← Chapters

အခန်း ၁၉၇၆

Vol. 133 Ch. 1976

အခန်း ၁၉၇၆

Vol. 133 Ch. 1976

အပိုင်း (၁၉၇၆)

ယခင်တုန်းက ကျမ်းစာခုနှစ်အုပ်ရဲ့ အဖုံးပေါ်တွင် မည်သည့်အရာမှ မရှိချေ။ လက်ရှိအချိန်မှာတော့ ထူးဆန်းလွန်းလှသည့် အရေးအကြောင်းများ ပေါ်ပေါက်လာခဲ့၏။ ထိုအရာများကို စီကာ သေသေချာချာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မြေပုံတစ်ခု၏ ပုံစံမျိုး ဖြစ်တည်လာခဲ့သည်။

“မဟုတ်သေးဘူး။ တိတိကျကျ ပြောရမယ်ဆိုရင် ကြယ်တာရာမြေပုံကြီးများလား”

ယေဘူယျပုံပန်းသွင်ပြင်ကို သုံးသပ်ရမည်ဆိုလျှင် အတွင်းဘက်တွင် များပြားလှသည့် စကြဝဠာပတ်လမ်းနှင့်ဂြိုဟ်များ တည်ရှိလို့ နေ၏။ လွန်ခဲ့သည့်နှစ်များအတွင်း ကျွင်းချောင်ရှောင်းသည် ထာဝရရွက်သင်္ဘောကြီး နှင့်အတူ တည်နေရာ တော်တော် များများကို ရွက်လွှင့်ခဲ့၏။ သို့ပေမဲ့ သူသည် ဤနေရာများကို တစ်ခါမှ မရောက်ခဲ့ဖူးချေ။

“သာမန်ပဲလေ။ အထက်စကြဝဠာနဲ့ပတ်သက်ပြီး လက်ခံသူရဲ့ သိရှိနားလည်နိုင်မှုက ရေခဲတုံးကြီးတစ်ခုရဲ့ ထိပ်တည်နေရာလောက်ပဲ ရှိသေးတယ်”

“ဒါဆိုရင် ဒီကြယ်တာရာမြေပုံက ဘာလုပ်ဖို့လဲ” စာအုပ်ပေါ်တွင် ရှိနေသည့် အရေးအကြောင်းများသည် သာမန် လျှောက်ကာဆွဲထားသည်မဟုတ်မှန်း ကျွင်းချောင်ရှောင်းက သိရှိလို့နေခဲ့၏။ ကြည့်ရသည်မှာ ရတနာ တစ်ခုခု ကို ချန်ထားခဲ့ခြင်းလည်း ဖြစ်နိုင်၏။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ စုတ်တံနှင့် စာရွက်ကို ထုတ်ယူပြီးသည့်နောက် စာအုပ် ခုနှစ်အုပ်ပေါ်တွင် ရှိနေသည့် အရေးအကြောင်းများကို သေသေချာချာ ပြန်လည်ကူးရေးတော့၏။ ပြီးနောက် အစီအရင်ဟောခန်းဆီသို့ သွားကာ ရှန့်ကွမ်းရှင်းရောင်ဆီသို့ ကမ်းပေးလိုက်သည်။

“ဂိုဏ်းချုပ်”

သူမက မေးလိုက်၏။ “ဒါ ဘာကြီးလဲ”

“ကြယ်တာရာမြေပုံလေ”

ကျွင်းချောင်ရှောင်းက ဆော်ဩလိုက်သည်။ “ဖြစ်နိုင်သမျှ မြန်မြန်ရှာတော့”

“အင်း” ရှန့်ကွမ်းရှင်းရောင်သည် ထိုအရာများကို သေသေချာချာ ကောက်ယူပြီးနောက် လေ့လာသုံးသပ်လေ၏။ ပြီးနောက် ဦးခေါင်းကို ခါယမ်းကာ ‌ပြောလိုက်၏။ “ကျွန်မတို့ဆီမှာရှိတဲ့ ကြယ်တာရာမြေပုံက ဒါတွေ မပါသေးဘူး။ ထပ်ပြီးရှာရမယ့်အရာ‌တွေ ဖြစ်ဖို့များတယ်”

သူမသည် တစ်ချက်ကြည့်လိုက်သည်နှင့် ပထမတည်ရှိနေသည့် ကြယ်တာရာမြေပုံထဲတွင် ပါဝင်နေသည့် ဂြိုဟ်များ မဟုတ်ကြောင်း ချက်ချင်းသိနေ၏။ အဘယ်ကြောင့်ဆိုသော် ယခင်ကြယ်တာရာမြေပုံကို ခေါင်းထဲတွင် အလွတ် ကျက်မှတ်ထားသောကြောင့်ပင်။

“အင်း… ဒါဆိုရင် ရှာကြတာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဘေးတစ်ဖက်တွင် ရေနွေးသောက်လျက် ရှိနေသည့် ထိုက်ရွှမ်အကြီးအကဲ၏ ပါးစပ်ထဲမှ ရေနွေးများ ထွက်ပေါ် လာခဲ့၏။ “အထက်စကြဝဠာဆိုတာ အကြီးကြီးပဲလေ။ ဘယ်လိုဖြစ်ပြီး လွယ်လွယ်ကူကူ ရှာလို့တွေ့မှာလဲ”

“ဒါ ဆရာကြီးရဲ့ ပြဿနာလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ပြဿနာမှ မဟုတ်တာ”

“……….”

ထိုက်ရွှမ်အကြီးအကဲသည် ဆွံအသွားမိ၏။ “ငါတို့အစီအရင်ဟောခန်းက အစီအရင်တွေကို သုတေသန ပြုလုပ်ဖို့ပဲ တာဝန်ယူထားတာလေ။ ဒီလိုမျိုး ဂြိုဟ်တွေကို ရှာတဲ့တာဝန်က မိုးဆွေဟောခန်းက ယူရတဲ့အရာ မဟုတ်ဘူးလား”

“ဒါတော့ ဟုတ်သားပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင်လည်း သူတို့ကို ရှာခိုင်းလိုက်မယ် လေ”

ဤသို့နှင့်ပဲ အစီအရင်ဟောခန်း ပြုလုပ်ရမည့်အလုပ်များသည် မိုးဆွေဟောခန်းဆီသို့ ရောက်ရှိသွား၏။

လီလိုရှုသည် ဂြိုဟ်များကို ရှာဖွေရမည်ဆိုသည့် အချိန်မှာတော့ ခေါင်းကိုက်သွားမိသည်။ သို့ပေမဲ့ လူပေါင်း များစွာတို့ကို စုစည်းကာဖြင့် မြေပုံပေါ်တွင် ရှိနေသည့် အမှတ်အသား တည်နေရာများသို့ လိုက်လံရှာဖွေရန် လွှတ်လိုက်တော့သည်။

ဆွစ် ဆွစ်

ထိုနေ့ထဲမှာပဲ ရေတွက်လို့မရအောင် များပြားလှသည့် ရွက်သင်္ဘောများသည် ထာဝရလောကထဲမှ ထွက်ခွာပြီး ကြယ်တာရာ ကောင်းကင်ယံထဲတွင် လွင့်မျောလျက် ရှိနေလေ၏။ ဤတစ်ကြိမ်မှာတော့ လီလိုရှုသည် အဖွဲ့ဝင် နှစ်ထောင်ကျော်တို့ကို စုစည်းပြီးသည့် တစ်ခါမှ ရှာဖွေမတွေ့ရှိခဲ့သည့် တည်နေရာများသို့ သွားရောက် ရှာဖွေရန် ပြင်ဆင်နေခဲ့ခြင်းပင်။

အထက်နယ်မြေဆီမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စကြဝဠာထဲတွင် အချိန် အတော်ကြာ လွင့်မျောနေခဲ့သည်ဟု ပြောဆိုရလိမ့်မည်။ ရည်ရွယ်ချက်ကင်းမဲ့စွာ ပျံသန်းနေရသည့် အချိန်မျိုး ပင်လျှင် ရှိခဲ့သေး၏။

ယခု ထာဝရလောကကြီးကို အခြေခံအဖြစ် တည်ဆောက်ထားခဲ့ပြီ ဖြစ်သောကြောင့် သူသည် တပည့်များကို သွားရောက်ရှာဖွေရန်သာ အမိန့်ပေးလိုက်၏။ ထိုအရာများကို လိုက်လံရှာဖွေရင်းနှင့် ပြည့်စုံလွန်းလှသည့် ကြယ်တာရာ မြေပုံကြီးတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

ဟုတ်ပေ၏။ လောကကြီးထဲတွင် ရှာဖွေ၍ မတွေ့ရှိနိုင်သေးသော ဂြိုဟ်များလည်း တည်ရှိလို့ နေခဲ့သေး၏။ ၎င်းတို့၏ တည်နေရာများကို တိတိကျကျ မှတ်သားထားသည်ဆိုပါက ပြည့်စုံသည့်‌‌ မြေပုံကြီးတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

မိုးဆွေဟောခန်းသည် အဖွဲ့ဝင်များကို စေလွှတ်ကာဖြင့် ရှာဖွေလျက် ရှိနေ၏။ ယခင်တုန်းက မတွေ့ခဲ့ဖူးသည် တည်နေရာ တော်တော်များများဆီသို့ သူတို့သည် သွားရောက်ခဲ့ကြ၏။

……………

“ဂိုဏ်းချုပ်”

နောက်တစ်ရက်မှာတော့ လီလိုရှုသည် အဓိကဟောခန်းထဲသို့‌ လျှောက်ဝင်လာပြီး လေးလေး နက်နက် အမူအရာဖြင့် ပြောလိုက်၏။ “စိတ်ဝိညာဉ်လောကတစ်ခုက ပျောက်ကွယ်သွားခဲ့တယ်”

“ပျောက်ကွယ်သွားတယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဖျက်ဆီးခံလိုက်ရတာလား”

လီလိုရှုက ရှင်းပြလိုက်၏။ “ရရှိထားတဲ့ သတင်းတွေအရဆိုရင် အဲလောကကြီးက လေထဲမှာ အငွေ့ပျံပြီး ပျောက်သွားသလို ပျောက်သွားတာတဲ့”

“……….” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိသည်။

နေ့လယ်အချိန်မှာတော့ လီလိုရှုသည် ထပ်မံကာ ရောက်ရှိလာပြန်၏။ “ဂိုဏ်းချုပ်…. စိတ်ဝိညာဉ်ရောင်ခြည် လောကကြီးကလည်း ထပ်ပျောက်သွားပြန်ပြီ”

ဆွစ်

ကျွင်းချောင်ရှောင်းသည် အစီအရင်ဟောခန်းတွင် မှတ်သားထားသည့် ကြယ်တာရာမြေပုံဆီသို့ အလျင်အမြန် သွားလိုက်ပြီးသည့်နောက် မကြာခင်မှာပဲ ဤဂြိုဟ်နှစ်ခုကို မြင်လိုက်ရသည်။ ၎င်းတို့သည် တူညီသည့် စကြဝဠာ ပတ်လမ်းထဲတွင် တည်ရှိနေကြသည်သာမက အလွန်နီးစပ်သည့် အခြေအနေတွင် တည်ရှိလို့နေသည်။

နာရီအနည်းငယ်အတွင်းမှာပဲ ဤဂြိုဟ်နှစ်ခုသည် ပျောက်ကွယ်သွားခဲ့၏။ ဤအရာသည် သာမန် မဟုတ်နိုင်ချေ။ နှစ်ခုထက် ပိုသေး၏။ ညသို့ရောက်ရှိလာသည့်အချိန်မှာတော့ တခြားသော တစ်ခုသည်‌ ပျောက်ကွယ်သွားပြန်၏။

“ဟောခန်းအဖွဲ့ဝင်တွေရဲ့ သတင်းပေးချက်အရဆိုရင် ဒီလိုမျိုး ပျောက်ကွယ်သွားတယ်ဆိုတာက သာမန် မဟုတ်နိုင်ဘူး” လီလိုရှုက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စားပွဲ၏ထိပ်တွင် ထိုင်လျက်ရှိသည်။ သူသည် လက်များကို ယှက်ကာဖြင့် တိတ်ဆိတ် ငြိမ်သက်စွာ တွေးတောလျက် ရှိနေ၏။ “ဒါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာ လုပ်တာများလား”

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင် ဂြိုဟ်များကို ဖျက်ဆီးသည့် မြင်ကွင်းအား ပြန်လည် တွေးတောပြီးသည့်နောက် တစ်ဖက်လူသည် နတ်ဆိုးနည်းစနစ်ကို ကျွမ်းကျင်သွားခဲ့သည် ဖြစ်သောကြောင့် ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်ကဲ့သို့ လိုက်လံပြုမူနေသည်လားဟု သူက တွက်ချက်လိုက်မိသည်။

“တကယ်လို့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသာဆိုရင်”

စနစ်က ပြောလိုက်၏။ “တကယ့်ကို ပြဿနာပဲ”

“အင်း… ငါခေါင်းတွေတောင် ကိုက်လာပြီ”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်သို့ အသာမှေးမှီပြီသည့်‌နောက် သူ၏ကုပ်ပိုးကို ပွတ်သပ်နေမိသည်။ အချိန်အတိုင်းအတာတစ်ခုအတွင်း သူသည် ဂိမ်းဆာဗာ ခိုးယူမှုကို မပြုလုပ်နိင်ပါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် တစ်ဖက်လူသည် ဂြိုဟ်များကို ဝါးမြိုနိုင်စွမ်းရှိသည့် နတ်ဆိုးစွမ်းအင်တစ်ခုကို ကျွမ်းကျင်သွားခဲ့ လေသည်။ ၎င်း၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ထပ်မံကာ တိုးတက်သွားမှာ သေချာသည်။ အနာဂတ်တွင် မည်ကဲ့သို့ သွားရောက်ကာ တိုက်ခိုက်မည်နည်း။

“အင်း…”

စနစ်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း ဆုတောင်းပေါ့”

“မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့်‌ လေးလေးနက်နက်‌ ပြောလိုက်၏။ “ငါတို့ အသစ်ဖြစ်တည်လာတဲ့ ကြယ်တာရာမြေပုံမှာရှိတဲ့ တည်နေရာတွေကို လိုက်ပြီး ရှာရမယ်။ အဲဒီမှာ မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို အနိုင်ယူနိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိရင် ရှိလိမ့်မယ်”

ကျမ်းခုနှစ်ခုတွင် အလွန် ထူးဆန်းလှသည့် စွမ်းအင်များ တည်ရှိလို့ နေခဲ့၏။ ယခု သူ့အား ထိုအရာပေါ်တွင် ရှိနေသည့် ကြယ်တည်နေရာများကို ပေးအပ်ခဲ့သည် ဖြစ်သောကြောင့် အခွင့်အရေး တစ်ခုခု မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ချေ။

အတိတ်တုန်းက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်တစ်ယောက် ပြန်လည်ရှင်သန်လာမည်ကို ကြိုတင် ခန့်မှန်းခဲ့ သောကြောင့် ဤကျမ်းခုနှစ်ခုတွင် တန်ပြန်ကာ အနိုင်ယူနိုင်သည့် နည်းလမ်းမျိုး ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့သည်လား မသိနိုင်ပေ။

“ဖြစ်နိုင်တယ်။ ဒါပေမဲ့”

စနစ်က အော်လိုက်၏။ “ဘာဖြစ်လို့ မင်းကိုယ်မင်း သက်တန့်ရောင်သူတော်စင်လိုမျိုး ပြောဆိုနေရတာလဲ”

………

အဆုံးမဲ့စကြဝဠာကြီးအတွင်းမှာတော့ အလွန်တရာ သုန်မှုန်လျက် ရှိနေလေ၏။ လက်ဆယ်ချောင်းသည် ထူးဆန်းလှသည့် စွမ်းအင်များ ထွက်ပေါ်လျက်ရှိ၏။ ထိုအရာကြီးသည် ဂြိုဟ်တစ်ခုထဲသို့ ထိုးဝင်သွားခဲ့သည် သာမက ဂြိုဟ်၏မူလအရင်းအမြစ်ကို ချက်ချင်းပဲ နှိုက်ယူလိုက်သည်။

ဖြောက်‌ ဖြောက်‌ ဖြောက်

မူလအရင်းအမြစ်သည် ရုန်းကန်ရန် ကြိုးစား၏။ သို့ပေမဲ့ မဖြစ်နိုင်ချေ။ ချုပ်နှောင်ခြင်းစွမ်းအင်များနှင့် ချုပ်နှောင်ခံလိုက်ရပြီး သူ၏ စွမ်းအင် အားလုံးတို့သည် ကုန်ဆုံးသွားခဲ့သည်။ ချက်ချင်းပဲ တောက်ပ နေရာမှ မှေးမှိန်သွားခဲ့၏။ ဂြိုဟ်တစ်ခု၏ နှလုံးသားဖြစ်သော မူလအရင်းအမြစ်သည် ဤကဲ့သို့‌ ပျောက်ကွယ် သွားခဲ့ပြီးသည့်နောက် ဂြိုဟ်ကြီးတစ်ခုလုံးသည် ဆိုးရွားသည့်အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။

ထူးခြားသည့်စွမ်းအင်များသည် မြေဆီလွှာအနှံ့ကို ပျံ့နှံ့သွားခဲ့ပြီးသည့်နောက် အထဲတွင် ရှိနေသည့် စွမ်းအင်လှိုင်းများကို စုပ်ယူတော့သည်။

ဆွစ်

မျက်စိတမှိတ်အတွင်းမှာပဲ စကြဝဠာကြီးအတွင်းရှိ ဂြိုဟ်ကြီးတစ်ခုသည် ပျောက်ကွယ်သွားခဲ့လေ၏။ အထဲတွင် ရှိနေသည့် သက်ရှိ၊ သက်မဲ့များ၊ အရင်းအမြစ်များ အားလုံးသည် ပျောက်ကွယ်သွားလေ၏။

ဟား ဟား ဟား ဟား

ဂြိုဟ်ကြီးပျောက်ကွယ်သွားရာ တည်နေရာတွင်တော့ အမဲရောင်အရိပ်ကြီးတစ်ခုက ပေါ်ပေါက်လာ၏။ ၎င်းသည် လက်ချောင်းများကို လျှာဖြင့်ယက်ကာ ပြောလိုက်သည်။ “တကယ့်ကို အရသာရှိတာပဲ”

မည်သူနည်း။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာပင် ဖြစ်လေ၏။

ကျွင်းချောင်ရှောင်း ခန့်မှန်းသည်မှာ မှန်ကန်နေခဲ့၏။ တစ်ဖက်လူသည် ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်၏ တိုက်ခိုက်မှုများကို မျက်မြင် မြင်တွေ့ခဲ့ပြီးသည့်နောက် ထိုနည်းစနစ်အပေါ် နားလည်မှု ပိုမိုကာ အားကောင်းလာခဲ့၏။ ယခုအချိန်တွင် အလုံးစုံ ကျွမ်းကျင်သော အခြေအနေသို့ပါ ရောက်ရှိလာခဲ့ပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ဝါးမြိုလျက် ရှိနေလေသည်။

…………

“ဂိုဏ်းချုပ်”

လီလိုရှုက သတင်းပို့လိုက်၏။ “နောက်ထပ်ဂြိုဟ်တစ်ခု ပျောက်ကွယ်သွားပြန်ပြီ”

“………”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွားသည်။ လက်ရှိအခြေအနေမှာတော့ ဂြိုဟ်တစ်ခု ပျောက်ကွယ်သွားမှုသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ပတ်သက်ဆက်နွယ်နေသည်မှာ ပိုမိုသေချာ လာခဲ့သည်။

စနစ်က ပြောလိုက်၏။ “သေးငယ်တဲ့ဂြိုဟ်လေးတွေ အကုန်လုံးက ပျောက်ကွယ်သွားခဲ့ကြတယ်။ ဒါကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာ လုပ်တယ်ဆိုရင် သူက ဝါးမြိုခြင်းစွမ်းရည်ကို ကြီးကြီးမားမား နားမလည်နိုင် သေးဘူး။ ဂြိုဟ်သေးသေးတွေပဲ ဖျက်ဆီးနိုင်စွမ်းရှိသေးတာလေ”

“ဒီတော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်လို အဆင့်မျိုး မရောက်လာခင် သူ့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်ဖို့ နည်းလမ်းကို ရှာရလိမ့်မယ်။ မဟုတ်ရင် အထက် စကြဝဠာတစ်ခုလုံးက သူ့ရဲ့ အစားအစာ ဖြစ်သွားလိမ့်မယ်”

ရှာဖွေရမည်။ မြန်မြန်ဆန်ဆန် ရှာဖွေရမည်။ ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသော လူပေါင်းများစွာတို့သည် စတင်ကာ လှုပ်ရှားလာခဲ့ကြ၏။ တစ်ယောက်ပြီးတစ်ယောက် အထက်ပိုင်းအကြီးအကဲများနှင့် လက်ရွေးစင် တပည့်များသည်ပါ စကြဝဠာထဲသို့ ပျံသန်းကာဖြင့် လိုက်လံရှာဖွေတော့သည်။ ၎င်းတို့သည် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားထားခဲ့ပြီး တစ်လခန့် ကြာမြင့်ပြီးသည့်နောက် ကြယ်တာရာမြေပုံတွင် မှတ်သားထားစရာ နောက်ထပ် တည်နေရာများကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ကြ၏။

“အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် ထာဝရရွက်သင်္ဘောကြီး၏ ပဲ့ခန်းတွင် မတ်မတ်ရပ်လျက်ရှိ၏။ စိတ်ဝိညာဉ် အာရုံများကို ဖြန့်ကျက်ကာဖြင့် စကြဝဠာထဲရှိ ဘာမှန်းမသိသည့် တည်နေရာကြီးကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “ဒီမှာပဲ ဖြစ်လိမ့်မယ်”

ကျန့်ကွေ့ရှုသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ဒါ အထက်စကြဝဠာကြီးမှာ တကယ့်ကို အန္တရာယ် များတဲ့ တားမြစ်တည်နေရာ ဖြစ်လိမ့်မယ်။ ဂိုဏ်းချုပ်ကျွင်း.. ဒီထဲကို လွယ်လွယ်ကူကူ ဝင်မသွားတာ ကောင်းလိမ့်မယ်။ မဟုတ်ရင်” သူပြီးအောင် မပြောလိုက်ရချေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း သည် အစောကြီးကတည်းက အထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

အထဲသို့ လှမ်းဝင်ရန် ပြင်လိုက်သည့်အချိန် ကောင်းကင်ယံထက်တွင် စိတ်ပျက်ခြင်းချောက်ကမ်းပါးဆိုသည့် စာတမ်းကြီးက တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများ အားလုံးသည် ၎င်းတို့၏ ဂိုဏ်းချုပ်နောက်သို့ လိုက်ပါသွားခဲ့၏။ ထိုစကားလုံးသည် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် ခြောက်ခြားဖွယ်ရာအတိ ဖြစ်လို့ သွားခဲ့သည်။ သို့ပေမဲ့ ဂိုဏ်းချုပ် ဝင်သွားပြီဆိုမှတော့ သူတို့သည် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ လိုက်ပါသွားရပေလိမ့်မည်။

“ဒင်… ဒဏ္ဍာရီလာတာဝန် အသက်ဝင်”

ကျွင်းချောင်ရှောင်းနှင့် တပည့်များ တည်နေရာထဲသို့ ဝင်ရောက်သွားပြီးသည့်နောက် သတိပေးသံ တစ်ခုသည် သူတို့၏ နားထဲသို့ ပေါ်ပေါက်လာခဲ့၏။ “ဒဏ္ဍာရီလာ တာဝန်ဟုတ်လား”

All Chapters