← Chapters

နှုတ်ဆက်ခြင်း

Vol. 134 Ch. 1871

နှုတ်ဆက်ခြင်း

Vol. 134 Ch. 1871

ရှီမာယူယူသည် ဟေးဒီးစ်နှင့် ဝူလင်းယူတို့ကို စခန်းသို့ခေါ်သွားသည်။

လူနှစ်ယောက် ထပ်ပိုလာသည်ကိုမြင်သောအခါ မိုကျိ အနည်းငယ် အံ့ဩ နေသည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့ လက်တွဲထားသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ ခုန်ထွက်လာတော့မလိုပင်ဖြစ်နေသည်။

“မိုကျိ ရှင့်ကို မိတ်ဆက်ပေးရဦးမယ် သူကလင်းယူ… လင်းယူ သူက ညီမ ပြောဖူးတဲ့ မိုကျိလေ” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက် သည်။

ဝူလင်းယူသည် မိုကျိအကြောင်းသိသည်။ သို့သော် မိုကျိသည် သူ့ အကြောင်းကို ပထမဆုံးကြားဖူးခြင်းဖြစ်သည်။

သူသည် မိုကျိဘက်သို့ လက်သီးဆုပ်ဖြင့် အရိုအသေပြုကာ ပြောလိုက်သည် “ယူယူ တစ္ဆေလောကမှာ ရှိတဲ့တစ်လျှောက်လုံး ခင်ဗျားက ဂရုစိုက်ပေး တယ်လို့ ယူယူပြောပါတယ် လင်းယူ ကျေးဇူးတင်ပါတယ်”

မိုကျိသည် သူ့စကားများထဲတွင် မြင့်မြတ်မှုအနံ့အသက်ရလိုက်သည်။ ယူယူ၏ မျက်နှာတွင် အရင်ကတစ်ခါမှမဖြစ်ဖူးသည့် အပြုံးနှင့် ချွဲနွဲ့သော အမူအရာကိုကြည့်ပြီး ဝူလင်းယူ၏ သရုပ်မှန်ကို သူ ချက်ချင်းနားလည်သွား သည်။

သူက ဒီအတိုင်း နည်းနည်းသိချင်ရုံပါ။ ဒီကောင်မလေးက မြစ်အောက်ကို ဆင်းသွားတာ ဘယ်လိုဖြစ်လို့ နောက်တစ်ယောက်ပါလာတာလဲ။

“သူကတော့ ဖြတ်သွားရင်းနဲ့ သိတဲ့မိတ်ဆွေပါ” ရှီမာယူယူသည် ဟေးဒီးစ် ကို ဝိုးတိုးဝါးတားပင် မိတ်ဆက်ပေးးလေသည်။ မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ချက် မရှိဘဲ တသီးတခြားရပ်နေသော ဟေးဒီးစ်ကိုမြင်သောအခါ မိုကျိသည် လက်သီးဆုပ်ဖြင့် သာမာန်ကာလျှံကာပင် အရိုအသေပြုလိုက်သည်။

ထို့နောက် ရှီမာယူယူဘက်သို့ ခေါင်းလှည့်ကာ ပြောလေသည် “မင်းဆီက ဘာသတင်းမှမကြားရတာ ကြာနေလို့လေ… ဆက်သွယ်လို့မရတော့ရင် လူလွှတ်တော့မလို့”

“ကျွန်မဆင်းသွားတော့ လင်းယူတို့နဲ့တွေ့နေလို့ နှစ်ရက်လောက် ကြာ သွားတယ်” ရှီမာယူယူ ရှင်းပြလေသည်။

“အငွေ့သားရဲကိုရှာတွေ့လား” မိုကျိ မေးလိုက်သည်။

“သူ့ကိုသတ်လိုက်ပြီ နောက်ဆိုရင်တော့ စိတ်ချရပါပြီ” ရှီမာယူယူ ပြော လိုက်သည်။

“ကောင်းတယ်” အငွေ့သားရဲသည် မမြင်ရသဖြင့် နောက်ပိုင်းတွင် ထပ်ပေါ်လာမည်ကို သူတို့ စိတ်ပူရသေးသည်။ အခု သူမ ထိုသို့ပြောလိုက် သောအခါ စိတ်အေးသွားလေသည်။

“ဒါနဲ့ မိုကျိ… ရေအောက်ကိုသွားရင်းနဲ့ လမ်းကိုစစ်ကြည့်ခဲ့သေးတယ်.. မြစ်ထဲမှာ ဘာထူးဆန်းတဲ့ ရတနာမှမရှိဘူး.. အဲဒီပုံမမှန်တဲ့ အငွေ့အသက်တွေ က တကယ်တော့ မြစ်အောက်မှာ တိုက်ခိုက်ကြလို့ဖြစ်လာတာပဲ.. အဲဒါကြောင့် မိုမျိုးနွယ်တွေ ပြန်လိုက်လို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။

မိုကျိသည် အံ့ဩသွားကာ ငုံ့ကြည့်လိုက်ပြီး ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ပြန်ဖြေလေသည် “ဟုတ်ပြီ ငါသိပြီ ပြန်ဖို့ပြင်ဆင်ကြဖို့ကို သူတို့ကို သတင်းပေးလိုက်မယ်… သူတို့လည်း ဒီမှာနေတာ အချိန်ကြာနေပြီ ပြန်ဖို့ အချိန်ရောက်ပြီလေ”

သူ၏ ထင်မြင်ချက်အရ အောက်တွင် ရတနာရှိသည်ဖြစ်စေ မရှိသည်ဖြစ် စေ မဟုတ်လျှင် သူမ ရပြီးသည်ဖြစ်စေ သူမ ပြောသည်ကိုယုံသည်။ သူမ ရခဲ့ လျှင်တောင် သူ သူမဆီမှ ရတနာကိုလုမည်မဟုတ်ပေ။ ထို့ကြောင့် မိုမျိုးနွယ် ဝင်များကို ပြန်ခိုင်းလိုက်သည်။

“ဟုတ်ပါပြီ အပြန်လမ်းမှာ ဂရုစိုက်ကြပါ… ကျွန်မက နောက်လုပ်စရာ တွေရှိသေးတယ် အဲဒါကြောင့် ရှင်တို့နဲ့မလိုက်တော့ဘူး ဒီမှာပဲနှုတ်ဆက်ပါ တယ်” ရှီမာယူယူသည် မိုကျိတို့၏ လုံခြုံရေးကို အနည်းငယ်စိတ်ပူနေသေး သည်။ တစ္ဆေလောကသည် လတ်တလောတွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်ဟု သိရသည်။

“ငါတို့နဲ့ ပြန်မလိုက်ဘူးလား မင်း ဘယ်သွားမလို့လဲ” မိုကျိ မေးလိုက် ပြီးနောက် ရုတ်တရက်ဆန်လွန်းသည်ဟု ခံစားရသည်။ သည်တစ်ကြိမ်တွင် လုပ်စရာရှိသည်ဟုသာ ရှီမာယူယူ ပြန်ဖြေလိုက်သည်။ သူမ နေခဲ့လျှင် ဤသို့ ဖြစ်မည်ဟု မှန်းထားပြီးသားဖြစ်သည်။ သူသည် မသင့်တော်ဟု တွေးသဖြင့် မေးခွန်းများမေးလာနိုင်သည်။

သို့သော် သူသည် သူမကို စိတ်ပူနေဆဲပင်ဖြစ်သည်။ သူမနောက်သို့ လိုက် ပေးသည့်သူရှိသော်လည်း သူ စိတ်မချသေးပေ။ ထို့ကြောင့် သူရှင်းပြလိုက်သည် “ငါ့ဘိုးဘေးကြီးက မင်းကို ကာကွယ်ခိုင်းထားတာ မင်းသွားတဲ့နေရာ ငါသွားမှာ ပဲ”

“ကျွန်မသွားတဲ့နေရာက လူအများစုမသွားနိုင်ကြဘူး စိတ်မပူပါနဲ့ သူတို့ က ကျွန်မကို ကာကွယ်ပေးပါလိမ့်မယ်… စိတ်မပူပါနဲ့ ရှင့်ကို အပြစ်မပေးဖို့ ရှင့်ဘိုးဘေးကြီးကို ကျွန်မပြောပေးပါမယ်” ရှီမာယူယူသည် သူ့ကို ပါးနပ်စွာပင် ငြင်းဆန်လိုက်သည်။

သူမ ပြောသည်ကိုကြားလိုက်ရသောအခါ ကန့်လန့်တိုက်မနေတော့ဘဲ ပြောလိုက်သည် “အင်း လိုတာရှိရင် ငါ့ကိုဆက်သွယ်ဖို့ သတိရလိုက်ပါ”

“ကျွန်မသိပါပြီ” ရှီမာယူယူသည် နားထောင်နေသည်ဆိုသည့် သဘောနှင့် ခေါင်းညိတ်လိုက်သည်။ အကယ်၍ တစ်စုံတစ်ရာသာဖြစ်လျှင် သူမသည် သူ့ကို သေချာပေါက် ရှာမည်ဖြစ်သည်။

မိုကျိသည် သူမကို ခေတ္တမျှစကားပြောပြီးနောက် မိုကျန့်ကို အထုပ်များ သိမ်းခိုင်းပြီး ထွက်သွားလေသည်။ မိုကျန့်သည် အံ့ဩသွားသော်လည်း မိုမျိုးနွယ်ဝင်များကို သိမ်းဆည်းခိုင်းပြီး ထွက်သွား‌ေလေသည်။

သူတို့ ထွက်သွားသည်ကို ကျန်လူများမြင်လိုက်သည်။ အစပိုင်းတွင် သူတို့ သည် အလွန်သိချင်နေကြသည်။ နောက်ပိုင်းတွင် ဆက်ဆံရေးကောင်းလာ သဖြင့် သူတို့ကိုလာမေးကြရာ ရတနာမရှိသဖြင့် ပြန်သွားရခြင်းဖြစ်ကြောင်းကို သိသွားကြသည်။

ရတနာမရှိဘူးဟုတ်လား။  သူတို့က အချိန်တွေအများကြီးဖြုန်းလိုက်မိ တာပဲ။

သို့သော် မိုမျိုးနွယ်ဝင်များသည် ရတနာရှာဖွေခြင်းတွင် ကောင်းချီးပေးခံရ သဖြင့် သူတို့၏ ထူးဆန်းသောရတနာကို သိမြင်မှုမှာ သာမန်လူများထက်ပို၍ အာရုံခံပါးသည်။ ကိစ္စတော်တော်များများတွင် တစ္ဆေလောကတွင် သူတို့ကို ရတနာမုဆိုးများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့ရသော သတင်း ကိုအများစု ယုံကြည်ကြသည်။ အတန်ကြာနေပြီးနောက် ရတနာလှုပ်ရှားမှု မရှိသည်ကို တွေ့သည်နှင့် ထွက်သွားရန်ကိုသာ ရွေးလိုက်ကြတော့သည်။

သို့သော် လူအနည်းငယ်မှာ သူတို့စကားကိုမယုံသဖြင့် နေရန်ရွေးချယ်ကြ သည်။ သို့သော် အတန်ကြာသည်အထိ ဘာမှမတွေ့ပေ။ ကမ်းစပ်တွင် ပုံမှန် မဟုတ်မှုများ ပေါ်မလာတော့ပေ။ နိဗ္ဗာန်မြစ်တစ်ခုလုံးမှာ တိတ်ဆိတ်နေသလို ပင်။ ထိုအခါမှပင် ဤနေရာတွင် ရတနာမရှိသည့်စကားကို ယုံသွားကြတော့ သည်။ မိုကျိတို့သည် ၁ နှစ် ၂ နှစ်ကြာအောင်နေပြီးမှ ထိုနေရာမှ ထွက်ခွာခြင်း ဖြစ်သည်။

ရှီမာယူယူသည် တခြားသူများ၏ ရွေးချယ်မှုကို ဂရုမစိုက်ပေ။ မိုကျိကို နှုတ်ဆက်စကားပြောပြီးနောက် နဂါးမျက်လုံးရှာရန် တိုက်ရိုက်သွားချင်နေ သည်။ သို့သော် ဝူလင်းယူသည် သူမကို ရေအောက်နန်းတော်ဆီသို့ ပြန်ခေါ် သွားသည်။

ဝူလင်းယူ သူမကို သေတ္တာပုံကြီးကိုပေးသောအခါ ရှီမာယူယူသည် သတိ ပင်လွတ်သွားတော့သည်။

“အစ်ကိုက မြစ်သားရဲတွေရဲ့ စွမ်းအားဇစ်မြစ်တွေကို လုထားတာလား” သူမသည် နှုတ်ခမ်းတွန့်မိသည်။ ဒါက အပြင်ကလူတွေ ခံစားမိတဲ့ ရတနာရဲ့ အငွေ့အသက်လား။

သူသည် နဂါးမျက်လုံးနှင့် ပေါင်းစပ်ခဲ့သည်။ သူ ထိုအရာကိုလုပ်မှတော့ ပုံမှန်မဟုတ်တဲ့ ရောင်ဝါထွက်လာမှာပဲ။ အဲဒါကြောင့် အပြင်ကလူတွေက အထင်လွဲကြတာကိုး။

ဝူလင်းယူသည် သူမ၏ ကောက်ချက်ကို မကျေနပ်ဘဲ အမှန်ပြင်ပေးလေ သည် “ဒါကလုတာမဟုတ်ဘူး ကိုယ့်ကိုလေးစားကြတာ… ဒီပစ္စည်းတွေက မင်း ရဲ့လက်ရှိကျင့်ကြံမှုအတွက် အသုံးဝင်တယ်”

ဤနေရာသို့ ရောက်ပြီးနောက်တွင် သူမကို ပေးရန် မည်သို့လက်ဆောင် ပြင်ဆင်ထားရမည်ကို စဉ်းစားခဲ့သည်။ အကောင်းဆုံးကို စဉ်းစားပြီးနောက်တွင် တော့ သူ၏ တိုက်ပွဲစွမ်းအား တိုးတက်အောင်ပျိုးထောင်ရင်း လက်ဆောင်ပေး ရန်လုပ်ခဲ့သည်။ အခုစဉ်းစားကြည့်လျှင် အမှန်တကယ်ပင် ရိုးစင်းလှသည်။

“တကယ်တော့ ဒီပစ္စည်းတွေ ပေးဖို့မလိုပါဘူး ညီမခန္ဓာကိုယ်ထဲမှာ ဘိုးဘေးကြီးပေးထားတဲ့ စွမ်းအားရှိတယ်… ညီမခန္ဓာကိုယ်ကို ရရင် ချိပ်က အလိုလိုပွင့်သွားမှာ အဲဒါကြောင့် မြန်မြန်ကျင့်ကြံနေတာ” ရှီမာယူယူ ပြော လိုက်သည်။

ဝူလင်းယူသည် ခေတ္တမျှ လမ်းပျောက်သွားသည်။ သူ တစ္ဆေလောကကို လာပြီးနောက် သူ၏ စွမ်းအားမှာ များစွာနည်းခဲ့သည်။ သူသည် ဤနေရာမှ လူများကို မဆက်သွယ်ခဲ့ပေ။ အခု သူသည် လက်ဆောင်ကိုပင် ပေးမရတော့ ပေ။

ထိုအချိန်တွင် သူမ မျက်နှာတွင် နူးညံ့မှုများရှိနေပြီး နူးညံ့သော အသံဖြင့် ပြောလေသည် “အဲလိုဆိုရင်တောင် ညီမကြိုက်တယ်… အစ်ကို ညီမအတွက် ပြင်ပေးတဲ့လက်ဆောင်ကို ကြိုက်တယ်”

သူသည် ဘေးစောင်းကြည့်လိုက်ရာ သူမ၏ အပြုံးကိုမြင်လိုက်ရသည်။

အခု သူမ ဂရုစိုက်သည်မှာ လက်ဆောင်ကောင်းကောင်းပေးခြင်းမဟုတ် ဘဲ သူ့ကိုယ်သူ ဂရုစိုက်ရန်သာဖြစ်သည်။

သူသည် ဤနေရာတွင် တစ်ယောက်တည်း စောင့်ခဲ့သည့်အချိန်အတွင်း တွင် လက်ဆောင်ပေးရန် ပြင်ဆင်ရင်း အချိန်ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် ထို ပစ္စည်းများမှာ မည်သို့ပင် အသုံးဝင်စေကာမူ သူမ၏ စိတ်ကိုနွေးသွားစေသည်။

သူမသည် သူ့ပခုံးပေါ်သို့ လက်တင်လိုက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြပြီး မျက်လုံးထဲတွင် ပြောမရသော နူးညံ့မှုများဖြစ်ပေါ်နေသည်။

“လင်းယူ တစ္ဆေလောကမှာ အစ်ကိုရှိလို့ အရမ်းကောင်းတာပဲ…”

***

All Chapters