← Chapters

အခန်း ၁၉၇၂(က)

Vol. 132 Ch. 1972-A

အခန်း ၁၉၇၂(က)

Vol. 132 Ch. 1972-A

အပိုင်း (၁၉၇၂)

ဤအတောအတွင်း ကျွင်းချောင်ရှောင်းသည် အချိန်ရသည့် အချိန်တိုင်း အကြွင်းအကျန်ကျမ်းများကို ထုတ်ယူကာ ကြည့်တတ်သည့် အလေ့အကျင့် ရရှိခဲ့၏။ မည်သည့်သဲလွန်စမှ မရှိသော်လည်း သူသည် ဇွဲကြီးကြီးဖြင့် ကြည့်ရှုလျက် ရှိနေ၏။ ယနေမှာတော့ သူသည် ကျမ်းစာခုနှစ်ခုကို ထပ်မံ ထုတ်ယူလိုက်မိ၏။

ရလာဒ်အားဖြင့် ဤကျမ်းစာ ခုနှစ်ခုသည် တောက်ပသည့် အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ နဂါးဘောလုံး ခုနှစ်လုံးသည် အသက်ဝင်ပြီးသည့်နောက် နဂါးအမေကြီး ဆင်းသက်လာတော့မည့် ပုံစံမျိုးပင်။

စနစ်သည် ပြောလိုက်၏။ "မြန်မြန်ဆုတောင်း"

ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုမှိတ်ကာ လက်အုပ်ချီလိုက်၏။ စိတ်ထဲတွင် လေးလေးနက်နက်ဖြင့် ဆုတောင်းလိုက်သည်။ "လောကကြီးတစ်ခုလုံး ငြိမ်းချမ်းပါစေ"

ဤကျမ်းစာခုနှစ်ခုကို သူ ရရှိထားခဲ့သည်မှာ အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ယနေ့အချိန်မှာတော့ ထိုအရာ၏ ထူးခြားချက်သည် ပေါ်ပေါက်လာခဲ့တော့၏။ သူပင်ပန်းကြီးစွာ ကြိုးစားခဲ့သည့် အရာများသည် လက်ရှိအချိန်တွင် ဖြစ်တည်လာခဲ့ပြီလား။ လေးနက်မှုသည် တောင်များ၊ ချောင်းများကိုပင် ဖျက်စီးနိုင်သည်ဟု ဆိုရိုးစကားလည်း ရှိခဲ့၏။ ရှေးလူကြီးများသည် မလိမ်ညာခဲ့ချေ။

"ဘာတွေဖြစ်နေတာလဲ"

စာကြည့်ခန်းထဲတွင် တောက်ပသည့် အလင်းတန်းတစ်ခု ပေါ်ပေါက်လာသည့် အချိန်မှာတော့ ဂိုဏ်းတစ်ခုလုံးသည် အထိတ်တလန့်နှင့် ဖြစ်သွားခဲ့ကြ၏။ ဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများနှင့် တပည့်များသည် လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ သူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။

ဝှစ်

ထိုအချိန်မှာတော့ သာမန်မျက်စိနှင့်ပင် ကြည့်ရှု၍ ရနိုင်သည့် လှိုင်းများသည် အထပ်ထပ် ဖြစ်တည်လာခဲ့ပြီး ဂိုဏ်း၏ အထက်ကောင်းကင်ယံသို့ပင် ပျံတက်သွားသည်။

ဆန်းကြယ်လှသော အော်ရာများသည် ရုတ်တရက် ထွက်ပေါ်လာပြီး အားလုံးသောသူများကို အံ့အားသင့်စေခဲ့၏။ ထိုသူများထဲတွင် တုန်လှုပ်ဆုံးလူသည် ဟယ်ဝူတီပင် ဖြစ်လေ၏။ သူ့အနေဖြင့် ထိုအရာများဆီမှ အော်ရာကို ရရှိရုံသာမက ထိုအော်ရာများကိုလည်း ရင်းနှီးလျက် ရှိနေ၏။

ဝှစ်

ထိုအချိန်မှာတော့ တောက်ပသည့် အလင်းတန်းခုနှစ်ခုသည် စာကြည့်ခန်းထဲမှ ထွက်ပေါ်လာပြီးသည့်နောက် ထာဝရလောကကြီး၏ ကောင်းကင်ယံဆီသို့ ပျံသွားခဲ့၏။ ထိုအရာသည် အထက်စကြာဝဠာထဲသို့ပင် ထွင်းဖောက်သွားခဲ့သည်။ ခဏလောက် ကြာပြီးသည့်နောက် စကြာဝဠာထဲတွင် ရောင်စုံတိမ်များ စုစည်းလာခဲ့ပြီး ဘယ်ကမှန်းမသိသည့် လေဝဲကြီးတစ်ခု ပေါ်လာသည်။

"အန္တိမကုန်းမြေရဲ့ လျှို့ဝှက်ချက် "

ကျွင်းချောင်ရှောင်းသည် အလွန်တရာ အိုမင်းနေသည့် အသံကို ကြားလိုက်ရ၏။ "ဒီထဲမှာ အကုန်ရှိတယ်"

"ချီးတဲ့မှ …… ဒါဘာကိုဆိုလိုတာလဲ"

စကြဝဠာထဲတွင် ဖြစ်တည်လာခဲ့သည့် လေဝဲကြီးအတွင်း၌ စီနီယာသက်တန့်ရောင် ချန်ခဲ့သည့် အန္တိမလမ်းစဉ်၏ လျို့ဝှက်ချက်များ တည်ရှိနေသည်လား သို့မဟုတ် ဤအရာသည် ကျမ်းစာခုနှစ်ခု၏ သော့ချက်လေလား။

လေးလေးနက်နက် ကြိုးစားပြီးနောက် အန္တိမလမ်းစဉ် ၏ တော်ဝင်တံခါးကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်၏။ ပျော်ရွှင်မှုသည် ရုတ်တရက် ဆန်လွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် ဘဝင်ခိုက်လို့ နေခဲ့၏။ သူဘာကို စောင့်နေရမည်နည်း။ "လာစမ်း လုပ်လိုက်ရအောင်"

ဘန်း

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်း၏ အမိုးတံခါးကို ချိုးဖျက်ပြီးနောက် ထာဝရလောကကြီး၏ အပြင်ဖက်သို ပျံသန်းလိုက်၏။ ပြီးနောက် ရောင်စုံအလင်းတန်းများ တည်ရှိရာ နေရာဆီသို့ ဦးတည်သွားလိုက်၏။

ဟယ်ဝူတီသည်လည်း လိုက်ပါလာခဲ့၏။ ဤအော်ရာများကို သူသည် အလွန်ရင်းနှီးနေ၏။ ထို့ကြောင့်သူ၏ သွေးများသည် ဆူပွက်လျက်ရှိသည်။

"သွားကြည့်ကြရအောင်" ကုကျောင်းရှစ်က ပြောလိုက်၏။

ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းဆီမှ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များသည် ပျံသန်းထွက်ခွာလာခဲ့ကြ၏။ ကျန့်ကွေ့ရှုနှင့် အခြားလူများသည်လည်း လိုက်ပါလာခဲ့ကြ၏။ ရောင်စဉ်ခုနှစ်ခုတို့သည် စကြာဝဠာ၏ ထိပ်ဆုံးတွင် တည်ရှိနေခဲ့ပြီး အဆုံးအစမဲ့သော မှော်စွမ်းအင်များ ထွက်ပေါ်နေကြောင်း သူတို့က အာရုံခံမိကြသည်။

ဆွစ်

ခဏလောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လေဝဲကြီးထဲသို့ ဝင်ရောက်လိုက်၏။

ဟယ်ဝူတီနှင့် တခြားသော စီနီယာတပည့်များသည်လည်း အနောက်မှ လိုက်ပါလာခဲ့ကြ၏။ သို့ပေမဲ့ သူတို့သည် အပြင်ဖက်တွင်သာ ရပ်နေရ၏။ မည်မျှကြိုးစားကြိုးစား အထဲသို့ ဝင်ခွင့် မရခဲ့ကြချေ။

ဟင်း

ကျန့်ကွေ့ရှုသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။ "ငါတို့က ကံကြမ္မာရေစက် မပါဘူးပဲ"

"ဂိုဏ်းချုပ် ….. အန္တရာယ်များ ရှိနေမလား"

လီချင်းယန်သည် စိုးရိမ်စွာဖြင့် မေးမြန်းလိုက်၏။ ဒုတိယတပည့် ပီသစွာပဲ သူသည် ကုန်းရှန့်ကို စိတ်ပူလို့နေ၏။

ဟယ်ဝူတီက ပြောလိုက်သည်။ "ဘာအန္တရာယ်မှ မရှိပါဘူး။"

သူသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။ "အထဲမှာ ကြီးမားတဲ့ အခွင့်အရေးပဲ ရှိတယ်"

"ဘယ်လောက်ကြီးမားတာလဲ"

စုရှောင်မိုက မေးမြန်းလိုက်သည်။ "အန္တိမလမ်းစဉ် နဲ့ ပတ်သက်နေတာမျိုးလေ။”

ထိုအရာကို ကြားပြီးသည့်နောက် အားလုံးသောသူတို့သည် ပျော်ရွှင်သွားမိ၏။ ဂိုဏ်းချုပ်တစ်ယောက် အန္တိမလမ်းစဉ်ကို လျှောက်လှမ်းနိုင်စေရန် ကြိတ်ကာ ဆုတောင်းနေမိကြ၏။

ဟမ်

ရုတ်တရက် စုရှောင်မိုသည် အဝေးတစ်နေရာသို့ လက်ညိုးညွှန်ကာ အော်လိုက်သည်။ "ဒါက ဘာကြီးလဲ"

အားလုံးသည် လှည့်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ စကြာဝဠာ၏ အဆုံးသတ်တည်နေရာတွင် အခြားသော လေဝဲတစ်ခု ရှိနေကြောင်း ခပ်ရေးရေး မြင်နေရ၏။ ထိုအရာသည် ဆန်းကြယ်လှသည် မဟုတ်သော်လည်း သူတို့ရှေ့တွင်ရှိနေသော လေဝဲကြီးနှင့် တူညီလှ၏။

"အရမ်းဝေးလွန်းတယ်"

ကျန့်ကွေ့ရှုက မျက်မှောင်ကုတ်လိုက်သည်။

လေဝဲကြီးသည် သူတို့မြင်နိုင်သည့် ဝေးကွာလွန်းသော အစွန်းဘက်တွင် တည်ရှိလို့ နေ၏။ များပြားလှသော စကြာဝဠာပတ်လမ်းများ ကွာခြားနေပုံပင်။

ဟယ်ဝူတီသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "အခွင့်အရေးတည်နေရာက တစ်ခုထက်ပိုပြီး ရှိနေတာလား"

"အရင်ဆုံး အဲ့တာကို မစဉ်းစားနဲ့အုံး"

ကျန့်ကွေ့ရှုသည် အလွန်လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "ဒီလိုပေါ်လာတယ်ဆိုတော့ များပြားလှတဲ့ ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်မှာပေါ့။ ဒါဆိုရင် လူပေါင်းများစွာ ရောက်လာလိမ့်မည်။ ဂိုဏ်းချုပ်ကျွင်းကို ငါတို့ စောင့်ရှောက်ပေးမှဖြစ်မယ်”

"ဒါတော့ အမှန်ပဲ"

ကုထျန်းရှင်းသည် သဘောတူညီလိုက်၏။ ပြီးနောက် ပြောလိုက်၏။ "သေသေချာချာ စောင့်ရှောက်ထားကြ"

ကျွင်းချောင်ရှောင်း ကျမ်းစာခုနှစ်ခုကို ထုတ်ယူလိုက်ချိန်တွင် ထူးထူးခြားခြား အလင်းတန်းများ ပေါ်ပေါက်လာခဲ့သည်။

အရိုးပြာများကို စုပ်ယူပြီး ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးပြီ ဖြစ်သော မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့၏။ သူ၏ အကြည့်များသည် သက်တန့်ရောင်စဉ်များ ထွက်ပေါ်လျက်ရှိနေသည့် စကြဝဠာ၏ အခြားတစ်ဘက်ရှိ လေဝဲကြီးဆီသို့ ရောက်သွားသည်။

ဤလေဝဲကြီးသည် ကျွင်းချောင်ရှောင်း ဝင်သွားသည့် လေဝဲနှင့် ကွဲပြားစွာပဲ ခြောက်ခြားဖွယ်ရာ အော်ရာများ ထွက်ပေါ်လျက်ရှိ၏။

"ဖြစ်နိုင်တာက"

မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒါ အန္တိမလမ်းစဉ်ရဲ့ လျို့ဝှက်ချက်များလား"

သူသည် အားတက်တရော ပျံသန်းပြီးနောက် လေဝဲကြီးထဲသို့ ဝင်ရောက်လိုက်၏။ သူ၏ နောက်လိုက် တစ်ချို့သည်လည်း လိုက်ပါလာခဲ့၏။ သို့ပေမဲ့ ဝင်မရခဲ့ချေ။ ဟယ်ဝူတီနှင့် တခြားသော သူများကဲ့သို့ တံခါးပေါက်၌ ရပ်ကာ ကျန်ခဲ့ရ၏။

ဤသက်တန့်ရောင် လေဝဲပဲဖြစ်ဖြစ်၊ ခြောက်ခြားစရာကောင်းသော လေဝဲပဲဖြစ်ဖြစ် ကျွင်းချောင်ရှောင်းနှင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာတို့သာ ဝင်ရောက်ခွင့် ရရှိကြ၏။ တခြားသူများသည် အထဲသို့ ဝင်ရောက်ရန် အရည်အသွေး မရှိကြချေ။

ကုထျန်းရှင်း၏ သုံးသပ်ချက်မှာ အမှန်ပင် ဖြစ်၏။ လေဝဲကြီး နှစ်ခုသည် မတူညီသည့် နေရာတွင် ပေါ်ပေါက်လာခဲ့သည်။ ထိုအရာကို မြင်သည့်အချိန်မှာတော့ များပြားလှသော ဂြိုဟ်အသီးသီးမှ ကျွမ်းကျင်သူများ သည် ထွက်ပေါ်လာခဲ့ကြ၏။

ပတ်ဝန်းကျင် ပြောင်းလဲမှု ထိုအရာသည် ထူးခြားလှသည့် ရတနာတစ်ခု မွေးဖွားလာသည့် သင်္ကတမျိုးပင်။ ဦးနှောက်ရှိသည့် မည်သူမဆို ထိုကဲ့သို့ ထူးခြားသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ရတနာတစ်ခုခု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိကြပေလိမ့်မည်။

အထက်စကြာဝဠာကြီးတွင် ဤကဲ့သို့သော ပတ်ဝန်းကျင် ပြောင်းလဲမှုက ကျိန်းသေပေါက် ပေါ်ပေါက်လာ၏။ ထိုအရာသည် အားလုံးသောသူတို့ကို ပွက်လောရိုက်သွားစေခဲ့၏။

သို့ပေမဲ့ တစ်ချို့သောသူများသည် သက်တန့်ရောင် လေဝဲဆီသို့ ဦးတည်သွားခဲ့ကြပြီး အနီးသို့ ရောက်သည့်အခါမှာတော့ ရေတွက်၍မရအောင် များပြားလှသော ရွက်သင်္ဘောများ၏ ပိတ်ဆို့ခြင်းကို ခံထားရလေ၏။ ရွက်သင်္ဘောမျသည် ၎င်းတို့၏ အမြောက်များကို ချိန်ရွယ်ကာဖြင့် ပစ်ခတ်ရန် အဆင်သင့် ပြင်ထားကြ၏။ ရွက်သင်္ဘောများ၊ စက်ရုပ်များ …. အားလုံးတို့သည် ပထမဆုံး ခုခံအတားအဆီးပင် ဖြစ်လေ၏။

သိန်းနှင့်ချီသော နတ်ဆိုးစစ်သည်များ၊ သန်းနှင့်ချီသော လူစွမ်းကောင်းများသည် နောက်မှမတ်မတ် ရပ်နေကြ၏။ ၎င်းတို့အားလုံးသည် အလွန်ထူးခြားသည့် လက်နက်များကို ကိုင်ဆောင်ထားကြပြီး ဒုတိယတန်းခံစစ်အဖြစ် တာဝန်ယူထားကြ၏။ တတိယတန်း ခံစစ်တွင်တော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များနှင့် အထက်ပိုင်း အကြီးအကဲများပင် ဖြစ်လေ၏။ အဝေးမှ ကြည့်ရှုမည် ဆိုလျှင်တောင်မှ များပြားလွန်းသည့် လူများကို မြင်နိုင်မှာ သေချာသည်။

"အားလုံးပဲ"

ထာဝရရွက်သင်္ဘောကြီးထဲတွင် မတ်တပ်ရပ်နေသည့် ယွမ်ဖန်သည် စပီကာကြီးကို ယူဆောင်ကာဖြင့် အော်ဟစ်လိုက်၏။ "ဒါက ထာဝရလောကကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့တည်နေရာ တစ်ခုပဲ။ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်မရဘူး။ မဟုတ်ရင် ညာတာပေးမှာ မဟုတ်ဘူး"

ဤစကားစုသည် အမှန်ပင် မောက်မာလွန်းလှ၏။ ဂိုဏ်းချုပ်ကျွင်း အခွင့်အရေးကို ရရှိနိုင်ရန် အလို့ငှာ ယွမ်ဖန်သည် လက်ရှိအချိန်တွင် မောက်မာမှုကို ထုတ်ဖော်ပြသမှ ဖြစ်ပေလိမ့်မည်။

သိုင်းကျင့်ကြံများသည် ရပ်တန့်သွားခဲ့ကြ၏။ ၎င်းတို့၏ အမူအရာသည် ထပ်တလဲလဲ ပြောင်းလဲသွားခဲ့ကြ၏။ သက်တန့်ရောင် လေဝဲကြီးသည် အားကောင်းလှကြောင်းကို သူတို့သည် မျက်မြင်တွေ့နေရ၏။ သို့ပေမဲ့ ထိုရှေ့တွင် ပြိုင်စံရှားဂိုဏ်းက ရောက်ရှိနေခဲ့၏။ မရိုးရှင်းလှချေ။

ပြိုင်စံရှားဂိုဏ်း ပြင်းပြင်းထန်ထန် စောင့်ကြပ်နေသည့် လေဝဲကြီးနှင့် မတူညီစွာပဲ ခြောက်ခြားဖွယ် ကောင်းလှသည့် လေဝဲကြီးမှာတော့ ဗလာနတ္ထိပင် ဖြစ်လို့နေခဲ့၏။ သိုင်းကျင့်ကြံသူများသည် အရှေ့ဆီသို့ မြန်မြန်ပင် တိုးသွားကြ၏။

"သတ်လိုက်"

မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များသည် အနားသို့ ရောက်သည်နှင့် ကြမ်းတမ်းလှသော တိုက်ပွဲကြီးကို စတင်တော့ ၏။ ခဏလောက် ကြာပြီးသည့်နောက် အလောင်းများသည် နေရာအနှံ့တွင် ဖြစ်နေပြီး သွေးများသည်လည်း ချောင်းကဲ့သို့ပင် စီးဆင်းလျက် ရှိနေ၏။ ရက်စက်လွန်းလှသော တိုက်ပွဲကြီးသည် သိုင်းကျင့်ကြံသူများကို ရပ်တန့်သွားစေ၏။ အချို့သော ကျင့်ကြံသူများသည် အဝေးမှသာ လှမ်းကြည့်နေကြပြီး ရှေ့သို့ ခြေလှမ်းဝက်ပင် မလှမ်းရဲကြတော့ချေ။ သိုင်းကျင့်ကြံသူ များစွာရှိနေသော်လည်း သူတို့သည် ရပ်ကြည့်ရုံမျှသာ တတ်နိုင်ကြသည်။

အထဲတွင် ဘာရှိနေသနည်း။

ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် အခွင့်အရေးတစ်ခု တည်ရှိနေသည်လား။ ခုနှစ်ရောင် ပတ်ဝန်းကျင် အတွင်းမှာတော့ အလင်းများသည် တလက်လက်ဖြင့် တောက်ပလျက် ရှိနေ၏။ ပျံသန်းဝင်ရောက်လာခဲ့သော ကျွင်းချောင်ရှောင်းသည် တွေဝေငေးငိုင်စွာဖြင့် မတ်တပ်ရပ်လျက် ရှိနေ၏။

ဒွီ

ထိုအချိန်မှာပဲ သူ၏ခြေထောက်အောက်တွင် ရှိနေသော ရွေ့လျားနိုင်သည့် တိမ်များသည် ပျောက်ကွယ်သွားခဲ့ပြီး ထူးခြားလှသော ကျောက်များဖြင့် ဖန်တီးထားသည့် လမ်းကျဉ်းလေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် အမှတ်မထင် လှမ်းကာကြည့်ရှုလိုက်တော့ လမ်း၏ အဆုံးဖက်တွင် ကြီးမားလှသော ကျောက်တံခါးကြီးတစ်ခု တည်နေရှိနေကြောင်း တွေ့ရှိလိုက်ရ၏။ ဤမြင်ကွင်းကို သူသည် အရင်ကမြင်ဖူး၏။

မှန်ပေ၏။ ကြေးဆေးအိုးကြီးတွင် ပုံပေါ်လာခဲ့သည် တံခါးကြီးနှင့် ဆင်တူနေခြင်းပင်။ ပြောရမည်ဆိုလျှင် အထက်စကြာဝဠာမှ လူတွေအားလုံး တောင့်တလျက် ရှိနေသော အန္တိမကုန်းမြေဆီသို့ သွားရလမ်းပင် ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ ရွေ့လျားလိုက်၏။ သူ၏နှလုံးသားတစ်ခုလုံးသည် စိတ်လှုပ်ရှားလျက် ရှိ၏။ လမ်းတစ်လျှောက်တွင် သူသည် မည်သည့်အန္တရာယ်ကိုမှ မတွေ့ခဲ့ရချေ။ ကျောက်တံခါး၏ ရှေ့တွင် မတ်မတ်ရပ်လိုက်၏။

ဆွစ်

ထူးဆန်းလှသော အော်ရာများသည် သူ့အား လာရောက် ရိုက်ခတ်၏။ ကျွင်းချောင်ရှောင်းသည် ပိုမိုကာ စိတ်လှုပ်ရှားလာခဲ့၏။ အင်မော်တယ်တေးသံ၏ သန့်စင်လွန်းလှသော စွမ်းအင်များကို သူက ခံစားနေမိ၏။ ကြေးအိုးကြီးမှတဆင့် သူသည် တေးသံကို နားနှင့် ကြားဖူးပြီးပြီ ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ညာဖက်လက်ကို မြောက်ပြီးသည့်နောက် တံခါးပေါ်သို့ လက်တင်လိုက်သည်။

ဒွီ

ထိလိုက်သည့် အချိန်မှာပဲ ကျောက်တံခါးကြီးပေါ်တွင် ထူးဆန်းလှသော မျဉ်းကြောင်းများ ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက် ထိုမျဉ်းကြောင်းများသည် တစ်ခုနှင့်တစ်ခု ထိဆက်သွားခဲ့ပြီး တံခါးသည် ပွင့်သွားခဲ့၏။

ကျွီ

ရုတ်တရက် တံခါးသည် ဟကြောင်းတစ်ခု ပေါ်လာပြီး တဖြည်းဖြည်းခြင်း ပွင့်လာ၏။ ထိုအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားခဲ့သည်။

ကြေးဆေးအိုးကြီးထဲတွင် ရှိသော ကျောက်တံခါးသည် မပွင့်ခဲ့သော်လည်း လက်ရှိ အကျွင်းအကျန်ကျမ်းဆီမှ ဖြစ်ပေါ်လာသော ကျောက်တံခါးကြီးမှာတော့ ပွင့်သွားခဲ့၏။ သူသည် အန္တိမကုန်းမြေသို့ ဝင်ခွင့်ရသည်ဟူသော အဓိပ္ပာယ်ပင်။

"ငါသွားမယ်ဆိုရင် သူတို့ကရော"

ကျွင်းချောင်ရှောင်းသည် အထဲသို့ ဝင်နိုင်သည်ဆိုသော်လည်း သူ၏ ဂိုဏ်းအတွက် စိုးရိမ်လျက် ရှိနေ၏။ သူ၏ မိသားစု …. ထို့အပြင် ထာဝရလောကကြီးထဲတွင် ရှိနေသည့် သက်ရှိများ။

"တကယ်လို့ အနာဂတ်မှာ အန္တိမလမ်းစဉ် ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့အတွက် အရာအားလုံး ဆုံးရှုံးရမယ် ဆိုရင် ငါအတွက် အဓိပ္ပာယ် မရှိဘူး"

ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာဖြင့် မတ်မတ်ရပ်လျက် ရှိနေတုန်းမှာပဲ "သေချာရဲ့လား …. မဝင်ဘူးလား"

ရုတ်တရက် အသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ "ဘယ်သူလဲ"

"ကျုပ် ….. သက်တန့်ရောင် သူတော်စင်။"

ဝှစ်

ပြောပြီးပြီးခြင်းမှာပဲ ကျောက်တံခါးကြီးသည် အလုံးစုံ ပွင့်သွားခဲ့၏။ ပထမဆုံး တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ ပြီးနောက် လူသားတစ်ယောက်၏ ပုံစံမျိုး ဖြစ်တည်လာခဲ့၏။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထူးခြားလှသည် အော်ရာများ ထွက်ပေါ်လျက်ရှိနေသည့် လူတစ်ယောက်ပင်။

All Chapters