← Chapters

အခန်း ၁၉၇၀

Vol. 132 Ch. 1970

အခန်း ၁၉၇၀

Vol. 132 Ch. 1970

အပိုင်း (၁၉၇၀)

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထုမျိုးနွယ်မြို့ဆီမှ ပြန်လာပြီးသည့်နောက် အတွေးနက်လျက်ရှိနေ၏။ ရှောင်ကျီ ပြန်လည်ရှင်သန်လာမှုသည် သူ့အား ရဲတင်းလွန်းသည့် အကြံအစည်တစ်ခုကို ရရှိစေခဲ့၏။ လင်းယွမ်ခန်းမဆောင်မှ တပည့်များသည် သေဆုံးပြီးသည့်နောက် ပြန်လည်ရှင်သန်နိုင်စွမ်း ရှိနေ၏။ ထို့အပြင် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိနိုင်သေးသည်။

“မင်း အိမ်မက် မက်နေတာပဲ” စနစ်သည် အညှာအတာ ကင်းမဲ့စွာဖြင့် လှောင်ပြောင်လိုက်မိ၏။

တပည့်များ၏ အဆင့်ကို တိုးမြှင့်နိုင်ရန်အတွက် အဘယ်ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးကို ဖန်တီးရန် လိုအပ်နေသနည်း။ ထို့အပြင် ပြန်လည်ရှင်သန်နိုင်ခြင်းဆိုသည်မှာ အခြေအနေ တည်ရှိနေသေး၏။ ဥပမာအားဖြင့် တခြားသောသူများ၏ ဂိုဏ်းစုဆောင်းမှတ်များကို ပေါင်းစပ်ရန် လိုအပ်နေသေး၏။ အချက်အလက်အရဆိုလျှင် လင်းယွမ်ခန်းမဆောင်ထဲရှိ တပည့်များသည် ရှောင်ကျီ ပြန်လည်ရှင်သန်နိုင်အောင် ကြိုးစားပေးပြီးနောက် ဂိုဏ်းစုဆောင်းမှတ်များ ကုန်ဆုံးသွားခဲ့သည်။

“ဒါ ကိစ္စရပ်ကြီး မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သူတို့ကို စုခိုင်းထားရမှာပေါ့”

“ပြန်လည်ရှင်သန်နိုင်မှုဆိုတာ တစ်သက်မှာ တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်လေ။ နတ်ဘုရားလျှို့ဝှက်အဆင့်ကို ချိုးဖြတ်နိုင်ဖို့အတွက် ဒီအရာကို ဆုံးရှုံးသွားလို့ မဖြစ်ဘူးမို့လား” စနစ်သည် ဆွံ့အလျက် ရှိနေသည်။

“..........”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။ မှန်ပေသည်။ နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ချိုးဖြတ်နိုင်ရန် အလို့ငှာ ပြန်လည်ရှင်သန်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးကို အသုံးပြုလိုက်ခြင်း ဆိုသည်မှာ ထိုက်တန်လှသည့်အရာ မဟုတ်ချေ။

“ပြီးတော့”

စနစ်က ထပ်ပြောလိုက်သည်။ “ရှောင်ကျီက သူ့ကိုယ်သူ စတေးပြီးတဲ့နောက်မှာ နတ်ဘုရားလျှို့ဝှက် အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တယ်လေ။ တပည့်တွေ အားလုံးက သာမန်နည်းလမ်းနဲ့ သေသွားမယ်ဆိုရင် ဒီလိုမျိုး အဆင့်ချိုးဖြတ်နိုင်တဲ့ အခွင့်အရေးကို ရချင်မှ ရလိမ့်မယ်လေ”

“အင်း... ဒါက အဓိပ္ပာယ်ရှိတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ အကြံအစည်ကို ဖယ်ရှားလိုက်၏။ ပြန်လည် ရှင်သန်ခြင်းဆိုသည်မှာ တန်ဖိုးကြီးသည့်အရာတစ်ခုဖြစ်၏။ ဖြုန်းတီး၍ မဖြစ်နိုင်ချေ။

“ဒါဆိုရင်”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှေးမှီကာဖြင့် တီးတိုးရေရွတ်လိုက်၏။ “ကျန်တဲ့အရာတွေ အတွက် ငါ အစီအစဉ် ချရတော့မယ်”

လင်းယွမ်ခန်းမဆောင်တွင် ပြန်လည်ရှင်သန်နိုင်သည့် လုပ်ငန်းစဉ်တစ်ခု တည်ရှိနေသောကြောင့် တခြားသော တပည့်များကို ထိုအထဲသို့ အမြန်ဆုံး ပို့ဆောင်နိုင်ရန် သူကြိုးစားရပေလိမ့်မည်။

ရရှိနိုင်သည့်တည်နေရာသည် နှစ်ဆယ့်လေးခုသာလျှင် ရှိ၏။ ပြောရမည်ဆိုလျှင် လက်ရှိ အခြေအနေ၌ တပည့်ကိုးယောက်သာလျှင် တည်ရှိနေသေး၏။ ထိုသူများသည် လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ ရီရှင်းချန်၊ စုရှောင်မို၊ လျှိုဝမ်ရှစ်၊ ဟယ်ဝူတီ၊ လီဖေးနှင့် ရှန့်ကွမ်းရှင်းရောင် တို့ပင်ဖြစ်သည်။

“ဘယ်သူ့ကို ပေးရမလဲ”

ကျွင်းချောင်ရှောင်းသည် အတွေးနက်လျက်ရှိ၏။ ဂိုဏ်းထဲတွင် တကယ့်ကို ထူးချွန်လှသည့် တပည့်များ များပြားလွန်းလှ၏။ ကျန်သည့် ဆယ့်ငါးယောက်စာ နေရာလေးနှင့် လုံလောက်မှု မရှိချေ။ လက်ရှိ တပည့်များ အားလုံးသည် အချက်အလက်နှင့် ကိုက်ညီနေကြသည်။ ထို့ကြောင့် အားလုံးသော သူတို့သည် ထိုနေရာထဲသို့ ဝင်ရောက်ရန်အတွက် လုံလောက်သည့် အရည်အချင်းကို ပိုင်ဆိုင်သည်ဟု ဆိုရမည်။

“ထျန်းချီ၊ လုံကျိရန်၊ လုံဟောင်ထျန်း သူတို့သုံးယောက်က ဒီမှာ ထားလို့ရတယ်” ကျွင်းချောင်ရှောင်းသည် စိတ်ဆုံးဖြတ်လိုက်၏။

ဒွီ ဒွီ

ချက်ချင်းပဲ စာရွက်လွတ် သုံးခုပေါ်တွင် ပုံရိပ်များ ဖြစ်တည်လာခဲ့၏။ ထူးဆန်းလှသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ပန်းချီကားများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထျန်းချီသည် ဂိုဏ်းထဲသို့ ဝင်ရောက်သည့် ပထမဦးဆုံး အဖွဲ့ထဲတွင် ပါဝင်သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ လတ်တလော သူ၏လုပ်ဆောင်မှုပုံစံများသည် ကျင်းဟီလောက်ပင် ကောင်းမွန်ခြင်း မရှိချေ။ သို့ပေမဲ့ သူသည် စီနီယာတပည့်အဖြစ်တော့ တည်ရှိနေသေး၏။ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုများအားလုံးကို မျက်ဝါးထင်ထင် မြင်ခဲ့ရသူတစ်ယောက်ဖြစ်၏။ စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများနှင့် အားအင်အဆင့်တွင် နှိုင်းယှဉ်နိုင်စွမ်း မရှိသည်ဆိုလျှင်တောင်မှ ဂိုဏ်းထဲတွင် သူ့အတွက် နေရာတစ်ခု ပေးရပေမည်။

လုံကျိရန် - ၎င်းမှာတော့ ဂိုဏ်း၏ ဒုတိယမြောက်အဖွဲ့များထဲတွင် အားအကောင်းဆုံးသော လူများထဲမှ တစ်ယောက်ဟုလည်း သုံးသပ်နိုင်၏။ ထို့အပြင် တကယ်ပင် ကြိုးကြိုးစားစားရှိသည့် လူတစ်ယောက်လည်း ဖြစ်၏။

လုံဟောင်ထျန်းမှာတော့ ကျွင်းချောင်ရှောင်း၏ပဋိညာဉ်သားရဲ ဖြစ်ခဲ့ဖူး၏။ လက်ရှိအချိန်တွင် ကျွင်းချောင်ရှောင်း၏ တပည့် ဖြစ်လာခဲ့ပြီး သူသည် တာဝန်ဝတ္တရား ပြည့်ဝစွာဖြင့် နေထိုင်တတ်သူတစ်ယောက်ဖြစ်၏။ ပန်းချီကားများ ရုပ်ပုံဖြစ်တည်လာပြီးနောက် သစ္စာတရား၊ လှံနှင့် နဂါးဟူသည့် စာတမ်းများ ပေါ်ပေါက်လာခဲ့သည်။

“လုံကျိရန်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းက ဒီနေရာအတွက် ထိုက်တန်ပါတယ်”

“ကျုံးရီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းကလည်း ဒီနေရာနဲ့ ထိုက်တန်တယ်”

ဤတပည့်သည် ဂိုဏ်းထဲသို့ အစောကြီးကတည်းက ဝင်ရောက်လာသူတစ်ယောက် မဟုတ်ဘူး ဆိုသော်လည်း တိုက်ခိုက်ပွဲများတွင် တကယ့်ကို ကြိုးကြိုးစားစားနှင့် တိုက်ခိုက်တတ်သူတစ်ယောက်ဖြစ်၏။ သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များကို ဦးဆောင်ပြီးသည့်နောက်တွင် ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်တတ်သူတစ်ယောက် ဖြစ်၏။

ဒွီ

ကျုံးရီ၏ ပုံရိပ်ယောင် ပန်းချီကားသည် ဖြစ်တည်လာခဲ့၏။ ၎င်းသည် ဓားမော့ကြီးကို မြှောက်ကိုင်ကာဖြင့် အော်ဟစ်လျက် ရှိနေလေ၏။ ၎င်း၏ လင်းယွမ်ခန်းမဆောင် စာတမ်းသည် စစ်သူကြီးဆိုသည့် အဓိပ္ပာယ်ပင်။

“ကျိုးဟုန်”

ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးပြီးသည့်နောက် ပြောလိုက်၏။ “သူ့ကို ဘယ်လိုလုပ် ထားခဲ့လို့ ရမှာလဲ”

ဒွီ ဒွီ

အတွင်းခြံဝန်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ဓားတစ်ချောင်းကို လက်ဖြင့်ကိုင်ကာ ရပ်လျက်ရှိနေသည့် တပည့်၏ ပန်းချီကားက ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ ထူးခြားသည့် စာလုံးအသက်ဝင်မှုသည် ဓားပင် ဖြစ်လေ၏။

လက်ရှိအချိန်မှာတော့ လက်နက်ကိုင်ဆောင်သူ လေးယောက် တည်ရှိနေ၏။ ထိုအရာများသည် ရှောင်ကျီ၏ ဒိုင်း၊ ဟယ်ဝူတီ၏ တံခါး၊ လုံကျိရန်၏ လှံနှင့် ကျိုးဟုန်၏ ဓားပင်ဖြစ်၏။

“ချီးတဲ့မှ”

စနစ်က အော်ဟစ်လိုက်သည်။ “ဘယ်လိုဖြစ်ပြီး ဓားကို လက်နက်လို့ စဉ်းစားရတာလဲ”

“ပြီးတော့ မုန့်ယဉ်”

ဆွစ်

ဆယ့်ငါးခုမြောက် ပန်းချီကားမှာတော့ ရောင်မုန့်ယဉ်၏ ပုံက ပေါ်ပေါက်လာသည်။ သူမသည် အရိုးများဖြင့် ဖန်တီး ပြုလုပ်ထားသည့် ပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေပြီး အလွန်ကြီးကျယ်မြင့်မြတ်လွန်းလှသည့် နတ်ဆိုးဘုရင်မ တစ်ပါးကဲ့သို့ပင် အဆုံးမဲ့သော နတ်ဆိုးတစ်ပါး၏ ပုံရိပ်ယောင်များကို ဖော်ဆောင်လျက် ရှိနေသည်။ သူမ၏ ထူးခြားလှသည့် လင်းယွမ်ခန်းမဆောင်၏ စာတန်းမှာတော့ နတ်ဆိုး ဟူ၍ပင် ဖြစ်လေ၏။

“အင်း... နတ်ဆိုးကို ထားပြီးပြီဆိုတော့ ဗုဒ္ဓကိုလည်း ဘယ်မထားလို့ဖြစ်ပါ့မလဲ” ကျွင်းချောင်ရှောင်းသည် လက်ကို ဝှေ့ယမ်းပြီးသည့်နောက် တုနန်အား ရွေးချယ်လိုက်တော့သည်။

တုနန်၏ ပန်းချီကားမှာတော့ အနည်းငယ် စိတ်ဝင်စားဖို့ ကောင်းလှသည်။ တံမြက်စည်းကို ကိုင်ဆောင်ထားခဲ့ပြီး ခြံဝန်းထဲတွင် ကျဆင်းလျက် ရှိနေသည့် သစ်ရွက်များကို လှဲကျင်းလျက် ရှိနေသည်။ ၎င်း၏ လင်းယွမ်ခန်းမဆောင် စာတန်းမှာတော့ ဗုဒ္ဓပင် ဖြစ်သည်။ သူသည် ဂိုဏ်းတွင် တစ်ဦးတည်းသော ဗုဒ္ဓကျင့်ကြံသူလည်း ဖြစ်လို့နေ၏။

ဂိုဏ်းထဲတွင် တံမြက်စည်းလှဲလျက်ရှိနေသည့် တုံးဖုကွေ့ပင်လျှင် လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ခွင့် ရရှိနေ၏။ ထိုသို့ဆိုလျှင် အိမ်သာကို အမြဲတမ်း သန့်ရှင်းနေရသည့် ကျင်းဟီကဲ့သို့ လူတစ်ယောက်သည် အခွင့်အရေး မရရှိ နိုင်ဘူးလား။ ထို့အပြင် ကျင်းဟီသည် ပြိုင်စံရှားဂိုဏ်း၏ စက်ရုပ်ထိန်းကျောင်းမှုတွင် တကယ့်ကို ထိပ်တန်း ပါရမီရှင်တစ်ယောက်လည်း ဖြစ်လို့နေ၏။ ဆိုးရွားသည်မှာ ကျွင်းချောင်ရှောင်းသည် သူမကို လုံးဝမစဉ်းစားခဲ့ချေ။

“ဓားမော့ကျင့်ကြံသူ မာယုံနင်ကလည်း ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီတာပဲ” စနစ်က ပြောလိုက်သည်။

“မဆိုးဘူးပဲ”

ကျွင်းချောင်ရှောင်းသည် ချက်ချင်း သဘောတူညီလိုက်၏။ ထိုသူသည် မီးဖိုချောင်ထဲတွင် ဟင်းသီး ဟင်းရွက်များကို အစဉ်အမြဲ လှီးဖြတ်လျက် ရှိနေပြီး ဓားမော့ဆန္ဒနှင့်ပတ်သက်၍ အဆင့်မြင့်သည့် အခြေအနေ တစ်ခုဆီသို့ နားလည်ထားခဲ့၏။ ထို့ကြောင့် ဓားမော့ဆိုသည် လင်းယွမ်ခန်းမဆောင်စာတန်းကို ရရှိခဲ့သည်။ နောက်ထပ် လက်နက်အမျိုးအစား လူတစ်ယောက်ကို ထည့်သွင်းခဲ့ခြင်းပင်။

ကြည့်ရသည်မှာ လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ရောက်ခွင့် ရသူများသည် ဂိုဏ်းထဲသို့ ဝင်ရောက်လာသည့် အချိန်ပေါ်တွင် အမှီအခိုမပြုခဲ့ချေ။ ၎င်းတို့၏ အသွင်အပြင်၊ အမူအရာများပေါ်တွင် အမှီအခို ပြုလျက်ရှိ၏။

ထို့ကြောင့် ကျင်းဟီသည်လည်း ဝင်ရောက်ခွင့်ရသင့်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤတပည့်ကို လုံးဝ မစဉ်းစားသေးချေ။ အလွန်ဝမ်းနည်းစရာ ကောင်းလှ၏။

“အင်း.. ခုနှစ်ယောက် ကျန်သေးတယ်”

ကုန်းရှန့်၏ ဦးနှောက်များသည် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သူက ပြောလိုက်သည်။ “ဘယ်သူ့ကို ထားရင် ကောင်းမလဲ”

တကယ်တော့ လီယုဟွာ၊ စုန့်ရွှမ်ကျူးနှင့် လီထျန်းထျန်း တို့ကဲ့သို့သော ပါရမီရှင်တပည့်များ တည်ရှိနေသေး၏။ သို့ပေမဲ့ တကယ့် ထူးချွန်လှပါသည်ဆိုသည့် တပည့်များသည် များပြားလွန်းသောကြောင့် အချိန်အတိုင်းအတာတို အတွင်းတွင် ဆုံးဖြတ်ရန်ဆိုသည်မှာ ခက်ခဲလွန်းနေ၏။

ကံကောင်းစွာဖြင့် လင်းယွမ်ခန်းမဆောင်သည် တပည့်များကိုသာ ကန့်သတ်ထားခဲ့၏။ တကယ်လို့ အထက်ပိုင်း အကြီးအကဲများကိုပါ ထည့်သွင်းရမည်ဆိုပါက ကုန်းရှန့်သည် အမှန်ပင် ဇဝေဇဝါ ဖြစ်မိနေမှာ သေချာသည်။

“အင်း.. အမျိုးသမီးတပည့်တွေကိုလည်း အခွင့်အရေး ပေးရမယ်လို့ ထင်တယ်”

စနစ်က အကြံပြုလိုက်၏။ “လက်ရှိ အထဲကို ဝင်ခွင့်ရတဲ့ တပည့် ဆယ့်ခုနှစ်ယောက်ထဲမှာ လုချင်းချင်း၊ ရှန့်ကွမ်းရှင်းရောင်၊ လျှိုဝမ်ရှစ်နဲ့ ရောင်မုန့်ယဉ်တို့ပဲ ရှိတယ်လေ။ ယင် ထက် ယန်က များနေတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အင်း.... ဘယ်တပည့်ကို ထည့်ရမှာလဲ။ လင်းယွမ်ရွယ်၊ မူဟုန်လင် ပြီးတော့ကော တခြား အမျိုးသမီးတပည့် နာမည် ဘယ်သူရှိသေးလဲ”

“........”

စနစ်သည် ဆွံအသွားခဲ့၏။ သူသည် အမျိုးသမီးတပည့်များ၏ နာမည်ကို သေချာ မမှတ်မိချေ။

“အင်း... ပြီးတော့ စွန်းပုကုံး ရှိသေးတယ်”

ကျွင်းချောင်ရှောင်းသည် နောက်ဆုံးမှာတော့ ဆေးနှင့်ပတ်သက်၍ ကျွမ်းကျင်လှသော တပည့်ကို တွေးမိသွားခဲ့တော့သည်။ သူသည် ချက်ချင်းပဲ စွန်းပုကုံးအား လင်းယွမ် ခန်းမဆောင် ထဲသို့ ထည့်သွင်းလိုက်တော့သည်။ သူ၏ ထူးခြားသည့် လင်းယွမ်ခန်းမဆောင် စာတန်းသည် ဆေး ပင်ဖြစ်လေ၏။

“အင်း... အနာဂတ်မှာ တကယ့်ကို လုပ်ဆောင်မှုကောင်းတဲ့ တပည့်တွေအတွက် နေရာ ခြောက်နေရာစာကို ခဏ ထားလိုက်အုံးမယ်”

ဤတစ်ကြိမ်မှာတော့ ကျွင်းချာင်ရှောင်းသည် တပည့်ကိုးယောက်ကို လင်းယွမ်ခန်းမဆောင်ထဲသို့ ထည့်သွင်းခဲ့လေပြီ ဖြစ်၏။ ထိုသူများသည် အားကောင်းလှပြီး အတွေ့အကြုံ ရင့်ကျက်လှသည့် တပည့်များ ဖြစ်သလို ထူးခြားလှသည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်သည့် တပည့်များလည်း ဖြစ်လို့နေသည်။

ရွေးချယ်ခံလိုက်ရသော တပည့်များသည် ၎င်းတို့၏ လက်အသီးသီးတွင် သက်ဆိုင်ရာစာတန်းများ ပေါ်ပေါက် လာခဲ့ကြ၏။

ညအင်ပါယာသည်သာ ထိုအချင်းအရာကို သိရှိသည်ဆိုပါက ကျိန်းသေပေါက် စိတ်ဓာတ်ကျမိမှာ သေချာ၏။ တပည့်ပေါင်းများစွာထဲတွင် သူတစ်ယောက်တည်းသည်သာ နဖူး၌ စာတမ်းပေါ်လေ၏။ တကယ့်ကို ထူးခြားလှချေသည်။ သောက်ကျိုးနည်းလှချေသည်တကား။

“ဘာတွေဖြစ်နေတာလဲ”

ဂိုဏ်းတူရောင်းရင်းများနှင့် ဘောလုံးကစားလျက် ရှိနေသည့် ထျန်းချီသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ပြီးနောက် သူ၏ လက်ဖမိုးပေါ်တွင် ပေါ်နေသည့် သစ္စာတရားဆိုသည့် စာတန်းကို ကြည့်ရှု ပြီးနောက် ကြောင်အသွားသည်။

စုရှောင်မိုနှင့် လီဖေးတို့သည် ထိုအချင်းအရာကို မြင်လိုက်၏။ အတွေ့အကြုံ ရှိပြီးသားလူဖြစ်သောကြောင့် အသာ လှမ်းလျှောက်လာကာ ပြောလိုက်၏။ “ဂုဏ်ယူပါတယ် ဂျူနီယာညီလေး”

လုံကျိရန်နှင့် တခြားသော သူများသည် ပထမ၌ ဇဝေဇဝါ ဖြစ်မိနေ၏။ သို့ပေမဲ့ သူတို့၏ စီနီယာအစ်ကိုများဆီမှ သိရှိပြီးသည့်နောက် ဂိုဏ်းချုပ်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်၏။ သူတို့သည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆိုလိုက်ကြသည်။

“ဂိုဏ်းချုပ်အတွက်၊ ဂိုဏ်းအတွက် မီးပင်လယ်တွေ၊ ဓားတောင်တွေကို ဖြတ်ရမယ်ဆိုရင်တောင်မှ တစ်ချက်ကလေးမှ နှောင့်နှေးနေမှာ မဟုတ်ဘူး”

.........

တပည့်များ၏ လင်းယွမ်ခန်းမဆောင် စာတန်းများကို ပြန်လည်ကာ ချရေးရမည်ဆိုလျှင် ရေခဲ၊ တိုက်ခိုက်သူ၊ တည်ငြိမ်မှု၊ ဒိုင်း၊ အရိပ်၊ မီးဖို၊ တံခါး၊ အားအင်၊ ဉာဏ်ပညာ၊ သစ္စာ၊ လှံ၊ နဂါး၊ စစ်သူကြီး၊ ဓား၊ နတ်ဆိုး၊ ဗုဒ္ဓ၊ ဓားမော့နှင့် ဆေးတို့ပင် ဖြစ်လေ၏။

All Chapters