်စံရှားဂိုဏ်း မည်မျှ အားကောင်းလာသည် ဆိုသောအကြောင်းနှင့် ဂုဏ်ယူဝံ့ကြွားမှုမျိုး မရှိခဲ့ချေ။ သူ ဂုဏ်ယူဝံ့ကြွားရသည်မှာ သူ၏ဂိုဏ်းသားများ အားလုံး သည် အလွန်တရာ နီးကပ်ပြီး ရင်းနှီးလှသည် မိသားစုကဲ့သို့ ဆက်ဆံရေးကို ပိုင်ဆိုင်နေသည့် အကြောင်းအရာပင်။

“ဒင်.. ဒင်”

ကျွင်းချောင်ရှောင်းသည် ပြုလုပ်မည်ကို ရွေးချယ်ပြီးသည့်နောက် လင်းယွမ်ခန်းမဆောင်ရှိ တပည့်အားလုံးတို့ ရရှိထားခဲ့သည့် ဂိုဏ်းစုဆောင်းမှတ်အားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။ ပြီးနောက် စက်ရုပ်ကဲ့သို့ အသံ တစ်ခုက ထွက်ပေါ်လာခဲ့၏။

“ရှောင်ကျီ ပြန်လည်ရှင်သန်နိုင်စေဖို့ သင်၏ ဂိုဏ်းစုဆောင်းမှတ်များ အားလုံးကို လိုလိုချင်ချင်နှင့် အသုံးပြုမည်လား”

ကျွင်းချောင်ရှောင်း ရွေးချယ်ခဲ့ပြီးသည့်နောက် လင်းယွမ်ခန်းမဆောင်ထဲရှိ တပည့်များ အားလုံးတို့၏ သိစိတ် ပင်လယ်ထဲတွင် စာတမ်းတစ်ခု ပေါ်ပေါက်လာခဲ့၏။

“ရှောင်ကျီ ပြန်လည်ရှင်သန်နိုင်ရန်အတွက် သင်တို့၏ ဂိုဏ်းစုဆောင်းမှတ်များကို လိုလိုချင်ချင်နှင့် အသုံးပြုမည်လား”

ဂိုဏ်းချုပ်သည် ရွေးချယ်ခဲ့ပြီးပြီဖြစ်၏။ လက်ရှိအချိန်မှာတော့ လင်းယွမ်ခန်းမဆောင်ထဲတွင် ရှိနေသည့် တခြားသော ဂိုဏ်းတူရောင်းရင်းများ၏ ရွေးချယ်ခွင့်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

လီချင်းယန်၊ ရီရှင်းချန်နှင့် တခြားသော သူများအားလုံးသည် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ပြုလုပ်မည်ဆိုသည်ကို ရွေးချယ်လိုက်၏။

“ဒင်.. တပည့်အားလုံးတို့သည် တူညီသည့် အဖြေကို ရွေးချယ်ခဲ့၏။ ရှောင်ကျီ ပြန်လည်ရှင်သန်မှုသည် စတင်ခဲ့ပြီ ဖြစ်၏။ ကျေးဇူးပြုပြီး ခဏစောင့်ပါ”

သူ၏နားထဲတွင် သဘာဝ၏ နိယာမ အသံကဲ့သို့သော အသံတစ်ခုက ထွက်ပေါ်လာသည်။ ထိုအသံသည် အလွန်တရာ ငြိမ့်ငြောင်းပြီး သာယာလွန်းလှသည်။

ဒွီ

အောက်ခြေမှ အထက်အထိ ပြောင်ဖြစ်နေသည့် စာရွက်ပေါ်တွင် မင်များ စတင်ကာ ပေါ်ပေါက်လာ၏။ ထိုမင်သည် ခြေထောက်ကို အရင်ဆွဲ၏။ ပြီးနောက် လက်၊ ခန္ဓာကိုယ်၊ နောက်ဆုံးမှာတော့ ဦးခေါင်းကို ဆွဲယူခဲ့၏။ အဆုံးသတ်မှာတော့ ရှောင်ကျီသည် ၎င်း၏ ဒိုင်းကြီးကို မြှောက်ကာဖြင့် မြင်းထိုင်ပုံစံ ထိုင်လျက် ရှိနေသည်။ ၎င်းပန်းချီသည် တကယ်ပင် အသက်ဝင်လွန်းလှချေ၏။ ပြန်လည်ဆွဲယူထားခဲ့သည်ပုံသည် အရင် တည်ရှိခဲ့သည်ပုံနှင့် မခြားနားလှချေ။ ၎င်း၏ ဘေးနားတွင် မွန်းစတား သားရဲတစ်ကောင် ထပ်တိုး လာခြင်းတစ်ခုသာ ပို၏။

ဘုတ်

ချက်ချင်းပဲ အလင်းတန်းများနှင့် အတူည ဉကဲ့သို့ အရာနှစ်ခုသည် ကျွင်းချောင်ရှောင်း၏ ရှေ့၌ ပေါ်ပေါက်လာသည်။ ထိုအရာဆီမှ အလွန်များပြားလွန်းသည့် အသက်ဓာတ်များ ထွက်ပေါ်လျက် ရှိနေသည်။

အထဲတွင် သန္ဓေသားတစ်ခု မြန်မြန်ဆန်ဆန်နှင့် ကြီးထွားနေသည်ကို မြင်လိုက်ရ၏။ ထိုသန္ဓေသားသည် နို့စို့အရွယ်၊ ကလေးတစ်ယောက်အရွယ်၊ ပြီးနောက် ဆယ်ကျော်သက်၊ ဆယ်ကျော်သက်ဆီမှ လူရွယ်တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထိုအရာများအားလုံးသည် ဥခွံ၏ အတွင်းတွင် တစ်စက္ကန့်အတွင်း ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။ မယုံကြည်နိုင်ဖွယ်ရာပင်။

ဂွပ် ဂွပ် .....။

အသက်ဓာတ်များ ပြည့်နှက်လျက်ရှိနေသည့် ဥကြီးသည် တဖြည်းဖြည်းချင်းနှင့် ကွဲအက်လာခဲ့၏။ ပြီးသည့် နောက် အထဲတွင် ရှိနေသည့် လူရွယ်သည် ခေါင်းကိုမော့ကာဖြင့် ဥခွံကို အသာဆွဲခွာလိုက်တော့သည်။

ဖောက်

ဟူး ဟူး

ဆန်းကြယ်လွန်းလှသော အသက်ဓာတ်များသည် အပြင်ဘက် သို့ စိမ့်ထွက်လာခဲ့၏။ ရှောင်ကျီသည် ရေစိုလျက်ရှိနေသည့် ဆံပင်များနှင့်အတူ ကျွင်းချောင်ရှောင်း၏ရှေ့တွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကိုယ်တုံးလုံး ဖြစ်နေသောကြောင့် ပြည့်စုံလှသည့် ၎င်း၏ ကြွက်သားများကို အတိုင်းသား မြင်နေရ၏။

ဒွီ

ထိုအချိန်မှာတော့ တခြားသော ဥသည်လည်း အက်ကွဲလာခဲ့၏။ ပြီးနောက် လိပ်နက်သည် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့၏။ သခင်နှင့်အတူ ပဋိညာဉ်ရေးထိုးထားသည့် သားရဲတစ်ကောင်ဖြစ်သည်မို့ အတူတူ သေဆုံးရပြီး ပြန်လည်ရှင်သန်လာသည့်အချိန်၌ အတူတူ ပြန်လည်ရှင်သန်လာခဲ့သည်။

ဆွစ် ဆွစ်

ရှောင်ကျီနှင့် ၎င်း၏ အသက်သွေးပဋိညာဉ်သားရဲတို့သည် ပြန်လည်ရှင်သန်လာခဲ့ပြီးသည့်နောက် လင်းယွမ် ခန်းမဆောင်ဆီမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့၏။ ထိုအရာသည် ဝိညာဉ်သွပ်သွင်းခြင်းသာလျှင်ဖြစ်၏။

“ဒင်.. ပြန်လည်ရှင်သန်ခြင်း ပြည့်စုံသည်”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်တွင် ပျော်ရွှင်သည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ဝိညာဉ် ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီးနောက် ရှောင်ကျီ၏ မျက်လုံးများသည် ပြန်လည်ကာ အသက်ဝင် လာခဲ့၏။ သူသည် တုန်လှုပ်စွာဖြင့် သူ့ကိုယ်သူ ကြည့်ရှုကာ ပြောလိုက်သည်။ “ကျုပ်.. ကျုပ် မသေသေးဘူးလား”

“ငါ မင်းကို ဘယ်သေခိုင်းနိုင်မှာလဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းရဲ့အသက်ကို လောကကြီးထဲမှာ ယူသွားနိုင်တဲ့လူ ဘယ်သူမှ မရှိဘူး”

အမှန်ပင် မာနကြီး မောက်မာလွန်းလှချေသည်။

“အမလေး ကိုယ်လုံးတီးကြီးပါလား”

သူ၏ဘေးနားတွင် တစ်စုံတစ်ခု ရပ်နေကြောင်း သိရှိပြီးနောက် ရှောင်ကျီသည် ချက်ချင်းပဲ အဓိကနေရာကို လက်ဖြင့်အုပ်ကာကာ ပြောလိုက်၏။ သူ၏မျက်နှာတစ်ခုလုံးသည် မီးကဲ့သို့ပင် နီရဲလျက် ရှိ၏။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဝတ်စုံတစ်ခုကို လှမ်းပစ်ပေးကာဖြင့် ပြောလိုက်သည်။ “အရင်တုန်းက မမြင်ဘူး တာလဲ မဟုတ်ဘဲနဲ့။ ဘာတွေရှက်နေတာလဲ”

နားလည်မှု လွဲစရာ မလိုချေ။ ကုန်းရှန့်သည် အရင်တုန်းက မမြင်ဘူးတာလဲ မဟုတ်ဘဲနှင့်လို့ အဘယ့်ကြောင့် ပြောရသနည်းဆိုသော် သူသည် ဖုံးကွယ်နိုင်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ပြီးသည့်နောက် တပည့်များ၏‌ ရေချိုးခန်းဆီသို့ သွားရောက်ကာ ရံဖန်ရံခါဆိုသလို သူ၏စွမ်းဆောင်ရည်အသစ်ကို စမ်းသပ်ခဲ့ဖူး၏။ ထို့ကြောင့် တပည့်များ အားလုံး၏ မမြင်အပ်သည့်အရာများကို သူမြင်ဖူးပြီးသား ဖြစ်၏။

“အမ်”

ရှောင်ကျီသည် ဂိုဏ်းဝတ်စုံကို ကြောင်အအဖြင့် ဝတ်လိုက်၏။ ပြီးနောက် ခေါင်းကိုကုတ်ကာ ပြောလိုက် သည်။ “ဂိုဏ်းချုပ်... တပည့် ဘယ်လိုဖြစ်ပြီးတော့ အသက်ပြန်ရှင်လာတာလဲ”

သူ၏ မှတ်ဉာဏ်များသည် ရီရှင်းချန်ကို ကူညီကယ်တင်ခဲ့သည့်အချိန်တွင် ရပ်တန့်သွားခဲ့၏။

“ဒါက အရေးမပါပါဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြန်မြန်... မင်းရဲ့ ဂိုဏ်းတူရောင်းရင်းတွေကို သွားနှစ်သိမ့်လိုက်အုံး။ သူတို့ တကယ့်ကို ဝမ်းနည်းနေကြတယ်”

“ကောင်းပါပြီ” ရှောင်ကျီသည် အလျင်အမြန်ဖြင့် ထွက်သွားခဲ့၏။

ဤပြန်လည်ရှင်သန်ခြင်းဆိုသည်မှာ ကိုယ်ပွား တစ်ခုကို ဖန်တီးကာဖြင့် ဝိညာဉ်ထည့်သွင်းခြင်း ဖြစ်လေသည်။

............

တောင်၏ အနောက်ဘက် ရတနာကုန်းမြေတစ်ခုကဲ့သို့ ထားရှိသော တည်နေရာ

ယခင်တုန်းက ကုကျောင်းရှစ်၏ အုတ်ဂူ တည်ရှိခဲ့ဖူး၏။ ယခု ကုကျောင်းရှစ် ပြန်လာပြီးသည့်နောက် ထိုနေရာ သည် ပြောင်သလင်းခါလျက်ရှိ၏။ ယနေ့မှာတော့ နောက်ထပ် အုတ်ဂူတစ်ခုက တည်ဆောက်ထားပြီးသား ဖြစ်သည်။ အုတ်ဂူပေါ်တွင် ရှောင်ကျီ၏ အုတ်ဂူဟု ရေးသားထားခဲ့၏။

အီး .. ဟီး .. အီး ...။

လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့သည် ထိုအုတ်ဂူ၏ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ စက္ကူပိုက်ဆံများကို မီးရှို့လျက် ရှိနေကြ၏။ တပည့်များ အားလုံးသည်လည်း စီစီရီရီဖြင့် မတ်တပ်ရပ်ကာ ဦးခေါင်းကို ငုံ့ထားကြသည်။ သူတို့အားလုံးသည် ဝမ်းနည်းလျက်ရှိနေကြသည်။

“အင်း... အခုထိ ဘာလို့ ဓာတ်ပုံ မရသေးတာလဲ” ယွမ်သခင်လေးသည် အလောတကြီးဖြင့် လှမ်းကာ ကြည့်လိုက်၏။

အဝေးတစ်နေရာတွင် လီထျန်းထျန်း ပေါ်ပေါက်လာမလားဟု သူက မျှော်လင့်မိသည်။ အဆုံးသတ် မှာတော့ သူ၏မြင်ကွင်းထဲတွင် ရင်းနှီးလှသည့် လူတစ်ယောက်ကို တွေ့ရှိလိုက်၏။ သူသည် မျက်လုံးအပြူးသား ဖြစ်သွားမိသည်။

“အမ်”

လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်သည်လည်း သတိပြုမိလိုက်ကြသည်။ ၎င်းတို့နှစ်ယောက်သည် မျက်ရည် အဝိုင်းသားနှင့် လှမ်းကာကြည့်ရှုလိုက်ကြသည်။ လူတစ်ယောက်၏ ကြည်လင်ရှင်းလင်းသည့် မျက်နှာသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ သူတို့သည် မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်၏။ “သရဲ... သရဲ”

“ဂျူနီယာညီလေးရှောင်” လီချင်းယန်သည် တည်ငြိမ်လျက် ရှိနေ၏။ ရှောင်ကျီ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရပြီးသည့်နောက် သူ၏သိစိတ်ပင်လယ်ထဲတွင် ရွေးချယ်ခဲ့သည့် အကြောင်းအရာကို နားလည်သွားမိ၏။ သူသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “သူပြန်ရှင်လာခဲ့ပြီပဲ”

အားလုံးသည် ပျော်ရွှင်သွားခဲ့ကြ၏။ သူတို့သည် ရှေ့ဆီသို့ ပြေးလွှားရန် ပြင်လိုက်သည်ဆိုသော်လည်း ချက်ချင်းပဲ ထိုအတွေးကို ဖယ်ရှားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရီရှင်းချန်သည် ရှောင်ကျီ၏အရှေ့တွင် မတ်မတ်ရပ် လျက်ရှိနေသောကြောင့်ပင်။ ၎င်း၏မျက်လုံးများသည် ထုံးစံအတိုင်း အေးစက်လျက် ရှိနေ၏။ ရီရှင်းချန်သည် လက်သီးကို မြှောက်ကာဖြင့် တစ်ဖက်လူကို ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်လိုက်၏။

ဘန်း

ရှောင်ကျီသည် ကြီးမားသည့် ကျောက်တုံးကြီးပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သို့ပေမဲ့ သူ၏မျက်နှာပေါ်တွင် အပြုံး များက တည်ရှိနေတုန်းပင်။

“လုံလောက်တဲ့ အားအင်အဆင့် မရှိဘူးဆိုရင် ပေါက်ပန်းလေးဆယ်တွေ မလုပ်နဲ့။ မဟုတ်ရင် ကျုပ်တို့ရဲ့ ညီအစ်ကို ဆက်ဆံရေးက ပျောက်ကွယ်သွားလိမ့်မယ်” ရီရှင်းချန်က အော်ဟစ်လိုက်သည်။

“အားအင် ဟုတ်လား”

ရှောင်ကျီသည် ကြီးမားလှသည့် ကျောက်တုံးကြီးကို မှီထားလျက်ပင်ရှိ၏။ သူသည် ဖြည်းဖြည်းချင်း ဦးခေါင်းကို မော့လိုက်ချိန်မှာတော့ တိကျခိုင်မာလှသည့် မျက်ဝန်းတစ်စုံနှင့် မျက်နှာတစ်ခုက ထင်ထင်ရှားရှား ပေါ်ပေါက်လာသည်။ သူသည် ပြုံးကာ ပြောလိုက်၏။ “ရှိတာပေါ့”

အလွန်ထူထဲပြီး အားကောင်းလွန်းလှသည့် နတ်ဘုရားအဆင့် အော်ရာများသည် တောင်၏ အနောက်ဘက်တွင် ပြည့်နှက်သွားခဲ့သည်။

ထိုအော်ရာများသည် ရှိရှိသမျှသော တပည့်အားလုံးကို သက်ရောက်စေခဲ့၏။ ယနေ့မှာတော့ ရှောင်ကျီသည် အသက်ပြန်လည် ရှင်သန်လာခဲ့၏။ ထို့အတူ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း နတ်ဘုရား လျှို့ဝှက်အဆင့်သို့ ရောက်ရှိသွားခဲ့၏။

All Chapters