← Chapters

အခန်း ၁၉၇၄

Vol. 133 Ch. 1974

အခန်း ၁၉၇၄

Vol. 133 Ch. 1974

အပိုင်း (၁၉၇၄)

“နာမည်မရှိဘူး၊ မျိုးရိုးနာမည်မရှိဘူး”

“သက်တန့်ရောင်သူတော်စင်လား”

ဤစကားစု၏အသံသည် မြင်ကွင်းထဲမှတဆင့် ပျံ့နှံ့လာခဲ့ကြ၏။ အသံသည် ရိုးရှင်းလှသည်ဆိုသော်လည်း ထူးဆန်းနက်နဲလှသည့် အဓိပ္ပါယ်များ ပါဝင်လျက်ရှိနေသလို တစ်စုံတစ်ယောက်၏ ဝိညာဉ်ထဲသို့ပင် တိုးဝင်လာခဲ့၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကြောင်အသွားခဲ့သည်။ “သက်တန့်ရောင်သူတော်စင်”

ဤလူသည် အထက်စကြဝဠာတစ်ခုလုံး၏ ဒဏ္ဍာရီလာကျင့်ကြံသူတစ်ယောက်ပေလား။

ပိုမို၍ အံ့အားသင့်ရဆုံးသူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်၏။ ပိုမိုကာ ရင့်ကျက်လာသည့် အသွင်အပြင် ရှိသည်က လွဲ၍ ထိုသက်လတ်ပိုင်းလူ၏ မျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ်အမူအယာများသည် သူနှင့် အလုံးစုံ တူညီလျက်ရှိနေ၏။ တစ်ယောက်တည်းဟု ပြောဆိုလျှင် မမှားနိုင်ချေ။

ထိုသို့ဆိုလျှင် သူသည် သက်တန့်ရောင်သူတော်စင် ဖြစ်ခဲ့ဖူးပေလိမ့်မည်။ တစ်ယောက်တည်း အထီးကျန်ပြီး ပြိုင်ဘက်ကင်းလှသောကြောင့် စိတ်လှုပ်ရှားမှုများ ပြန်လည်ရရှိနိုင်ရန်အလို့ငှာ ပြန်လည်မွေးဖွားခြင်း နည်းလမ်းကို အသုံးပြုခြင်းသာဖြစ်ပေလိမ့်မည်။

အင်း သူစဉ်းစားခဲ့သည်မှာ အမှန်ပင် ဖြစ်ရပေမည်။ ငါ .... ငါသည် သက်တန့်ရောင်သူတော်စင်ဖြစ်၏။ သက်တန့်ရောင်သူတော်စင်သည် ငါဖြစ်သည်။

“.........”

ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးသည့်နောက် စနစ်က အော်ဟစ်လိုက်၏။ “စိတ်ကူးယဉ်နေပြန်ပြီ”

ကျွင်းချောင်ရှောင်း စိတ်ကူးယဉ်လျက်ရှိနေသည်ဆိုသော်လည်း စနစ်သည် တစ်ဖက်လူကို ရင်နာအောင် အတင်းဝင်ကာ ပြောဆို၍ မဖြစ်နိုင်ချေ။ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ဝင်ရောက်ကာ ပြောပါက ပါးပိတ်ရိုက်ခံရလောက်သည်။

“အင်း... ထိပ်ဆုံးကို ရောက်ရှိခဲ့ချိန်မှာ အထီးကျန်ခဲ့တယ်။ ဒါကြောင့် ပြန်လည် ဝင်စားခြင်းနည်းလမ်းကို အသုံးပြုခဲ့ရတာပဲ ဖြစ်ရမယ်။ ဒါမှလောကရဲ့ အနှစ်သာရတွေကို ခံစားမိမှာလေ။ ပြီးတော့ ငါက .... ”

ကုန်းရှန့်သည် ခဏလောက်ရပ်တန့်လိုက်သည်။ ပြီးနောက် လေးနက်တည်ကြည်စွာဖြင့် တစ်လုံးချင်း ပြောလိုက်၏။ “မင်းကို ဖန်တီးခဲ့တာပဲ”

စနစ်၏ မူရင်းအခြေအနေသည် ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ စနစ်ကအော်ဟစ်လိုက်၏။ “ဟင် .... မင်းဟာ ကလည်း ဘာမှတောင်မသေချာသေးဘူး။ စွတ်ပြီးပြောနေတာပါလား”

“သက်တန့်ရောင်သူတော်စင်ဟုတ်လား”

မြင်ကွင်းထဲမှာ‌တော့ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်သည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “မင်းက အထက်စကြဝဠာရဲ့ ဒဏ္ဍာရီလာ သိုင်းကျင့်ကြံသူလား”

သက်လတ်ပိုင်းလူသည် ပြုံးလိုက်၏။ သို့ပေမဲ့ မည်သည့်စကားမျှ မဆိုချေ။ သူသည် စမ်းရေထဲတွင် ရေဆင်းချိုးရသလို အေးမြလှသည့်ခံစားချက်ကို ပေးစွမ်းသည့် အပြုံးတစ်ခုကိုသာလျှင် ပြုံးလျက်ရှိနေ၏။

၎င်းနှင့် ကျွင်းချောင်ရှောင်းတို့သည် တူညီသည့်သွင်ပြင်မျိုး ရှိသည်ဆိုသော်လည်း ဟန်ပန်အမူအယာများမှာ လုံးဝ မတူညီလှချေ။ ပြောရမည်ဆိုလျှင် တစ်ဖက်လူသည် အမှန်ပင်ရင့်ကျက်ပြီးတည်ငြိမ်လွန်းလှ၏။ ကမ္ဘာခြားမှ ကျွမ်းကျင်သူတစ်ယောက်ဟူသည့် ဟန်ပန်မျိုးကို ထုတ်ဖော်လျက်ရှိသည်။

ကုန်းရှန့်သည်သာ သက်တန့်ရောင်သူတော်စင် အစစ်အမှန်ဖြစ်သည်ဆိုပါက အတိတ်ဘဝတုန်းက မည်မျှ လေးနက်ခဲ့သနည်းဆိုသည်ကို ခန့်မှန်းရန်ပင် ခက်ခဲလွန်းပေလိမ့်မည်။

“အင်း.. ဂြိုဟ်တစ်ခုရဲ့မွေးဖွားလာခြင်းဆိုတာ စကြဝဠာကြီးရဲ့နိယာမတွေရဲ့အောက်မှာ နှစ်ပေါင်း မရေတွက် နိုင်အောင် ဖြစ်တည်လာခဲ့ရတဲ့အရာပဲ။ ဘယ်လိုဖြစ်ပြီးတော့ လွယ်လွယ်ကူကူ ဝါးမြိုနေရတာလဲ”

ဟား ဟား ဟား

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်သည် အားပါးတရ ရယ်မောလိုက်၏။ “အင်း.. လူတွေ လူတွေ အကုန်လုံးက အသက်ရှင်သန်နိုင်ဖို့အတွက် မွေးဖွားလာခဲ့ကြတာပဲလေ။ အသက်ရှင်သန်နိုင်ဖို့ဆို ဘာမဆို လုပ်ရမယ်ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့နိယာမတစ်ခုပဲ မဟုတ်လား။ ကျုပ်မှာ ဒါတွေကို စားသောက်ဖို့ အတွက် စွမ်းရည်ရှိတယ်။ ဒီတော့ ဒီအရာတွေအကုန်လုံးက ကျုပ် အတွက်အစားအစာ ဖြစ်လာခဲ့တယ်‌”

“အင်း ဒါကတော့အမှန်ပဲ” သက်လတ်ပိုင်းလူသည် သဘောတူသလို ခေါင်းညိတ်လိုက်၏။

“...........”

ကျွင်းချောင်ရှောင်းက ဆွံ့သွားမိသည်။ “အရင်ဘဝတုန်းက ငါ့ရဲ့အမြင်တွေက ပြဿနာတစ်ခုခုများ ရှိခဲ့တာ လား”

“ဟမ့်”

စနစ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “သူက မင်းနဲ့တူရုံပဲရှိပါသေးတယ်။ မင်းကိုယ်မင်း ဘယ်လိုဖြစ်ပြီး သက်တန့်ရောင်သူတော်စင်လို့ တစ်ခါတည်း တွေးနေရတာလဲ”

“ခင်ဗျား ကျုပ်ရဲ့သဘောထားကို သဘောတူညီတယ်ဆိုရင် ဘယ်လိုဖြစ်ပြီးတော့ ကျုပ်ကိုတားဆီးဖို့ ကြိုးစားနေရတာလဲ” ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်သည် ထူးမခြားနားသလိုပြောလိုက်သည်။

“ဘာလို့လဲဆိုတော့”

သက်လတ်ပိုင်းလူသည် လက်ကိုယမ်းခါကာ ပြုံးလိုက်၏။ “အင်း... လောကရဲ့ နိယာမအရပဲလေ။ ဒီနေ့မှာကျုပ်က ဓားဖြစ်ရမယ်၊ ခင်ဗျားကတော့ ငါးဖြစ်ရမှာပေါ့”

ထိုကဲ့သို့ ပြောလိုက်သည့်အချိန်မှာတော့ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားခဲ့၏။ မကောင်းသည့်ခံစားချက်များသည် သူ၏နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည်။

ဒွီး

သက်တန့်ရောင်စွမ်းအင်များသည် သက်လတ်ပိုင်းလူငယ်၏ လက်ချောင်းများတွင် ဖြစ်တည်လာခဲ့၏။ ထိုအရာ သည် တဖြည်းဖြည်းပျံ့နှံ့သွားခဲ့၏။

“သက်တန့်ရောင်စဉ် ကျမ်းလား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။ သူသည် အင်မော်တယ် တေးသံ၏စွမ်းအင်များကို နားလည်ပြီးသည့်နောက် ဤသိုင်းကျင့်ကြံခြင်းနည်းစနစ်၏ တိုက်ခိုက်နိင်မှု စွမ်းအင်များသည်လည်း တိုးတက်ခဲ့၏။ သို့ပေမဲ့ သက်လတ်ပိုင်းလူ အမှတ်မထင် ထုတ်ဖော် အသုံးပြုနိုင်သည်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် တကယ့်ကို ရွှေနှင့် ကြေးလိုပင် ကွာခြားလွန်းလှ၏။ တစ်ဖက်လူသည် ပိုမိုကာ ကြမ်းတမ်းလွန်းလှ၏။ သူ့အနေနှင့် တစ်ဖက်လူ၏ ဖိနပ်ကို သွားရောက် သယ်ပိုးရန်ပင် အရည်အချင်း မရှိလှချေ။

“အံ့အားသင့်စရာပဲ”

ကျွင်းချောင်ရှောင်းသည် နှလုံးသားထဲတွင်ရှိနေသည့် စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ချေ။ ထို့ကြောင့် ပြောလိုက်၏။ “ငါက အရင်ဘဝတုန်းက အရမ်းကို ကြမ်းခဲ့တာပဲ”

“ဘာအခြေအမြစ်မှမရှိဘဲနဲ့ ဘာလို့ဝင်ပြီး ဂုဏ်ယူနေရတာလဲ” စနစ်သည် မည်သို့မျှ မခံစားနိုင်တော့ချေ။ လက်ခံသူ၏ စကားများကို ကြားရချိန်တိုင်း သွေးအန်လုမတတ်ပင် ဖြစ်လို့နေ၏။

ဟူး ဟူး ဟူး

အလင်း၏မြင်ကွင်းထဲမှာတော့ သက်လတ်ပိုင်းလူသည် လေထဲတွင် လွင့်မျောလျက်ရှိနေ၏။ တူညီလှသည့် သက်တန့်ရောင်ဓာတ်သဘာဝများသည် မတူညီသည့် တည်နေရာများမှ စုဖွဲ့လာခဲ့ပြီးသည့်နောက် စွမ်းအင်လုံးကြီး ကဲ့သို့ ဖြစ်တည်လာခဲ့၏။ ထိုအရာဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများ ထွက်ပေါ်နေသည်။

ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင်၏ နဖူးစပ်တွင် ချွေးပေါက်ကြီးများသည် ကြီးကျယ်စွာဖြစ်တည် လာခဲ့၏။ နှလုံးသားတွင်ရှိနေသည့် မကောင်းသည့်ခံစားချက်များသည်လည်း ပိုမိုကာအားကောင်းလာခဲ့၏။ သူနားလည်သွားခဲ့၏။ တစ်ဖက်လူသည် သူ့ကိုသတ်ဖြတ်ပစ်ရန် ရည်ရွယ်ခြင်းပင်။ “မဟုတ်သေးဘူး။ ဒီအဘိုးကြီးက ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရအုံးမယ်။ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ လာသေရမှာလဲ”

ဖောက်

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်သည် သူ၏ခြေထောက်များကို ဖြန့်ကားပြီးသည့်နောက် ခါးကိုထောက် လိုက်၏။ ဦးခေါင်းကိုမော့ကာဖြင့် အော်ဟစ်လိုက်၏။ “ခင်ဗျားက သိုင်းကျင့်ကြံခြင်းရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်တယ်ဆိုရင်တောင်မှ ကျုပ်ကိုနာကျင်အောင် လုပ်ဖို့အကြောင်း မစဉ်းစားနဲ့”

အော်ဟစ် ပြီးသည့်နောက် သူ၏ခန္ဓာကိုယ်သည် မဲနက်လှသည့် ဓာတ်သဘာဝများနှင့် ဖုံးလွှမ်းသွားခဲ့၏။

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ နှစ်ယောက်သားသည် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း က သိရှိလိုက်၏။ သူသည် အရင်ဘဝက ပြိုင်ဘက်ကင်းဖြစ်ခဲ့ဖူး၏။ စကြဝဠာကြီးကို ဘေးဒုက္ခယူဆောင်နိုင်စွမ်းရှိသည့် နတ်ဆိုးကို သတ်ဖြတ်ပစ်ခဲ့၏။ လောကကြီးတစ်ခုလုံးတွင် ဤတိုက်ပွဲသည် တကယ့်ကို တုန်လှုပ်စရာတိုက်ပွဲမျိုး ဖြစ်လာတော့မှာသေချာသည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည်လည်း အလွန်လေးနက်စွာဖြင့်ကြည့်ရှုလျက် ရှိနေ၏။ သူသည် စိတ်လှုပ်ရှားကောင်းသည့် တိုက်ပွဲကို မျှော်လင့်နေခြင်းမဟုတ်ချေ။ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်၏ လှုပ်ရှားမှုများမှတဆင့် ပိုမိုနားလည်နိုင်မှုများ ရရှိနိုင်စေရန်ပင်။

“ခင်ဗျားက မိစ္ဆာတစ်ယောက်ပဲ။ ဒါပေမဲ့ ရွက်သစ်လေးတစ်ခုလိုမျိုး ပြောင်းလဲနိုင်စွမ်းရှိတဲ့ အခွင့်အရေးကို ကျုပ်ပေးခဲ့တယ်”

သက်လတ်ပိုင်းလူသည် သူ၏အားအင်များကို စုစည်းကာ ပြောလိုက်၏။“ဒါပေမဲ့ သက်ရှိ သတ္တဝါတွေကို မြက်ပင်တွေလိုသဘောထားတဲ့ နတ်ဆိုးလိုလူ ... ခင်ဗျားအတွက် သေခြင်းတရားပဲ ထိုက်တန်တယ်”

သူ၏လေသံသည် တည်ငြိမ်လျက်ရှိ၏။ သူသည် တစ်ဖက်လူကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်သည်။

“အရှက်မဲ့ပြီး ဝင့်ကြွားနေတာပဲ”

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်သည် လက်ပိုက်ကာဖြင့် ခပ်မာမာ ပြောလိုက်၏။ သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် ရှိနေသည့် နတ်ဆိုးအော်ရာများသည် ပိုမိုကာအားကောင်းလာခဲ့၏။ “ငါ့ရဲ့ နတ်ဆိုးစွမ်းအင်တွေ ကိုကြည့်၊ ပြိုင်ဘက်ကင်းပဲ ဟား ဟား”

ဖြောက် ဖြောက်

နတ်ဆိုးစွမ်းအင်များသည် ဆက်တိုက်ဆိုသလိုပဲ ဖြစ်တည်လာပြီး သူ၏ရှေ့တွင် စည်းအတားအဆီး အစီအရင်ကြီး ဖြစ်တည်လာခဲ့သည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်လုံးများသည် တောက်ပလာခဲ့၏။ သူမြင်၏။ ထိုအရာကို သူ သင်ယူနိုင်ခဲ့ပြီဖြစ်၏။

အတိတ်တုန်းကဖြစ်ခဲ့ပုံပေါ်သည့် ပုံရိပ်ယောင်မြင်ကွင်းထဲမှ မြင်ကွင်းများသည် သူ့အတွက်တော့ သေသေချာချာ လာရောက် သင်ပြနေခြင်းသကဲ့သို့ပင်။ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုး နည်းစနစ်ကို သူသည် အမှန်ပဲ နားလည်သွားခဲ့ပြီဖြစ်သည်။

“ဟင်း”

သက်လတ်ပိုင်းလူသည် ဦးခေါင်းကို ခါယမ်းကာပြောလိုက်၏။ “တကယ့်ကို ခေါင်းမာတာပဲ”

ပြောပြီးသည့်နောက် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

အောက်တွင်ရှိနေသည့် အမဲရောင်ဓာတ်သဘာဝများနှင့် ဖန်တီးထားသည့် အတားအဆီးအစီအရင်ကြီး တစ်ခုလုံးသည်လည်း ပျက်ဆီး သွားခဲ့ပြီး ကောင်းကင်ယံထက်တွင် အစိတ်စိတ်အပိုင်းပိုင်း လွင့်စင်သွားခဲ့၏။

“ချီးထဲမှ” ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွား၏။ အတားအဆီးအစီအရင်ကြီး ရုတ်တရက် ပေါက်ကွဲသွားသည်ကိုသာ သူမြင်ခဲ့၏။ တစ်ဖက်လူသည် ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်၏ ရှေ့ဆီသို့ မည်သို့ရောက်ရှိသွားသည်ဖြစ်ကြောင်းကို သူသေသေချာချာမမြင်လိုက်ရချေ။

သက်တန့်ရောင်စွမ်းအင်များစုစည်းလျက်ရှိနေသည့် လက်နှစ်ချောင်းသည် တစ်ဖက်လူ၏ နဖူးထက်သို့ ရောက်ရှိနေလေ၏။ သက်လတ်ပိုင်းလူသည် အေးစက်တည် ကြည်စွာဖြင့် ပြောလိုက်၏။ “နောက်ဆုံး ဘာပြောချင်သေးလဲ”

“ချီးထဲမှ... ဘယ်လိုဖြစ်ပြီး အဲကို ရောက်သွားရတာလဲ” သူသေသေချာချာမမြင်လိုက်ရချေ။

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်သည် သူ၏အကာအကွယ်တစ်ခုလုံး ဤကဲ့သို့ ပျောက်ကွယ်သွား လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် ကြောင်အအဖြင့်မတ်တပ်ရပ်လျက်ရှိ၏။ သူ၏ သိစိတ် ပင်လယ်ထဲတွင် သေဆုံးတော့မည်ဆိုသည့် ခံစားချက်များသာ ပေါ်ပေါက်လာသည်။ သူသည် နောက်ဆုံး စကားကို အော်ဟစ်လိုက်၏။ “ကျုပ် ပြန်လာခဲ့မယ်”

ဝှစ်

သက်တန့်ရောင်အလင်းတန်းများသည် တစ်ဖက်လူ၏ နဖူးကို ထွင်းဖောက်သွားခဲ့သည်။

ဘုတ်

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။ သူသည် အသက်ကင်းမဲ့စွာဖြင့် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။

"ဒီလိုပဲ သေသွားတာလား"

ကျွင်းချောင်ရှောင်းသည် နဝေတိမ်တောင် ဖြစ်လို့နေခဲ့၏။ ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင် - နာမည်နှင့်ပင် ကြောက်စရာကောင်းသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ တစ်ကွက်တည်းသော တိုက်ခိုက်ချက်၏အောက်တွင် တစ်ခါတည်းသေဆုံးသွားခဲ့ရသည်။

“အံ့အားသင့်စရာပဲ”

“ကောင်းတာပြုလုပ်တဲ့သူတွေအတွက် ကောင်းတာရမယ်။ မကောင်းတာပြုလုပ်တဲ့သူတွေအတွက် မကောင်း တာပဲရမယ်။ အဲဒါ ဝဋ်မဟုတ်ဘူး။ ရသင့်ရထိုက်တဲ့အရာကို ချက်ခြင်းပြန်ရတာမျိုးပဲ”

သက်လတ်ပိုင်းလူသည် ထိုစကားကိုပြောပြီးသည့်နောက် ချက်ခြင်းပဲ ၎င်း၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ တော့၏။ အလင်းမြင်ကွင်းသည်လည်း ပျောက်ကွယ်သွားသည်။

“.......”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “ဒါပဲလား”

အတိတ်ဘဝတုန်းက ဘာတွေဖြစ်ခဲ့သည်ဆိုသည်ကို ပြန်လည်ကာကြည့်ရှုနိုင်တော့မည်ဟု ထင်မှတ်ခဲ့၏။ သူ၏ အားအင်အဆင့် ထိပ်ဆုံးထိရောက်အောင် အထက်စကြဝဠာတစ်ခုလုံးတွင် အလွန် အားကောင်းလွန်းလှသည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာအောင် မည်ကဲ့သို့ ကြိုးစားခဲ့ရသည်ဆိုသော လျှို့ဝှက်ချက်များအား သိရှိရတော့မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင် သေဆုံးသွားသည် ကိုသာ မြင်ခဲ့ရသည်။

ဟား ဟား ဟား

စနစ်ကပြောလိုက်၏။ “လက်ခံသူ ကျေးဇူးပြုပြီး အရမ်းအတွေးလွန်မနေပါနဲ့”

“သူက ငါနဲ့တူတူပဲလေ။ မင်း ဒါကို ဘယ်လိုရှင်းပြမှာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဒါက”

ခဏလောက် တိတ်ဆိတ်သွားပြီးသည့်နောက် စနစ်က ပြောလိုက်၏။ “အင်း.. တစ်ကယ့်ကို ဆန်းကြယ်လှတဲ့ ကျွမ်းကျင်သူကြီးတွေဆိုတော့ သက်ရှိသတ္တဝါတွေ အားလုံးနဲ့တူညီတယ်။ သူ့ကို ကြည့်မိတဲ့ လူနဲ့ ရုပ်ချင်းဆင်တူတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာမျိုး ဖြစ်နိုင်တာပဲ”

“အင်း မင်းက ငါ့ထက်ဆိုးနေပြီ” ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။

ဟား ဟား ဟား

၎င်းတို့စကားများလျက်ရှိနေတုန်းမှာပဲ အတွေးနက်နေပုံပေါ်သော မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရုတ်တရက် ထူးဆန်းစွာ ထရယ်လိုက်၏။ သူ၏မျက်နှာပြင်တစ်ခုလုံးသည် ပိုမိုကာရှင်းလင်းလာခဲ့သည်။

သူ၏အမဲရောင် အော်ရာများ ရစ်သိုင်းလျက်ရှိနေသည့် မျက်နှာသွင်ပြင်သည် တစ်ဖြည်းဖြည်းနှင့် ကြည်လင် ရှင်းလင်းလာ၏။ အလုံးစုံသော မျက်နှာသွင်ပြင်ပေါ်ပေါက်လာပြီးသည့်နောက် ထိုသူသည် ကောင်းကင် ဝါးမြိုခြင်းနတ်ဆိုးအရှင်၏ ရုပ်ရည်နှင့် တစ်ပုံစံတည်း တူညီလျက်ရှိနေလေ၏။

“ချီးထဲမှ”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ “ဒီလူက အတိတ်ဘဝတုန်းက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင် ဖြစ်ခဲ့တာလား”

All Chapters