← Chapters

အခန်း ၁၉၈၁

Vol. 133 Ch. 1981

အခန်း ၁၉၈၁

Vol. 133 Ch. 1981

အပိုင်း (၁၉၈၁)

ထာဝရလောကကြီး

စကြဝဠာ၏ မူလအရင်းအမြစ်သည် နတ်ဘုရားတစ်ပါး ကဲ့သို့ပင် ကောင်းကင်ယံတွင် ပေါ်ပေါက်လာခဲ့သည်။

“ဒါဘာကြီးလဲ”

ထိုအခြင်းအရာကိုမြင်သော ထာဝရလောကကြီးရှိ ကျင့်ကြံသူများသည် မျက်လုံးပြူးသွားမိ၏။ လက်ရှိ အခြေအနေ၌ ဤမြင့်မားလွန်းလှသည့် သစ်ပင်ကြီး၏ အနောက်ဘက်တွင် တည်နေရာ၏ လမ်းစဉ်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင်တော့ နတ်ဆန်လွန်းလှသည့် ကျောက်တံခါးကြီးတစ်ချပ် တည်ရှိနေ၏။

ဤအရာသည် မူလအရင်းအမြစ် သစ်ပင်နှင့် အန္တိမလမ်းစဉ် ဖြစ်တည်လာခဲ့ခြင်းပင်။ အထူးသဖြင့် ဒဏ္ဍာရီလာ တာဝန်ကို ပြည့်စုံပြီးသည့်နောက် သေသေချာချာ တွက်ချက်ကြည့်သည့်အချိန်တွင် ဂိုဏ်းတစ်ခုလုံး ကြီးမား လှသည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသည်။ ၎င်းတို့အားလုံးသည် လွယ်လွယ်ကူကူနှင့် အဆင့်ချိုးဖြတ်နိုင်ခဲ့ ကြသည်။

ပြောရမည်ဆိုလျှင် ယခင်က ပြုလုပ်ခဲ့သည့် အထူးတာဝန်၊ သီးခြားတာဝန်၊ အဓိကတာဝန်များ အားလုံးသည် အချိန်အကန့်အသတ် တည်ရှိခဲ့ကြ၏။ ထို့အတူ ခက်လည်း ခက်ခဲခဲ့လေသည်။ လက်ရှိအချိန်မှာတော့ ဆုလဘ်များကို အလကားပေးသည့် တာဝန်တစ်ခုဟုပင် သတ်မှတ်နိုင်၏။ ရိုးရှင်းရသည့် တာဝန်ဖြစ်သည့် အပြင် ဆုလာဘ် များလည်း အလွန်ပင် ပေါများလွန်းလှ၏။

စိတ်ပျက်ခြင်းချောက်ကမ်းပါးထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ကြသည့် တပည့်များ အားလုံး တို့သည် အဆင့်ကြီးတစ်ဆင့် တိုးတက်ခဲ့ကြ၏။ အထက်ပိုင်းအကြီးအကဲများ၊ လက်ရွေးစင်တပည့်များနှင့် အတွင်းစည်းတပည့်များ အားလုံးတို့သည် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ လှမ်းဝင်နိုင်ခဲ့ကြပြီး လူငါးဆယ် နီးပါးခန့်ပင်ရှိသည်။

အတိတ်တုန်းကသာဆိုလျှင် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ လှမ်းဝင်နိုင်သည့်တပည့်မှာ အနည်းငယ်သာလျှင် ရှိသည်။ လက်ရှိအချိန်တွင် တပည့်ပေါင်း များစွာတို့သည် ထိုအဆင့်ဆီသို့ ရောက်ရှိခဲ့သည် ဖြစ်သောကြောင့် ဂိုဏ်းတစ်ခုလုံး၏ အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်သွားခဲ့၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ ဂိမ်းဆာဗာခိုးယူမှုသည် ကြောက်ခမန်းလိလိ အခြေအနေဆီသို့ ရောက်ရှိခဲ့သည်ဟု ပြောလျှင် ပိုမိုကာ မှန်ကန်ပေလိမ့်မည်။

ဟုတ်ပေသည်။ တပည့်များနှင့် အထက်ပိုင်းအကြီးအကဲများသာလျှင် တိုးတက်သွားခဲ့သည် မဟုတ်ချေ။ ဒဏ္ဍာရီလာတာဝန် ပြည့်စုံသွားသည်ဟု ကြားရပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ဒန်ထျန်ထဲတွင် ရှိသော စွမ်းအင်များ ပြောင်းလဲသွားခဲ့သည်ဟု အာရုံခံမိသည်။ သူသည် နတ်ဘုရားလျှို့ဝှက်အဆင့်၏ ထိပ်ဆုံး အဆင့်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ဝှစ် ဝှစ်

အဆင့်ချိုးဖြတ်ပြီးသည့်နောက် သူသည် ထာဝရလောကကြီးထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်ဆီမှ သိုင်းတာအို၏ ဆန်းကြယ်လှသော အော်ရာများ ထွက်ပေါ်နေသည်။ သူက ပြောလိုက်သည်။ “ငါ ထပ်ပြီး အားကောင်းလာခဲ့ပြီပဲ”

သူသည် သူ၏အဆင့် တိုးတက်လာသည်နှင့်ပတ်သက်၍ အလွန်တရာ တည်ငြိမ်လျက်ရှိနေသည်။

“လက်ရှိ လက်ခံသူရဲ့ အားအင်အဆင့်အရ အနီရောင်ဆံပင်လူ နဲ့ ထပ်ပြီးတွေ့မယ်ဆိုရင် ကျိန်းသေပေါက် ဘယ်အကူအညီမှ ယူစရာမလိုဘဲ လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်မယ်” စနစ်က သုံးသပ်လိုက်သည်။

“ဒါဆိုရင် ငါ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ တိုက်ခိုက်နိုင်ပြီလား”

………

စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ “ဒါ ပြောဖို့ခက်တယ်”

ယခု မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးနည်းစနစ်ကို နားလည်နိုင်ခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ဂြိုဟ်တည်နေရာများကိုပင် ရူးရူးမူးမူး ဝါးမြိုလျက် ရှိနေ၏။ ၎င်း၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ပိုမိုကာ တိုးတက်လာပေလိမ့်မည်။ လက်ခံသူ အနိုင်ယူနိုင်သည့် လူတစ်ယောက် မဟုတ်နိုင်ချေ။

“တကယ်လို့ ငါ မတိုက်ခိုက်နိုင်ဘူးဆိုရင်လည်း တိုက်ခိုက်ရမှာပဲလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မဟုတ်ရင် အထက်စကြဝဠာ တစ်ခုလုံးက နေဝင်သွားလိမ့်မယ်”

“ဟင်း”

စနစ်က သက်ပြင်းချလိုက်သည်။ “လက်ခံသူက တကယ့်ကို အမှန်တရားဘက်တော်သား လုပ်နေတာပဲ”

ဝှစ်

ကျွင်းချောင်ရှောင်းသည် အသာပျံတက်သွားခဲ့ပြီးသည့်နောက် ကြီးမားလှသည့်‌ ကျောက်တံခါးကြီးရှေ့တွင် မတ်မတ်ရပ်လိုက်၏။ သူသည် ညာဘက်လက်ကို တံခါးပေါ်တွင်တင်ကာ မေးလိုက်၏။ “ငါ့ရဲ့လက်ရှိ အားအင် အဆင့်နဲ့ ဒါကို ဖွင့်လို့ရလား”

သူ မဖွင့်နိုင်ချေ။ ဘယ်လောက်ပဲတွန်းတွန်း ထိုအရာသည် တစ်ချက်ကလေးမှ တုန့်ပြန်မှု မရှိချေ။

“စီနီယာသက်တန့်ရောင် သူတော်စင်က စိတ်ပျက်ခြင်း ချောက်ကမ်းပါးထဲမှာ ဒီပစ္စည်းနှစ်ခုကို ဘာလို့ ထားခဲ့တာလဲ” ကျွင်းချောင်ရှောင်းသည် အတွေးနက်လျက်ရှိ၏။

စနစ်က ပြန်ပြောလိုက်သည်။ “ငါ သိသလောက်ဆိုလို့ရှိရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက လောကကြီး တစ်ခုလုံးကို ဒုက္ခပေးလိမ့်မယ်ဆိုတာ သူက ကြိုပြီးခန့်မှန်းမိခဲ့တယ်။ ဒါကြောင့် စကြဝဠာရဲ့ မူလအရင်းအမြစ် နဲ့ အန္တိမလမ်းစဉ်ရဲ့ ဂိတ်တံခါးကို ဒီနေရာမှာထားပြီး လက်ခံသူ ကာကွယ်ပေးဖို့ စောင့်မျှော်နေတာပဲ”

“ဒါ ဖြစ်နိုင်တယ်” ကျွင်းချောင်ရှောင်းသည် ဤသုံးသပ်ချက်ကို သဘောတူညီလိုက်၏။ ထို့အပြင် ကြည့်ရသည်မှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဂြိုဟ်များကို ဆက်လက်ကာ ဝါးမြိုလျက် ရှိနေ၏။ အကယ်၍ မူလအရင်းအမြစ်သစ်ပင်ကိုသာ ရှာဖွေတွေ့ရှိသည်ဆိုပါက စကြဝဠာတစ်ခုလုံး သေဆုံးသွားသည်ဟု ကြေညာလိုက်သည်နှင့် တူတူပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူ့အနေနှင့် ထိုသစ်ပင်ကြီး၏ အသိအမှတ်ပြုမှုကို လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းဆိုသည်မှာ နားလည် လွယ်သည့်အရာပင် ဖြစ်ပေလိမ့်မည်။ အရာအားလုံးသည် စီနီယာသက်တန့်ရောင်သူတော်စင် ကြိုတင်ကာ ဖန်တီးခဲ့သည့်အရာဖြစ်ပြီး ဒဏ္ဍာရီလာတာဝန်ဆိုသည်မှာလည်း အလကားပေးသည့်အရာပင်ဖြစ်၏။

“သစ်ပင်နဲ့တံခါးက ထာဝရလောကကြီးထဲကို ရောက်လာပြီဆိုမှ‌တော့ ငါက ကျိန်းသေပေါက် ဒါကို ကာကွယ်ရ တော့မှာပဲ” ကျွင်းချောင်ရှောင်းသည် ခိုင်မာပြတ်သားစွာ ပြောလိုက်မိသည်။

ဆွစ်

ပြိုင်စံရှားဂိုဏ်းဆီသို့ ပျံသန်းလာခဲ့ပြီးသည့်နောက် သူသည် လက်ကိုခါယမ်းကာဖြင့် ကောင်းကင်ယံတွင် ရှိနေသည့် မူလအရင်းအမြစ် သစ်ပင်ကြီးအား သံမဏိအရိုးတောင်တွင် စိုက်လိုက်၏။ သစ်ပင်ကြီး ရွေ့ပြောင်းပြီး သည့်နောက် တံခါးသည်လည်း ရွေ့လာခဲ့၏။ ဤနှစ်ခုသည် ချိတ်ဆက်နေသည့်ပုံပေါ်၏။

ဆွစ် ဆွစ်

သစ်ပင်၏ မူလအရင်းအမြစ်သည် ထာဝရလောကကြီး၏ မြေဆီလွှာနှင့် ပေါင်းစပ်သွားသည့်အချိန်မှာတော့ သစ်ကိုင်းများ၊ သစ်ရွက်များအားလုံးသည် သိုင်းကျင့်ကြံခြင်း နည်းစနစ်၏ နိယာမများကို ဆက်တိုက်ဆိုသလိုပဲ အရှိန်အဟုန်ပြင်းပြင်းနှင့် ထုတ်ဖော်နေတော့သည်။

“ငါ ထင်ထားတဲ့အတိုင်းပဲကိုး”

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို ပြောလိုက်မိ၏။ “ငါ့လောကကြီးက ဒီကနေစပြီးတော့ အကျိုးကျေးဇူးတွေ ရတော့မှာပဲ”

တကယ်ပင် ကြီးမားလှသည့် အကျိုးကျေးဇူးပင်ဖြစ်၏။ ရက်အနည်းငယ်အတွင်းမှာပဲ ထာဝရလောကကြီးထဲ၌ နက်နဲလှသည့် သိုင်းကျင့်ကြံခြင်းနိယာမများ ပျံ့နှံ့လာခဲ့ပြီး ရေတွက်လို့မရအောင် များပြားလှသည့် သတ္တဝါ များသည် ထိုအရာကို အာရုံခံမိကြသည်။

လက်ရှိအခြေအနေမှာတော့ အဆင့်တိုးတက်နေသည့် မြင်ကွင်းမျိုးသည် တည်နေရာအနှံ့တွင် ဖြစ်တည်နေခဲ့ သည်။ ထာဝရလောကကြီး၏ အထဲတွင်ရှိနေသည့် ဂြိုဟ်အသီးသီးတို့၏ မူလအရင်းအမြစ်များ ပေါင်းစပ်မှု သည် ပိုမိုကာ အားကောင်းလာခဲ့ပြီး ဆန်းကြယ်လှသည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို ပိုမိုကာ ထုတ်လွှတ်နိုင်လာ၏။

မူလအရင်းအမြစ်သစ်ပင် ဝင်ရောက်လာခဲ့ပြီးသည့်နောက် ဤဂြိုဟ်ကြီးတစ်ခုလုံးသည် အရည်အသွေးအရ လုံးဝပြောင်းလဲသွားသည်ဟု ပြောဆိုရပေမည်။ အနာဂတ်တွင် မည်ကဲ့သို့ အဆင့်မျိုးအထိ ရောက်ရှိသွားမည် ဆိုသည်ကို မည်သူကမှ သေသေချာချာ မသိရှိနိုင်ချေ။

……

ပြိုင်စံရှားဂိုဏ်း

တပည့်များသည် တောင်တစ်ခုချင်းစီပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး သိုင်းကျင့်ကြံခြင်း၏ နိယာမ များကို စုပ်ယူလျက် ရှိနေလေ၏။ တူညီသည့်မြင်ကွင်းမျိုးသည် တစ်လောကလုံးအနှံ့တွင် ဖြစ်တည်နေပြီး မူလ အရင်းအမြစ်သစ်ပင် ထာဝရလောကကြီး၌ စိုက်ပျိုးတည်ရှိခဲ့ပြီးသည့်နောက် အခြေအနေ တစ်ခုလုံးသည် ပိုမိုကာ အားကောင်းလာခဲ့၏။

အားလုံးသော သတ္တဝါများသည် ဤနိယာမများနှင့် ပိုမိုကာ ရင်းနှီး လာခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်လာခဲ့ကြသည်။ အဆင့်မတက်သည့်လူများအားလုံးသည်လည်း နိယာမများနှင့်ပတ်သက်၍ ပိုမိုကာ နားလည် လာသည်။

“ကျင့်ကြံခြင်းတစ်သောင်း လျှို့ဝှက်နယ်မြေ”

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ပြီးသည့် နောက် စနစ်၏ စတိုးကို ဖွင့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ငါ ဒါကို ဝယ်လို့ရပြီပဲ”

ဒဏ္ဍာရီလာတာဝန်သည် ဂိုဏ်းတစ်ခုလုံး၏ အားအင်အဆင့်ကို တိုးတက်စေသည်သာမက ဂိုဏ်းဂုဏ်သိက္ခာ အမှတ် ငါးသောင်းကိုလည်း ဆုအဖြစ် ပေးအပ်ခဲ့၏။ ထို့ကြောင့် စတိုးထဲတွင် တည်ရှိနေသော အထူး လျှို့ဝှက် နယ်မြေကို ဝယ်ယူရန် လုံလောက်သည့်အမှတ်များကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်၏။

ဒဏ္ဍာရီလာတာဝန်ကြီး ပြီးဆုံးသွားပြီးသည့်နောက် ထူးထူးခြားခြား သိုင်းနည်းစနစ်၊ နတ်ဘုရားစွမ်းရည်၊ လက်နက်ပစ္စည်း၊ ရတနာ ဘာတစ်ခုမှ မရရှိခဲ့ချေ။ ဂိုဏ်းတစ်ခုလုံး၏ အားအင်အဆင့် တိုးတက်သွားခဲ့ခြင်းနှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ် အနည်းငယ်ကို ရရှိခဲ့ခြင်းသာဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ စိတ်ပျက်မိ၏။ ထို့အပြင် ဤအရာသည် ဒဏ္ဍာရီလာတာဝန် တစ်ခု ဖြစ်သည်မဟုတ်လား။ အဘယ်ကြောင့် ရရှိခဲ့သည် ဆုလာဘ်သည် နည်းပါးနေရသနည်း။

“စိတ်ကိုရှည်ရှည်ထားစမ်းပါ”

စနစ်က ပြောလိုက်သည်။ “ဂိုဏ်းတစ်ခုလုံးက အဆင့်ကြီးတစ်ခုကို တိုးတက်သွား ခဲ့တယ်။ ဂိုဏ်းထဲမှာ ရှိနေတဲ့ နတ်ဘုရားလျှို့ဝှက်အဆင့်ခြေလှမ်းဝက်နဲ့ တစ်နေတဲ့ တပည့်တွေ၊ အထက်ပိုင်း အကြီးအကဲတွေ အကုန်လုံးက နတ်ဘုရားလျှို့ဝှက်အဆင့်ဆီကို ရောက်ရှိသွားခဲ့ပြီလေ။ ဒီထက်ကောင်းတဲ့ အခွင့်အရေးက ဘယ်မှာရှိလို့လဲ”

“ဒါအမှန်ပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါ နည်းနည်း လောဘကြီးသွားတယ်”

ကုကျောင်းရှစ်၊ ယုစီနန်နှင့် တခြားသော အကြီးအကဲများသည် နတ်ဘုရားလျှို့ဝှက်အဆင့် ခြေလှမ်းဝက်သို့ ရောက်ရှိနေသည့်လူများ ဖြစ်သည်။ တကယ်၍ ၎င်းတို့သည် နောက်ထပ်အဆင့်ဆီသို့ တိုးတက်ချင်သည် ဆိုပါက ကျင့်ကြံခြင်းတစ်ခုတည်းနှင့် မလုံလောက်ခဲ့ချေ။ ကြီးမားလှသည့် အခွင့်အရေးကို ရှာဖွေပြီး ရီရှင်းချန် ကဲ့သို့ နားလည်အောင် ပြုမူရပေလိမ့်မည်။

ထူးခြားလှသည့် နားလည်မှု၊ ထူးခြားလှသည့် ပစ္စည်းတစ်ခုခု မရှိဘဲနှင့် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခြင်းဆိုသည်မှာ ကောင်းကင်ပေါ်သို့ တက်လှမ်းသွားရသည်ထက်ပင် ပိုမိုကာ ခက်ခဲလှ၏။ သို့ပေမဲ့ ဒဏ္ဍာရီလာတာဝန်တစ်ခုသည် လူပေါင်းများစွာတို့ကို အဆင့်ချိုးဖြတ်နိုင်စေခဲ့၏။ ကြီးမားလှသည့် အခွင့်အရေးပင် ဖြစ်လေတော့သည်။

“ဒင်… လက်ခံသူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းကို အသုံးပြုပြီး အထူးလျှို့ဝှက်နယ်မြေတစ်ခုကို ဝယ်ယူခဲ့၏။ သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်.. ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၃၂၀၀၀”

ကုန်းရှန့်က ပြုံးလိုက်မိ၏။ သူ့အနေနှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ် သုံးသောင်းပြည့်ဖို့ဆိုသည်မှာ ် ရှားရှားပါးပါး အခြေအနေ ဖြစ်ခဲ့၏။ လက်ရှိ အခြေအနေမှာတော့ တစ်စုံတစ်ခုကို ဝယ်ယူပြီးပြီ ဆိုလျှင်တောင်မှ ဂိုဏ်းဂုဏ်သိက္ခာအမှတ် သုံးသောင်းကျော် ကျန်ရှိနေသေး၏။

ဝှစ်

သူ၏ စိတ်ဝိညာဉ်အတွေးများသည် သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် အထဲတွင် ရှိနေသည့် အသုံးပြုပုံကို ယူကာ လေ့လာလိုက်သည်။

ကျင့်ကြံခြင်းတစ်သောင်း လျှို့ဝှက်နယ်မြေ - နာမည်အတိုင်း များပြားလှသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်နှင့် နတ်ဘုရားစွမ်းရည်များ ပါဝင်လျက်ရှိသည့် လျှို့ဝှက်နယ်မြေ တစ်ခုဖြစ်၏။ ပြိုင်စံရှားဂိုဏ်းထဲတွင်ရှိသော သိုင်းကျင့်ကြံသူများသည် မည်သူမဆို အထဲသို့ ဝင်ရောက်ကာ လေ့လာနိုင်စွမ်း ရှိ၏။

“ချီးတဲ့မှ…”

ကျွင်းချောင်ရှောင်းသည် အသုံးပြုပုံစာအုပ် ကို သေချာပြန်ပိတ်လိုက်သည်။ “ဒီဟာ ရောက်လာတာ နည်းနည်းတောင် နောက်ကျတယ်”

ပြိုင်စံရှားဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအရဆိုလျှင် ပန်းပဲခန်းမဆောင်၊ ဆေးခန်းမဆောင်နှင့် တခြားသော ခန်းမဆောင်များ အားလုံးတို့သည် မတူညီသည့် လုပ်ဆောင်မှုအသီးသီးနှင့် တိုးတက်လာခဲ့ကြ၏။ လိုအပ် နေသည်မှာ သိုင်းကျင့်ကြံခြင်းခန်းမဆောင်ပင် ဖြစ်၏။

ဟုတ်ပေသည်။ သိုင်းကျင့်ကြံခြင်းခန်းမဆောင် တည်ရှိသည်ဆိုသော်လည်း တိုးတက်လာမှုတော့ မရှိခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ အမျိုးစုံသော သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို ရယူနိုင်စွမ်း ရှိနေသည့် လျှို့ဝှက် နယ်မြေတစ်ခုက ရောက်ရှိလာခဲ့သည်။

……….

တောင်၏အနောက်ဘက်

ကျွင်းချောင်ရှောင်းသည် ထုံးစံအတိုင်း အသာလျှောက်လှမ်းလာခဲ့ပြီးသည့်နောက် ကျင့်ကြံခြင်းတစ်သောင်း လျှို့ဝှက်နယ်မြေကို ထုတ်ဖော်လိုက်၏။

စမ်းသပ်မှုမျှော်စင်နှင့် တခြားသော လျှို့ဝှက်နယ်မြေများသို့ သွားရောက်ရန် ပြင်ဆင်နေသည့် တပည့်များသည် ဂိုဏ်းချုပ်တစ်ယောက် လျှို့ဝှက်နယ်မြေတစ်ခုကို တည်ဆောက်နေသည်ကို မြင်ရချိန်မှာတော့ ချက်ချင်းပဲ ရောက်ရှိလာခဲ့ကြသည်။

မေးနေစရာပင် မလိုချေ။ ဂိုဏ်းချုပ် ထုတ်ဖော်လိုက်သည့် အရာပစ္စည်းသည် ကောင်းကင်က ငြင်းပယ်ရသည့် ပစ္စည်းဖြစ်လိမ့်မည်ကို အားလုံးက သိရှိနားလည်ပြီးသား ဖြစ်ကြ၏။

All Chapters