ကစဉ့်ကလျား
Vol. 134 Ch. 1870
ရှီမာယူယူသည် ဟေးဒီးစ်ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ ပြုံးပြ လိုက်သည် “ဟေးဒီးစ် ရှင့်မှာ နည်းလမ်းရှိမှာပေါ့”
“ငါ့မှာ နည်းလမ်းမရှိဘူး” ဟေးဒီးစ်သည် ပြောလိုက်သည်။ အားလုံး မယုံ သေးသည်ကို မြင်သောအခါ အလေးအနက်ပြောလေသည် “ငါ ပြောတာအမှန်ပဲ နဂါးမျက်လုံးက အရမ်းထူးဆန်းတာ ငါတောင် သူ့ကိုမကူညီနိုင်ဘူး”
“ဒါဆို ရှင်က လင်းယူကို… ” သည်တစ်ကြိမ်တွင် ရှီမာယူယူသည် သူ့ကို ဒေါသမထွက်ပေ။ နည်းလမ်းမရှိတာကို သိရဲ့သားနဲ့တောင် သူ့ကို နဂါးမျက်လုံး နဲ့ ပေါင်းစပ်ခွင့်ပြုလိုက်တာလား။
“သခင်မလေး အဲကိစ္စအတွက် ကျွန်တော့်ကိုသာ အပြစ်တင်လိုက်ပါ ကျွန်တော် သွားတာနောက်ကျပြီး မတားလိုက်နိုင်တာကြောင့်သာမဟုတ်ရင် သူလည်း နဂါးမျက်လုံးနဲ့ ပူးပေါင်းဖို့ ဖိအားပေးခဲ့ရမှာမဟုတ်ဘူး” အရိပ်မည်း သည် အပြစ်တင်သလို ပြောလေသည် “ကျွန်တော့်ကိုပဲ အပြစ်တင်ပါ ဒီကိစ္စက ကျွန်တော်တို့အရှင်နဲ့ ဘာမှမဆိုင်ဘူး… သူက လင်းယူကို ကာကွယ်ဖို့ အမိန့်ပဲ ပေးခဲ့တာ”
ရှီမာယူယူ၏ မျက်လုံးများသည် နီရဲလာကာ ငိုချင်မိသည်။ သို့သော် သူမ တွင် မျက်ရည်များခြောက်ခမ်းနေသဖြင့် မျက်လုံးများကျုံ့ရုံသာကျုံ့သွားကြ သည်။
သူမသည် ဝူလင်းယူ၏ ပေါင်းစပ်ခြင်းအကြောင်းကို မတွေးခဲ့ပေ။ သို့သော် အခုပြန်ပြောလိုက်ချိန်တွင် သူမ၏ နှလုံးသားတစ်ခုလုံးမှာ အပ်များဖြင့် ထိုးစိုက်ခံရသလို နာကျင်လှသည်။
သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ပျောက်ကွယ် သွားသည်အထိ တွန်းအားပေးခဲ့သည်။ ထိုစဉ်က အခြေအနေမှာ အလွန်ဆိုးဝါး ခဲ့လိမ့်မည်။ သူ ဘယ်လိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာတွေကို ခံစားခဲ့ရတာလဲ။
“ကဲ… အရင်တုန်းက ကိစ္စတွေကို မတွေးတော့ပါဘူးလို့ မပြောခဲ့ဘူးလား” ဝူလင်းယူသည် သူမ ဘာမှမတွေးမိစေရန် သူမကိုဖက်ပြီး ပြင်းထန်သော အနမ်း များပေးချင်သည်။ သို့သော် တခြားလူများရှိနေသဖြင့် သူမကို နူးညံ့စွာ ချော့ပြောရုံသာ တတ်နိုင်သည်။
တခြားသုံးယောက်သည် သူမ၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားကြသည်။ သူတို့သည် သူမကို ယခုလိုပုံစံအတိုင်း မမြင်ဖူးကြ ပေ။ သူမသည် ဒေါသမထွက်ပေ။ သို့သော် သူမ၏ စိတ်အတွင်းထဲမှ ဖြစ်ပေါ် လာသော ဝမ်းနည်းမှုတစ်မျိုးရှိသည်။
“နှစ်ဘဝလုံးမှာ အစ်ကိုက လွတ်လပ်ခဲ့တာလေ.. ကျောက်တုံးထဲမှာ နှစ် တွေသောင်းချီအောင် နေခဲ့ရတာကိုက အစ်ကို့ကို… အခု ဒီနေရာမှာပဲ ပိတ်မိနေ ပြန်ပြီ… မဖြစ်ဘူး အစ်ကိုပြန်လွတ်လပ်အောင် နည်းလမ်းတစ်ခု သေချာပေါက် စဉ်းစားရမယ်” ဝူလင်းယူ၏ ကျန်နေ့ရက်များတွင် ဤနေရာတွင် ပိတ်မိနေ တော့မည်ဟု စဉ်းစားလိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်ကို ထိန်းမနိုင်တော့ဘဲ တုန်ယင်လာသည်။
ဝူလင်းယူသည် သူမ၏လက်ကိုဆွဲပြီး ပြောလေသည် “နည်းလမ်းကို အတူရှာကြတာပေါ့”
သူသည်လည်း ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေရန် အစီအစဉ်မရှိ ပေ။ ဟေးဒီးစ်တို့မှာ နည်းလမ်းမရှိဘူးလား… အဲဒါဆိုလည်း သူတို့ကိုယ်တိုင် နည်းလမ်းရှာရမှာပေါ့။
သူသာ သူ့ကံကြမ္မာကို လက်ခံလိုက်လျှင် သူမ ပို၍အဆင်မပြေဖြစ်သွား မည်။ ထို့အပြင် သူတို့နှစ်ယောက်လုံးသည် ထိုကံတရားကြောင့် လက်လျော့ လိုက်မည်မဟုတ်ပေ။
ရှီမာယူယူသည် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ကာ ခပ်လေးလေး ခေါင်းညိတ်လိုက်သည်။
“မင်းတို့နှစ်ယောက်က နည်းလမ်းစဉ်းစားချင်တာလား.. မင်းတို့ နှစ်ယောက်က ဘာစဉ်းစားနိုင်လို့လဲ… အဲဒီခေါင်းမာတဲ့ကောင်ကိုရှင်းမှာလား.. နည်းလမ်းမရှိဘူး” ဟေးဒီးစ်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူတို့နှစ် ယောက်လုံးပေါ်သို့ ရေအေးများ လောင်းချလိုက်လေသည်။
“ရှင့်မှာ နည်းလမ်းမရှိတာနဲ့ တခြားသူတွေက နည်းလမ်းစဉ်းစားလို့မရ တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး” ရှီမာယူယူသည် သူ့ကို အမှန်တကယ်ပင် ဒေါသထွက်သွားကာ အရင်လို မစနောက်တော့ပေ။
“သခင်မလေး အရှင်က အရင်တုန်းက နဂါးမျက်လုံးကို သွားရှာဖူးတယ်” အရိပ်မည်းသည် ဟေးဒီးစ်အတွက် ကူပြောပေးသည်။ ဤကိစ္စတွင် သူတို့ လုပ် ခဲ့သည်မှာ မကောင်းသော်လည်း သခင်မလေး ဒေါသဖြင့် သူတို့အရှင်ကို မပြစ် မှားစေလိုပေ။
ထိုကိစ္စကို ဟေးဒီးစ်ကိုယ်တိုင် ဖြေရှင်းလိမ့်မည်ဟု ရှီမာယူယူ ထင်မထား ပေ။ အရိပ်မည်းပြောသည်ကို ကြားသောအခါ သူမစိတ်ထဲမှ မီးတောက်မှာ ပျောက်ကွယ်သွားလေသည်။
“အင်း အခုတော့ ဒီအကြောင်းကို မပြောနဲ့ဦး… ဟေးဒီးစ် တကယ်ပဲ နည်းလမ်းမရှိဘူးလား” ရှီမာယူယူသည် မေးလိုက်သည် “ကောလာဟလတို့ ရှေးရိုးအတိုင်းမဟုတ်တဲ့ နည်းလမ်းတို့တောင် မရှိဘူးလား”
“ငါ့မှာ နည်းလမ်းမရှိဘူး ဒါပေမဲ့ မင်းအဲလိုပြောလိုက်တော့ အရင်က ကြားဖူးတဲ့ ဒဏ္ဍာရီကိုတောင် သတိရသွားပြီ” ဒဏ္ဍာရီကို တွေးမိသောအခါ သူ မျက်မှောင်အသာကြုတ်မိသည်။
“ဘာကိစ္စလဲ… ဘာဒဏ္ဍာရီလဲ” ရှီမာယူယူသည် သူ မျက်မှောင်ကြုတ် သည်ကို မမြင်ဖူးပေ။
“နဂါးမျက်လုံးက ကောင်းကင်နဲ့မြေကြီး စဖြစ်ခဲ့တုန်းက ရှုပ်ထွေးမှုတွေကြားက ဖြစ်လာတယ်လို့ ကောလာဟလရှီတယ်မလား… ပြောရမယ်ဆိုရင် ဒီဟာကို ဖြေရှင်းဖို့ဆို ကစဉ့်ကလျားကိစ္စနဲ့ အများဆုံးပတ်သက်မှာပဲ” ဟေးဒီးစ် ပြောလိုက်သည် “ဒါပေမဲ့ ကစဉ့်ကလျားနဲ့ပတ်သက်တဲ့ ကိစ္စက ကိုင်တွယ်ဖို့ မလွယ်ဘူး”
“ဘာလို့ ကိုင်တွယ်ဖို့မလွယ်တာလဲ”
“ကစဥ့်ကလျားကမ္ဘာက ကမ္ဘာလို့သာခေါ်တာ တကယ်တော့ ဘာမှမရှိ ဘူး လုံးဝဟာလာဟင်းလင်းပဲ” ဟေးဒီးစ် ပြောလေသည် “ငါတောင်မှ ကစဥ့် ကလျားကမ္ဘာကို မမြင်ဖူးဘူး”
“ရှင်တောင်မှ ကစဉ့်ကလျားကမ္ဘာကို မမြင်ဖူးဘူးလား” ရှီမာယူယူ အံ့ဩ သွားသည်။ “ကျွန်မကို ပထမဆုံးမြင်တုန်းက ကစဥ့်ကလျားကမ္ဘာရဲ့ရောင်ဝါရှိ နေတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား.. အဲဒီကိုမရောက်ဖူးဘဲနဲ့ ဘယ်လိုသိ တာလဲ”
“ငါ အရင်က သွားဖို့လုပ်ခဲ့သေးတယ် ဒါပေမဲ့ အဲတုန်းက လူတစ်ယောက် က ငါ့ကိုတားခဲ့တယ်… ငါလည်း ခိုးကြီး အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သေး တယ်… ဒါပေမဲ့ ကစဉ့်ကလျားအတားအဆီးကိုတောင် မကျော်နိုင်ဘူး” ဟေးဒီးစ် ပြောလိုက်သည် “ငါ့ခန္ဓာကိုယ်မှာ တာဝန်တွေရှိလာတော့ ငါ မသွား တော့တာပဲ”
“ရှင့်ကို တားနိုင်တဲ့လူတောင်ရှိတာလား… အံ့ဩစရာပဲ… ပြီးတော့ ရှင်က တာဝန်ကြောင့်နဲ့ သိချင်စိတ်ကို လက်လျော့မယ့်လူလို့ မထင်ဘူး တခြား အကြောင်းအရင်း ရှိသေးလား” ရှီမာယူယူသည် သူ့ကို ကောင်းစွာသိသည်။
သူမ၏ မျက်လုံးများမှ မလွတ်မြောက်နိုင်သည်ကို ဟေးဒီးစ်သိသဖြင့် သက်ပြင်းချလိုက်သည် “ငါ မရဏာလောကရဲ့ ဧကရာဇ်အဖြစ်ခံယူတုန်းက အဲဒီကိုမသွားပါဘူးလို့ သစ္စာဆိုဖို့ တွန်းအားပေးခံရတယ်”
“အဲဒီမှာက မရဏာလောကလိုမျိုး နေတဲ့လူတွေရှိလား”
“မရှိဘူး အဲဒီနေရာက သတ္တဝါတွေ နေဖို့မသင့်တော်ဘူး.. ဒါပေမဲ့ သွားတဲ့ လူတွေလည်း ပြန်မထွက်လာနိုင်ဘူး… အဲဒီနေရာက ဘယ်လိုနေရာလဲဆိုတာ ကို ဘယ်သူသိမှာလဲ” ဟေးဒီးစ် ပြောလိုက်သည် “မင်း ထွက်လာနိုင်မယ်လို့ ငါ ဘယ်ထင်ထားမှာလဲ”
“အဲတုန်းက ကျွန်မ မထွက်လာနိုင်ဘူး မိုရှားက ဝင်လာပြီး ကျွန်မကို ခေါ်ထုတ်ပေးသွားတာ” ရှီမာယူယူ ပြောလိုက်သည် “နောက်တော့ မိုရှားနဲ့ လင်းယူတို့ရဲ့ ဝိညာဉ်တို့ ပေါင်းသွားခဲ့တယ်… အဲဒါကြောင့်ပဲ ကျွန်မက မရဏာ လောကကို တိုက်ရိုက်ရောက်သွားပြီး လင်းယူက တစ္ဆေလောကကို ရောက်လာ တာထင်တယ်”
သူတို့သုံးယောက်၏ ဝူလင်းယူအပေါ်အမြင်မှာ ပိုတိုးတက်လာပြန်သည်။ သူသည် ကစဉ့်ကလျားကမ္ဘာထဲသို့ ဆန္ဒအလျောက်ဝင်ပြီး ပြန်ခေါ်ထုတ်လာခဲ့ သည်။ ထိုအကျင့်စရိုက် အားနှင့် သဘောထားများသည် အရည်အချင်းပြည့်မှီ သည်။
“နဂါးမျက်လုံးရဲ့အဖြေက ကစဉ့်ကလျားကမ္ဘာနဲ့ တစ်ခုခုပတ်သက်တယ် လို့ ရှင်ပြောခဲ့တယ်နော်… အဲဒီဒဏ္ဍာရီက ဘယ်လိုလဲ ထပ်ပြောပြနိုင်မလား” ရှီမာယူယူ မေးလိုက်သည်။
“စာအုပ်တွေအရတတော့ ကစဥ့်ကလျားရဲ့ ရောင်ဝါကပဲ နဂါးမျက်လုံးကို လှုပ်ရှားအောင် လုပ်နိုင်တယ်” ဟေးဒီးစ် ပြောလိုက်သည် “သူက နဂါးမျက်လုံး နဲ့ပေါင်းနိုင်မှတော့ မင်းရဲ့ဝိညာဉ်စွမ်းအားမှာ ကစဉ့်ကလျားကမ္ဘာရဲ့ ရောင်ဝါ ပါလာလို့ဖြစ်မယ်… မဟုတ်ရင် နဂါးမျက်လုံးကို လူအများကြီး စောင့်ကြည့်နေ တဲ့ကြားက သူ ပေါင်းနိုင်ပါ့မလား”
“အဲဒါဖြစ်နိုင်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “မြန်မြန်စားကြ တော့ စားပြီးသွားရင် နဂါးမျက်လုံးကို သွားကြည့်ကြမယ်”
“အင်း”
“ဟုတ်သားပဲ” ရှီမာယူယူသည် သူမ၏ လာရင်း ရည်ရွယ်ချက်ကို သတိရ သွားကာ ဝူလင်းယူကို မေးလိုက်သည် “အစ်ကိုက ဒီနေရာနဲ့ ရင်းနှီးမှတော့ ထူးဆန်းတဲ့ရတနာကိုသိလား”
“ထူးဆန်းတဲ့ရတနာလား” ဝူလင်းယူ မှင်တက်သွားသည် “ဘာထူးဆန်း တဲ့ ရတနာလဲ ကိုယ်က ဘာလို့ ဘာသတင်းမှ မကြားရတာလဲ”
ထိုသို့ပြောရင်းနှင့် သူသည် မျက်လုံးပင့်ကာ အရိပ်မည်းကို ကြည့်လိုက် သည်။
“အဟမ်း.. ကမ်းစပ်ပေါ်က သတင်းတွေကို မင်းမှဂရုမစိုက်တာ ဒီသတင်း တွေကိုမသိတာ သဘာဝပဲ” အရိပ်မည်း ပြောလေသည် “တကယ်တော့ ဒါတွေ ကလည်း မင်းကြောင့်ဖြစ်တာလေ… မင်းက တစ်ခါတလေ မြစ်အောက်ခြေကို သွားပြီး သားရဲတွေကို ပြဿနာသွားရှာမှတော့ အငွေ့အသက်တွေဖြစ်လာတာ ပေါ့.. အဲဒါနဲ့ အဲလူတွေက ရတနာပေါ်တယ်လို့ ထင်နေကြတာ”
ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ အဲတော့ ဒါတွေအကုန်လုံးက သူ့ ကြောင့်ဖြစ်နေတာလား။
“အထင်လွဲမှုအကြီးစားပဲ ငါ့ရတနာလေး… ဘာမှမရှိတော့ဘူး” သူမသည် ရင်နာသွားသည်။ သူမ လာရှာသည်မှာ အလဟဿဖြစ်သွားလေပြီ။
ဤနေရာသို့ ဆက်တိုက်လာချင်နေရခြင်း၏ အကြောင်းအရင်းကို အခုမှ သူမ နားလည်သွားသည်။ သူမသာ မလာလိုက်လျှင် တစ်သက်လုံး နောင်တရ သွားပေမည်။ ဤနေရာတွင် သူရှိနေသဖြင့် မလာမိမှသာ နောင်တရမည်ဖြစ် သည်။
ထိုအချိန်တွင် သူမ၏ မှော်ဝင်လက်စွပ်အတွင်းမှ သားအမိကျောက်တုံး သည် တုံ့ပြန်လာသည်။ မိုကျိ သူမကို ဆက်သွယ်လာသည်ကို မြင်မှပင် သူ့ကို သတင်းမပို့မိသည်မှာ ကြာပြီဖြစ်ကြောင်း သတိရသွားတော့သည်။ သူ စိတ်ပူ နေတော့မယ်… ရတနာမရှိသဖြင့် နဂါးမျက်လုံးကိုသွားမရှာခင် ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။
***