← Chapters

အခန်း ၁၉၇၈

Vol. 133 Ch. 1978

အခန်း ၁၉၇၈

Vol. 133 Ch. 1978

အပိုင်း (၁၉၇၈)

ပေါ်ပေါက်လာခဲ့သည် ဝိညာဉ်အရေအတွက်သည် အလွန်ပင် များပြားလွန်းလှ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသည့် လူများအားလုံးသည် ဝင်ရောက်ဖြေရှင်းရန် လိုအပ်လာခဲ့သည်။ သူ၏ အထင်အရဆိုလျှင် တစ်ဂိုဏ်းလုံး ပါဝင်ပတ်သက်ရမည့် တာဝန်ကြီးဖြစ်သည်ဆိုမှတော့ အားလုံးသော သူတို့သည် ဝင်ရောက်ကာ ပါဝင်သင့်၏။

ဒဏ္ဍာရီလာတာဝန် ပြည့်စုံပြီးသည့်နောက် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိသည့် တပည့်များအနေဖြင့် ဆုလာဘ်များ မရရှိမည်ကို သူကစိုးရိမ်မိသည်။ ထို့ကြောင့်ပင်လျှင် အားလုံးသောသူများ အကျိုးကျေးဇူးရရှိရန် သူက စေလွှတ် လိုက်ခြင်းပင် ဖြစ်သည်။

“သတ်ကြ”

ကျုံးရီသည် သားရဲကြီးပေါ်သို့ ခုန်တက်ကာဖြင့် သူ၏အဖွဲ့သားများကို ဦးဆောင်ကာ ရှေ့ဆီသို့ တက်သွားခဲ့ သည်။ သားရဲစီးဟောခန်းအဖွဲ့ဝင်များ၏ ခေါင်းဆောင်ဖြစ်သည်နှင့်အညီ သူသည် တိုက်ခိုက်မှု များတွင် ရှေ့ဆုံးမှဦးဆောင်ကာ တိုက်ခိုက်တတ်သည့် အလေ့အကျင့်က တည်ရှိပြီးသား ဖြစ်၏။

ဆွစ်

ဓားမော့အော်ရာများသည် တည်နေရာတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့ပြီးသည့်နောက် သူ၏ရှေ့တွင် ရှိနေသည့် ဝိညာဉ်ကဲ့သို့သော အကောင်များအားလုံးသည် သေဆုံးကုန်ကြလေသည်။

ဝူး ဝူး

ဝိညာဉ်များ၏ အော်ငြီးသံသည် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လျက် ရှိနေ၏။ ကျုံးရီအနေဖြင့် ဝိညာဉ်များ၏ တိုက်ခိုက်မှုကို မရှောင်ချေ။ ဓားမော့ကြီးကို မြှောက်ကာဖြင့် အရှေ့ဆီသို့ ရဲရဲ ထိုးတက်သွားခဲ့သည်။ သူ၏အနောက်တွင်‌တော့ သူ၏အဖွဲ့သားများက ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။

ထင်ထားသည့်အတိုင်းပင်။ လီထျန်းထျန်းသည် ကောင်းကင်ယံဆီသို့ ပျံသန်းသွားပြီးသည့်နောက် ဘေးနှစ်ဖက် နှစ်ချက်ဆီမှ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် သူသည် ညာဘက်လက်တွင် ရှိနေသည့် စနိုက်ပါ ရိုင်ဖယ်ကို သုံးကာ လှမ်းပစ်သည်။

ဖောင်း ဖောင်း ဖောင်း

ကျည်ဆံများသည် ကျုံးရီ၏ ပခုံးထက်မှ ကျော်ပြီးသည့်နောက် အရှေ့တွင် ရှိနေသည့် ဝိညာဉ်လိုအကောင် များ၏ နဖူးကို တည့်တည့် ထိမှန်လေ၏။ ထိုအကောင်များအားလုံးတို့သည် အမှုန့်အဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။

“တိကျလိုက်တာ”

လီထျန်းထျန်းသည် ပြောင်စပ်စပ်ဖြင့် ပြောလိုက်သည်။ သူသည် အတိတ် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ ကိုယ့်လူကိုယ် ပစ်ခတ်ခဲ့ဖူး၏။ လက်ရှိအချိန်မှာတော့ ပိုမို တည်ငြိမ်လာသည့် စိတ်အဟုန်ကို ပိုင်ဆိုင်နေပြီ ဖြစ်သည့်အပြင် ပစ်ခတ်သည့် စွမ်းရည်သည်လည်း ပိုမို ကောင်းမွန်လာခဲ့၏။ ဂိုဏ်းတစ်ခုလုံး၏နောက်မှနေ၍ ကျိန်းသေပေါက် လုံခြုံမှုကို ပေးစွမ်းနိုင်သည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ အနီးနားတွင် စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့၏။ ထိုစွမ်းအင်လှိုင်းများသည် လက်များ၊ ခြေထောက်များ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အနီးနားတွင် ရှိနေသည့်လူများကို ဝင်ရောက်ကာ တိုက်ခိုက် ပြန်၏။

ဘုန်း ဘုန်း ဘုန်း

သို့ပေမဲ့ ၎င်းတို့သည် လီထျန်းထျန်းကို မထိလိုက်ရချေ။ မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်ကုန်ခဲ့၏။ မြွေပွေးသည် သူ၏လှံကြီးကို အသုံးပြုကာဖြင့် ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သောကြောင့်ပင်။

“ဘယ်နှစ်ကြိမ်လောက် ပြောရမှာလဲ။ တိုက်ခိုက်ရင် အာရုံပြန့်လွင့်လို့ မရဘူး ဆိုတာ”

မိုးဆွေဟောခန်း စတင် တည်ထောင်စဉ်က သူသည် နည်းပြဆရာ ဖြစ်ခဲ့ဖူး၏။ လီထျန်းထျန်းသည် သူ သင်ပေးခဲ့သည် ပထမဦးဆုံး အဖွဲ့ဝင်များထဲမှ တစ်ယောက်လည်း ဖြစ်၏။ တဖြည်းဖြည်း နှင့် သူတို့၏ ရင်းနှီးပတ်သက်မှုသည် ဆရာ၊ မိတ်ဆွေရင်းထက်ပင် ပိုမို ခိုင်မြဲသည့်အရာတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။

သူမှတ်မိနေသေး၏။ သေမျိုးလောကထဲတွင် နေထိုင်စဉ်က လီထျန်းထျန်းသည် သူ၏ဂိုဏ်းတူရောင်းရင်း များနှင့်အတူ လိုက်ပါကာ တိုက်ခိုက်ခဲ့စဉ်အတွင်း မြွေပွေးကို သတ်ဖြတ်လုမတတ် မတော်တဆ ဖြစ်ခဲ့ဖူး၏။ ဤကဲ့သို့ မတော်တဆမှု ဖြစ်ပွားပြီးသည့်နောက် ၎င်း၏ စိတ်ပိုင်းဆိုင်ရာသည် ပြောင်းလဲသွားခဲ့၏။ လီထျန်းထျန်း သည် စိတ်ထဲတွင်ဖြစ်ပေါ်လာသည့် ကြောက်ရွံစိတ်များကို ဖယ်ရှားပြီး ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားတော့သည်။ နောက်ဆုံးမှာတော့ မိုးဆွေဟောခန်းတစ်ခုလုံး၏ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်လို့လာခဲ့သည်။

ဝှစ်

ရုတ်တရက် လီထျန်းထျန်းသည် သူ၏ခန္ဓာကိုယ်ကို ရွေ့လျားပြီး ဝိညာဉ်နှစ်ကောင်ကို ပစ်ခတ်လိုက် တော့သည်။ ပြီးနောက် သွားဖြဲကာ ပြောလိုက်၏။ “အစ်ကိုမြွေ… ခင်ဗျားလည်း အာရုံပျောက်နေပြီ”

“…….”

မြွေပွေးသည် မျက်လုံးများ ချာချာလည်ကာဖြင့် သူ၏လှံကြီးကို ကိုင်ဆောင်ကာ ရှေ့ဆီသို့ လှမ်းတက်လိုက် တော့သည်။

လီထျန်းထျန်းသည် ချက်ချင်းပဲ ကျည်ဆံများကို ဖြည့်သွင်း၍ တစ်ယောက်ချင်းစီတိုင်းကို လိုက်လံကာ သတ်ဖြတ်လျက် ရှိနေ၏။

…..

တခြားတစ်ဖက်ခြမ်းကို ကြည့်ရမည်ဆိုလျှင် လင်းယွမ်ရွယ်ကို မြင်ရမည်ဖြစ်၏။ သူမသည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီ ဖြစ်သော်လည်း ထင်ထင်ရှားရှား မပေါ်လာခဲ့ချေ။ လက်ရှိအချိန်မှာတော့ သူမသည် အကောင်းဆုံး အစွမ်းပြလျက် ရှိနေသည်။

အတွင်းစည်းတပည့်များကို လှမ်းကာကြည့်ရှုရမည်ဆိုလျှင် ရေခဲဓာတ်အမျိုးအစားကို ပိုင်ဆိုင်သည့် လုချင်းချင်းသည် ရှိရှိသမျှသော ဝိညာဉ်များအားလုံးကို အေးခဲအောင် ပြုလုပ်ပြီးသည့်နောက် ရေခဲရုပ်ထုကြီး များအဖြစ်သို့ အသွင်‌ပြောင်းလဲခဲ့၏။

ချလွမ် ချလွမ် ချလွမ်

ကျိုးဟုန်၏ ဓားသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ၎င်းသည် အေးခဲလျက်ရှိနေသည့် ဝိညာဉ်များကို အပိုင်းပိုင်း အစစဖြစ်အောင် ခုတ်ပိုင်းလျက် ရှိနေသည်။

ဟူး ဟူး ......။

ဝိညာဉ်များသည် ၎င်းတို့၏ လက်သည်းကြီးများကို ထုတ်ဖော်ကာဖြင့် ဝင်ရောက်ကာ တိုက်ခိုက်ကြ၏။ ရှောင်ကျီသည် ပြေးလာပြီးသည့်နောက် သူ၏ဒိုင်းကြီးကို အသုံးပြုကာ တစ်ဖက်လူများ၏ တိုက်ခိုက်ချက်ကို ကာကွယ်လိုက်၏။ ပြီးနောက် စက်ရုပ်အဖြစ်သို့ အသွင်ပြောင်းကာ ရှိရှိသမျှ အရာအားလုံးကို ပစ်ခတ် တိုက်ခိုက်တော့၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း ....။

ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များ တိုက်ခိုက်နေသည်ကို ကြည့်ရှုရင်း အမှန်ပင် ကျေနပ်ဝမ်းမြောက် နေမိသည်။ အတွင်းစည်းတပည့်များသည် အလွန် အားကောင်းလှသလို ယှဉ်တွဲတိုက်ခိုက်သည့်နေရာတွင် လည်း နည်းဗျူဟာပိုင်းအရ သဘောပေါက်နားလည်ပြီးသား ဖြစ်လို့နေခဲ့ကြ၏။ ၎င်းတို့အားလုံးသည် အတူတကွ ကြီးပြင်းလာသည့်လူများဖြစ်သောကြောင့် တိုက်ခိုက်မှုတွင် နည်းဗျူဟာကျကျ နားလည်နိုင်စွမ်း လည်း ရှိကြသည်။

လက်ရှိအချိန်တွင် နတ်ဘုရားလျှို့ဝှက်အဆင့် ဆယ်ယောက်လောက် ဝင်ရောက်ကာ တိုက်ခိုက်မည်ဆိုလျှင် တောင်မှ လုချင်းချင်းနှင့် ကျုံးရီတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ဟူး ဟူး

လက်ရှိအချိန်မှာတော့ တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါလျက် ရှိနေ၏။ ပိုမိုကြီးမားလှသည့် ဝိညာဉ်ကြီး ဆယ်ကောင်က ပေါ်ပေါက်လာခဲ့ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ရောက်ရှိပြီးသား ဝိညာဉ်များပင် ဖြစ်ပေလိမ့်မည်။

ဟား ဟား ဟား ဟား

စနစ်သည် မနေနိုင်ဘဲ ထကာ ရယ်မောလိုက်မိသည်။ “ဒါက မင်းတွေးနေတဲ့အရာပဲ မဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ပြီးနောက် ရယ်ရယ်မောမော ပြောလိုက်၏ “ကလေးတွေ အတွေ့အကြုံရအောင် သပ်သပ်ပါပဲ”

ထင်မှတ်ထားသည့်အတိုင်းပင်။ ပိုမိုအားကောင်းလှသည့် ဝိညာဉ်များ ထွက်ပေါ်လာသည်ကို မြင်ရသည့်အချိန် မှာတော့ လက်ရွေးစင်တပည့်များ အားလုံးတို့သည် ရှေ့ဆီသို့ ပျံတက်ကာဖြင့် ရှိရှိသမျှသော ဝိညာဉ်များ အားလုံးကို ဝင်ရောက်ကာ တိုက်ခိုက်ပြန်သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

အချိန်အတိုင်းအတာတိုအတွင်း ရီရှင်းချန်နှင့် ရှောင်ကျီတို့၏ လက်ချက်ဖြင့် နတ်ဘုရားအဆင့် ဝိညာဉ် ဆယ်ကောင်တို့သည် သေဆုံးသွားခဲ့ကြ၏။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုကာ ပြုံးပြလျက်ရှိနေ၏။ ဤမြင်ကွင်းကို သတိထားမိသော လီထျန်းထျန်းသည် ချက်ချင်းဆိုသလိုပဲ ကင်မရာကို ထုတ်ယူကာ မိမိရရ ရိုက်လိုက်၏။

ပြိုင်စံရှားဂိုဏ်းသည် အလွန်အားကောင်းလွန်းလှ၏။ ဝိညာဉ်များသည် လေဟာနယ်ထဲတွင် တောက်လျှောက်‌ ပေါ်ပေါက်နေသည် ဆိုလျှင်တောင်မှ ၎င်းတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိကြချေ။

ဆယ်မိနစ်ခန့် ကြာမြင့် ပြီးသည့်နောက် အက်ကွဲကြောင်းကြီး၏ရှေ့တွင် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် ပိတ်ဆို့ ထားခဲ့ကြပြီးဖြစ်၏။ အပြင်သို့ ထွက်လာနေသည့် ဝိညာဉ်များအားလုံးကို ဆက်လက်ကာ သတ်ဖြတ်နေခဲ့၏။ သူတို့သည် အကောင်းဆုံးသော အခွင့်အရေးကို စောင့်မျှော်နေကြ၏။

ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် ဦးခေါင်းကို အသာခါယမ်းမိကြသည်။ သူတို့သည် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်ကို တဖြည်းဖြည်း သိရှိလာခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ထိုအရာကို ရင်းနှီးနေကြပြီ ဖြစ်သည်။

“ဟင်း”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီလောက်စွမ်းရည်ပဲဆိုရင် ရတနာက ပြိုင်စံရှားဂိုဏ်းရဲ့ အိတ်ထဲကို ကျိန်းသေပေါက် ရောက်မှာပဲ”

“………”

စနစ်သည် ဆွံ့အသွားမိသည်။ “မင်း တော်တော် မောက်မာတဲ့ကောင်ပဲ”

ဒွီ ဒွီ ....။

ထိုအချိန်မှာပဲ တည်နေရာကြီးတစ်ခုလုံးသည် ထပ်မံကာ တုန်ခါလာခဲ့၏။

ပြောင်စပ်စပ် ဖြစ်နေသော ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သေးငယ်လှသည့် တည်နေရာအတွင်းသို့ တည်နေရာ ရွေ့ပြောင်းခြင်းကို ခံလိုက်ရသည်။ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲနှင့် တပည့်အားလုံးတို့သည် အတူတူပင်။

ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည်သာ တည်နေရာတွင် ကျန်ရှိခဲ့ကြ၏။ ၎င်းတို့သည် သစ်သားရုပ်တုကြီးများ ကဲ့သို့ပင် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။

“သူတို့ဘယ်ရောက်သွားလဲ။ ဘာတွေဖြစ်ကုန်တာလဲ”

ဝိညာဉ်များနှင့် ရင်ဆိုင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၊ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များ တို့သည် လွတ်လပ်သော တည်နေရာတစ်ခုဆီသို့ ပို့ဆောင်ခြင်းကို ခံလိုက်ရသည်။ ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်း တို့သည်သာ ကျန်ရစ်ခဲ့၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းထဲတွင် မပါဝင်သောကြောင့်ပင်။

ဟုတ်ပေ၏။ ဤစွန့်ပစ်ခံခဲ့ရသော ညီနောင်နှစ်ယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြောင်အအဖြင့် ကြည့်ကာ ရပ်နေမိကြသည်။

.............

All Chapters