← Chapters

အခန်း ၁၉၇၁

Vol. 132 Ch. 1971

အခန်း ၁၉၇၁

Vol. 132 Ch. 1971

အပိုင်း (၁၉၇၁)

တပည့်တော်တော်များများကို လင်းယွမ်ခန်းမဆောင်ထဲ၌ နေရာချထားပေးပြီး ကျွင်းချောင်ရှောင်းသည် အချိန် အတိုင်းအတာ တစ်ခုအတွင်း ဤအရာကို ဆက်လက်စဉ်းစားရန် မလိုဟု ဆုံးဖြတ်ခဲ့၏။ ပြီးသည့်နောက် သူ ဆက်လက်ကာ စဉ်းစားရမည်မှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ဆိုသည့် အကြောင်းအရာပင် ဖြစ်လေသည်။

“တိုက်ပွဲပြီးသွားပြီ”

ကျွင်းချောင်ရှောင်းသည် တိကျခိုင်မာစွာ ပြောလိုက်၏။ “ဒီလူက ဒီတိုက်ပွဲ ပြီးတဲ့အချိန်မှာ တကယ့်ကို ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့တယ်။ ဒီတော့ သူ ပုန်းအောင်းနိုင်တဲ့နေရာကို ငါတို့ရှာတာ ကောင်းလိမ့်မယ် နဲ့ထင်တယ်”

“အင်း... အရမ်းကြီး ရဲတင်းမနေနဲ့”

စနစ်က ပြောလိုက်သည်။ “သူ့ဆီမှာ တကယ့်ကို သတ်ဖြတ်နိုင်တဲ့ ဝှက်ဖဲ တစ်ခုခု ရှိရမယ်”

“အင်း” ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်သည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အောက်ဆွဲ ကောင်းကင် နဂါးစစ်သူကြီးရှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးသည့်နောက် တစ်ဖက်လူ၏ ညာလက်ရုံးများ အားလုံးကို ရှင်းလင်းပစ်ပြီး ဖြစ်သည်ဟု သူက တွေးထင်ခဲ့၏။ သို့ပေမဲ့ အလွန်အားကောင်းလွန်းလှသည့် အနီရောင်ဆံပင်နှင့်လူ ပေါ်ပေါက် လာခဲ့သေး၏။ သူ့၌ SSS အဆင့် သူရဲကောင်းဝိညာဉ်နှင့် တဖန်ပြောင်းလဲလာခဲ့သည့် ရီရှင်းချန်သာ မရှိဘူးဆိုပါက ထာဝရ လောကကြီးတစ်ခုလုံးသည် ဖျက်ဆီးခြင်းကို ခံရမှာ သေချာ၏။

“ချီးတဲ့မှ”

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် ဒေါသတကြီး တွေးလိုက်မိသည်။ “အင်း.. ငါ့အနေနဲ့ ဒီနတ်ဘုရားလျှို့ဝှက်အဆင့် ထိပ်တန်းကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အရည်အသွေး ဘယ်အချိန်မှာ ရမှာလဲ”

“အဓိကတာဝန် ပြည့်စုံရင်ပေါ့”

စနစ်က ပြောလိုက်၏။ “ဒါဆိုရင် မင်းအဆင့် တက်နိုင်ပြီလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တခြားနည်းလမ်း မရှိဘူးလား”

“မရှိဘူး” စနစ်သည် အမှန်တရားကို ပြောဆိုခဲ့ခြင်းသာဖြစ်၏။ ဂိမ်းဆာဗာခိုးယူသည့်စွမ်းရည်သာ မရှိဘူးဆိုပါက လက်ခံသူသည် ပိုမိုမြင့်မားသည့် အခြေအနေတစ်ခုကို ရောက်ရှိရန်အတွက် ပိုးစိုးပက်စက် ကြိုးစားရမှာ သေချာ၏။ ထို့အပြင် ဖြစ်လည်း မဖြစ်နိုင်ချေ။

“ငါတို့ ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင် ထားခဲ့တဲ့ နတ်ဆိုးနည်းစနစ်ကို ရှာဖွေတွေ့ရှိနိုင်မယ်ဆိုရင် အန္တိမ လောကရဲ့ ဆန်းကြယ်မှုကို ရှာဖွေတွေ့ရှိနိုင်တဲ့ အခွင့်အရေး ရနိုင်မလား မသိဘူး”

သူသည် ကျန့်ကွေ့ရှု ပြောသည့် အကြောင်းအရာများကို သတိရသွားမိ၏။

“အင်း... လက်ခံသူ ဒီအတွေးကို မတွေးတာ ကောင်းမယ်လို့ အကြံပြုတယ်” စနစ်က ပြောလိုက်သည်။

“ဘာလို့လဲ”

“နတ်ဆိုးစွမ်းအင်ပါဆိုမှ နတ်ဆိုးစွမ်းအင်၊ မိစ္ဆာစွမ်းအင်တွေနဲ့ ပြည့်နှက်နေမှာပေါ့။ လက်ခံသူ အဲတာကို လေ့ကျင့်လိုက်မယ်ဆိုရင် တစ်ခါတည်း ရူးသွပ်သွားလိမ့်မယ်လေ။ လောကကြီးတစ်ခုလုံးကို ထိခိုက်နာကျင်အောင် လုပ်တဲ့ နတ်ဆိုးတစ်ကောင်အဖြစ်တောင် ပြောင်းလဲသွားလိမ့်မယ်”

“.......”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

စနစ်က ပြောလိုက်သည်။ “အင်း.. လက်ခံသူအနေနဲ့ မှန်ကန်တဲ့လမ်းစဉ်ကို လျှောက်လှမ်းဖို့လိုတယ်”

“ဖြတ်လမ်းနည်း မရှိဘူးလား”

ကျွင်းချောင်ရှောင်းသည် စိတ်တိုလျက်ရှိသည်။ အဓိက တာဝန်ကို မပြည့်စုံသေးချေ။ အထူးတာဝန်ကလည်း ပေါ်မလာသေးပေ။ သူ့အနေနှင့် နားလည်ရန် အချိန်ကိုသာ အမှီအခို ပြုရမည်ဆိုပါက ဤကဲ့သို့သော အဆင့်မျိုးကို ရောက်ရှိရန်အတွက် အချိန်မည်မျှ ကြာမည်ကို ကောင်းကောင်း မသိနိုင်ပေ။

ကုန်းရှန့်အနေနှင့် ပိုမိုမြန်ဆန်စွာ အဆင့်ချိုးဖြတ်ချင်သည်ဆိုပါက သူ့အနေနှင့် အားအင်အဆင့်ကို အမှီအခိုပြု၍ မရနိုင်ချေ။ သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ဖြစ်နိုင်သမျှ အမြန်ဆုံး သုတ်သင်ရှင်းလင်းရန်သာ လိုအပ်၏။ ထို့အပြင် သွားရောက်ရှင်းလင်းရန် ဆိုသည်မှာလည်း တစ်ဖက်လူသည် အလွန်အားကောင်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေခဲ့၏။ ထိုလူ စေလွှတ်လိုက်သည့် စွမ်းအားမြင့် ကျင့်ကြံသူပင်လျှင် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို အန္တရာယ် ကျရောက်အောင် လုပ်ဆောင်နိုင်ခဲ့သေးသည်။

“ဟင်း” ကျွင်းချောင်ရှောင်းသည် သက်ပြင်း ချလိုက်၏။ ပြီးသည့်နောက် မပြည့်စုံသည့် သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်တွဲကို ထုတ်ယူလိုက်သည်။ တကယ့်ကို ဒဏ္ဍာရီလာ သိုင်းကျင့်ကြံသူတစ်ယောက် ဖန်တီးခဲ့သည့် ဤလျှို့ဝှက်သိုင်းကျမ်းသည် အဆင့်မြင့်ကျင့်ကြံခြင်းဆီ လှမ်းဝင်နိုင်မည့် အခွင့်အရေးကို ပိုင်ဆိုင်၏။ သို့ပေမဲ့ ပြဿနာသည် ဤအရာကို အချိန်အတော်ကြာ လေ့လာခဲ့ပြီးပြီ ဆိုလျှင်တောင်မှ သဲလွန်စ တစ်ချက်ကလေးမှ မတွေ့ရှိခဲ့ခြင်းပင်။ ကောင်းကင်ဘုံ၏ စာအုပ်ထက်ပင် ပိုမိုကာ ဆန်းကြယ်နေလေသည်လား မသိပေ။

အား.... အား..

တစ်ညလုံးနီးပါး လေ့လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ကိုင်ကာဖြင့် အော်ဟစ်လျက် ရှိ၏။ “ဒီထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ”

...........

နက်မှောင်နေသည့် တည်နေရာတစ်ခုထဲမှာတော့ လေထုတစ်ခုလုံးသည် အေးစက်လျက် ရှိနေ၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ ပုံရိပ်သည် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာ၏။ သူသည် လက်ကို အသာမြှောက်လိုက် ပြီးနောက် ဝိညာဉ်ကဲ့သို့ မီးတောက်များသည် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာ၏။ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးသည် လင်းထိန်းလာသည်။

ဤအရာသည် စည်းခတ်ထားသည့် တည်နေရာကြီးတစ်ခုဖြစ်သည်။ ရှေ့တွင် ပုလ္လင်တစ်ခု တည်ရှိနေ၏။ ထိုအပေါ်တွင် အရိုးခြောက်တစ်ခုက ထိုင်လျက်ရှိနေသည်။ အရိုးခြောက်၏ အရွယ် အစားသည် မသေးငယ်လှချေ။ အသက်ရှင်ခဲ့စဉ်က အရပ်ရှည်ရှည်နှင့် ထွားထွားကျိုင်းကျိုင်း ဖြစ်မည်ပုံပေါ်၏။ လူသားတို့၏ စံသတ်မှတ်ချက်ထက်ပင် ပိုမိုကာ သာလွန် ထွားကြိုင်းခဲ့ပုံပေါ်၏။ အရိုးပေါ်တွင် အက်ကွဲကြောင်း များ တည်ရှိလို့နေ၏။ ကြည့်ရသည်မှာ အသက်ရှင်နေစဉ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပုံပေါ်၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရုတ်တရက် ရပ်တန့်လိုက်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှ သည့် အရိုးခြောက်ကြီးကို လှမ်းကာ ကြည့်ရှုလိုက်သည်။ ပြီးနောက် တီးတိုး ပြောလိုက်သည်။ “ကောင်းကင် ဝါးမြိုခြင်း နတ်ဆိုးအတတ်ကို နားလည်သွားတဲ့အချိန်မှာ ခင်ဗျားချန်ခဲ့တဲ့ နတ်ဆိုးအသွင်ကို ပြောင်းလဲနိုင်ပြီ။ ဒါဆို စကြဝဠာကြီးရဲ့ နည်းဥပဒေ၊ ဆန္ဒတွေ အားလုံးကို အမွေဆက်ခံနိုင်တော့မှာပေါ့”

ကြည့်ရသည်မှာ ဤအရိုးခြောက်သည် ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင်ပင် ဖြစ်ပေလိမ့်မည်။ ထိုသူသည် စီနီယာသက်တန့်ရောင်သူတော်စင်၏ သတ်ဖြတ်ခြင်းကို ခံရသည့်လူပေလား။

“ဒါပေမဲ့ ....”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရှေ့ဆီသို့ လှမ်းတက်ကာ ပြောလိုက်၏။ “ကျုပ်က စိတ်ဆန္ဒတွေကို အမွေဆက်ခံချင်တယ်ဆိုရင်တောင်မှ အရာအားလုံးကို အမွေဆက်ခံသင့်တယ်လေ”

သူသည် တစ်ဖက်လူ၏ ပခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။ “အင်း.. ခင်ဗျားရဲ့ ကြွင်းကျန်နေတဲ့ အရာအားလုံးကို အသုံးပြုပြီး ကျုပ်ကို ကူညီအုံး”

ဘုတ်

မူလအားဖြင့် ယိုင်တိယိုင်တိုင် ဖြစ်လျက်ရှိနေသည့် အရိုးခြောက်သည် အားအနည်းငယ် ထည့်လိုက်သည့်အချိန် မှာတော့ ချက်ချင်း အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“ထင်ထားတဲ့အတိုင်းပဲကိုး”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ပျော်ရွှင်သွားမိသည်။ အချက်အလက်အားဖြင့် ဤအရိုးကြီးသည် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည့်အရာဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့်အရာကြီးတစ်ခုဖြစ်သည်။ သို့ပေမဲ့ ဤနေရာတွင် မည်သည့်အန္တရာယ်မျိုးရှိရှိ သူ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ခဲ့ချေ။ သူသည် မိစ္ဆာဝါးမြိုခြင်းအတတ်ကို နားလည်လာပြီး နတ်ဆိုးအဖြစ်သို့ အသွင်ပြောင်းလဲနိင်ခဲ့သည်။

တိတိကျကျ ပြောရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဤကျင့်ကြံခြင်းနည်းစနစ်အား အခြေအနေ တစ်ခုအထိ နားလည်နိုင်ခဲ့ပြီဖြစ်၏။ သော့ချက်တစ်ခုကိုရရှိခဲ့ပြီဖြစ်သောကြောင့် တံခါးကို အောင်အောင်မြင်မြင်ဖြင့် ဖွင့်နိုင်ခြင်းနှင့် ဆင်တူလှ၏။

“အားနာပါတယ်”

သူသည် ခေါင်းကိုအသာလှည့်ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှူလိုက်၏။ အရိုးမှုန့်များသည် သူ၏ နှာခေါင်းပေါက်ထဲသို့ အရှိန်ပြင်းပြင်းနှင့် တိုးဝင်သွားသည်။ ခဏလောက် ကြာပြီးသည့်နောက် ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင်၏ ပြာများသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားခဲ့၏။ ဤမြင်ကွင်းကို ကြည့်ရှုရလျှင် အားလုံးသော သူတို့သည် ကျောချမ်းသွားမှာ သေချာသည်။

ဆွစ်

ပြာများသည် သူ၏ ခန္ဓာကိုယ်ရှိ မရီဒန်များ၊ သွေးကြောများနှင့် ပေါင်းစပ်ပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် အလွန်ဆန်းကြယ်လှသည့် နတ်ဆိုးချီများကို ထုတ်လွှတ်နိုင်လာ၏။ နံရံပေါ်တွင် ရှိနေသည့် ဝိညာဉ်မီးများသည် ယိမ်းထိုးလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် ခြောက်ခြားဖွယ်ရာ အခြေအနေမျိုး ဖြစ်တည်လာ၏။

ဟား ဟား ဟား

ဟား ဟား ဟား

နက်မှောင်လှသည့် ပတ်ဝန်းကျင်ထဲတွင်တော့ ထူးဆန်းလှသည့် ရယ်မောသံကြီးက ထွက်ပေါ်လာသည်။ “ငါတစ်ခု ပိုပြီး နားလည်လာပြီ”

.........

ပြိုင်စံရှားဂိုဏ်း

တပည့်များသည် ထုံးစံအတိုင်း လေ့ကျင့်လျက် ရှိ၏။ ထိုက်ရွှမ်အဘိုးအိုသည် အဖွဲ့ဝင်များကို ခေါ်ဆောင်ကာဖြင့် ယခင်က တိုက်ခိုက်ခြင်း ခံခဲ့ရသည့် တော်ဝင်အစီအရင်ကြီးတစ်ခုလုံးကို ပြန်လည်ကာ ပြင်ဆင်လျက်ရှိ၏။ စစ်ပွဲ ပြီးသွားပြီးနောက် ထာဝရ လောကကြီးသည် အလုံးစုံ တည်ငြိမ်သည့် အခြေအနေတစ်ခုဆီသို့ ပြန်လည်ကာ ရောက်ရှိခဲ့၏။

“ပိုပြီး တည်ငြိမ်လေ။ မုန်တိုင်းက ရောက်ရှိလာဖို့ နီးစပ်လာလေပဲ”

ကျွင်းချောင်ရှောင်းသည် အနာဂတ်အတွက် တွေးတောလျက် ရှိနေ၏။ သူသည် အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိနေ၏။ ပူပန်ရသည့် အကြောင်းအရာများထဲတွင် သူ၏ အားအင်အဆင့်လည်း ပတ်သက်၍ ပါဝင်၏။ သူသည် မိုးရွာမည့်နေ့အတွက် ကြိုတင်ကာ ပြင်ဆင်ရပေလိမ့်မည်။ သို့ပေမဲ့ သူမည်မျှ ကြိုတင်ပြီး ပြင်ဆင်သည်ဆိုဆို အလုံးစုံသော စွမ်းအင်များ၏အောက်မှာတော့ သူသည် တကယ်ပင် သနားစရာလူသားတစ်ယောက်ပင်။

“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက် ခက်ခဲအောင် လုပ်နေရတာလဲ”

လတ်တလောတွင် သူမ၏ ယောက်ျား အလွန်စိုးရိမ်ပူပန်နေသည်ကို မြင်ရချိန်မှာတော့ ဟွာမင်ကွေ့သည် ရုတ်တရက် ရောက်ရှိလာကာဖြင့် နှစ်သိမ့်ပေးလေ၏။ “အရာအားလုံးကို စိုးရိမ်ပူပန်နေလို့ ဘယ်ဖြစ်ပါ့မလဲ”

“ဟင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ မသေသေးသရွေ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်နိုင်၊ စားနိုင်မှာ မဟုတ်ဘူး”

“ယောက်ျား... ရှင် သူ့ရဲ့စစ်တပ်ကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ပြီ။ အရမ်းအားကောင်းတဲ့ အနီရောင်ဆံပင်နဲ့ လူကိုတောင် သတ်ဖြတ်ပစ်ခဲ့တယ်လေ။ အချိန်အတိုင်းအတာတိုအတွင်း သူလာပြီး ပြဿနာ မရှာရဲလောက်ပါဘူး” ဟွာမင်ကွေ့က သုံးသပ်လိုက်၏။

“ဒါကတော့ မှန်တယ်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်သက်သာရာ ရသလို ခံစားလိုက်မိသည်။

“မဆာဘူးလား။ ထမင်းကြော် ကျွေးမယ်လေ”

“မဆာဘူး။ မဆာဘူး”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပြောလိုက်၏။ ဤအမျိုးသမီး၏ ဟင်းချက် စွမ်းရည်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေတစ်ခုဆီသို့ပင် ရောက်ရှိနေ၏။

“အင်း ယောက္ခထီးနဲ့ ယောက္ခမက ပြန်ပြီး ပေါင်းစပ်သွားပြီ။ ယောက်ျား.. ရှင် ကျွန်မကို သူတို့နဲ့ ဘယ်ချိန် တွေ့ပေးမှာလဲ”

ဟွာမင်ကွေ့သည် အသာမေးမြန်းလိုက်မိသည်။ “ပြီးတော့ ကျွန်မက သူတို့ရဲ့ ချွေးမလေ”

“ဒါက”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါလည်း ဟုတ်တာပဲ”

ချွေးမကိုခေါ်၍ မိဘများနှင့် တွေ့ရခြင်းဆိုသည်မှာ ပျော်ရွှင်စရာကိစ္စရပ်ပင် ဖြစ်သည်။

...........

ကျောက်ရုပ်ထုမြို့၊ အဓိကဟောခန်း

သရုပ်ဆောင် ကျန်းစန်းသည် ထိုင်ခုံပေါ်တွင် ထိုင်ကာဖြင့် ဟွာမင်ကွေ့ကို ကြည့်ရှုနေသည်။ သူသည် ချီးကျူးလိုက်၏။ “အင်း.. အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်”

ကုန်းစွန်းရော့လီ၏ မျက်နှာပေါ်တွင်လည်း နှစ်သက်သဘောကျသည့် အပြုံးတစ်ခု တည်ရှိနေ၏။ သူမသည် ဤချွေးမနှင့်ပတ်သက်၍ အမှန်ပင် သဘောကျလျက် ရှိနေ၏။ ဦးနှောက်ကို အသုံးပြု၍ သူမသား၏ ဂိုဏ်းကိစ္စများကိုပင် ဦးစီးဦးဆောင်နှင့် စီမံခန့်ခွဲနိုင်စွမ်းရှိသည့် စွမ်းရည်ကို ပိုင်ဆိုင်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ သို့ပေမဲ့...

“သား”

ကုန်းစွန်းရော့လီသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “မင်းနဲ့ မင်ကွေ့တို့က လက်ထပ်ထားတာ နှစ်ပေါင်းများစွာ ကြာပြီလေ။ အတူတူလည်း ကြိုးစားခဲ့ကြတာ။ အင်း... ဒါပေမဲ့ ဘာလို့ အခုထိ ကလေး မရသေးတာလဲ”

“..........”

ဟွာမင်ကွေ့သည် ရုတ်တရက် ရှက်ရွံ့သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည်လည်း ရှက်ရွံ့သွားမိ၏။ သို့ပေမဲ့ သူသည် သူ၏အမေကို အကြောင်းပြချက် တစ်ခုပေးလိုက်သည်။ “မင်ကွေ့နဲ့ ကျွန်တော်တို့က ကျင့်ကြံခြင်းအဆင့် မြင့်မားနေကြပြီလေ။ ကောင်းကင် တာအိုရဲ့ ကန့်သတ်ချက်တွေ ရှိနေတယ်။ ဒါကြောင့် ကလေးရဖို့ဆိုတာ ခက်ခဲတယ်”

“အင်း.. ဟုတ်တယ်”

ကျန်းစန်းက သဘောတူညီလိုက်သည်။ “ကျင့်ကြံခြင်းအဆင့်မြင့်လေ။ တားဆီးကန့်သတ်မှု တွေက ပိုပြီး များလာလေပဲ”

“ခက်ခဲတယ်ဆိုတာ အခွင့်အရေး မရှိတာမှ မဟုတ်တာ။ မင်းတို့နှစ်ယောက်က ဂိုဏ်းတစ်ခုကို အတူတကွ စီမံ ခန့်ခွဲနေကြတာလေ။ အချိန်ပိုရှိတယ်ဆိုရင် ပိုပြီးကြိုးစားသင့်တယ်မလား” ကုန်းစွန်းရော့လီက ထပ်မံကာ တိုက်တွန်းလိုက်၏။

“အမေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သား သိပါပြီ။ အရင်ဆုံး ပြန်တော့မယ်”

“သွား သွား သွား”

ထိုနှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကုန်းစွန်းရော့လီသည် သေသေချာချာ မှာကြားလိုက်သေး၏။ “အခု ပြန်ကြိုးစားတော့မလို့မလား။ မင်းအဖေနဲ့ ငါက မြေးချီဖို့အတွက် စောင့်နေတယ်နော်”

“...........”

ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန် လျှောက်ထွက်လိုက်သည်။

လမ်းမှာတော့ ဟွာမင်ကွေ့သည် သူ့အား ကြည့်ကာဖြင့် ရှက်ရွံ့သလို မေးမြန်းလိုက်၏။ “ယောက်ျား... ဘယ်လိုထင်လဲ”

“ဘယ်လိုထင်လဲဆိုတာ ဘာကို ပြောတာလဲ”

“အင်း... အချိန်ယူပြီးတော့ သေသေချာချာ ကြိုးစားကြဖို့လေ”

ကျွင်းချောင်ရှောင်းသည် ဤစကားကို ကြားရသည့်အချိန်မှာတော့ ရုတ်တရက် အံ့အားသင့်သွား၏။ ပြီးနောက် အော်ဟစ်လိုက်၏။ “မဟုတ်သေးဘူး။ မဟုတ်သေးဘူး”

..........

ညရောက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် သက်တန့်ရောင်စဉ် ကျမ်းစာ ခုနှစ်ခုကို ထုတ်ယူလိုက်၏။ သို့ပေမဲ့ ကျမ်းစာခုနှစ်ခုကို စားပွဲပေါ်သို့ တင်လိုက်သည့်အချိန်မှာတော့ တောက်ပသည့် အလင်းတန်းများ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး ကျမ်းစာ ကို ဖုံးလွှမ်းသွားခဲ့သည်။

ဤကဲ့သို့ ကိစ္စရပ်များသည် ယခင်က မဖြစ်ခဲ့ဖူးချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွား၏။ “ဘာတွေ ဖြစ်နေတာလဲ”

All Chapters